Friday, December 25, 2015

ရုံးမလာနိုင်ကြောင်း ခွင့်စာနမူနာများ


ရုံးမလာနိုင်ကြောင်း ခွင့်စာနမူနာများ

   သင်အလုပ်လုပ်နေသရွေ့ အကြောင်းအမျိုးမျိုးကြောင့်   ခွင့်ယူရမည်မှာ ဧကန်မုချပင်ဖြစ်သည်။ မြန်မာဘာသြာ  ဖင့် ရေးသားသည့်အခါ မခက်သော်လည်း အင်္ဂလိပ်  ဘာသာဖြင့် ရေးသားသည့်အခါ ရေးနေကျမဟုတ်ပါက အခက်အခဲရှိနိုင်ပါသည်။ အခြေအနေအရပ်ရပ်အတွက် အောက်ပါအင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ခွင့်စာနမူနာများအား လေ့လာပြီး လိုအပ်သလိုပြောင်း
လဲဖြည့်စွက် အသုံးပြုပါက အချိန်ကုန်သက်သာပြီး ပိုမိုမှန်
ကန်နိုင်ပါသည်။

ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်ယူသည့် ခွင့်စာနမူနာ
အောက်တွင်ဖော်ပြထားသည့် ပျက်ကွက်ကြောင်းခွင့်တိုင်ကြားစာသည် အလုပ်မှ ခွင့်ယူလိုကြောင်းကို ကြီးကြပ်သူနှင့် ဆွေးနွေးပြီးနောက် တရားဝင် ခွင့်တိုင်ကြားစာနမူနာဖြစ်သည်။
Dear Mr./Ms. Last Name,

This letter is a formal request for a leave of absence, to follow up our meeting yesterday.
As we discussed, I would like to request a leave of absence from September 1 through October 31. I will return to work on November 1.

Please let me know if I can provide any further information or if you have any questions.
Thank you very much for your consideration in providing me with this opportunity for personal leave.

Sincerely,

Your Signature (hard copy letter)
Your Typed Name

သို့ ဦး / ဒေါ် လူအမည်၊

ဤစာသည် မနေ့က တွေ့ဆုံဆွေးနွေးခဲ့သည့်အတိုင်း ခွင့်ယူလိုကြောင်း တရားဝင် အကြောင်းကြားစာဖြစ်ပါသည်။
ဆွေးနွေးသည့်အတိုင်း ကျွန်တော်သည် စက်တင်ဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ပျက်ကွက်ခွင့် တောင်းဆိုလိုပါသည်။ ကျွန်တော်သည် နိုဝင်ဘာ ၁ ရက်နေ့တွင် အလုပ်ပြန်လည် လုပ်ကိုင်မည် ဖြစ်ပါသည်။
နောက်ထပ်အချက်အလက်များ ပေးရန်လိုအပ်ပါက (သို့မဟုတ်) မေးခွန်းတစ်စုံတစ်ရာရှိပါက ကျွန်တော့ကို အသိပေးပါ။

ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ခွင့်ယူလိုသည်ကို စဉ်းစားပေးသည့်အတွက် ကျေးဇူးအထူးပင် တင်ရှိပါသည်။

လေးစားစွာဖြင့်

စာဖြင့် ရေးသည်ဆိုပါက သင့်လက်မှတ်
စာရိုက်ထားသော သင့်နာမည် (အီးမေးလ်ဖြစ်ပါက မိမိနာမည်အား ရေးသားလိုက်ခြင်းက လုံလောက်ပါသည်။)
_________________________

နေမကောင်းကြောင်းခွင့်စာ နမူနာ

ဤခွင့်စာနမူနာကို သင်ဖျားနာနေ၍ အလုပ်မဆင်းနိုင်ကြောင်း အကြောင်းပြသည်ကို စာဖြင့်ရေးသား၍ခွင့်တောင်းရန် လိုအပ်သည့်အခါတွင် အသုံးပြုပါ။

Dear Mr./Ms. Last Name,

Please accept this letter as written notification that I was unable to attend work on Monday, August 2, 20XX due to sickness. I was ill and unable to report to work on that date.

Please let me know if I can provide any further information.

Sincerely,

Your Signature (hard copy letter)
Your Typed Name

သို့ ဦး / ဒေါ် လူအမည်

ဤစာကို တနင်္လာနေ့ သြဂုတ်လ ၂ ရက်နေ့၊ ၂၀xx က အလုပ်မဆင်းနိုင်ခဲ့ကြောင်း အကြောင်းကြားစာအဖြစ် လက်ခံပေးစေလိုပါသည်။ ထိုနေ့က ကျွန်တော် နေမကောင်းဖြစ်နေပြီး အလုပ်မဆင်းနိုင်ခဲ့ပါ။

နောက်ထပ်အချက်အလက်များ ပေးရန်လိုအပ်ပါက ကျွန်တော့်ကို အသိပေးပါ။

လေးစားစွာဖြင့်

စာဖြင့် ရေးသည်ဆိုပါက သင့်လက်မှတ်
စာရိုက်ထားသော သင့်နာမည် (အီးမေးလ်ဖြစ်ပါက မိမိနာမည်အား ရေးသားလိုက်ခြင်းက လုံလောက်ပါသည်။)
_________________________

ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်မှ ခွင့်ယူလိုကြောင်း ကြိုတင်အကြောင်းကြားစာနမူနာ

ဤခွင့်တိုင်စာနမူနာသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်မှ ခွင့်ရယူလိုကြောင်းကို စာဖြင့်ရေးသား၍ ကြိုတင်ခွင့်တောင်းရန် လိုအပ်သည့်အခါတွင် အသုံးပြုနိုင်ပါသည်။

Dear Mr./Ms. Last Name:

I would like to request a thirty day leave of absence for personal reasons. If possible, I would like to leave work on July 1 and return on August 1.

If approved, I will be traveling during this time period, but I would be glad to assist with any questions via email or phone
Thank you very much for your consideration.

Sincerely,

Your Signature (hard copy letter)
Your Typed Name

သို့ ဦး / ဒေါ် လူအမည်

ကျွန်တော်သည် အလုပ်မှ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ခွင့် ရက် ၃၀ ယူလိုပါသည်။ ဖြစ်နိုင်မည်ဆိုပါက ကျွန်တော်သည့် ဇူလိုင် ၁ ရက်နေ့တွင် ခွင့်စယူလိုပြီး သြဂုတ်လ ၁ ရက်နေ့တွင် အလုပ်ပြန်ဆင်းမည်ဖြစ်ပါသည်။

အကယ်၍ ခွင့်ရခဲ့ပါက ထို ခွင့်ယူစဉ်အချိန်အတွင်း ကျွန်တော်သည် ခရီးထွက်နေမည်ဖြစ်ပါသည်။ သို့သော် မေးခွန်းများရှိပါက ကျွန်တော်သည် အီးမေး(လ်) ဖြင့်သော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း ၀မ်းမြောက်ဝမ်းသာနှင့် ကူညီမည်ဖြစ်ပါသည်။
လက်ခံစဉ်းစားပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

လေးစားစွာဖြင့်

စာဖြင့် ရေးသည်ဆိုပါက သင့်လက်မှတ်
စာရိုက်ထားသော သင့်နာမည် (အီးမေးလ်ဖြစ်ပါက မိမိနာမည်အား ရေးသားလိုက်ခြင်းက လုံလောက်ပါသည်။)
_________________________

မိသားစုကိစ္စနှင့်ပါတ်သက်၍ အလုပ်မှ ခွင့်ယူလိုကြောင်း ကြိုတင်အကြောင်းကြားစာနမူနာ
ဤခွင့်စာနမူနာသည် မိသားစုကိစ္စနှင့်ပါတ်သက်၍ ခွင့်ယူရန် စာဖြင့်ရေးသား၍ ခွင့်တောင်းရန် လိုအပ်သည့်အခါတွင် အသုံးပြုနိုင်ပါသည်။

Dear Mr./Ms. Last Name,

I would like to request a two month leave of absence for family reasons. If possible, I would like to leave work on September 1 and return on November 1.

If approved, I will be staying with family during this time period, and I would be glad to assist with any questions via email or phone whenever possible.
Thank you very much for your consideration.

Sincerely,

Your Signature (hard copy letter)
Your Typed Name

သို့ ဦး/ဒေါ် လူအမည်

ကျွန်တော်သည် မိသားစုအကြောင်းအရာနှင့် စပ်လျဉ်း၍ ခွင့် ၂ လ တင်လိုပါသည်။ ဖြစ်နိုင်မည်ဆိုပါက ကျွန်တော်သည် အလုပ်ကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ ခွင့်ယူပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် ပြန်လည် အလုပ်ဆင်းပါမည်။

ခွင့်ရရှိမည်ဆိုပါက ကျွန်တော်သည် ထို အချိန်အတွင်း မိသားစုနှင့် အတူရှိနေမည်ဖြစ်ပြီး မေးခွန်းများရှိပါက ကျွန်တော်သည် အီးမေး(လ်) ဖြင့်သော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း ၀မ်းမြောက်ဝမ်းသာနှင့် ကူညီမည်ဖြစ်ပါသည်။
လက်ခံစဉ်းစားပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

လေးစားစွာဖြင့်

စာဖြင့် ရေးသည်ဆိုပါက သင့်လက်မှတ်
စာရိုက်ထားသော သင့်နာမည် (အီးမေးလ်ဖြစ်ပါက မိမိနာမည်အား ရေးသားလိုက်ခြင်းက လုံလောက်ပါသည်။)
_________________________

အလုပ်သို့မလာနိုင်ခဲ့ကြောင်း ခွင့်တိုင်ကြားစာနမူနာ

ဤခွင့်စာနမူနာကို အလုပ်မှ ပျက်ကွက်ခဲ့သည့်အကြောင်းကို စာဖြင့်ရေးသားခွင့်တိုင်ကြားရာတွင် အသုံးပြုနိုင်ပါသည်။

Dear Mr./Ms. Last Name,

Please accept this letter as written notification that I was unable to attend work on August 1, 20XX due to family illness.

Please let me know if I can provide any further information.

Sincerely,

Your Signature (hard copy letter)
Your Typed Name

သို့ ဦး/ဒေါ် လူအမည်

ဤစာကို ကျွန်တော်သည် သြဂုတ်လ ၁ ရက်နေ့၊ ၂၀xx ခုနှစ် က မိသားစု ဖျားနာနေသောကြောင့် အလုပ်သို့ လာရောက်နိုင်ခဲ့ခြင်း မရှိကြောင်း အကြောင်းကြားသည့်စာအဖြစ် လက်ခံပေးပါ။

နောက်ထပ်အချက်အလက်များ ပေးပို့ဖို့လိုအပ်ပါက ကျွန်တော့်ကို အသိပေးပါ။

လေးစားစွာဖြင့်

စာဖြင့် ရေးသည်ဆိုပါက သင့်လက်မှတ်
စာရိုက်ထားသော သင့်နာမည် (အီးမေးလ်ဖြစ်ပါက မိမိနာမည်အား ရေးသားလိုက်ခြင်းက လုံလောက်ပါသည်။)
_________________________

ဆရာဝန်မှ ချိန်းဆိုထားသည့်အတွက်ကြောင့် အလုပ်ကို လာရောက်နိုင်ခဲ့ခြင်းမရှိကြောင်း ကြိုတင်အကြောင်းကြားစာနမူနာ
ဆရာဝန်မှ ချိန်းဆိုထားသည့်အတွက်ကြောင့် အလုပ်ကို လာရောက်နိုင်ခဲ့ခြင်းမရှိကြောင်းကို အီးမေး(လ်) ပို့ရန်လိုအပ်သည့်အခါတွင် နမူနာအဖြစ်သုံးနိုင်သည့် စာသား

Dear Supervisor Name,

Please accept this letter as written notification that I will be unable (was unable - if appointment already happened) to attend work on Tuesday, August 3 because of a previously scheduled doctor's appointment.

Please let me know if I can provide any further information or documentation.

Sincerely,

Your Typed Name (စာရိုက်ထားသော သင့်နာမည်)

သို့ ဦး/ဒေါ် အထက်အရာရှိနာမည်

ကျွန်တော်သည် သြဂုတ်လ ၃ ရက်၊ အင်္ဂါနေ့တွင် ဆရာဝန်နှင့် ကြိုတင်ချိန်ဆိုထားသောကြောင့် ထိုနေ့တွင် အလုပ်သို့လာရောက်နိုင်မည် မဟုတ်ကြောင်း (သို့) လာရောက်နိုင်ခဲ့ခြင်း မရှိသည့်အကြောင်းကို ဤစာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။

နောက်ထပ်အချက်အလက် သို့မဟုတ် စာရွက်စာတမ်းများ ထပ်မံလိုအပ်ပါက ကျွန်တော့်ကို အသိပေးပါ။

လေးစားစွာဖြင့်

စာရိုက်ထားသော သင့်နာမည် (အီးမေးလ်ဖြစ်ပါက မိမိနာမည်အား ရေးသားလိုက်ခြင်းက လုံလောက်ပါသည်။)

အင်္ဂလိပ်စာဝေါဟာရကြွယ်ဝအောင်ဘယ်လိုလုပ်မလဲ ???



အင်္ဂလိပ်စာလေ့လာရာတွင် ဝေါဟာရစကားလုံးကြွယ်ဝအောင် ဘယ်လိုလုပ်မလဲ

အင်္ဂလိပ်စာလေ့လာရာတွင် စကားလုံးအသုံးအနှုန်းကြွယ်ဝလာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။ စကားလုံးတွေကိုချစ်ပါ
သင်တကယ်ပဲ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်၊ ရေးတတ်ချင်ရင် စကားလုံးအသစ်တွေကို သင်ယူချင်စိတ်မွေးရပါမယ်။။

၂။ သင်မသိတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါ ယ်တွေကို အဘိဓာန်တွေထဲ ပြန်လှန်ရှာကြည့်ပါ

စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို မှတ်မိနိုင်ဖို့ အကြိမ်များစွာ ကြိုးစားဖို့လိုပါတယ်။

၃။ Thesaurus ကိုသုံးပါ
သင်သိထားတဲ့ ဝေါဟာရတစ်လုံးရဲ့ သံတူကြောင်းကွဲစကားလုံးတွေ၊ ဆန့်ကျင်ဖက်စကားလုံးတွေကို သိနိုင်ဖို့ အကောင်းဆုံးကတော့ Thesaurus ကို သုံးသင့်ပါတယ်။

၎။ သင့်ကို စကားလုံးအသစ်တွေ ပေးနိုင်တဲ့ ကွန်ပျူတာပရိုဂရမ်တွေ ၀က်ဘ်ဆိုဒ်တွေအများကြီးရှိတာမို့ နေ့စဉ်စကားလုံးအသစ်တွေကို စုဆောင်းလိုက်ပါ
www.dictionary.com ကိုဝင်ကြည့်ပါ။ အဲ့ဒီအဘိဓာန်ကိုဖွင့်ပြီးတာနဲ့ ဘယ်ဘက်ကို ကြည့်ပါ။ “Get the Word of the Day e-mail” ကို နှိပ်ပါ။ အဲ့လိုလုပ်ထားခြင်းအားဖြင့် နေ့စဉ်ဝေါဟာရအသစ်တွေနဲ့ သူတို့ရဲ့ အဓိပ္ပါယ်တွေပါတဲ့ email တွေကို သင် နေ့တိုင်းလက်ခံရရှိလာပါလိမ့်မယ်။

၅။ Google homepage ကိုသွားပြီး Add Content ကိုနှိပ်ပါ
ဂူးဂဲလ်ရဲ့ search box ထဲကိုသွားပြီး "word of the day" ဆိုတာကို ရိုက်ထည့်ပါ။ ပြီးရင် သင်နှစ်သက်တာကိုရွေးချယ်ပါ။ အဲ့ဒီထဲမှာမှ Merriam-Webster(www.m-w.com), Dictionary.com, Worthsmith.org တို့ကို ရွေးခြယ်ရင်တော့ အကောင်းဆုံးပါလို့အကြံပြုပါရစေ။ သင် အဲ့ဒီထဲတွေကို ၀င်ပြီးတာနဲ့ စကားလုံး အသစ်တွေရဲ့စာရင်းကို နေ့တိုင်းရရှိမှာဖြစ်ပါတယ်။

၆။ စာဖတ်ပါ
စာပေအစုံကိုဖတ်ပါ။ သင်မသိတဲ့စကားလုံးတွေရှိလာရင်လဲ ကြိုးစားဖတ်ပါ၊ အဓိပ္ပါယ်တွေကိုလည်း ကြိုးစား ခန့်မှန်းထားပါ။ သင် ခန့်မှန်းထားတဲ့ အဓိပ္ပါယ် မှန်၊ မမှန်ကို အဘိဓာန်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ အဲ့ဒီလိုပြောလို့ သင့်ကို ဆေးပညာစာအုပ်ကြီးတွေ၊ သင်မသိတဲ့ စကားလုံးတွေအများကြီးပါတဲ့ စာအုပ်တွေကို စာမျက်နှာတိုင်း လိုက်ဖတ်နေရမယ်လို့ မဆိုပါဘူး။ သင်နှစ်သက်ရာကို နေ့တိုင်း ထိုင်ဖတ်နေဖို့သာ လိုတာပါ။ စာဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာ ပျော်ရွှင်အောင်ထားဖို့ လိုပါတယ်။

၇။ သူငယ်ချင်းတွေနဲ့အတူ စကားလုံးဝှက်တဲ့ ဂိမ်းတွေဆော့ကစားပေးပါ
Boggle, Scrabble, catch-phrase တို့လို ကစားနည်းတွေကို သူငယ်ချင်းတွေနဲ့ ဆော့ကစား သင့်ပါတယ်။ အဲ့လို ဂိမ်းတွေကစားပေးခြင်းဖြင့် သင့်အတွက် စကားလုံးအသစ်တွေ ရလာနိုင်ပါတယ်။ သင့် သူငယ်ချင်းဆီက သင်မသိတဲ့ စကားလုံး အသစ်တွေကို ကြားရတဲ့အခါ အဲ့ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို မေးမြန်းမှတ်သားထားသင့်ပါတယ်။

၈။ လူတွေနဲ့ စကားပြောတဲ့အခါမှာဖြစ်စေ၊ email တွေ စာတွေရေးတဲ့အခါမှာဖြစ်စေ သင့်လေ့လာထားတဲ့ စကားလုံးတွေကို ပြန်သုံးပါ

သင်လေ့လာထားတဲ့ စကားလုံးအသစ်တွေက ဂိမ်းကစားတဲ့နေရာမှာတင်သုံးဖို့မဟုတ်ပါဘူး။ အခြားလူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာလည်း အသုံးပြုသင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး စကားလုံးအသစ် သုံးလုံးလောက်ကို အခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ အသုံးပြုသင့်ပါတယ်။

၉။ စကားလုံးတစ်ခုရဲ့ အရင်းအမြစ် အပါအ၀င် Prefixes, suffixes တွေကိုလည်းလေ့လာပါ
အင်္ဂလိပ်စကားလုံးအများစုဟာ လက်တင်နဲ့ ဂရိဘာသာစကားတို့ကနေ ဆင်းသက်လာတာပါ။ အဲ့ဒီလက်တင်နဲ့ ဂရိဘာသာစကားနှစ်မျိုးကိုပေါင်းစပ်လိုက်ရင် အင်္ဂလိပ်စကားလုံးတွေရလာမှာပါ။ ဥပမာ- astro( ကြယ်ဟုအဓိပ္ပါယ်ရသည်) + logy ( စကားဟု အဓိပ္ပါယ်ရသည်) = astrology ဆိုသည့် စကားလုံးသစ်ရလာသည်။ etymological dictionary ကိုဝယ်ထားသင့်ပါတယ်။ အဲ့ဒီ အဘိဓာန်ကနေ သင့်အတွက် စကားလုံးအရင်းအမြစ်တွေကို ရှာဖွေလေ့လာနိုင်မှာဖြစ်ပါတယ်။

၁၀။ အခြားရောမဘာသာတွေဖြစ်တဲ့ ပြင်သစ်၊ စပိန် နှင့် အီတလီစကားတွေကိုလည်း လေ့လာပါ
ပြင်သစ်၊ စပိန် နှင့် အီတလီဘာသာစကားတွေထဲက တစ်ခုခုကို လေ့လာခြင်းကလည်း သင့်ရဲ့ အင်္ဂလိပ်စာ ဝေါဟာရတွေကို တိုးတက်လာစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှုတ်ထွေးလှပါတယ်ဆိုတဲ့ အင်္ဂလိပ်စကားလုံး အများစုဟာ အဲ့ဒီဘာသာစကားတွေကနေ ဆင်းသက်လာတာတွေဖြစ်လို့ပါ။

၁၁။ အင်္ဂလိပ်စကားပြောတဲ့ သူငယ်ချင်းတွေကိုရှာပါ
ဒါဟာ အင်္ဂလိပ်စကားကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ သင်ရဲ့စကားပြောဖေါ်ဟာ သင့်နားမှာရှိနေဖို့ မလိုပါဘူး။ လူမှုမီဒီယာတွေကတောင် ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ email, chattingနဲ့ သင့်ကွန်ပျူတာထဲက ဖုန်းဖြင့်ပင် ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ သင့်ရဲ့ စကားပြောဖော်က သင် အင်္ဂလိပ်စာ လေ့လာနေတာကို ၀ိုင်းပြီးလေ့ကျင့်ပေးမယ် စကားလုံးအသစ်တွေနဲ့ စကားပြောပေးမယ်၊ အကြံဥာဏ် ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ သူငယ်ချင်းနဲ့ စကားပြောတဲ့အခါမှာ အလုပ်တစ်ခုလို သဘောမထားပဲ ပျော်စရာတစ်ခုလို သဘောထားဖို့တော့လိုပါမယ်။ ဒါမှသာ တစ်ယောက်အမှားကို တစ်ယောက်က နားလည်မှုတွေနဲ့ ပြောဆို ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

၁၂။ ရေဒီယိုနားထောင်ပါ၊ တီဗီအစီအစဉ်တွေကိုကြည့်ပါ။ အင်္ဂလိပ်လိုရေးထားတဲ့ ပို့စ်ကဒ်တွေကိုရှာဖွေဖတ်ပါ။သင်စကားပြောလေ့ကျင့်တဲ့အခါမှာ အဲ့ဒီစကားလုံးတွေကို ပြန်သုံးပါ။

Wikihow.com မှ How to Enrich Your English Language Vocabulary ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မန်ယူ ကစားသမားဟောင်း ရီရဲ စတား ကမ္ဘာကျော်ဘော်လုံးသမား စီရော်နယ်ဒို မော်ရိုကို သို့သွားတဲ့ လျှို့ဝှက်အကြောင်း


ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုတစ်ယောက်
 မော်ရိုကိုနိုင်ငံကိုသွားပြီး လက်ဝှေ့သမား ဟာရီနဲ့ သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တုန်းက ပရိသတ်တွေကြားမှာ တော်တော်လေးလှုပ်ခတ်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဂေးတစ်ယောက်လားဆိုတဲ့ ခေါင်း
စဉ်တွေအောက်မှာ အငြင်းပွားမှုတွေလည်း အများ
အပြားရှိခဲ့ပါတယ်။ အခုတော့ စီရော်နယ်ဒို မော်ရိုကိုသွားရခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ပေါ်တူဂီမဂ္ဂဇင်း Nova People က ဖွင့်ချလိုက်ပါပြီ။

စီရော်နယ်ဒိုဟာ မော်ရိုကိုနိုင်ငံမှာ ရှိနေတဲ့ ပေါ်တူဂီမယ်ဟောင်း မယ်လာနီမာတင်နဲ့ တွေ့ခွင့်ရဖို့ သွားခဲ့တာပါတဲ့။ မော်ဒယ်နဲ့ ဘလော့ရေးသားသူ တစ်ဦးဖြစ်တဲ့ မယ်လာနီဟာ ၂၀၁၁ ပေါ်တူဂီမှာ မယ်ဘွဲ့ရခဲ့တဲ့ အချောအလှလေးတစ်ဦးဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ချစ်သူ
အဖြစ် မီဒီယာတွေက မယ်လာနီကို တံဆိပ်ကပ်လိုက်
ကြပြန်ပါပြီ။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.