Tuesday, February 23, 2016

ဆဲလ်ဖုန်းတွေကိုဘောင်းဘီအိတ်ထဲ ထည့်ခြင်းရဲ့ကြီးမားတဲ့အန္တာရယ်



အမျိုးသားတွေဟာ ဆဲလ်ဖုန်းကို မိမိတို့ရဲ့အိတ်ကပ်များ၊ ကျောပိုးအိတ်၊ ဘေးလွယ်အိတ်များထဲတွင် ထည့်ယူ
သယ်ဆောင်သွားလေ့ရှိပါတယ်။ အချို့မှာတော့ ဘောင်းဘီရှေ့အိတ်ထဲမှာ ထည့်ပြီး သယ်ဆောင်တာမျိုးရှိတတ်
ပါတယ်။ အမျိုးသားများရဲ့ မျိုးပွားအင်္ဂါနဲ့ ဆဲလ်ဖုန်းနဲ့ နီးစပ်လွန်းတဲ့အခါမျိုးမှာ မျိုးမအောင်သော သုတ်ပိုးများ
ဖြစ်စေပြီး ကလေးမရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ရနိုင်ခြေ ပိုများတယ်လို့ အစ္စရေးနိုင်ငံ၊ Technicon’s
Medical School in Haifa ရဲ့ သုတေသနတွေ့ရှိချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ဆေးခန်းကို လာရောက်ပြသခဲ့တဲ့ အမျိုးသား 100 မှာ 47%ဟာ ဆိုးဆိုးဝါးဝါး
အခြေအနေကို ရင်ဆိုင်နေရပြီး 11% ကတော့ ပုံမှန်အခြေအနေလို့ သိရပါတယ်။ 47%ဟာ ဆဲလ်ဖုန်းကို
ဘောင်းဘီရှေ့အိတ်ထဲမှာ အထားများလေရှိတဲ့အမျိုးသားဖြစ်ကြပြီး သူတို့ရဲ့ မျိုးအောင်သုတ်ပိုး ထုတ်လွှတ်
နိုင်မှုအပိုင်းဟာ လုံးဝ မရှိသလောက်ဖြစ်ပြီး မျိုးသုဉ်းခြင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရသူများ ဖြစ်ပါတယ်။
ဒါဟာ ဘာကြောင့်လဲဆိုရင် ဆဲလ်ဖုန်းမှ ထုတ်လွှတ်သော လျှပ်စစ်သံလိုက်စက်ကွင်းများကြောင့် ဖြစ်ပြီး
အဆိုပါ စက်ကွင်းဟာ အမျိုးသားရဲ့ မျိုးပွားအင်္ဂါထဲမှာရှိတဲ့ မျိုးအောင်သုတ်ပိုးများကို ချက်ပြုတ်နေသကဲ့
သို့ ဖြစ်နေခြင်းကြောင့်-လို့ ဆိုပါတယ်။
ဒါ့အပြင် လေ့လာတွေ့ရှိမှုက ဆက်လက်ပြီး ထောက်ပြခဲ့တာ ရှိပါသေးတယ်။ အဲဒါကတော့ ဆဲလ်ဖုန်း
တွေကို အိပ်ယာထဲမှာ ယူအိပ်တဲ့ အမျိုးသားတွေနဲ့ ဆဲလ်ဖုန်းမယူဘဲ အိပ်တဲ့ အမျိုးသားတွေနဲ့ ယှဉ်လိုက်
တဲ့အခါမှာလည်း ဖုန်းနဲ့အိပ်တဲ့ အမျိုးသားတွေဟာ Sperm Level ဟာ သိသိသာသာ နိမ့်ကျမှုတွေ ရှိ
တယ်လို့ ဆိုပါတယ်။ ယခုအချိန်မှာ ဆဲလ်ဖုန်းတွေဟာ အမျိုးသမီးတွေရဲ့ မျိုးဆက်ထိခိုက်မှု အန္တရာယ်
ရှိမရှိကို လေ့လာနေဆဲ ဖြစ်ပြီး တိကျတဲ့ အဖြေတော့ မရသေးဘူးလို့ ဆိုပါတယ်။ သို့သော် အမျိုးသမီး
အများစုဟာ ဆဲလ်ဖုန်းကို ဘောင်းဘီရှေ့အိတ်ထဲမှာ ထည့်ယူ သယ်ဆောင်သူ အင်မတန်နည်းပါတယ်
လို့ စစ်တမ်းက ဆိုပါတယ်။ ဒါကြောင့် ဒီစစ်တမ်းအရ အမျိုးသားများအနေနဲ့ ဆဲလ်ဖုန်းများနဲ့ ခပ်ဝေးဝေး
မှာ နေ့သင့်ပြီ မဖြစ်မနေ သုံးဆောင်ရခြင်း၊ သယ်ဆောင်ရခြင်းအတွက်လည်း မိမိရဲ့ ဘောင်းဘီရှေ့အိတ်
ထဲမှာ ထားပြီး မသယ်ဆောင်သင့်ကြောင်း အကြံပြုရပါတယ်။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.