Monday, January 11, 2016

ယာဉ်မောင်းလိုင်စင်မရှိ ဘဲ မောင်းနှင်ပါက ယာဉ်မောင်းနှင် သူသာမက ယာဉ်ပိုင်ရှင်ကိုပါ အ ရေးယူမည်။




မော်တော်ယာဉ်ဥပဒေ  သစ်အရ ယာဉ်မောင်းလိုင်စင်မရှိ ဘဲ မောင်းနှင်ပါက ယာဉ်မောင်းနှင် သူသာမက ယာဉ်ပိုင်ရှင်ကိုပါ အ ရေးယူမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးမှ သိရှိသည်။

၂၀၁၆ ဇန်န၀ါရီ ၄ ရက်တွင် ယာဉ်မောင်းလိုင်စင်မရှိဘဲမောင်း နှင်မှု သုံးမှု ဖမ်းဆီးခဲ့ပြီး ယာဉ် မောင်းအပြင် ယာဉ်ပိုင်ရှင်ကိုပါ အရေးယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲ အုပ်ဝင်းဌေးကပြောသည်။

‘‘မော်တော်ယာဉ်ဥပဒေသစ် မှာ ပုဒ်မ ၄၇(ဂ)မှာ လိုင်စင်မရှိသူ ကို မမောင်းနှင်စေရဆိုပြီး ပါ တယ်။ အခု စတင်ပြီး အမြင့်ဆုံး ပြစ်ဒဏ်ချတယ်။ လိုင်းကားတွေ ဆိုရင် ကြီးကြပ်ရေးမှူးများလည်း အရေးယူသွားမယ်’’ဟု ရဲအုပ် ၀င်းဌေးကပြောသည်။

ယခင်က ယာဉ်မောင်းလိုင် စင်မရှိဘဲ ယာဉ်မောင်းနှင်မှုအရေး ယူရာတွင် ယာဉ်မောင်းကိုသာ အရေးယူသော်လည်း ယခုနောက်ပိုင်း၌ ယာဉ်ပိုင်ရှင်ကိုပါ အရေးယူသွားမည် ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်သူကို ပြစ်ဒဏ်ချမှတ် ရာတွင် တစ်လထက်မပိုသော ထောင်ဒဏ်၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်နိုင် ပြီး တစ်နှစ်အတွင်း ထပ်မံကျူး လွန်ပါက ထောင်ဒဏ်သုံးလ၊ဒဏ် ငွေကျပ်တစ်သိန်း ပြစ်ဒဏ်ချမှတ် နိုင်ကြောင်း အမှတ် (၂) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှူးထံမှ သတင်းရ ရှိသည်။

လိပ်ကျွန်းမှာ ဟန်နာဝှစ်သာရစ် အသတ်ခံရတဲ့ ကိစ္စအတွက် နှုတ်ဆိတ်နေရန် ငွေကြေးကမ်းလှမ်းခဲ့သလို အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်လို့ အသတ်ခံရတဲ့ ဟန်နာ မိသားစုဝင်က ပြော






ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဟန်နာဝှစ်သာရစ် အသတ်ခံရတဲ့ ကိစ္စအတွက် နှုတ်ဆိတ်နေရန် ငွေကြေးကမ်းလှမ်းခဲ့သလို အသက်အန္တရာယ် ခြိမ်းခြောက်ခံရတယ်လို့  အသတ်ခံရတဲ့ ဟန်နာ မိသားစုဝင်က ပြောပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက အသက် ၂၃ နှစ်အရွယ် ဟန်နာနဲ့ ၂၄ နှစ်အရွယ် မေလာတို့ လိပ်ကျွန်းမှာ အသတ်ခံခဲ့ရတာပါ။

ဒီလူသတ်မှုအတွက် မြန်မာလူငယ် ၂ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၄ ရက်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဗြိတိန်ခရီးသွားတဦး လိပ်ကျွန်းပေါ်မှာ ထပ်မံသေဆုံးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက် နေ့စွဲနဲ့ ဟန်နာရဲ့အစ်မ လော်ရာ ၀ှစ်သာရစ်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ပို့စ်မှာတော့ မိသားစုဝင်တွေရဲ့ ပူဆွေးမှုနဲ့ ပတ်သက်လို့ လော်ရာက ရေးသားခဲ့ပြီး ထိုင်းအာဏာပိုင်တွေရဲ့ ဒီအမှုအပေါ် ကိုင်တွယ်ဖြေရှင်းမှုကို ဝေဖန်ထားတာ ဖြစ်ပါတယ်။

ထိုင်းရဲ့ လှပပျော်ရွှင်စရာကောင်းတာဟာ တကယ်တော့ ဖျားယောင်းသွေးဆောင်ထားတဲ့ ထောင်ချောက်ဖြစ်တယ်လို့ လော်ရာက သူ့ရဲ့ပို့စ်အစမှာ ရေးသားထားပါတယ်။

ဟန်နာကွယ်လွန်သွားပြီးတဲ့နောက် ထိုင်းရဲ့ အန္တရာယ်ကြီးမှုကို ကမ္ဘာကို သတိပေးသင့် မပေးသင့်နဲ့ လူတွေကို အသိပေးရင် တစုံတဦးကို ကယ်ဆယ်ရာရောက်မရောက်ဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် မေးမိတယ်လို့ လော်ရာက ဆိုပါတယ်။

ထိုင်းတွေက အနောက်နိုင်ငံသားတွေကို မုန်းသလို လူသားတယောက်ရဲ့ ဘ၀ကို အလေးမထား ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ ဒါဟာ အကြောင်းပြချက်မရှိဘဲ ပြောတာမဟုတ်ဘူးလို့လည်း လော်ရာက ပြောပါတယ်။

လူသတ် မုဒိမ်းကျင့်တာထက် မူးယစ်ဆေးပိုင်ဆိုင်မှုကို ထိုင်းတွေက ပိုအလေးအနက်ထားတယ်လို့ပြောရင်၊ ထိုင်းရဲအများစုက အကျင့်ပျက်ခြစားတယ်လို့ ပြောရင် အံ့သြမလားလို့လည်း သူက မေးခွန်းထုတ်ပါတယ်။

ထိုင်းမှာ ဟန်နာရဲ့ ရုပ်အလောင်းကိုသယ်ဖို့ ကြိုးစားရင်း နောက်ဆုံးရ သတင်းအချက်အလက်တွေကို ပြောပြဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဌာနချုပ်ကို သွားရောက်ခွင့်ရခဲ့တယ်လို့ လော်ရာက ဆိုပါတယ်။

ဒီနောက် အခန်းကျယ်ထဲမှာ ၅ မိနစ်လောက် နေခဲ့ရသလို အခန်းတံခါး ဖွင့်လိုက်ရာမှာတော့ ဆာလောင်နေတဲ့ သတင်းထောက် ၂၀၀ လောက်ကို အခန်းထဲ ၀င်ခွင့်ပြုခဲ့ပြီး သူတို့တွေ ဓာတ်ပုံဝိုင်းရိုက်တာ ခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။

နောက်ဆုံး အခြေအနေ တစုံတရာကိုမှ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောပြတာမရှိဘဲ ဖိတ်ကြားမှုက သတင်းမီဒီယာတွေ သူတို့မိသားစုကို ဓာတ်ပုံရိုက်ဖို့ သက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ညီမကို သတ်ပြီးတဲ့နောက် ထိုင်းတွေဆီကနေ အသက်အန္တရာယ်ပြုတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း လက်ခံရရှိခဲ့တယ်လို့ လော်ရာက ရေးပါတယ်။

ဒါ့အပြင် ထိုင်းတွေက လျော်ကြေးပေးဖို့ ကမ်းလှမ်းခဲ့သလို ဒီအတွက် တုန်လှုပ်သွားမိပြီး ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကိုယ့်အရိပ်ကိုယ်တောင် ကြောက်နေမိသလို နောက်ကျောမလုံတော့ဘဲ

အိပ်မက်ဆိုးတွေကြောင့် အိပ်ဖို့ စိုးရွံ့ခဲ့ရတယ်လို့ လော်ရာက ရေးပါတယ်။

လူသတ်မှုစီရင်ချက် ချမှတ်ပြီးတဲ့နောက် မေလာ မိသားစုဝင်တွေက စီရင်ချက်ကို ကြိုဆိုခဲ့ပေမယ့် ဟန်နာ မိသားစုကတော့ စီရင်ချက်ကို လက်ခံဖို့ အချိန်ယူရမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

တရုတ် ရုပ်သံ လိုင်း Jiangsu TV ၏ တရုတ်နှစ်သစ်ကူး အစီစဉ်တွင် ပါဝင်ဖျော်ဖြေပေးရန် ဖိတ်ကြားခံရတဲ့Girls’ Generation အဖွဲ့






တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့သည် တရုတ် ရုပ်သံ လိုင်း Jiangsu TV ၏ တရုတ်နှစ်သစ်ကူး အစီစဉ်တွင် ပါဝင်ဖျော်ဖြေပေးရန် ဖိတ်ကြားခံရသည်။

Girls’ Generation အဖွဲ့သည် တရုတ်နှစ်ကူး အစီစဉ်တွင် ပါဝင်ဖျော်ဖြေရန် ဖိတ်ကြားခံရသည့် တစ်ခုတည်းသော ကိုရီးယား တေးဂီတအဖွဲ့ ဖြစ်လာမည် ဖြစ်သည်။ ဇန်န၀ါရီ ၁၀ ရက်တွင် ကျင်းပပြု လုပ်မည့် တရုတ်နှစ်သစ်ကူး အထူးအစီစဉ်တွင် ပါဝင်ဖျော်ဖြေပေးရန် ကမ်းလှမ်းခံခဲ့ရကြောင်း  Girls’ Generation အဖွဲ့ အေဂျင်စီ SM Entertainmentက အတည်ပြု ပြောကြားသည်။

Girls’ Generation အဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် ကိုရီးယားစံတော်ချိန် ည ၇ နာရီ မိနစ်သုံး ဆယ်အချိန်တွင် တရုတ် အနုပညာရှင်များနှင့် ဖျော်ဖြေသွားမည် ဖြစ်သည်။ Girls’ Generation အဖွဲ့ သည် “Lionheart” နှင့် “Gee” တေးသီချင်းများကို ဖျော်ဖြေသွားရန် မျှော်မှန်းထားသည်။

Girls’ Generation အဖွဲ့သည် ၎င်းတို့၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲများနှင့် အလုပ်များလျက်ရှိပြီး ဇန်န၀ါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဖျော်ဖြေသွားမည် ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or) ကို ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက တစ်ကျော့ပြန် သိမ်းယူ




ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ပေးအပ်ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or) ကို ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက တစ်ကျော့ပြန် သိမ်းယူသွားခဲ့သည်။

နိုင်ငံတကာ လက်ရွေးစင်အသင်း နည်းပြများနှင့် အသင်းခေါင်းဆောင်များက မဲပေးရွေးချယ်သော ဆုတွင် အာဂျင်တီးနား အသင်းခေါင်းဆောင်က မဲအားလုံး၏ ၄၁.၃၃ ရာခိုင်နှုန်းထိ ရရှိခဲ့သည်။ ဆန်ခါတင် အဆင့်တွင် ပါဝင်ခဲ့သူ သုံးဦး၌ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက မဲအရေအတွက် ၂၇.၇၆ ရာခိုင်နှုန်း၊ မက်ဆီ၏ ဘာစီလိုနာ အသင်းဖော် နေမာက ၇.၈၆ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့သည်။

ယခုဆုသည် မက်ဆီအတွက် ၅ ကြိမ်မြောက် ရရှိသည့် Ballon d’Orလည်း ဖြစ်လာသည်။ မက်ဆီသည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များအတွက် Ballon d’Orဆုကို မဟာပြိုင်ဘက် ရော်နယ်လ်ဒိုထံ လက်လွှတ်ပေးထားရပြီးမှ ၂၀၁၅ အတွက်ဆုကို ပြန်လည်ရယူလာနိုင်ခြင်း ဖြစ်သည်။

မက်ဆီသည် ပြီးခဲ့သည့် ရာသီက ဘာစီလိုနာအသင်း အဓိက ဆုဖလားကြီးသုံးလုံး ဆွတ်ခူးရာတွင် အဓိက ဦးဆောင် ကစားသမား အနေဖြင့် ပါဝင်ခဲ့သည်။ ၎င်းသည် ၂၀၁၅ ခုနှစ် တစ်နှစ်တာအတွင်း ဘာစီလိုနာအတွက် ၅၃ ပွဲကစားကာ ၄၈ ဂိုးသွင်းယူပြီး ၂၃ ကြိမ် ဂိုးဖန်တီးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။ ရော်နယ်လ်ဒိုကမူ ရီးယဲလ်အတွက် ၅၂ ပွဲတွင် ၅၄ ဂိုးထိ သွင်းနိုင်ခဲ့သော်လည်း မက်ဆီ၏ အောင်မြင်မှုများက ပိုမိုထင်ရှားခဲ့သလို အထင်ကရ ဖြစ်စေမည့် သွင်းဂိုးများကိုလည်း ခြေစွမ်းပြ သွင်းယူနိုင်ခဲ့သည်။

“၂ နှစ်ဆက်တိုက် ရော်နယ်လ်ဒိုက ဒီဆုရခဲ့တာကို ထိုင်ကြည့်ခဲ့ရတဲ့နောက် ကျွန်တော်အခုလို စင်မြင့်ပေါ် ပြန်ရောက်လာခွင့် ရတာဟာ သိပ်ကို ထူးကဲတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ ၅ ကြိမ်မြောက်အဖြစ် Ballon d’Orဆုကို ရရှိလာတာဟာ မယုံနိုင်စရာပါပဲ။ ကျွန်တော် ကလေးဘဝက မက်ခဲ့တဲ့ အိပ်မက် အားလုံးထက်ကို လက်ရှိ အခြေအနေက ပိုသာလွန်လာပါပြီ။ ကျွန်တော့် အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ သူတို့ရဲ့ ကူညီထောက်ပံ့မှု မပါဘဲနဲ့ ကျွန်တော် ဒီလိုအောင်မြင်မှုမျိုး ရလာမှာ မဟုတ်ပါဘူး။ အကောင်းအဆုံး အားလုံးအတွက် ဘောလုံးအားကစားကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနယ်ပယ်မှာ ကျွန်တော် အများကြီး သင်ယူခွင့် ရလာခဲ့တယ်”ဟု မက်ဆီက ဇူးရစ်ခ်ျမြို့တွင် ဆုယူပြီးနောက် ပြောကြားခဲ့သည်။

မက်ဆီသည် Ballon d’Orဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ဆက်တိုက်ရရှိခဲ့ပြီး ထို့နောက်တွင်မှ ၂၀၁၅ တွင် ပြန်လည် ရယူလာနိုင်ခြင်း ဖြစ်သည်။

ယခုနှစ် ဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆုကိုမူ ဘရာဇီးကလပ် ဂျီယိုနီရှာ၏ အသင်းလိုက် စုပေါင်းရွေ့လျားမှုမှတဆင့် ဝမ်ဒဲလ်လိုင်ရာ နောက်ပြန်ကန်ချက်ဖြင့် အဆုံးသတ် သွင်းယူသောဂိုးက ရရှိသွားသည်။ ဘာစီလိုနာနည်းပြ လူးဝစ်အင်းနရစ်ကမူ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ပိုင်ဆိုင်လာခဲ့ပြီး အမေရိကန်သူ ကာလီလွိုက်ဒ်က တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို ဆွတ်ခူးသွားခဲ့သည်။

Ref: FIFA

တရုတ်ကို သစ်ရောင်းဖို့ ဆွေးနွေးမှု မပွင့်လင်းဟုဆို







မြန်မာ နိုင်ငံက သစ်တွေ တရုတ်နိုင်ငံကို တရားဝင် ရောင်းချနိုင်ဖို့ အတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး အတွက် နှစ်နိုင်ငံ ကြား ဆွေးနွေးမှုတွေဟာ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ အဖွဲ့ အစည်း ၁၃၉ ဖွဲ့က ထုတ်ဖော် ပြောဆိုပြီး ကန့်ကွက်လိုက်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး တာတွေ မရှိတဲ့ အတွက် လက်မှတ်ထိုးဖို့ စောလွန်း နေသေးတယ်လို့ လည်း လူထု အခြေပြု အရပ်ဖက် အဖွဲ့ အစည်းတွေက ပြောကြပါတယ်။

အဲဒီ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် ငွေကြေး ထောက်ပံ့ ပေးနေတယ်လို့ ဆိုတဲ့ Blue Moon Fund အဖွဲ့ကို အဲဒီ အဖွဲ့တွေက လက်မှတ်ရေးထိုး ကန့်ကွက် ကြတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်မြောက်အောင် Blue Moon Fund အဖွဲ့က ကုန်ကျစရိတ် ထောက်ပံ့တယ်လို့လည်း ဦးဝင်းမျိုးသူက ပြောပါတယ်။

တရုတ်နဲ့ မြန်မာ နိုင်ငံကြား တရားဝင် သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို နေပြည်တော်မှာ လုပ်ခဲ့တုန်းက အရပ်ဖက် အဖွဲ့ တချို့ကို ဖိတ်ခဲ့ပေမဲ့ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး ခဲ့တာတွေ မရှိခဲ့ဘဲ စာချွန်လွှာ လက်မှတ် ထိုးနိုင်ရေး လုပ်ဆောင်မှုဟာ နယ်တွေက အရပ်ဖက် အဖွဲ့တွေကို သံသယတွေ တိုးပွား စေတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် သစ်တောထွက် ပစ္စည်းတွေကို ပြုပြင် ထုတ်လုပ်တဲ့ စက်မှုဇုန်တွေ ထူထောင်သွားမယ်ဆိုရင် ဒေသတွင်းမှာ ပိုမို နစ်နာစရာ ရှိတယ်လို့ ဒေသခံတွေက ယုံကြည် နေတယ်လို့လည်း သူက ပြောပါတယ်။

သူတို့မြေတွေသိမ်းမှာ၊ သစ်တောထွက် ပစ္စည်းတွေ ပိုဆုံးရှုံးမှာနဲ့ ဒါနဲ့ ပတ်သက်လို့ စစ်ရေး အရ အရေးယူမှုတွေ ဖြစ်လာ မလားလို့ စိုးရိမ် နေကြတာ လို့လည်း ဦးဝင်းမျိုးသူက ပြောပါတယ်။

အခုလို တောင်းဆိုမှုကြောင့် ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲ ပြုလုပ်ပြီး အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။

မိုဘိုင်းလ်ဖုန်းအကြောင်း သင်မသိသေးတဲ့ အချက် (၄) ချက်






သင့်ဖုန်းကို အသုံးပြုပြီး အရေးပေါ် အခြေအနေတွေမှာ လုပ်ဆောင်နိုင်တဲ့ အရာတချို့ ရှိပါတယ်။ သင့် မိုဘိုင်းလ်ဖုန်းက life saver တစ်ခု ဖြစ်နိုင်သလို သေရေးရှင်ရေးအတွက် အရေးပေါ် လက်နက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ မိမိဖုန်းဖြင့် ပြုလုပ်နိုင်တဲ့အရာတွေမှာတော့

၁။ Emergency

မိုဘိုင်းလ်ဖုန်းအတွက် ကမ္ဘာတစ်ဝှမ်း အရေးပေါ်ဖုန်းနံပါတ် (Emergency Number) က 112 ဖြစ်ပါတယ်။ Network နဲ့ Emergency ရှိရာ သတင်းအချက်လက် ပေးပို့နိုင်တဲ့ ဧရိယာပြင်ပ ရောက်နေပြီလို့ ကိုယ့်ကိုယ်ကို သိလိုက်ပြီဆိုရင် 112 ကို နှိပ်ပါ၊ အနီးနားတည်ရှိတဲ့ ဘယ် အရေးပေါ်ဖုန်းနံပါတ် (Emergency Number) မဆို ရှာဖွေပေးပါလိမ့်မယ်။ နောက် စိတ်ဝင်စားစရာ ပိုကောင်းတာက 112 နံပါတ်ကို Keypad lock ချထားရင်တောင် ခေါ်ဆိုနိုင်တဲ့ အချက် ဖြစ်ပါတယ်။

၂။ ကားထဲ သော့ကို ပိတ်မိဖူးလား

သင့်ကားမှာ အဝေးထိန်းသော့မပါ ဖွင့်နိုင်တဲ့စနစ် ရှိပါသလား။ ဒါလေးက တစ်ချိန်မဟုတ် တစ်ချိန် အသုံးဝင်လာနိုင်ပါတယ်။ ဆဲလ်ဖုန်းတစ်လုံး လက်ဝယ် ပိုင်ဆိုင်ထားတာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ သော့ကို ကားထဲ သော့ပိတ်မိပြီး အရံသော့တွေ အိမ်မှာရှိနေတယ်ဆိုရင် အိမ်မှာရှိတဲ့ တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်ပါ။

ဖုန်းကို ကားတံခါးနဲ့ ၁ ပေကွာလောက်မှာ ကိုင်ထားပြီး အိမ်ကလူကို အဖွင့်ခလုတ်လေး နှိပ်ခိုင်းလိုက်ကာ ကားတံခါး ပွင့်သွားပါလိမ့်မယ်။

၃။ မြုပ်နေသော ဘက်ထရီအား

ဖုန်းဘက်ထရီအား လျော့နေပြီဆိုပါစို့။ Activate လုပ်ဖို့အတွက် *3370# ခလုတ်တွေ နှိပ်ပါ။ သင့် မိုဘိုင်းလ် restart ဖြစ်ပြီး ဘက်ထရီမှာ 50% တက်သွားတာ ပြသပါလိမ့်မယ်။ အဲဒီလို ဖဲ့သုံးခြင်းကို နောက် ဘက်ထရီအား ပြန်သွင်းတဲ့အခါ ဖြည့်ပေးပါလိမ့်မယ်။

၎။ အခိုးခံရတဲ့ မိုဘိုင်းလ်ကို သုံးမရအောင် လုပ်နည်း

မိမိမိုဘိုင်းလ်ဖုန်း 'serial number' စစ်ဆေးဖို့အတွက် *#06# ကို နှိပ်ပါ။ ကိန်းဂဏန်း ၁၅ လုံး ပေါ်လာပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ သင့်ဟန်းဆက်အတွက် တစ်ခုတည်းရှိတဲ့အရာ ဖြစ်ပါတယ်။ ဖုန်းအခိုးခံရတဲ့အခါ service provider ကို ဖုန်းဆက်ပြီး အဲဒီ code နံပါတ် ပေးနိုင်ပါတယ်။ ခိုးတဲ့သူက SIM ကဒ် လဲလှယ်ရင်တောင် ဟန်းဆက်ကို block လုပ်ပေးလို့ ရနိုင်ပြီး ဖုန်းက အကျိုးမဲ့သက်သက် ဖြစ်သွားပါလိမ့်မယ်။

ဖုန်းကို ပြန်ရနိုင်ခြေ မရှိပေမယ့် အနည်းဆုံး ခိုးတဲ့သူက သုံးလို့မရသလို၊ ပြန်ရောင်းလို့လည်း မရတာ သင်သိလိုက်ပြီ။ လူတိုင်း ဒီလို လုပ်ထားလို့ရှိရင် လူတွေ ဖုန်းခိုးစရာအကြောင်း မရှိတော့ဘူးပေါ့။

Ref: ideadigezt

Credit: Trend Myanmar

ဂျပန်နိုင်ငံမှာ ၀တ်ပြီးသား အောက်ခံဘောင်းဘီ အထည် ၆၀၀ ခိုးယူထားသူကို ဖမ်းမိ






ဒီလို ထူးဆန်းတဲ့ ဓါတ်ပုံဟာ အမျိုးသား တစ်ယောက်ရဲ့  တိုက်ခန်းမှာတွေ့ရတဲ့ ခိုးရာပါ အမျိုးသမီးဝတ် အောက်ခံဘောင်းဘီ အထည် ၆၀၀ ကို ဖော်ပြထားတဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက ရဲ ၀န်ထမ်းတွေဟာ အမျိုးသမီး တစ်ယောက်ရဲ့  တိုက်ခန်းအတွင်း ၀င်ရောက်ပြီး ပင်တီဘောင်းဘီတွေ ခိုးယူဖို့ကြိုးစားခဲ့သူ အမျိုးသားကို ဖမ်းဆီးခဲ့ရာကနေ ထို အမျိုးသားရဲ့  နေအိမ်မှာပါ ၀င်ရောက်စစ်ဆေးခဲ့ရာ အခုလို ခိုးယူထားတဲ့ အမျိုးသမီးဝတ် အောက်ခံ ဘောင်းဘီ အထည် ၆၀၀ ကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထို အမျိုးသားကတော့ အသက် ၂၅ နှစ်သာ ရှိသေးပြီး နာမည်ကတော့ Shoya Imada လို့ခေါ်ပါတယ်။

စစ်ဆေးမှု ပြုလုပ်နေစဉ်ကာလမှာလည်း Imada ဟာ Nankoku မြို့ လမ်းပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသမီး တစ်ဦးကို တိုက်ခိုက်ပြီး ထိုအမျိုးသမီးရဲ့  အောက်ခံဘောင်းဘီကို ဆွဲဖြဲခဲ့ဖူးတဲ့ မှတ်တမ်းဟောင်းတွေကိုလည်း ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ ဒါ့အပြင် Imada ဟာ အသက် ၂၀ ၀န်းကျင် အမျိုးသမီးတစ်ဦးကို အသက်ရှုကြပ်အောင် ပြုလုပ်ပြီး ထွက်ပြေးဖူးတယ်လို့ The Tokyo Reporter သတင်းဌာနက ဖော်ပြထားပါတယ်။

အသုံးပြုပြီးသား အမျိုးသမီး အောက်ခံ ဘောင်းဘီတွေဟာ ဂျပန်နိုင်ငံမှာ ရေပန်းစားနေတဲ့ အရာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ အကြွေစေ့ အသုံးပြုရတဲ့ စက်တွေမှာပင် အသုံးပြုပြီးသား အောက်ခံဘောင်းဘီတွေကို ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။
TrendMyanmar

စီရော်နယ်ဒိုနဲ့ ပတ်သတ်ပြီးပေါ်တူဂီမော်ဒယ် မယ်လာနီမာတင်က ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆန်ပယ်ချ


စီရော်နယ်ဒို မော်ရိုကိုကို ခရီးထွက်တုန်းက စီရော်နယ်ဒိုရဲ့လျှို့ဝှက်ချစ်သူအဖြစ် ဖော်ပြခံခဲ့ရတဲ့ ပေါ်တူဂီမော်ဒယ် မယ်လာနီမာတင်က ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။ ဝက်ဘ်ဆိုက်တစ်ခုနဲ့ အင်တာဗျူးမှာ အခုလိုငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ "လူတွေအနေနဲ့ ကိုယ်ပြောချင်တာကို ပြောနိုင်ကြပါတယ်။ ကျွန်မ ဒီကိုလာတာက အလုပ်သဘောအရ လာတာဖြစ်ပြီး စီရော်နယ်ဒိုလည်း ဒီကို ဘာလာလုပ်နေလဲ မသိပါဘူး။ မော်ရိုကိုနိုင်ငံဆိုတာ ကျွန်မ နှစ်သက်တဲ့ နေရာတစ်ခုပါ" လို့ မယ်လာနီက ပြောကြားခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ သိကျွမ်းလားဆိုတဲ့ မေးခွန်းကိုတော့ သူက ပြန်ဖြေခဲ့ခြင်းမရှိပါဘူး။ ၂၀၁၁ ခုနစ်က ပေါ်တူဂီမယ်ဘွဲ့ရခဲ့တဲ့ မယ်လာနီဟာ မော်ရိုကိုကို နှစ်ကုန်အားလပ်ရက်အဖြစ် ခရီးထွက်ခဲ့တာမဟုတ်ဘဲ အီတလီမှာ ၂၀၁၅ ကို ကုန်ဆုံးစေခဲ့တယ်လို့ သိရပါတယ်။ 

#Melanie_Martins Cristiano #Ronaldo HYPER SPORTS

ဘောင်းဘီမပါဘဲ စီးနင်းရတဲ့ မြေအောက်ရထားစီးပွဲကို ဇန်န၀ါရီ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြ












အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အမျိုးသား၊ အမျိုးသမီးတွေဟာ ဘောင်းဘီမပါဘဲ စီးနင်းရတဲ့ မြေအောက်ရထားစီးပွဲကို ဇန်န၀ါရီ ၁၀ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ လူတွေဟာ ရာသီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် ဦးထုပ်တွေ၊ လည်စည်းပုဝါတွေ၊ ကုတ်အင်္ကျီတွေကို ခါးအထက်ပိုင်းမှာ ဆင်ယင်ကြပေမယ့် အောက်ပိုင်းမှာတော့ ဘောင်းဘီမပါဘဲ ဆင်နွှဲခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ အဲဒီနေ့ ညနေ ၃ နာရီမှာ လူတွေဟာ စုရပ်နေရာ ၇ ခုကနေ ထွက်ခွာပြီး ယူနီယံစကွဲရင်ပြင်ဆီ သွားခဲ့ကြတာပါ။ ဒီပွဲတော်ကို ၂၀၀၂ ခုနှစ်ကတည်းက Improv Everywhere အဖွဲ့က လူ ၇  ဦးတည်းနဲ့ ဦးဆောင်ကာ လွတ်လပ်ပျော်ရွှင်စွာ သရုပ်ဖော်ဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာတော့ ပါဝင်လှုပ်ရှားသူ ၁၅၀ ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ Improv Everywhere ၀က်ဘ်ဆိုက် အင်တာနက်စာမျက်နှာမှာတော့ “ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေဟာ လှုပ်ရှားမှုကာလတွင်းမှာ ဘယ်သူ့ကိုမှ စကားမပြောရဘဲ အုပ်စုငယ် ခေါင်းဆောင်တွေနဲ့အတူ လှုပ်ရှားကြရတာပါ” လို့ ဖော်ပြထားပါတယ်။ “တယောက်နဲ့တယောက် စကားမပြောကြဘဲ အထဲမှာ မဂ္ဂဇင်းတခုခု ဖတ်နေတာ၊ လုပ်ရိုးလုပ်စဉ်အတိုင်း အုပ်စုငယ်ခေါင်းဆောင်တွေရဲ့ ညွှန်ကြားမှုအတိုင်း လုပ်ဆောင်ကြရမှာ ဖြစ်တယ်” လို့ ညွှန်ကြားချက်မှာ ရေးထားတာပါ။ ခုချိန်မှာတော့ ဒီပွဲတော်ကို ဒါဇင်နဲ့ချီတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ နှစ်စဉ် ကျင်းပနေကြပြီဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 
DVB

ဖွဲ့စည်းပုံအခြေခံကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်းကို မဆွေးနွေးရန်ပြည်သူ့လွှတ်တော်အစည်းဝေးတွင်အတည်ပြု

နေပြည်တော်၊ဇန်နဝါရီ ၁၁ ။          ။ ပြည်ထောင်စုအစိုးရက ပေးပို့လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်ခြင်းမပြုရန် ဇန်နဝါရီ ၁၁ ရက်နေ့ က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အစိုးရပေးပို့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်း၏ အခန်း ( ၂ ) ပါ တားမြစ်ချက်များဖြစ်သည့် အပိုဒ်( ၃ ) အပိုဒ်ခွဲ (ဂ) အပိုဒ်ခွဲ ( စ ) ပါ ဥပဒေကြမ်း အစိတ်အပိုင်းသည်၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၏ အခန်း ( ၁ )နိုင်ငံတော်၏ အခြေခံရမည့် မူများနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့် ပြန့် ဆွေးနွေးရန် လိုအပ် ခြင်းကြောင့် ပြည်သူ့လွှတ်တော် တွင် ဆွေးနွေး ဆောင်ရွက်ခြင်းဘဲ မှတ်တမ်းတင်ထားပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် အစည်းအဝေးမှ သိရသည်။
ဥပဒေကြမ်းတင်သွင်းသည့် အစိုးရအဖွဲ့ကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပြည်သူ့လွှတ်တော်၏ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူများ၊ ဥပဒေရေးရာ နှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ၊ ဥပဒေ ပြုရေးဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ကော်မတီ မှ တာဝန်ရှိသူ များသည်၂၀၁၅ခုနှစ် စက်တင်ဘာလ၃ ရက်နေ့တွင် တစ်ကြိမ်၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် တစ်ကြိမ် တွေ့ ဆုံမှု ပြုလုပ်ပြီး ပြည်ထဲရေးဝန်ကြီးဌာ န နှင့်ညှိုနှိုင်းတိုင်ပင်၍ လတ်တလော အတည်ပြုဆောင်ရွက်ခြင်းမပြုဘဲ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး ပြည်ထောင်စု လွှတ်တော်တွင် ပြန်လည် ပေးပို့ရန် သဘော တူ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူလွှတ်တော် ဥပဒေကြမ်း ကော်မတီက လွှတ်တော် တွင် အစီအရင်ခံခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရေးဥပဒေကြမ်း၏အခန်း ( ၂ ) ပါ တားမြစ်ချက်များဖြစ်သည့် အပိုဒ်( ၃ ) အပိုဒ်ခွဲ (ဂ) တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မည်သည့် အာဏာရှင် နိုင်ငံရေး စနစ်ကိုမဆို ရှေးရှုရန် သို့မဟုတ် ကျင့်သုံးရန် တစ်စုံ တရာ ပြုလုပ်ခြင်း ထောက်ခံခြင်း တိုက်တွန်းခြင်း လှုံ့ ဆော်ခြင်း အားပေးခြင်း သို့မဟုတ် ဝါဒဖြန့်ချိခြင်း မည်သူမျှ တစ်ဦးချင်းအနေဖြင့် သော်လည်းကောင်း အသင်းအနေဖြင့်သော်လည်ကောင်း အမှု ဆောင်အဖွဲ့အနေဖြင့် သော်လည်းကောင်း မပြုလုပ်ရဟု ပါရှိသည်။
အပိုဒ်ခွဲ ( စ )တွင် လည်းဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသောအခြေခံမူများကို ဆန့်ကျင်သည့် အဖွဲ့အစည်း များနှင့် လုပ်ငန်းများကို ထောက်ခံခြင်း အားပေးခြင်း သို့မဟုတ်ဝါဒ ဖြန့် ချိ ခြင်း မည်သူမျှ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း အသင်းအနေဖြင့်သော်လည်ကောင်း အမှု ဆောင်အဖွဲ့အနေဖြင့် သော်လည်းကောင်း မပြု လုပ် ရ ဟု ပါ ရှိသည်။
        
3m.6tRUDP7T.dpuf

တတိယတန်းကျောင်းသူလေးကိုကိုက်သော ခွေးပိုင်ရှင်အား မိုးညိုမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်ချမှတ်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။
ပဲခူး ဇန်နဝါရီ ၁ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ညောင်ဝိုင်းအုပ်စု ငှက်ပျော်ထုံးကျေးရွာတွင် ပညာသင်ကြားနေ သော တတိယတန်းကျောင်းသူလေးကိုကိုက်သော ခွေးပိုင်ရှင်အား မိုးညိုမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညိုမြို့နယ် ညောင်ဝိုင်းအုပ်စု ငှက်ပျော်ထုံး ကျေးရွာနေ ဦးနိုင်ဦး၏သမီး မဇူလိုင်မိုး တတိယတန်းကျောင်းသူ လေးအား စာသင်ကျောင်းသို့ သွားရာလမ်းမပေါ်တွင် တစ်ရွာ တည်းနေ ဦးမြင့်ရွှေ၏ အိမ်မွေးခွေးက လမ်းမပေါ်သို့ထွက် ကိုက်ခဲ့သည်။ ခွေးကိုက်ခံရသော မဇူလိုင်မိုး၏အနီးပတ်ဝန်းကျင်မှ မျက်မြင်များနှင့် မိဘများက မြို့နယ်ပြည်သူ့ဆေးရုံသို့ အမြန်ဆုံး သွားရောက်ဆေးကုသမှုခံယူရာ ခွေးကိုက်ဒဏ်ရာမှာ ငါးချက်ချုပ် ခဲ့ရသည်။ မြို့နယ်ဆရာဝန်ကြီးက လိုအပ်သည့်ဆေးဝါးများ၊ ခွေးရူးပြန်ကာကွယ်ဆေးများအား ထိုးပေးခြင်းများ ပြုလုပ်ဆောင် ရွက်ပေးခဲ့သည်။

ဖခင်ဖြစ်သူ ဦးနိုင်ဦးက ခွေးပိုင်ရှင်ဦးမြင့်ရွှေအား အကြောင်း ကြားပြီး ပြောကြားခဲ့ပါသော်လည်း ဦးမြင့်ရွှေမှာ တာဝန်ယူမှု တစ်စုံတစ်ရာမရှိသည့်အပြင် ၄င်း၏ခွေးမဟုတ်၍ တာဝန်မယူနိုင် ကြောင်း ကြိုက်ရာလုပ်ဟု မထီမဲ့မြင်ပြောကြားခံရမှုကြောင့် ရဲစခန်းသို့ အကြောင်းကြားတိုင်ချက်ဖွင့်ခဲ့သဖြင့် ရဲစခန်းက ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ဖမ်းဆွဲတင်ခဲ့သည်။

မြို့နယ်တရားရုံးမှ ယင်းနေ့တွင် ရာကြီးမှုအမှတ် ၈၂၅/ ၁၅ ဖြင့် ရုံးတော်မှလက်ခံစစ်ဆေးခဲ့ရာ တရားလို၊ တရားခံနှင့် နှစ်ဖက်မျက်မြင်သက်သေများစစ်ဆေးခဲ့ရာ ဦးမြင့်ရွှေ မွေးထား သော ခွေးကိုက်သည်မှာ ပေါ်လွင်ထင်ရှားပါသဖြင့် ပြစ်မှုပုဒ်မ ၂၈၉ အရ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ရက်တွင် တရားခံ ခွေးပိုင်ရှင် ဦးမြင့်ရွှေအား အလုပ်နှင့်ထောင်ဒဏ် ၁၅ရက် အမိန့်ချခဲ့ကြောင်း သိရသည်။

The Union Daily

မင်္ဂလာ ဈေးမီးလောင်မှုဖြစ်စဉ်တွင် ထွက် ပြေးတိမ်းရှောင်နေသည့် သံပန်း လုပ်သားသုံးဦးအနက် နှစ်ဦးကို ထပ်မံဖမ်းဆီးရမိ








ရန်ကုန် ဇန်နဝါရီ ၁ဝ

ယမန်နေ့ နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်က မင်္ဂလာတောင်ညွန့်မြို့ နယ် သပြေကုန်းရပ်ကွက် မင်္ဂလာ ဈေးမီးလောင်မှုဖြစ်စဉ်တွင် ထွက် ပြေးတိမ်းရှောင်နေသည့် သံပန်း လုပ်သားသုံးဦးအနက် နှစ်ဦးကို ထပ်မံဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှစခန်းမှူး ဒုရဲမှူးသန်းဦးက ပြောသည်။
''နောက်ထပ် နှစ်ယောက် ထပ်မိပါပြီ။ ကိုချမ်းရယ်၊ ကိုညွန့် ဝင်းရယ် ထပ်မိပါတယ်။ တစ် ယောက်ကတော့ မိခါနီးပါပြီ။ လွတ်နေသေးတာက အောင်အောင် ပါ''ဟု ၄င်းကပြောသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ မင်္ဂလာဈေးလေးလွှာ၊ ဆိုင်အမှတ် ၄၅၁ ဆိုင်ရှင်ဖြစ်သူ ဦးလှဝင်းလိပ်ဆွဲတံခါးတပ်ဆင်ရန် သံပန်းအလုပ်သမား ခေါင်းဆောင် ဦးအောင်ဘွားထံ အလုပ်အပ်နှံခဲ့ကြောင်း၊ ယခုလ ၈ ရက်ည မင်္ဂလာ ဈေးသာယာရေးမှ မင်္ဂလာဈေးဝင်းအတွင်းကျင်းပနေသည့် သီတဂူ ဆရာတော်အရှင်ဥာဏိဿရ၏တရားပွဲပြီးမှသာ လုပ်ငန်းစတင်လုပ် ကိုင်ရန် ခွင့်ပြုထားခဲ့သော်လည်း မင်္ဂလာဈေးလျှပ်စစ်တာဝန်ခံ ကျော်ဆန်း ဦး(ခ)ဖိုးကျော်လေးက တရားပွဲမပြီးမီ ည ၁ဝနာရီတွင် လုပ်ငန်းလုပ်ကိုင်ရန် လျှပ်စစ်မီးဖွင့်ပေးခဲ့၍ ဦးအောင်ဘွားပါ သံပန်း လုပ်သား စုစုပေါင်းငါးဦး ဝင်ရောက်ကာ လိပ်ဆွဲတံခါးတပ်ဆင်ရာမှ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်းမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၃၆ဝ၆ဝ၂ သိန်းဆုံးရှုံးခဲ့ ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးအားပေါ့ဆစွာအသုံးပြု ခဲ့သည့် မင်္ဂလာဈေး လျှပ်စစ်တာဝန်ခံ ကျော်ဆန်းဦး၊ သံပန်းအလုပ် သမားခေါင်းဆောင် ဦးအောင်ဘွား၊ သံပန်းလုပ်သား မင်းသိန်း(ခ) မှတ်ကြီး၊ ညွန့်ဝင်း၊ ကိုချမ်း၊ အောင်အောင်တို့ကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းဦးက တရားလိုပြုလုပ်တိုင်ကြား ခဲ့ပြီး (ပ)၃၆/၂ဝ၁၆ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

နေထက်ဝေ
The Union Daily

မောင်တစ်ထမ်းမယ်တစ်ရွက်




မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့စကားလေး အရမ်းနှစ်သက်မိပါတယ်။ ဒီစကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်ဟာ တွေးရင် တွေးသလောက် လေးနက်တယ်လေ။ ရှိနေတဲ့ဝန်တွေကို မောင်ကထမ်းပြီး မယ်ကရွက်တာပေါ့။ မောင်က ထမ်းပိုးနေတဲ့အချိန်မှာ မယ်က နိုင်သလောက်ရွက်ကူတဲ့သဘော ။ မယ်ကရွက်နေတဲ့အချိန်မှာ မောင်က နိုင်သလောက်ထမ်းကူတဲ့သဘော။ သူထမ်းရရင် ကိုယ်ရွက်သင့်တယ် ၊ သူရွက်ရင် ကိုယ်ထမ်းသင့်တယ်ဆိုတဲ့ ဝတ္တရားအမြင်ထက် မေတ္တာအမြင်လေး ထည့်လိုက်တဲ့အခါမှာ ကိုယ်ချစ်တဲ့တဘက်လူ သက်သာလို သက်သာငြား နိုင်သလောက် ဝင်ကူတယ်ဆိုတဲ့သဘော ရောက်သွားတဲ့အတွက် နှစ်ဦးနှစ်ဖက်ရဲ့ မေတ္တတရားကို ကြားရသူ ၊ မြင်ရသူတွေ ကြည်နူးစေမှာအမှန်ပါ။
ထမ်းတယ် ၊ ရွက်တယ်ဆိုတာ အခြေနိမ့်တဲ့သူတွေအလုပ်ပဲ ထင်နေရင်မှားမှာပေါ့။ ကုန်ပစ္စည်းဝန်တွေကိုပဲ ထမ်းစရာ ၊ ရွက်စရာလို့ ထင်မြင်နေပြီဆိုကတည်းက မှားနေပြီ။ သမီးရည်းစား ချစ်ရည်မျှပြီဆိုကတည်းက ၊ လူနှစ်ဦး လက်ထပ်ပေါင်းသင်းလိုက်ပြီဆိုကတည်းက တယောက်ဝန်တစ်ယောက် နိုင်သလောက် ကူထမ်းကြမယ် ၊ ဘဝတလျောက်လုံး မျှဝေခံစားကြမယ်လို့ သဘောတူညီထားကြတာပါ။
သမီးရည်းစားဘဝမှာ သူ့လွယ်တဲ့အိတ်ကလေး ကူဆွဲပေးတာ ၊ သူသယ်တဲ့အထုပ်ကလေး ကူဆွဲပေးတာ တဘက်လူအတွက် ကြည်နူးစရာပဲ။ ဒီ့ထက်ပိုလာရင် သူ့အလုပ်က စိတ်ဖိစီးမှုတွေ ၊ လူမှုရေးအဆင်မပြေမှုတွေ ၊ အိမ်တွင်းရေးအဆင်မပြေမှုတွေကို နားထောင်လို့ ဝေမျှခံစားပေးမယ် ၊ လိုအပ်ရင် နှစ်သိမ့်မယ် ၊ နိုင်တာလေးဝင်ကူပေးမယ်။ ဒီလိုလုပ်ပေးတဲ့အခါ တဘက်သူ ကိုယ့်ရည်းစားက မိန်းမ ၊ ယောကျာ်းမဟူ အတော် စိတ်ကြည်နူးမိမှာပဲ။ ဘဝနှစ်ခု ပေါင်းဖက်မှု မပြုကြသေးသည့်တိုင် မျှဝေခံစားမှုဆိုတာကို ခုကတည်းက လေ့ကျင့်ယူနေတာမဟုတ်လား။ ဒါတွေက ချစ်သူရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ စိတ်ခံစားမှုတွေ ၊ အပူတွေကို ဝေမျှယူရင်း သူ့စိတ်ခံစားမှုတွေ ပေါ့ပါးအောင် နိုင်သမျှကူပြီး နားထောင်ပေး ၊ နှစ်သိမ့်ပေး ၊ ဝင်ကူနိုင်တာ ဝင်ကူပြီး မောင်တထမ်း ၊ မယ်တရွက်ဆိုတဲ့ စကားလေးအတိုင်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
လက်ထပ်ပြီးတဲ့စုံတွဲတွေကျတော့ ဒီလောက်လေး လုပ်ပေးနေရုံနဲ့ မလုံလောက်တော့ဘူး။ လက်ထပ်လိုက်ပြီဆိုကတည်းက တမိုးအောက် နှစ်ယောက်အတူ တဘဝစာ လူလူချင်း အရင်းနှီးဆုံး ဝေမျှခံစားကြမယ်လို့ သဘောတူလိုက်တာဖြစ်ပါတယ်။ ဒီလိုဝေမျှခံစားတယ်ဆိုတဲ့အရာတွေထဲမှာ သူ့ကိုယ် ၊ ကိုယ့်ကိုယ်အပြင် သူ့စိတ်ခံစားမှု ၊ ကိုယ့်စိတ်ခံစားမှုတွေလည်း ပါဝင်နေရပါမယ်။ ဒါ့အပြင် ဘဝမှာကြုံလာတဲ့ အခက်အခဲတွေကိုလည်း နှစ်ယောက်တိုင်ပင် ဖြေရှင်းကြမယ်ဆိုတဲ့ အခက်အခဲဆိုင်ရာ ဖြေရှင်းမှုလည်းရှိရမယ်။ ဒီလိုအခက်တွေထဲမှာ ငွေကြေးအခက်အခဲ ၊ စားဝတ်နေရေးအခက်အခဲ ၊ လူမှုရေးအခက်အခဲတွေအပြင် နောင်မှာ သားရေး ၊ သမီးရေး ဆိုတာတွေလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။
သမီးရည်းစားဆိုတဲ့ကဏ္ဍဟာ ရေပေါ်ဆီကဏ္ဍလေးပဲဖြစ်ပါတယ်။ ဆိုလိုတာက အပေါ်ယံလေးပါ။ တနေ့တာ (၂၄)နာရီဆိုတဲ့အချိန်ကလေးမှာ နှစ်ယောက် ပူးပူးကပ်ကပ် တီတီတာတာရှိချိန် နာရီပိုင်းလေးအတွင်းမှာ ဆက်သွယ်တဲ့ ဆက်နွယ်မှုလေးပါ။ ဒီလိုအချိန်တိုကလေးမှာ ဟန်ဆောင်သူတွေက ဟန်ဆောင်နိုင်တယ်။ ဒီလိုအချိန်တိုကလေးမှာ  မကောင်းကွက်တွေချန်ထားပြီး ကောင်းကွက်တွေကိုပဲ ရွေးခံစားလို့လည်းရပါတယ်။ ဒီလိုအချိန်တိုကလေးမှာ  မကောင်းကွက်တွေ ဖုံးထားပြီး ကောင်းကွက်တွေပဲ ဖော်ထားလို့လည်း ရပါတယ်။ အထူးသဖြင့် အချစ်တွေ ဖုံးနေ ၊ မွှန်နေတော့ ရေပေါ်ဆီလေးပဲမြင်ပြီး အောက်မှာ အနည်ထိုင်နေတာတွေကို အတွေးနက်နက်ထားပြီး မြင်အောင်မကြည့်နိုင်ကြတာပါ။ တကယ်မြင်အောင်ကြည့်ရင် မြင်ပါတယ်။
ဘာတွေကို မြင်အောင်ကြည့်ရမလဲဆိုရင် သူနဲ့ကိုယ်ရဲ့ သဘောထားကွဲလွဲမှုတွေ ၊ ခံယူချက်ကွဲလွဲမှုတွေ ၊ ငဲ့ညှာထောက်ထားမှုတွေ ၊ ယုယကြင်နာမှုတွေ ၊ နားလည်ပေးနိုင်မှုတွေ ၊ သည်းခံပေးနိုင်မှုတွေ ၊ ခွင့်လွှတ်ပေးနိုင်မှုတွေ ဒါတွေဟာ နက်ရှိုင်းမှု ရှိမရှိ ၊ ညှိနှိုင်းမှု ရှိမရှိ ၊ သူ့အတ္တရှေ့ထားမှု ရှိမရှိ ဆိုတာတွေ ဒီအချိန်မှာ အကဲဖြတ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။
ဒီလိုအချိန်တိုလေး တွေ့ဆုံနေချိန်မှာတောင် စကားများရန်ဖြစ်နေရရင် ၊ သဘောထားအမြင်တွေ ကွဲလွဲမှုကြီး အတိုင်းသားဖြစ်နေတာတွေ ၊ ခံယူချက်ပြောင်းပြန်ဖြစ်နေတာတွေ ၊ စကားများရန်ဖြစ်တိုင်း သူပြောတဲ့စကားတွေ ၊ အပြုအမူတွေဟာ ကိုယ့်အပေါ် ငဲ့ညှာထောက်ထားမှု ရှိမရှိဆိုတာတွေ ၊ ကိုယ့်ဘက်က အကျိုးအကြောင်း ခိုင်လုံစွာ ရှင်းပြသည့်တိုင်အောင် နားလည်ပေးနိုင်မှုရှိမရှိ ၊ ညှိနှိုင်းမှုရှိမရှိ ၊ သည်းခံခွင့်လွှတ်နိုင်စွမ်း ရှိမရှိ ဆိုတာတွေကို သမီးရည်းစားဘဝမှာ ကိုယ့်အချစ်တွေ ၊ ခံစားချက်တွေကို ရှေ့တန်းမတင်ဘဲ မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.