Tuesday, April 19, 2016

နောက်ဆုံးရဘောလုံးသတင်း (20-4-2016)


ဘောလုံးသတင်း (20-4-2016)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



=> ရီးရဲလမက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပြီး ဟယ်ရီးကိန်း၏ လာမည့်အစီအစဉ်များကို မေးမြန်းသိရှိလိုကြောင်းပြောကြားထားသည်။

=> မန်ချက်စတာစီးတီးအသင်းသည် ဒေါ့မွန်အသင်းကွင်းလယ်သူ ဂန်ဒိုဂန်ကို ခေါ်ယူရန်စီစဉ်ချက်ရှိကြောင်းသိရသည်။

=> ချဲလ်ဆီးအသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းကစားသမား ဂရိမန်းစ်ကို ကြေးကောင်းကောင်းပေး ခေါ်ယူရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။

=> မော်ရင်ဟိုမန်ယူအသင်းနည်းပြဖြစ်လာပါက သူခေါ်ယူသည့်ကစားသမားစာရင်းတွင် အီဗရာဟီမိုဗစ် (ပီအက်စ်ဂျီ) ၊ ရီနာတိုဆန်းချက်ဇ် (ဘင်ဖီကာ) ၊ ဂျွန်စတုန်း (အဲဗာတန်) ။

=> ဂျူဗင်တပ်စ်အသင်းသည် ဌင်းတို့၏ ကွင်းလယ်ကစားသမား မာချီစီယိုဒဏ်ရာရအခြေအနေကြောင့် လက်စတာစီးတီးအသင်းကစားသမားဖြစ်သူ အန်ဂိုလိုကန်တီကို ခေါ်ယူရန် ကြိုးစားလျက်ရှိသည်။

=> အလက်ဆစ် ဆန်းချက်ဇ်အား လက်ရှိ အာဆင်နယ်အသင်းထက် ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားသင့်ကြောင်း ချီလီအသင်းဖော်ဖြစ်သူ ဗီဒယ်က တိုက်တွန်းပြောကြားလိုက်သည်။

=> အာဆင်နယ်အသင်းကစားသမား အာတီတာသည် လာမည့်ရာသီတွင် လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်းသိရသည်။

=> မန်ချက်စတာယူနိုက်တက်အသင်းသည် မိုက်ကယ်ကာရစ်ကို စာချူပ်သစ် ချူပ်ဆိုရန်ကမ်းလှမ်းထားသော်လည်း ကာရစ်အနေဖြင့် အသင်း၏ နည်းပြသစ် မည်သူမည်ဝါဖြစ်မည်ကို သိရန် စောင့်ကြည့်ချင်သေးကြောင်း ပြောဆိုသည်။

=> အင်္ဂလန်အသင်းနည်းပြဟောင်းဖြစ်သူ ကာပယ်လိုသည် လက်ရှိနည်းပြဖြစ်သူ ရွိုင်းဟော့ဆန်ကို လာမည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ရွန်းနီကိုရွေးချယ်ခေါ်ယူစေလိုကြောင်း တိုက်တွန်းပြောကြားလိုက်သည်။

=>  လီဗာပူးလ်အသင်းကို အဘူဒါဘီတော်ဝင်မိသားစုဝင် တစ်ဦးက ပေါင်သန်း (၇၀၀) ဖြင့် ၀ယ်ယူန်ကြိုးပမ်းလျက်ရှိသည်ဟုDaily Star အားကစားသတင်းစာတွင် ဖော်ပြထားသည်။ လက်ရှိလီဗာပူးလ်အသင်း၏ ကာလတန်ကြေးမှာ ပေါင်သန်း (၆၅၀) ခန့်ရှိပြီး ပိုင်ရှင်မှာ အမေရိကန်အားကစားရင်းနှီးမြှုပ်နှံမှု ကုပ္မဏီဖြစ်သည် Funway Sport Group ဖြစ်ပြီး ၂၀၁၀ ခုနှစ်က ပေါင်သန်း (၃၀၀) ဖြင့်ဝယ်ယူထားကြောင်းသိရသည်။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.