Friday, February 12, 2016

ပဲကြီးလှော်အပါအ၀င် စားသောက်ကုန် ၁၉ မျိုး စားသုံးရန်မသင့်ဟု ကြေညာ




ပဲကြီးလှော်၊ အရောင်တင်မှုန့်၊ ငရုတ်ဆီ၊ ရှာလကာရည် စတဲ့ စားသောက်ကုန် ၁၉ မျိုးမှာ ဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။
စိန်တောင်၊ ၀င်း၊ ဌေးဌေး၊ မို့မို့၊ ရွှေနန်းတော်၊ မုံရွာသား စတဲ့ အမှတ်တံဆိပ်ပါ ပဲကြီးလှော်ထုပ်တွေမှာ ခွင့်မပြု ဆိုးဆေးတွေ သုံးထားလို့ စားသုံးရန်မသင့်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် Bull အချိုရည်၊ ၀ိုင်းချစ် ငရုတ်ဆီ၊ ကျော်ကျော်၊ ဓူဝံတံဆိပ်ပါ ငရုတ်ပွအရောင်တင်မှုန့်၊ ရှမ်းလေး ဂျုံခေါက်ဆွဲ၊ ဆတ်မင်း ငရုတ်ဆီ စတဲ့ စာေးသာက်ကုန်တွေမှာ ခွင့်မပြုဆိုးဆေးတွေ သုံးထားတာကြောင့် စားသုံးဖို့ မသင့်ဘူးလို့ ကျန်းမာရေးဌာနက သတိပေးလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီဌာနက စားသုံးဖို့ မသင့်တဲ့ စားသောက်ကုန်တွေကို သတိပေးကြေညာခဲ့တာ ရာနဲ့ချီ ရှိနေပြီဖြစ်ပြီး စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေ ထုတ်လုပ်သူတွေကိုတော့ အခုထိ ထိထိရောက်ရောက် အပြစ်ပေးအရေးယူတာ မတွေ့ရပါဘူး။
စားသုံးဖို့ မသင့်ကြောင်း ကြေညာသတိပေးခဲ့တဲ့ အစားအသောက်တွေနဲ့ အမှတ်တံဆိပ်တွေကို မကြာခင် စာအုပ်အဖြစ် ထုတ်လုပ်ဖြန့်ဖြူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Ref - DVB

ချစ်သူများနေ့မရောက်ခင် မှတ်ပုံမတင်ထားတဲ့ လိင်စိတ်ကြွဆေးအတုတွေ ရောင်းချသူကို ဖမ်းဆီးရမိ



ချစ်သူများနေ့မရောက်ခင် တစ်ပတ်အလိုမှာပဲ မှတ်ပုံမတင်ထားတဲ့ လိင်စိတ်ကြွဆေးအတုတွေ ရောင်းချသူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ပါတယ်။ ရဲတပ်ဖွဲ့က စိတ်ကြွဆေးအတုတွေ ရောင်းချသူကို အသွင်ယူဖမ်းဆီးခဲ့တာဖြစ်ကြောင်း မြန်မာတိုင်းမ် ကဖော်ပြထားပါတယ်။
ချစ်သူများနေ့မတိုင်ခင်မှာ ဖေ့စ်ဘွတ်ကတဆင့် လိင်စိတ်ကြွဆေးအတုတွေကို ရောင်းချဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါကို ရဲတပ်ဖွဲ့က ဝယ်ယူသူအဖြစ် အသွင်ယူကာ ဖမ်းဆီးခဲ့လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်

အလားတူ ဖြစ်စဉ်တစ်ခုကို လမ်းမတော်မြို့နယ်မှာလည်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အမျိုးသားတွေ အတွက် စွမ်းဆောင်ရည်အားကောင်းစေတဲ့ ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့တယ်လိုပ ဆိုပါတယ်။ ဒီလို လိင်စိတ်ကြွဆေးတွေ တရားမဝင်ရောင်းချတဲ့ ဖြစ်ရပ်မျိုး ယမန်နှစ်သင်္ကြန်မတိုင်ခင်ကလည်း ဖော်ထုတ်ခဲ့ရ ပါသေးတယ်။
Source : Yangon Coconut
Photos : www.insidecounsel.com,www.psychologyandi

ရေတွင်းထဲမှ စုံတွဲတစ်တွဲ သေဆုံးလျက်တွေ့ရှိ








မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ရေသန့်စက်ရုံတခုမှာ အလုပ်လုပ်တဲ့ အတူနေချစ်သူနှစ်ဦး ဖေဖော်ဝါရီ ၁၁ ရက်နေ့ညက ပျောက်ဆုံးသွားပြီး ဒီနေ့မနက်မှာ စက်ရုံအနားက ရေတွင်းတခုထဲ သေဆုံးနေ


တာ တွေ့ခဲ့ရပါတယ်။ မော်လမြိုင်မြို့ ဈေးကြိုဆန်တန်း ခြံကြီးစုရပ်ရှိ King Myanmar သောက်ရေသန့် စက်ရုံမှာ အလုပ်လာလုပ်နေကြတဲ့ ကိုရန်မျိုးအောင် နဲ့ မယဉ်ယဉ်ခိုင်တို့နှစ်ဦးဟာ  ဖေဖော်ဝါရီ ၁၁ ည ၈ နာရီလောက်ကတည်းက ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးကို စက်ရုံတာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့ရာမှာ စက်ရုံရှေ့ဘက်ခြမ်း ခြံတခုထဲရှိ ရေတွင်းထဲမှာ သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ မော်လမြိုင်သတင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။ “မြင်တဲ့ အလောင်းပုံစံကတော့ နှစ်ယောက်စလုံး လက်နှစ်ဘက်စလုံး ဆန့်တန်းထားတဲ့ ပုံစံမျိုးတွေ့ရတယ်၊ ဒဏ်ရာတွေဘာတွေတော့ မရှိပါဘူး၊ ရေနစ်သေဆုံးတဲ့ လက္ခဏာပဲ တွေ့တယ်၊ ကျန်တဲ့အပိုင်းတွေကို မုပွန်ရဲစခန်းက ဆက်လက် စစ်ဆေးနေပါတယ်။” သေဆုံးသူနှစ်ဦးစလုံးဟာ ပဲခူးတိုင်း၊ မြစ်ကျိုးဒေသဘက်ကနေ မော်လမြိုင်မှာ လာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး အသက် ၃၀ကျော် အရွယ်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။ သေဆုံးသူနှစ်ဦးရဲ့ အလောင်းတွေကို သယ်ယူပို့ဆောင်ပေးခဲ့တဲ့ မော်လမြိုင် လူမှုကယ်ဆယ်ရေး rescue အသင်းက ကိုအောင်ချိုဦးက အလောင်းတွေ ဆယ်ယူခဲ့ပုံကို ခုလို ပြောပါတယ်။ “အဲ့ဒီဘက်ကို သွားနေကျလို့ ပြောတယ်။ ညက ရှာမတွေ့လို့ မနက်လိုက်ရှာတော့ ရေတွင်းဘေးမှာ အမျိုးသမီးဖိနပ်ရယ်၊ အမျိုးသားဖိနပ်ရယ် နှစ်ရံ တွေ့တယ်၊နောက် ပိုက်ဆံထည့်ထားတဲ့ အိတ်လည်း တွေ့တယ်၊ ဒါဆိုရင်တော့ နှစ်ယောက်စလုံး ရေတွင်းထဲ ရှိနိုင်တယ်ဆိုပြီး ၀ိုင်းဆယ်ကြတာပေါ့၊ အမျိုးသမီးအလောင်းကို အရင် တွေ့တယ်၊ အမျိုးသားအလောင်းကိုတော့ နောက်မှ တွေ့တယ်။” လတ်တလော သူတို့နှစ်ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ မုပွန်ရဲစခန်းက သေမှုသေခင်းဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူများအတွက် ကုသမှုနည်းလမ်း




၁။ သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။ နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။
၂။ ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲ ညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀ မိနစ်ခန့်  လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီး၏ ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယား များ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။ သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာ တိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။ ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

___spectrum.myanmar
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.