Monday, February 1, 2016

ဆိုင်ကယ်ဦးထုပ်အမြဲဆောင်းလို့ ဆံပင်မကျွတ်အောင် ဘယ်လိုလုပ်မလဲ



ဆိုင်ကယ်စီးကြတဲ့အခါ ဆိုင်ကယ်စီးဦးထုပ်ကို မဖြစ်မနေ ဆောင်းကြရပါတယ်။ အဲ့ဒီအခါ ဦးထုပ်ဟာ ဦးခေါင်း အရေပြားကို ပွတ်တိုက်မှုများ ဖြစ်စေတာကြောင့် ဆံပင်အမြစ်တွေကို ပျက်စီးစေပါတယ်။ အထူးသဖြင့် ဦးခေါင်းနဲ့ ချပ်ချပ်ရပ်ရပ် မဖြစ်တဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေက လှုပ်ရှား သွားလာတိုင်း ပိုပြီး ပွတ်တိုက်မှု ဖြစ်စေပြီး ပျက်စီးမှု ပိုများစေပါတယ်။အဲဒီလို ပျက်စီးသွားတဲ့ ဆံပင်အမြစ်တွေက ဘက်တီးရီးယားများအတွက် အကောင်းဆုံး နေထိုင်ပေါက်ပွားရာ ဖြစ်လာပါတယ်။ နှစ်ပေါင်းများစွာ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းလာခဲ့သူတွေမှာ ဆံပင်ကျွတ်တတ်ပါတယ်။ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းရင် ဆံပင်မကျွတ်အောင် ဆိုင်ကယ်စီး ဦးထုပ် ဘယ်လိုဆောင်းမလဲ။အရေးအကြီးဆုံးနဲ့ အကောင်းဆုံးက ကိုယ့်ရဲ့ ဆိုင်ကယ်စီး ဦးထုပ်ကို သန့်သန့်ရှင်းရှင်း ထားဖို့ပါ။ နောက်ပြီး ဘက်တီးရီးယား ကာကွယ်ဆေးကို ပုံမှန် ဖြန်းဖို့ လိုပါတယ်။ အဲဒီလို ဘက်တီးရီးယား ကာကွယ်ဆေး ဖြန်းထားပြီးရင်လည်း ဦးထုပ်ကို လုံးဝ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှ ဆောင်းရပါမယ်။ နောက်ပြီး အချိန်ကြာကြာ ဆိုင်ကယ်စီး ခရီးသွားတဲ့အခါ ဦးခေါင်း အရေပြားက ချွေးထွက်တတ်တာကြောင့် ခေတ္တ ရပ်နားတိုင်း ဦးထုပ်ကို ချွတ်ပြီး ဦးခေါင်းကို လေသလပ်ပေးဖို့ လိုပါတယ်။

Ref: onlymyhealth.com

ကံမမြို့နယ်မှ ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြောက်ရက်တိုင် အဓမ္မပြုကျင့်ခံရမှုအတွက် တိုင်ကြားပြီ



မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်နေသူ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်က ၎င်း၏ တဲနီးချင်းနေ အမျိုးသားတစ်ဦးက အတင်းခေါ်ဆောင်ကာ သားမယားပြုကျင့်မှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၃၁ ရက်နေ့က တိုင်တန်းထားကြောင်း သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ဖြစ်စဉ်မှာ မ---- အသက် ၁၆ နှစ်၊ လယ်တီကျင်း တဲတိုက်၊ ပယ်ကျကျေးရွာ အုပ်စု၊ ကံမမြို့နယ် နေထိုင်သူသည် ဇန်နဝါရီ ၂၄ ရက်နေ့ ည ၇ နာရီအချိန်က အစ်မဖြစ်သူ မဝင်းသီတာနှင့်အတူ ၎င်းတို့ နေထိုင်ရာတဲ၏ အောက်ထပ်၌ ဖျာရက်နေစဉ် ဗိုက်အောင့်၍ အိမ်သာတက်ရန် တဲ၏ တောင်ဘက် ပေသုံးရာခန့် ဝေးသည့်နေရာသို့ အိပ်သာတက်ရန် ရောက်ရှိစဉ် တဲနီးချင်းနေ - - - - - - အသက် ၂၇ နှစ်မှာ ရုတ်တရက် ရောက်ရှိလာပြီး ၎င်းအား ပါးစပ်ပိတ်၍ လက်ကို အတင်းဆွဲကာ ပန်းတောင်းမြို့နယ်၊ သဲကုန်းရွာသို့ ခေါ်ဆောင် သွားခဲ့ပြီး နောက်တစ်နေ့တွင် ကံမမြို့နယ်၊ အလယ် မီးပေါက်ရွာသို့ ကားဖြင့် ထပ်မံခေါ်ဆောင်ကာ ခြောက်ရက်ခန့် သားမယားအဖြစ် ပြုကျင့်အတူနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ထို့နောက် ဇန်နဝါရီ ၃၀ ရက်နေ့တွင် မ----- ၏ အစ်ကိုဖြစ်သူက အလယ် မီးပေါက်ကျေးရွာမှ ပြန်လည် ခေါ်ဆောင်၍ မိဘများထံသို့ ပေးပို့ခဲ့ရာ မိဘများအား ဖြစ်စဉ်ပြောပြ၍ ၎င်းအား အတင်းခေါ်ဆောင်ပြီး သားမယားအဖြစ် ပြုကျင့်သူ ------- အားအရေးယူပေးရန် ဇန်နဝါရီ ၃၁ ရက် နေ့တွင် မ ----- က တိုင်ကြားခဲ့သောကြောင့် ကံမမြို့နယ်၊ မြို့မရဲစခန်းက (ပ) ၁၅/၂၀၁၆၊ ပုဒ်မ ၃၇၆ / ၃၆၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။သတင်း - MMKThe Ladies News Journal
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.