Wednesday, June 22, 2016

မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံအား အရပ်ဖက်ကျွမ်းကျင်းပညာရှင်တွေကို ခေါ်ယူပြီး စစ်ဆေးစေသွားမည်




မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံကနေ အနံ့ဆိုးတွေထွက်နေတာကို အရပ်ဖက်ကျွမ်းကျင်းပညာရှင်တွေကို ခေါ်ယူပြီး စစ်ဆေးစေသွားမယ်လို့ ဆားလင်းကြီးမြို့ နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောပါတယ်။
ဒီစက်ရုံကနေ အနံ့ဆိုးတွေထွက်နေတာကြောင့် စက်ရုံနဲ့ အနီးဆုံးကျေးရွာဖြစ်တဲ့ ကံကုန်းကျေးရွာ အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူ အားလုံးနီးပါးက အနံ့မခံနိုင်လို့  ဇွန် ၂၀ရက်မှာ ကျောင်းမတက်ဘဲ ခွင့်တိုင်ကြားပျက်ကွက်ခဲ့တာကြောင့် ဒေသခံတွေက  စက်ရုံပိတ်သိမ်းပေးဖို့ကန့်ကွက် တောင်းဆိုတာတွေဖြစ်ခဲ့ပါတယ်။

"ကျွန်တော်တို့သွားစစ်တော့ ကျောင်းထဲထိ အနံ့ကတော်တော်ပြင်းပါတယ်။ စက်ရုံမှူးကတော့သူတို့ စက်ရုံကရရှိထားတဲ့ လက်မှတ်တွေ ထုတ်ပြတယ်။ စက်ရုံလည်ပတ် ချိန်မှာ ဆာလ်ဖာ(ကန့်)တွေ မီးရှို့တာကြောင့် ဒီအနံ့ထွက်တာလို့သိရတယ်၊ တစ်ခုနဲ့တစ်ခုအဆင့်ပြောင်း လဲထုတ်ရာမှာ သေချာလုပ်ဖို့ကျွန်တော် တို့အကြံပြုထားတယ်။ ပြည်ထောင်စု အဆင့်ကရော၊ အရပ်ဘက်ကရော ပညာရှင်တွေ လာစစ်ဆေးဖို့ပြောထားတယ်"လို့ ၎င်း ဦးကိုကိုနိုင်က ပြောပါတယ်။
ကံကုန်းကျေးရွာမှာနေတဲ့ ကျောင်းသားမိဘတွေကတော့ အက်စစ်နံ့ရှိနေသေးရင် ကျန်းမာရေးအတွက် သူတို့ရဲ့ကလေးတွေကို ကျောင်းကိုလွှတ်မှာ မဟုတ်ဘူးလို့ ပြောနေကြပါတယ်။ မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံက မြန်မာ-ယန်စီကုမ္ပဏီကနေ လုပ်ဆောင် နေတဲ့ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီတူးဖော်ရေးကို အက်စစ်တွေ အဓိကတင်ပို့နေတဲ့ စက်ရုံဖြစ်ပါတယ်။

Source : Democracytoday
Photos : Democracytoday,DVB
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.