Friday, January 8, 2016

လိပ်ကျွန်းတွင်ဗြီတိန်နိုင်ငံသားတစ်ဦးထပ်မံသေဆုံး



ဗြိတိန်နိုင်ငံသား ဟန်နာဝစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မေလာတို့ အသတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ လိပ်ကျွန်းပေါ်မှာ နိုင်ငံခြားသားတဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Islandecho သတင်းမှာ ဇန်န၀ါရီ ၈ ရက်နေ့က ဖော်ပြပါတယ်။ သေဆုံးသူ အသက် ၂၇ နှစ်အရွယ် လုခ်မေလာဟာ ၅ ပတ်ကြာ အားလပ်ရက်ခ ရီးအဖြစ် သူငယ်ချင်းတဦးနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တည်းက ဗြိတိန်နိုင်ငံမှ ထွက်ခွာလာခဲ့တာပါ။ သူ့ရဲ့သေဆုံးမှုကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အတည်ပြုပေးခဲ့ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ မီလာဟာ ထိုင်းနိုင်ငံ မလာရောက်ခင် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ရှင်သန်နေတဲ့ဘ၀ အပြည့်အ၀ရရှိရန်”လို့ ရေးသားခဲ့တာပါ။ ဗြိတိန်နိုင်ငံခြားရေးရာနဲ့ ဓနသဟာယဆိုင်ရာရုံးရဲ့ဇန်န၀ါရီလ ၈ ရက်နေ့ညနေပိုင်းမှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ “ကျနော်တို့ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ သေဆုံးသွားတဲ့ (လုခ်မေလာရဲ့) မိသားစုဝင်တွေကို ကူညီပေးနိုင်ဖို့ လုပ်နေပါတယ်။ ထိုင်းတာဝန်ရှိသူတွေက ခုလိုသေဆုံးရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးနေကြပြီး ကျနော်တို့ အနေနဲ့ သူတို့နဲ့ ဆက်သွယ်ဖို့ ရှိနေပါတယ်”လို့ ဖော်ပြပါတယ်။ DVB

Copy the BEST Traders and Make Money : http://bit.ly/fxzulu

ချောကလက်စားခြင်းရဲ့ အကျိုးသက်ရောက် မှုများ



ချောကလက်ဟာ လိင်ကိစ္စထက်ပိုကောင်းသလားလို့ မေးရင် ကောင်းတယ်လို့ ပြောမယ့်သူ တချို့တလေပဲရှိနိုင်ပါ လိမ့် မယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ချောကလက်ဟာ စားရတာ အရသာရှိသလို လိင်ကိစ္စ အတွက်လည်း ကောင်းကျိုးတွေ ပေးတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။

ချောကလက်ကို နေ့စဉ်လိုစားသုံးတဲ့ အမျိုးသမီးတွေဟာ မစားတဲ့ အမျိုးသမီးတွေထက် လိင်စိတ်ဆန္ဒ ပိုပြီးမြင့်မားတယ် ဆို တာကို အီတလီနိုင်ငံက သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ချောကလက်စားတဲ့ အမျိုးသမီးတွေဟာ လိင်ကိစ္စနဲ့ ပတ်သက်လို့ စိတ်ကျေနပ် နှစ်သိမ့်မှု ပိုရကြတယ်လို့ လည်းတွေ့ခဲ့ရပါတယ်။

သိပ္ပံပညာအရ အခုမှတွေ့ရှိခဲ့ပေမယ့် မာယာ (Mayan)နဲ့ အက်စ်တက်( Aztec) လူမျိုးတွေက အေဒီ ၆၀၀ လောက်ကထဲ က သိပြီးကြပါပြီ။ သူတို့က အခု ချောကလက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိုကိုး(cocoa)ကို နတ်ဘုရားတွေရဲ့ အစား အစာ အဖြစ်ယုံကြည်ထားကြပါတယ်။ ရှေးခေတ်ကဆိုရင် ဈေးကြီးတဲ့ အစားအစာတခုလည်း ဖြစ်ပါတယ်။ ချောကလက် အရည်ကို အလေး အမြတ်ထားရမယ့် အရာတခုအဖြစ် သတ်မှတ်ပြီးတော့ တော်ဝင်အခမ်းအနားတွေ၊ ဘာသာရေး အခမ်း အနားတွေမှာ အသုံးပြုဖို့ အတွက်သာ သီးသန့် ဖယ်ထားတတ်ကြပါတယ်။


ဒီနေ့ ခေတ်မှာတော့ ချောကလက်ကို ပေါပေါများများ ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ အခဲအဖြစ်၊ သောက်စရာ အရည်အဖြစ် သို့ မဟုတ် မုန့် အဖြစ်နဲ့ မိမိ ပတ်ဝန်းကျင်က နေရာတိုင်းမှာ ပုံစံတမျိုးမျိုးနဲ့ မြင်တွေ့နေနိုင်ပါပြီ။ ဒါပေမယ့် ချောကလက်စားသုံး ခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးနဲ့ အန္တရယ်ကိုတော့ ဟန်ချက်ညီမျှစေဖို့ အရေးကြီးပါတယ်။ ချောကလက် အလွန် အကျွံစားသုံး ခြင်းကြောင့် ကိုယ်ခန္ဓာ အလေးချိန်တက်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေး အတွက်ရော လိင်မှု ကိစ္စအတွက်ပါ အကျိုး မဖြစ်မှာ အသေအချာပါပဲ။

ချောကလက်က ရတဲ့ လိင်မှုဆိုင်ရာ အကျိုးကျေးဇူးက စိတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်စွမ်းကြောင့် ဖြစ်ပါတယ်။ အီတ လီ သုတေသနအဖွဲ့ ရဲ့ ခေါင်းဆောင်က ချောကလက်ကို အစားအစာတခု ထက် ဆေးဝါးတခုနဲ့ ပိုတူနေတယ်လို့ တောင်မှ ပြောခဲ့ပါတယ်။ ချောကလက်က ကျန်းမာရေးအတွက်တင်မက လိင်မှု စွမ်းဆောင်နိုင်မှုအတွက် အကျိုးထူးစေပါတယ်။

Source : The Irrawaddy

(အိုင်အက်စ်) အကြမ်းဖက်သမား တစ်ဦးက မိခင်အရင်းကို လူအများရှေ့မှောက်တွင် ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြား







အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်သမား တစ်ဦးက မိခင်အရင်းကို လူအများရှေ့မှောက်တွင် ကွပ်မျက်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

အသက် ၂၀ အရွယ်ရှိ အိုင်အက်စ် တိုက်ခိုက်ရေးသမားသည် အိုင်အက်စ်တို့၏ မြို့တော်အဖြစ် သတ်မှတ်ထားရာ ဆီးရီးယားပိုင် ရက္ကာမြို့တွင် မိခင်အရင်းကို သတ်ဖြတ်ခဲ့ခြင်းဟု သိရသည်။ အဆိုပါ အမျိုးသမီး အလုပ်လုပ်ရာ စာပို့စခန်းအနီးတွင် လူပေါင်းရာနှင့်ချီ ဝိုင်းအုံကြည့်ရှုနေချိန်၌ သားအရင်းက ယခုလို သတ်ဖြတ်ခဲ့ခြင်းဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။


အယူဝါဒ လွဲမှားဖောက်ပြန်ကြောင်း စွပ်စွဲချက်ဖြင့် သားဖြစ်သူ ကိုယ်တိုင်က သူမကို အိုင်အက်စ်တို့လက် အပ်နှံခဲ့ပြီးနောက် ယခုလို သေဒဏ် စီရင်ခံခဲ့ရခြင်း ဖြစ်သည်။ အမျိုးသမီးက အလွန်ရက်စက် ကြမ်းကြုတ်သည့် အိုင်အက်စ် အဖွဲ့ကို စွန့်ခွာသင့်ကြောင်း သားဖြစ်သူကို တိုက်တွန်း စည်းရုံးရာ သားဖြစ်သူက လက်မခံဘဲ သူမကို အိုင်အက်စ်တို့ လက်ထဲ အပ်နှံခဲ့ခြင်းဟု သိရသည်။

သူမက သားဖြစ်သူနှင့်အတူ ရက္ကာမှ ဝေးရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားခဲ့ပြီး “မဟာမိတ်လေတပ်တွေ ဗုံးကြဲလို့ မင်းတို့အဖွဲ့သားတွေအားလုံး သေကုန်မှာ”ဟု သားကို သတိပေးခဲ့သည်။ ထိုစကားက သူမသည် အိုင်အက်စ်ကို တော်လှန်ဆန့်ကျင်သည့် အယူဝါဒ ဖောက်ပြန်သူအဖြစ် စွပ်စွဲခံရရန် လုံလောက်သွားစေခဲ့သည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အမျိုးသမီး၏ အသက်သည် ၄၀ ကျော်မျှ ရှိသည်ဟု ဖော်ပြခဲ့ပြီး ရက္ကာမြို့အရေး စောင့်ကြည့်နေသည့် အခြားသော ပြုပြင်ပြောင်းလဲရေးဝါဒီ အဖွဲ့အစည်းတစ်ခုက အမျိုးသမီး၏ အသက်ကို ၃၅ နှစ်ကျော်ဟု ဖော်ပြခဲ့သည်။

ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် အိုင်အက်စ်သည် ၎င်းတို့ သိမ်းပိုက်ထားရာ နယ်မြေများတွင် ပြင်းထန်တင်းကျပ်သည့် အစ္စလာမ်မစ် စည်းမျဉ်းများဖြင့် အုပ်ချုပ်ကာ ခေါင်းဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ ကြိုးဆွဲချစေခြင်း၊ အထပ်မြင့်မှ ပစ်ချခြင်း အစရှိသည့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် သေဒဏ်စီရင်မှုများ ပြုလုပ်လေ့ရှိပြီး ယင်းတို့ကို လူမှုကွန်ရက်များတွင် လွှင့်တင်လေ့ရှိကြောင်း သိရသည်။

Source : 7 Day Daily

ဘာမှမဝတ်ဆင်ပဲ Body Paint ဖြင့်သာ ဓာတ်ပုံရိုက်ခံခဲ့သူ Ronda Rousey


ဘာမှမဝတ်ဆင်ပဲ Body Paint ဖြင့်သာ ဓာတ်ပုံရိုက်ခံခဲ့သူ Ronda Rousey


0
ပုံကိုကြည့်ရင်တော့ အင်္ကျီဝတ်ထားတယ်လို့ ထင်ပါလိမ့်မယ်။ တကယ်တော့ အဲ့ဒါအင်္ကျီမဟုတ်ပါဘူး။
ခန္ဓာကိုယ်ပေါ်မှာ ဆေးခြယ်ထားတာပါ။ သူမဟာ အခြားသူတော့မဟုတ်ပါဘူး။ နာမည်ကျော် UFC
Fighter Ronda Rousey ပါ။

အားကစားမဂ္ဂဇင်းတစ်ခုအတွက် ဓာတ်ပုံမော်ဒယ် အဖြစ်ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ Petite
Martinique ကျွန်းပေါ်မှာ ဓာတ်ပုံအရိုက်ခံခဲ့တာလည်းဖြစ်ပါတယ်။ အသက်၂၈နှစ်အရွယ်ရှိပြီ
ဖြစ်တဲ့ Ronda ဟာ အရင်လက မဲလ်ဘုန်းမှာ ရှုံးနိမ်ခဲ့ပြီး သူမဘဝမှာ ပထမဆုံးရှုံးနိမ့်ခဲ့ခြင်းလည်း
ဖြစ်ပါတယ်။ Holly Holm ဖြစ်ပါတယ်။

ထိုရှုံးပွဲအပြီး ရက်အနည်းငယ်မှာတော့ “အားပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့
ကျန်းမာရေးအတွက် စိုးရိမ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မအချိန်အနည်းငယ်ယူပြီး
ရင်ပြန်လာမှာပါ” social media ပေါ်မှာတင်ခဲ့ပါတယ်

သမဝါယမဘဏ် (CB Bank) ၏ မိုဘိုင်းဘဏ်စနစ် (Mobile Banking) အား မည့်သည့်ဆင်းမ်ကတ် အမျိုးအစားဖြင့်မဆို အသုံးပြုနိုင်ပြီ



သမဝါယမဘဏ် (CB Bank) ၏ မိုဘိုင်းဘဏ်စနစ် (Mobile Banking) အား မည့်သည့်ဆင်းမ်ကတ် အမျိုးအစားဖြင့်မဆို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ယင်း Easi Mobile Banking အသုံးပြုလိုသူများအနေဖြင့် နီးစပ်ရာ သမဝါယမဘဏ်ခွဲများတွင် မှတ်ပုံတင်ကာ အသုံးပြုနိုင်မည် ဖြစ်သည်။ ယခင်က ဆင်းမ်ကတ်အမျိုးအစား အချို့တွင်သာ အသုံးပြုနိုင်ရာမှ ယခုအခါ အမျိုးအစားများအားလုံးဖြင့် အသုံးပြုနိုင်ပြီဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မိုဘိုင်းဘဏ်စနစ်ကို သမဝါယမဘဏ်အပြင် အခြားဘဏ်များတွင်လည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ သမဝါယမဘဏ်အနေဖြင့် မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ်များထားရှိ၍လည်း ငွေလွှဲခြင်းအပါအဝင် အခြားဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
Easi Mobile Agent မှ ငွေလွှဲထုတ်ယူခြင်း၊ ငွေလွှဲခြင်း၊ Deposite Accound ထဲသို့ ငွေသွင်းခြင်းတို့ ဆောင်ရွက်အသုံးပြုနိုင်မည်ဖြစ်ပြီး ATM စက်များတွင် ငွေထုတ်ယူ သုံးစွဲနိုင်သကဲ့သို့ Easi Mobile Agent များတွင်လည်း ငွေထုတ်ယူနိုင်ခြင်းတို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါဝန်ဆောင်မှုကို မြို့ငယ်များနှင့် ရွာများတွင် အဓိကဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Tags: 

အမျိုးသမီးဝန်ထမ်းတစ်ဦးအား လူမြင်ကွင်းရှေ့ မတ်တတ်ရပ်အပြစ်ပေးခဲ့သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီဌာနမှူးကိုတရားစွဲ


အမျိုးသမီးဝန်ထမ်းတစ်ဦးအား လူမြင်

ကွင်းရှေ့ မတ်တတ်ရပ်အပြစ်ပေးခဲ့သည့်

 မြန်မာဝမ်ပေါင်ကုမ္ပဏီဌာနမှူးကိုတရားစွဲ


 မြန်မာဝမ်ပေါင် ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီမှ ၀န်ထမ်း အမျိုးသမီးတစ်ဦးက ၎င်းကိုအဆို ပါ ကုမ္ပဏီ ဌာနမှူးက အများသူ ငါရှေ့တွင် တစ်ရက်လျှင်ရှစ်နာရီကြာ သုံးရက်တိုင်တိုင် မတ်တတ်ရပ်နေရန် အပြစ်ပေးခဲ့သဖြင့် မတရား ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ ဆားလင်းကြီးမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဝမ်ပေါင်ကြေးနီထုတ် လုပ်ရေးကုမ္ပဏီ ဌာနမှူးက ဌာနမှူးလုပ်ပိုင်ခွင့်ကိုသုံး၍ ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာ ၁၁ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ယင်းသို့ မတ်တတ်ရပ်အပြစ်ပေးသည်ကိုမကျေနပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
‘‘အဲဒီရက်ပိုင်း (နိုဝင်ဘာလ ဆန်းပိုင်း)က ဌာနအလိုက်
 ပြိုင်ပွဲ၊ ဆုပေးပွဲတွေလုပ်တယ်။ အဲဒီရက် က ကျွန်မနားရက်။ ဒါပေမဲ့ကျွန်မ ဆုပေးပွဲကို မတက်နိုင်တဲ့အကြောင်းကိုလည်း ခွင့်တိုင်ခဲ့တယ်။ ဆုပေး
ပွဲ၊ ပြိုင်ပွဲမှာ မလာလို့ဆိုပြီး ပုံမှန်အလုပ်ဆင်းချိန်ကို ဆင်းခွင့်မပြုတော့ဘဲ အချိန်ပြောင်းဆင်းရတယ်။ သုံးရက်တိုင်တိုင် စားသောက်ခန်းထဲ အများသူငါရှေ့မှာ တစ်ရက်ရှစ်နာရီမတ်တတ်ရပ်အပြစ်ပေးခဲ့တာပါ’’ ဟု တရားလိုပြုလုပ်တိုင်ကြားခဲ့သော မြန်မာဝမ်ပေါင်ကုမ္ပဏီ Coffee Room Keeper ၀န်ထမ်း မကြည်ကြည်မေက ပြောသည်။ ယင်းသို့ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်အပြစ်ပေးမှုကြောင့် ၀န်ထမ်းအမျိုးသမီးမှာ ခြေထောက်နာကျင် ဒဏ်ရာများဖြစ်ပေါ်ခဲ့သဖြင့် မြန်မာဝမ်ပေါင်ကုမ္ပဏီအလုပ်သမား အဖွဲ့အစည်းများအကူအညီဖြင့် ဆေးဝါးကုသမှု ခံ ယူခဲ့ရသည်။ ယင်းနောက်လုပ်ငန်းခွင်အတွင်း ဆက်လက်လုပ်ကိုင်ရာတွင်လည်း ဖိနှိပ်မှုများကြောင့်ကြောက်ရွံ့ခြင်း၊ စိတ်ငြိုငြင်ခြင်းများခံစားခဲ့ရကြောင်း မကြည်
ကြည်မေက ဆက်လက်ပြောကြားသည်။
‘‘၀န်ထမ်းတွေအနေနဲ့ မတ ရားအပြစ်ပေးခံရတာကိုသက်ဆိုင် ရာကိုတင်ပြတယ်။ ကုမ္ပဏီတာ ၀န်ရှိသူတွေဘက်က ဖြေရှင်းပေး တာမရှိတဲ့အတွက် တရားရုံးမှာ တက်တိုင်ရတယ်။ တိုင်တဲ့သူကို ရာထူးတိုးပြီး ဌာနပြောင်းပေးမယ် ပြောတယ်။ ဒေသခံအလုပ်သမား တွေအနေနဲ့ ဖိနှိပ်မှုကတော့ ရှိနေ ဆဲပါ’’ဟု ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာဒေသခံတောင် သူလယ်သမားများအရေး ဆောင် ရွက်နေသူတစ်ဦးကပြောသည်။
 အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ဆားလင်းကြီးမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၂၊ ၃၅၄ အရ ဇန်န၀ါရီ ၅ ရက်တွင် စွဲဆိုလျှောက်ထားခဲ့ ပြီး မြန်မာဝမ်ပေါင် ကုမ္ပဏီဘက် သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.