Tuesday, February 2, 2016

ဆေးကုသမှုခံယူနေသော အမျိုးသမီးငယ်ကို ဆေးရုံလုံခြုံရေးများက မုဒိမ်းကျင့်မှုဖြစ်ပွား



ဂျာဟာခန် ဖေဖော်ဝါရီ ၂

အိန္ဒိယနိုင်ငံ ဂျာဟာခန်ပြည်နယ်ရှိ ဂျန်ရှက်ဒ်ပါမြို့ရှိ ဆေးရုံတွင် မုဒိမ်းကျင့်ခံရ မှုကြောင့်ဆေးကုသမှုခံယူနေသောအသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆေးရုံလုံခြုံရေးများက မုဒိမ်းကျင့်မှုဖြစ်ပွား ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
အဆိုပါ အမျိုးသမီးငယ်ကို သူမ၏ အိမ်နီးချင်း ဆယ်ကျော်သက်တစ်ဦးက မုဒိမ်းကျင့်ခဲ့ခြင်းကြောင့် ဆေးရုံတွင် ဆေး ကုသမှုခံယူနေစဉ်အတွင်း ဆေးရုံလုံခြုံရေး များက လူရှင်းသည့်ညအချိန်တွင် မုဒိမ်း ကျင့်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟုဂျန်ရှက်ဒ် ပါ ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ဂျန် ရှက်ဒ်ပါရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ချန်ဒန်ဂျာက''မုဒိမ်းကျင့်ခံရလို့ ဆေးရုံ တက်ဆေးကုသမှုခံယူနေတဲ့အမျိုးသမီးငယ် တစ်ဦးကို ဆေးရုံလုံခြုံရေးတွေက မုဒိမ်း ကျင့်ခဲ့တယ်ဆိုတဲ့ တိုင်ကြားမှုကို လက်ခံ ရရှိထားပါတယ်။တရားလိုရဲ့ဆေးစစ်ချက် အဖြေကို စောင့်ဆိုင်းနေပါတယ်။ ဆေးစစ် ချက်အဖြေရရင် လိုအပ်တဲ့စစ်ဆေးမှုတွေ စတင်ပြုလုပ်သွားမှာပါ''ဟု ပြောသည်။
အဆိုပါဖြစ်စဉ်ပေါ်ထွက်လာပြီးနောက် တွင် ကိုးလ်ကတ္တားမြို့အပါအဝင် အိန္ဒိယ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် အမျိုးသမီး များဘဝလုံခြုံမှုကို ခြိမ်းခြောက်သည့် ဖြစ်စဉ်များ ဖြစ်ပွားနေခြင်းကို အကာ အကွယ်ပေးနိုင်ခြင်းမရှိသည့် အိန္ဒိယအစိုးရ နှင့် အိန္ဒိယတရားရေးဌာနတို့၏ စွမ်းဆောင် ရည် အားနည်းချက်များကို ဆန့်ကျင်သည့် ဆန္ဒပြမှုများပေါ်ထွက်ခဲ့ပြီး ဆန္ဒပြသူဦးရေ မှာ သောင်းဂဏာန်းခန့်ရှိခဲ့သည်ဟု ကိုးလ် ကတ္တားရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

NG (Ref: Daily Mail)
The Union Daily

ခြေလက်တွေမှာအညှောင့်တွေပေါက်လာတဲ့သစ်ပင်လူသား

                      

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အသက်(၂၅)နှစ်အရွယ် နမ်အားပွန်းရဲ့ ခြေလက်တွေက အသားအရေကွဲပြီး အညှောင့်ပေါက်လာတာဟာ သစ်ပင်အမြစ်တွေ ထွက်လာသလိုဖြစ်နေတဲ့အတွက် သစ်ပင်လူသားလို့ အမည်တပ်ရမလို ဖြစ်နေပါတယ်။သစ်ပင်အမြစ်နဲ့တူတဲ့ မူမမှန်ခြေလက်တွေဟာ HVP Virus (Human Pappiloma Virus)ကနေ ဖြစ်လာတာလို့ ဆိုပါတယ်။

အားပွန်း အသက်(၁၀)နှစ်အရွယ် ကတည်းက ဒီရောဂါ ကူးစက်လာတာဖြစ်ပြီးတော့ အဲဒီ ကူးစက်ရောဂါကြောင့် အသားအရေမှာ ကြွက်နို့ဖြစ်ပေါ်လာတာဖြစ်ပြီး ကြွက်နို့က တဖြည်းဖြည်းနဲ့ ကြီးလာတာဖြစ်ပါတယ်။

 အခုတော့ အားပွန်းကို ဒေါက်တာ ဆမန်းသားလပ်ချန်းက တစ်ကမ္ဘာလုံးရှိ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ချိတ်ဆက်ပြီး ဒီလူနာကို ကုသနိုင်မယ့် နည်းလမ်းဆွေးနွေးပါတယ်။လူနာကို ဘယ်နည်းလမ်းနဲ့ ကုသနိုင်မှာလည်းဆိုတာကို ဆရာဝန်အဖွဲ့က ဆွေးနွေးနေဆဲပါ။ HVP Virus ဟာ ခန္ဓာကိုယ်ပေါ်မှာ မူမမှန်တဲ့ အသားအရေ အမျိုးအစား (၁၀၀) လောက်အထိ ဖြစ်ပွားစေတာပါ





ဒီဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါတိုင်းဟာ ကြွက်နို့ဖြစ်စေပြီး ဒီအထဲက အမျိုးအစား (၃၀) လောက်ကတော့ လိင်အင်္ဂါနားမှာ ဖြစ်ပွားတာလို့ သိရပါတယ်။

ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref; planetacurioso, naijacop

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရမည် ဟု ဦးတင်ဦးပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ရမည် ဖြစ်ပြီး သမ္မတဖြစ်စေရန်အတွက် ထမ်းပို့မည့်သူဖြစ်ကြောင်း နေပြည်တော်တွင် သတင်းထောက်များကို NLD နာယက ဦးတင်ဦးက ပြောဆိုလိုက်သည်။ဖေဖော်ဝါရီလ ၂ ရက်နေ့ နေပြည်တော်၊ လွှတ်တော်အဆောက်အအုံတွင် ပြည်နယ်/တိုင်း ဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတရပ်တက်ရောက်သည့် NLD အမတ် ၅၀ ကို လာရောက် အမှာစကားပြောကြားပြီးနောက် ပြန်လည် ထွက်ခွာစဉ် သတင်းထောက်များ၏ မေးမြန်းမှုကို ဦးတင်ဦးကယင်းသို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် တားဆီးထားသည့် အခြေခံ ဥပဒေ ပုဒ်မ ၅၉  (စ) ပြင်ဆင်နိုင်မည်လော ဟုမေးမြန်းရာ ဦးတင်ဦး က ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရမည်ဖြစ်ကြောင်း၊ သူ့အနေဖြင့် သမ္မတလုပ်မည် မဟုတ်ကြောင်း ပြန်လည် ဖြေဆိုသွားသည်။“ဒေါ်အောင်ဆန်းစုကြည် ဖြစ်ရမှာပေါ့။ ဖြစ်ရမှာပေါ့။ ကျနော်က အားလုံး အောင်မြင်အောင် ထမ်းပို့မယ့် အထမ်းသမားဗျ။ ဒါပဲ”ဟု ဦးတင်ဦးက သတင်းထောက်များကိုပြောသည်။၎ ရက်ကြာကျင်းပခဲ့ပြီး ယနေ့ နေပြည်တော်တွင် ကျင်းပပြီးစီးသွားသည့် ပြည်နယ်/တိုင်း ဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးရွှေမန်း လည်း လာရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်း ဦးတင်ဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ လတ်တလော ဒေါ်အောင်ဆန်း စုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိရေး တပ်မတော်နှင့် NLD ခေါင်းဆောင် ပိုင်းအကြား ညှိနှိုင်းမှုများရှိနေပြီး တပ်မတော်၏ ပြန်ကြားချက်ကို NLD စောင့်ဆိုင်း နေဖွယ်ရှိကြောင်း၊ လတ်တလော ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သေးပါက ယာယီသမ္မတ တင်မြှောက်ရန် NLD ခေါင်းဆောင်ပိုင်းက ပြင်ဆင်ထားဖွယ်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။
Ref - irrawddy news

သင် အာသာဖြေတာ များ ၊ မများ ဒီအချက်တွေနဲ့ ချင့်ချိန်ကြည့်ပါ သင် များနေပါသလား (အမျိုးသားကျန်းမာရေး)


သင် အာသာဖြေတာ များ ၊ မများ ဒီအချက်တွေနဲ့ ချင့်ချိန်ကြည့်ပါ

သင် များနေပါသလား (အမျိုးသားကျန်းမာရေး)
--------------------------------------------------

သင် လက်နဲ့ အာသာဖြေဖျောက်ပါသလား?? ဘယ်နှခေါက်ပါလဲ?? တစ်ပါတ် နှစ်ခါလား?? တစ်ရက် နှစ်ခါပါလား?? သင် ကြိုက်နှစ်သက်တဲ့ အချိန်ကို သင့် ခေါင်းထဲမှာ မှတ်ထားပြီး ဖြစ်ပါလိမ့်မယ်။ အဲဒါ ထက် ပိုလာရင်တော့ သင့်ကိုယ်သင် များနေသလားလို့ စိုးရိမ်မိလာမှာပါ။

သတင်းကောင်းကတော့ အာသာဖြေဖျောက်ရာမှာ များတယ်ဆိုတာ မရှိပါဘူး။ သင် ဘယ်လောက်ပဲ လုပ်လုပ် သင့်နေ့စဉ်ဘဝကို ထိခိုက်မလာမခြင်း မများပါဘူး။

ဘယ်ချိန်မှာ အန္တရာယ်မရှိတဲ့ လေ့ကျင့်ခန်းလေးဟာ အန္တရာယ်ကြီးတဲ့ စွဲလမ်းမှုအဖြစ် ပြောင်းလဲသွားပါသလဲ?? ဒီမှာကတော့ သင့်လက်နဲ့ သင့် Boner ကို အနားပေးဖို့ လိုပြီဖြစ်ကြောင်း ပြနေတဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ပြထားပါတယ်။

၁. နာကျင်လာရင်

ဟုတ်ပါတယ်။ တချို့ကောင်တွေက နာတဲ့အထိ လုပ်တတ်ပါတယ်။ အဲဒိဒါဏ်ရာဟာ အနည်းဆုံး အရေပြားလန်သွားတာက စပြီး အားအသုံးများလို့ သင့်ထိပ်ဖူးထဲမှာ ကျီးပေါင်း တက်လာတဲ့ ပြသနာထိ ဖြစ်လာတတ်ပါတယ်။ တကယ်လို့ နာနေရင် သင် လျှော့ဖို့ လိုပါပြီ။

၂. သင့် အလုပ်နဲ့ ဘဝကို ထိခိုက်နေရင်

သောကြာနေ့ညတွေမှာ သူငယ်ချင်းတွေနဲ့ မလည်ပဲ တစ်ယောက်ထဲ အလုပ်များနေရင်၊ အိမ်သာထဲမှာ တစ်ချီလောက် လုပ်နေရလို့ အစည်းအဝေးနောက်ကျတာမျိုး ဖြစ်နေရင် သင် သတိထားဖို့ လိုပါပြီ။

၃. သုတ်လွှတ်မရတဲ့ ပြသနာ ဖြစ်နေရင်

တချို့ လက်အရမ်းများတဲ့ ယောက်ျားတွေဟာ တကယ် ဆက်ဆံတုန်းမှာ လက်နဲ့လောက် အရသာ မရှိတာမျိုး ဖြစ်တတ်ပါတယ်။ သင့် လက်နဲ့ လုပ်တာများခြင်းဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လက်နဲ့လုပ်တဲ့ အရသာကိုပဲ စွဲသွားစေပါတယ်။ အဲဒိလို ဖြစ်နေရင်တော့ ကုသဖို့ လိုအပ်ပါတယ်။

၎. အဲဒါအကြောင်း စဉ်းစားနေတာ မရပ်နိုင်ရင်

နောက်တစ်ခေါက် ဘယ်တော့လုပ်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အတွေးတွေက သင့်ကို နှောင့်ယှက်နေတတ်ရင် သင့်မှာ ပြသနာ ရှိနေပါပြီ။

၅. ဖြတ်ဖို့ ကြိုးစားနေပေမယ့် မရရင်

စွဲလမ်းမှုအားလုံးကဲ့ အရေးကြီး လက္ခဏာက ထိန်းချုပ်မရတာပါ။ ဆေးလိပ်စွဲသူ၊ လောင်းကစားစွဲသူတွေလို သင့်ကို ဒုက္ခပေးနေမှန်း သိရက်နဲ့ မရပ်နိုင်ရင် အဲဒါ ပြသနာပါ။

တစ်ခါတစ်လေမှာ အာသာဖြေဖျောက်တာက တခြားဆိုးကျိုးတွေကိုလဲ ပေးနိုင်ပါတယ်။ တစ်ရက်တစ်ခါ နှစ်ပါတ်ကြာ ဆက်တိုက် လုပ်လိုက်ရင် သင့်ရဲ့ သုတ်ပိုးအရေအတွက်ဟာ ၅၀ ရာနှုန်း လျော့သွားပါတယ်။ သင်နဲ့ သင့်မိန်းမနဲ့ ကလေးရဖို့ ကြိုးစားနေရင်တော့ အဲဒါက ကွိုင်ပါပဲ။

သင့်မှာ ပြသနာ ရှိနေမှန်းသိရင် ဘယ်လိုလုပ်မလဲ?? နည်း ၂ နည်းရှိပါတယ်။ ဖြတ်ခြင်းနဲ့ အန္တရာယ်မရှိအောင် လျော့လုပ်ခြင်းတို့ပါ။ အဲဒိနည်းလမ်း ၂ ခုစလုံး ကြိုးစားပြီးတော့ မအောင်မြင်ရင်တော့ လိင်ပိုင်းဆိုင်ရာ ဝေဒနာ ကျွမ်းကျင်ပညာရှင်နဲ့ ဆွေးနွေးရမှာပါ။

အာသာဖြေဖျောက်ခြင်းဟာ မကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ဘဝကို ထိခိုက်လာရင်တော့ တခြား အကျင့်ဆိုးတွေ လိုမျိုးပဲ ဖြတ်ပစ်ဖို့ ကြိုးစားရမှာပါ။

Gentleman Magazine
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.