Friday, December 25, 2015

အင်္ဂလိပ်စာဝေါဟာရကြွယ်ဝအောင်ဘယ်လိုလုပ်မလဲ ???



အင်္ဂလိပ်စာလေ့လာရာတွင် ဝေါဟာရစကားလုံးကြွယ်ဝအောင် ဘယ်လိုလုပ်မလဲ

အင်္ဂလိပ်စာလေ့လာရာတွင် စကားလုံးအသုံးအနှုန်းကြွယ်ဝလာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။ စကားလုံးတွေကိုချစ်ပါ
သင်တကယ်ပဲ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်၊ ရေးတတ်ချင်ရင် စကားလုံးအသစ်တွေကို သင်ယူချင်စိတ်မွေးရပါမယ်။။

၂။ သင်မသိတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါ ယ်တွေကို အဘိဓာန်တွေထဲ ပြန်လှန်ရှာကြည့်ပါ

စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို မှတ်မိနိုင်ဖို့ အကြိမ်များစွာ ကြိုးစားဖို့လိုပါတယ်။

၃။ Thesaurus ကိုသုံးပါ
သင်သိထားတဲ့ ဝေါဟာရတစ်လုံးရဲ့ သံတူကြောင်းကွဲစကားလုံးတွေ၊ ဆန့်ကျင်ဖက်စကားလုံးတွေကို သိနိုင်ဖို့ အကောင်းဆုံးကတော့ Thesaurus ကို သုံးသင့်ပါတယ်။

၎။ သင့်ကို စကားလုံးအသစ်တွေ ပေးနိုင်တဲ့ ကွန်ပျူတာပရိုဂရမ်တွေ ၀က်ဘ်ဆိုဒ်တွေအများကြီးရှိတာမို့ နေ့စဉ်စကားလုံးအသစ်တွေကို စုဆောင်းလိုက်ပါ
www.dictionary.com ကိုဝင်ကြည့်ပါ။ အဲ့ဒီအဘိဓာန်ကိုဖွင့်ပြီးတာနဲ့ ဘယ်ဘက်ကို ကြည့်ပါ။ “Get the Word of the Day e-mail” ကို နှိပ်ပါ။ အဲ့လိုလုပ်ထားခြင်းအားဖြင့် နေ့စဉ်ဝေါဟာရအသစ်တွေနဲ့ သူတို့ရဲ့ အဓိပ္ပါယ်တွေပါတဲ့ email တွေကို သင် နေ့တိုင်းလက်ခံရရှိလာပါလိမ့်မယ်။

၅။ Google homepage ကိုသွားပြီး Add Content ကိုနှိပ်ပါ
ဂူးဂဲလ်ရဲ့ search box ထဲကိုသွားပြီး "word of the day" ဆိုတာကို ရိုက်ထည့်ပါ။ ပြီးရင် သင်နှစ်သက်တာကိုရွေးချယ်ပါ။ အဲ့ဒီထဲမှာမှ Merriam-Webster(www.m-w.com), Dictionary.com, Worthsmith.org တို့ကို ရွေးခြယ်ရင်တော့ အကောင်းဆုံးပါလို့အကြံပြုပါရစေ။ သင် အဲ့ဒီထဲတွေကို ၀င်ပြီးတာနဲ့ စကားလုံး အသစ်တွေရဲ့စာရင်းကို နေ့တိုင်းရရှိမှာဖြစ်ပါတယ်။

၆။ စာဖတ်ပါ
စာပေအစုံကိုဖတ်ပါ။ သင်မသိတဲ့စကားလုံးတွေရှိလာရင်လဲ ကြိုးစားဖတ်ပါ၊ အဓိပ္ပါယ်တွေကိုလည်း ကြိုးစား ခန့်မှန်းထားပါ။ သင် ခန့်မှန်းထားတဲ့ အဓိပ္ပါယ် မှန်၊ မမှန်ကို အဘိဓာန်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ အဲ့ဒီလိုပြောလို့ သင့်ကို ဆေးပညာစာအုပ်ကြီးတွေ၊ သင်မသိတဲ့ စကားလုံးတွေအများကြီးပါတဲ့ စာအုပ်တွေကို စာမျက်နှာတိုင်း လိုက်ဖတ်နေရမယ်လို့ မဆိုပါဘူး။ သင်နှစ်သက်ရာကို နေ့တိုင်း ထိုင်ဖတ်နေဖို့သာ လိုတာပါ။ စာဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာ ပျော်ရွှင်အောင်ထားဖို့ လိုပါတယ်။

၇။ သူငယ်ချင်းတွေနဲ့အတူ စကားလုံးဝှက်တဲ့ ဂိမ်းတွေဆော့ကစားပေးပါ
Boggle, Scrabble, catch-phrase တို့လို ကစားနည်းတွေကို သူငယ်ချင်းတွေနဲ့ ဆော့ကစား သင့်ပါတယ်။ အဲ့လို ဂိမ်းတွေကစားပေးခြင်းဖြင့် သင့်အတွက် စကားလုံးအသစ်တွေ ရလာနိုင်ပါတယ်။ သင့် သူငယ်ချင်းဆီက သင်မသိတဲ့ စကားလုံး အသစ်တွေကို ကြားရတဲ့အခါ အဲ့ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို မေးမြန်းမှတ်သားထားသင့်ပါတယ်။

၈။ လူတွေနဲ့ စကားပြောတဲ့အခါမှာဖြစ်စေ၊ email တွေ စာတွေရေးတဲ့အခါမှာဖြစ်စေ သင့်လေ့လာထားတဲ့ စကားလုံးတွေကို ပြန်သုံးပါ

သင်လေ့လာထားတဲ့ စကားလုံးအသစ်တွေက ဂိမ်းကစားတဲ့နေရာမှာတင်သုံးဖို့မဟုတ်ပါဘူး။ အခြားလူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာလည်း အသုံးပြုသင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး စကားလုံးအသစ် သုံးလုံးလောက်ကို အခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာ အသုံးပြုသင့်ပါတယ်။

၉။ စကားလုံးတစ်ခုရဲ့ အရင်းအမြစ် အပါအ၀င် Prefixes, suffixes တွေကိုလည်းလေ့လာပါ
အင်္ဂလိပ်စကားလုံးအများစုဟာ လက်တင်နဲ့ ဂရိဘာသာစကားတို့ကနေ ဆင်းသက်လာတာပါ။ အဲ့ဒီလက်တင်နဲ့ ဂရိဘာသာစကားနှစ်မျိုးကိုပေါင်းစပ်လိုက်ရင် အင်္ဂလိပ်စကားလုံးတွေရလာမှာပါ။ ဥပမာ- astro( ကြယ်ဟုအဓိပ္ပါယ်ရသည်) + logy ( စကားဟု အဓိပ္ပါယ်ရသည်) = astrology ဆိုသည့် စကားလုံးသစ်ရလာသည်။ etymological dictionary ကိုဝယ်ထားသင့်ပါတယ်။ အဲ့ဒီ အဘိဓာန်ကနေ သင့်အတွက် စကားလုံးအရင်းအမြစ်တွေကို ရှာဖွေလေ့လာနိုင်မှာဖြစ်ပါတယ်။

၁၀။ အခြားရောမဘာသာတွေဖြစ်တဲ့ ပြင်သစ်၊ စပိန် နှင့် အီတလီစကားတွေကိုလည်း လေ့လာပါ
ပြင်သစ်၊ စပိန် နှင့် အီတလီဘာသာစကားတွေထဲက တစ်ခုခုကို လေ့လာခြင်းကလည်း သင့်ရဲ့ အင်္ဂလိပ်စာ ဝေါဟာရတွေကို တိုးတက်လာစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှုတ်ထွေးလှပါတယ်ဆိုတဲ့ အင်္ဂလိပ်စကားလုံး အများစုဟာ အဲ့ဒီဘာသာစကားတွေကနေ ဆင်းသက်လာတာတွေဖြစ်လို့ပါ။

၁၁။ အင်္ဂလိပ်စကားပြောတဲ့ သူငယ်ချင်းတွေကိုရှာပါ
ဒါဟာ အင်္ဂလိပ်စကားကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ သင်ရဲ့စကားပြောဖေါ်ဟာ သင့်နားမှာရှိနေဖို့ မလိုပါဘူး။ လူမှုမီဒီယာတွေကတောင် ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ email, chattingနဲ့ သင့်ကွန်ပျူတာထဲက ဖုန်းဖြင့်ပင် ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ သင့်ရဲ့ စကားပြောဖော်က သင် အင်္ဂလိပ်စာ လေ့လာနေတာကို ၀ိုင်းပြီးလေ့ကျင့်ပေးမယ် စကားလုံးအသစ်တွေနဲ့ စကားပြောပေးမယ်၊ အကြံဥာဏ် ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါ။ သူငယ်ချင်းနဲ့ စကားပြောတဲ့အခါမှာ အလုပ်တစ်ခုလို သဘောမထားပဲ ပျော်စရာတစ်ခုလို သဘောထားဖို့တော့လိုပါမယ်။ ဒါမှသာ တစ်ယောက်အမှားကို တစ်ယောက်က နားလည်မှုတွေနဲ့ ပြောဆို ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

၁၂။ ရေဒီယိုနားထောင်ပါ၊ တီဗီအစီအစဉ်တွေကိုကြည့်ပါ။ အင်္ဂလိပ်လိုရေးထားတဲ့ ပို့စ်ကဒ်တွေကိုရှာဖွေဖတ်ပါ။သင်စကားပြောလေ့ကျင့်တဲ့အခါမှာ အဲ့ဒီစကားလုံးတွေကို ပြန်သုံးပါ။

Wikihow.com မှ How to Enrich Your English Language Vocabulary ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.