Wednesday, January 27, 2016

Facebook ၏ Like ခလုတ်အသစ်များကို မကြာမီ အသုံးပြုနိုင်မည်ဟု မာ့ခ်ဇူကာဘတ် ပြောကြား





စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် စိတ်ခံစားမှု ၅ မျိုး ဖော်ပြနိုင်သော ခလုတ်များကို ၎င်း၏ လူမှုရေးမီဒီယာမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ မကြာမီတွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ပြောကြားသည်။ Facebook အနေဖြင့် အဆိုပါ ခလုတ်များကို အမေရိကန်နိုင်ငံ ပြင်ပတွင် လေးလခန့် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ feature သစ်များနှင့်ပတ်သက်၍ ဆွေးနွေးစဉ်တွင် ဖြန့်ချိမည့် အချိန်အတိအကျကို ဇူကာဘတ်က ပြောကြားသွားခဲ့ခြင်း မရှိပေ။ Facebook ၏ feature သစ်များကို လူအများက comment, photo သို့မဟုတ် video များ နှစ်သက်ခြင်းကို ပြသရန် အသုံးပြုသည့် လက်မသင်္ကေတတွင် တိုးချဲ့သွားမည် ဖြစ်သည်။

Facebook တွင် နောက်ထပ်ပါဝင်လာမည့် ခံစားချက်သင်္ကေတများမှာ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ အံအားသင့်ခြင်း၊ ရယ်မောခြင်း၊ ပျော်ရွှင်ခြင်းနှင့် ချစ်ခြင်းတို့ ဖြစ်သည်။

ထိုသို့ ခံစားချက်များကို ဖော်ပြနိုင်သည့် သင်္ကေတများကို Facebook က ချီလီ၊ ဖိလစ်ပိုင်၊ ပေါ်တူဂီ၊ အိုင်ယာလန်၊ စပိန်၊ ဂျပန်နှင့် ကိုလံဘီယာနိုင်ငံများတွင် စမ်းသပ်ခဲ့သည်။
Credit- Internet journal

Ref: NBCNews

Singleများအတွက် Valentine’s Dayကို ပျော်ရွှင်စွာဖြတ်ကျော်နည်း


ချစ်သူမရှိဘူးလား။ ချစ်သူများနေ့က ရောက်တော့မှာနော်။ အားမငယ်ပါနဲ့။ ချစ်သူမရှိတာ အားငယ်
စရာမဟုတ်ပါ။ လက်တွဲဖော်မရှာဘဲ တစ်ယောက်တည်းရပ်တည်နေနိုင်တာကိုက ဂုဏ်ယူစရာပဲ
မဟုတ်လား။ နောက်ပြီး သူများအတွဲတွေ အင်္ကျီဆင်တူလေးတွေနဲ့ ခြေကုန်လက်ပန်ကျအောင်
လျှောက်သွားနေချိန် သင့်မှာ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းစရာတွေ ရှိနေပါတယ်။
ဒါကြောင့် ချစ်သူများနေ့-ဆိုတာ သင့်အတွက်တော့ လက်တွဲဖော်မရှိဘဲ ပျော်စရာတွေနဲ့ ပြည့်နှက်
နေစေမယ့်အရာလို့ ဆိုပါရစေ။ ဒီတော့ သင့်အနေနဲ့ အဖော်မရှာတစ်ကိုယ်တည်း အပျိုကြီးဘ၀ပဲ
ဆိုဆို၊ အပူအပိုတိုးမှာစိုးလို့ လူပျိုးသိုးပဲဖြစ်ဖြစ်၊ အဓိကစကား အမိက မကြားလို့ ကြံရအခက်ဖြစ်
နေတဲ့ လူပျိုခြေတက်လေးပဲ ဖြစ်နေဖြစ်နေ၊ လူရှင်းတုန်း နှစ်ကိုယ်ကြားစကားနဲ့ အပျိုနားရှက်မ
ယ့် စကားမဆိုလို့ စိတ်တိုခန်းဝင်နေတဲ့ အပျိုဖြန်းမလေးတွေလည်း အပါအ၀င်-အားလုံးသော
Single တွေအတွက် ချစ်သူများနေ့မှာ ပျော်ရွှင်ဖို့ လုပ်ရမယ့်အရာလေးတွေကို မျှဝေပါရစေဗျာ။
1. သင်ကြိုက်သလို ပျော်နိုင်တယ်။
သူတို့တစ်တွေက လက်ကလေးတွေ ကိုယ်စီချိတ်ပြီး ဒီလိုနေ့မျိုးရောက်မှ ချစ်ရကောင်းမှန်း သိ
ကြတာတွေအတွက် စိတ်ထဲမှာ ကွက်မနေပါနဲ့။ ဒီအချိန်မျိုးမှာ သင်ဟာ ကြိုက်သလို ပျော်နိုင်
တယ်။ သင့်ကို ချုပ်ချယ်မယ့်သူ မရှိဘူး။ ဒါဟာ တစ်ကိုယ်တည်းသမားအတွက် သိပ်ကို နှစ်မြို့
ဖွယ်အခွင့်အရေးပဲ။ ရုပ်ရှင်ကြည့်မှာလား၊ ငါးသွားမျှားမလား သင်ဟာ သင့်အတွက် တစ်ဦးတည်း
သော သခင်ပဲပေါ့။
2. သင်ဝါသနာပါရာကို လုပ်ပါ။
ဒီလို အားလပ်ရပ်အချိန်မျိုးမှာ စာရေးတာဝါသနာပါရင် စာရေး၊ ရေကူး၊ ဘောလုံးကစား၊ ကြိုက်တာ
လုပ်နေလိုက်။ လူဆိုတာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရရင် ပျော်နေတာ
ပဲလေ။
3. သူငယ်ချင်းတွေဆီသွားလည်ပါ။
သင်တစ်ယောက်တည်း single မဟုတ်ပါဘူး။ တစ်ခြား single ဖြစ်တဲ့ အဖော်တွေဆီ သွားလည်ပြီး
ကိုယ်ကြိုက်တဲ့ခေါင်းစဉ်ပေး ပါတီပွဲလုပ်၊ ဂိမ်းဆော့၊ သီချင်းဆို၊ ၀ိုင်သောက် စတာတွေ လုပ်ပေါ့။
အနည်းဆုံးတော့ သင့်သူငယ်ချင်းနဲ့ စကားပြောရလို့ ပျင်းချိန်တောင် ရမှာမဟုတ်ပါဘူး။
4. ပိုက်ဆံစိတ်ကြိုက်သုံးပေါ့။
ဒါက သင်က single ဖြစ်နေလို့ ပြောတဲ့ စကားပါ။ ဟုတ်တယ်လေ။ အတွဲလေးတွေဟာ အရောင်
အသွေးစုံစုံလင်လင်နဲ့ couple shirt တွေ ၀ယ်ရလို့ လည်ပို့ပတ်ဖို့ ပိုက်ဆံ မလောက်မငဖြစ်ပြီး
နှစ်ယောက်သား အာလူးခင်းစိုက်နေချိန်၊ သင်က ပိုက်ဆံကို စိတ်ကြိုက်သုံးနိုင်တယ်။
5. လွတ်လပ်မှုကို ကောင်းကောင်းအသုံးချပါ။
အတွယ်အတာမရှိတဲ့သူတွေဟာ သိပ်လွတ်လပ်ပါတယ်။ တစ်ခါတလေ ကိုယ့်လွတ်လပ်မှုက
ဘာလဲဆိုတာတောင် နားမလည်တဲ့သူတွေရှိနေလို့ သင် ရှားရှားပါးပါးရထားတဲ့ လွတ်လပ်မှုကို
ကောင်းကောင်းအသုံးချတတ်ဖို့ လိုပါတယ်။
6. စိတ်ကြိုက်ချက်စားမယ်။
ဒီလိုအားလပ်ရက်မျိုးမှာ သင် စိတ်ကြိုက်ဟင်းလျှာတွေ ချက်စားလို့ရပါတယ်။ ဒါမှမဟုတ်
အကောင်းဆုံးစားသောက်ဆိုင်မှာ Old Country Music ကို ငြိမ့်ငြိမ့်လေးဖွင့်ပြီး လွတ်လပ်မှု
အရသာကို လှလှပပလေး ခံစားလိုက်ပါ။
7. တစ်ယောက်တည်းနေရတာ ငြိမ်းချမ်းတယ်။
ငြိမ်းချမ်းမှုကို လိုလာရင် တစ်ယောက်တည်းနေပါ။ နှစ်ယောက်ဖြစ်သွားရင် မငြိမ်းချမ်းတော့ဘူး။
အဲဒီ နောက်ရောက်လာတဲ့ တစ်ယောက်က အပေါင်းအသင်းဆိုရင် သင့်အတွက် ကူဖော်လောင်
ဖက် ရချင်ရဦးမယ် … ချစ်သူဖြစ်နေရင် သင့်ကို ဂျီကျမယ်၊ ပူဆာမယ်၊ ရန်ဖြစ်မယ်၊ မုန့်ဝယ်ကျွေး
ရမယ် … စတဲ့ အပူအပင်တွေမို့ တစ်ယောက်တည်း နေရတဲ့အရသာကို ပြန်လိုချင်လို့ မလွယ်ပါ
ဘူး။ ဒီတော့ ဒီအတိုင်းလေးပဲ ကောင်းပါတယ်လို့ … နော်။
အတွဲတွေကိုလည်း မေတ္တာမကွက်ပါနဲ့။ Single အားလုံးပဲ Valentine’s Day  ကိုပျော်ရွှင်စာနဲ့
ဖြတ်ကျော်နိုင်ကြပါစေ။
နတ်စည်တော် (Myanmar Online Media

စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် သေဆုံးပြီးတဲ့ အလောင်း ၅ လောင်း ဆေးရုံကို ရောက်လာတယ်လို့ ဖားကန့်ဆေးရုံက ပြော




ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့ ညနေပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကမ်ခမ်းရွာအနီး စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် သေဆုံးပြီးတဲ့ အလောင်း ၅ လောင်း ဆေးရုံကို ရောက်လာတယ်လို့  ဖားကန့်ဆေးရုံက ပြောပါတယ်။ ဖားကန့်မြို့နယ် လက်ထောက်ဆေးရုံအုပ် ဒေါက်တာ ရဲရင့်အောင်က သေဆုံး အလောင်းတွေ ဇန်န၀ါရီလ ၂၆ ရက်နေ့ မနက် မိုးမလင်းခင်မှာ ရောက်လာကြတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ “ကယ်ဆယ်ရေးအဖွဲ့က သေဆုံးသူတွေကို မနေ့မနက် ၁ နာရီ ၄၅ မိနစ်အချိန်မှာ လာပို့ ထားတယ်။ စုစုပေါင်း ၅ လောင်းရှိတယ်၊  သူတို့က အများအားဖြင့် ပါးစပ်ထဲ၊ နှာခေါင်းထဲနဲ့ အဆုတ်ထဲ မြေကြီးတွေဝင်ပြီး အသက်ရှူပိတ်ပြီးသေဆုံးသွားကြတာဖြစ်တယ်၊  အားလုံး အသက် ၂၀ ကျော်၊ ၃၀ ကျော် လူရွယ်တွေပဲ။” သေဆုံးသူတွေကတော့ နော်မိုင် (၂၀  နှစ်)၊ ဆဒန်ဒေါင်ခေါင် (၃၉ နှစ်)၊ တန်ကွန်း (၂၆ နှစ် )၊ ဇော်နော် (၂၄) နှစ်နဲ့ ကျော်စိုးနိုင် (၂၃ နှစ်) တို့ဖြစ်ပြီး  သူတို့ဇာတိရပ်မြေတွေတော့ မသိရပါဘူး။ အေပီသတင်းဌာနကတော့ ၂၅ ရက်နေ့ မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံးလူ ၆ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ မြေစာပုံအောက်မှာ ကျန်ရှိနေနိုင်ကြောင်း ဈာပနအတွက် ဆောင်ရွက်နေတဲ့ ဘက်ပတစ်ခရစ်ယာန်သင်းအုပ်ဆရာ ဒတ်လရဲ့ အပြောကို  ကိုးကားဖော်ပြထားပါတယ်။ ဖားကန့်ဒေသအပိုင် လုံးခင်းရဲစခန်း တာဝန်ကျ ရဲတပ်ကြပ်ကြီးတဦးကတော့  လူ ၁၀၀ ကျော် မြေစာပုံအောက်ရောက်သွားပေမယ့် အားလုံးထွက်ပြေး လွတ်မြောက်တယ်လို့ ဒီဗွီဘီကို ဇန်န၀ါရီ ၂၆ ရက်နေ့က ဖြေကြားခဲ့ပါတယ်။ မြေပြိုတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့သူ လုံးခင်းဒေသခံ ဦးလောခန်က မြေစာပုံအောက်မှာ လူအယောက် လေးငါးဆယ်ရှိမယ်လို့ ရေမဆေးကျောက်ရှာသူတွေက သူ့ကိုပြောခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါမြေစာပုံတွေဟာ ရတနာရောင်ခြည် ကျေက်တူးဖော်ရေးကုမ္ပဏီနဲ့ မြစ်ဆုံဧရာကျောက်တူးဖော်ရေး ကုမ္ပဏီတွေရဲ့ လုပ်ကွက်ထဲမှာ တည်ရှိပါတယ်။ DVB

ကြောက်စရာ ဇီကာဗိုင်းရပ်စ်ကူးစက်သူ ဥရောပတွင် မြင့်တက်လာ





– ခြင်မှတစ်ဆင့်ကူးစက်ပြီး ကုသနိုင်သည့်ဆေး မရှိသေးသည့် ဇီကာဗိုင်းရပ်စ် ရှိနေသူတစ်ဦးကို တွေ့ရှိခဲ့ရသည်ဟု ဒိန်းမတ်နိုင်ငံက ယနေ့တွင် ကြေငြာခဲ့ကာ အီတလီ၊ စပိန်၊ ယူကေနှင့် ဆွစ်ဇာလန်နိုင်ငံများပြီးနောက် အဆိုပါဗိုင်းရပ်စ်ပိုးတွေ့ရှိသည့် ၅ ခုမြောက် ဥရောပနိုင်ငံ ဖြစ်လာခဲ့သည်။

ကူးစက်သူမှာ မကြာသေးမီကမှ ရောဂါပိုး ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့ရာ တောင်အမေရိကနှင့် အလယ်အမေရိကသို့ သွားရောက်ခဲ့သူဖြစ်ပြီး အဖျားကဲ့သို့ လက္ခဏာများကို တွေ့ခဲ့ရပြီးနောက် စမ်းသပ်မှုများပြုလုပ်ခဲ့ရာ ဇီကာဗိုင်းရပ်စ်ပိုးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အီတလီတွင် ကူးစက်သူအများအပြားရှိနေပြီး ၎င်းတို့မှာ လက်တင်အမေရိကမှ ဗိုင်းရပ်စ်ပိုး ကူးစက်လာခြင်းဖြစ်ကာ စပိန်တွင် ကူးစက်သူ ၂ ဦး၊ ယူကေတွင် ၃ ဦးနှင့် ဆွစ်ဇာလန်တွင် ၂ ဦး ရှိနေသည်။

လက်ရှိအချိန်တွင် ဇီကာရောဂါပိုး အများဆုံး ကူးစက်ပြန့်ပွားနေသည့် နိုင်ငံများမှာ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အလ်ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတင်းနစ်၊ ပနားမားနှင့် ဆူရီနမ်နိုင်ငံတို့ဖြစ်ကြပြီး၊ အာရှတွင်လည်း ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့တွင် ရောဂါပိုးကူးစက်နေသူများကို တွေ့ရှိရသည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ကြေငြာခဲ့သည်။

အဆိုပါ ဇီကာဗိုင်းရပ်စ်မှာ အသက်သေဆုံးမှုကို မဖြစ်ပေါ်နိုင်သော်လည်း ဦးနှောက်ပျက်ဆီးကာ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မသန်စွမ်းဖြစ်ခြင်း စသည့် ဝေဒနာများကို ခံစားရနိုင်သည်။

Ref : RT

အမျိုးသမီးကိုလိမ်လည်ခေါ်ဆောင်ပြီးမုဒိန်းကျင့်သူကိုဖမ်းမိ



အသက် ၅၇နှစ် မစ်စတာစုရတ် ထန်ယာနွန်ဆိုတဲ့ ထိုင်းအမျိုးသား တစ်ဦးသည် သူ့ကိုယ်သူ မော်ဒယ်လင်း(Modeling) ဆိုပြီး လှပချောမောသောကျောင်းသူမလေးတွေကိုလိမ်လည် ခေါ်ဆောင်မှုပြုလုပ်နေပါတယ်။ အဆိုတော် လုပ်မလား သရုပ်ဆောင် မင်းသမီးလုပ်မလား ကြော်ငြာ မင်းသမီးလုပ်မလား အကသမားလုပ်မလား အနုပညာလောကမှာ သူပိုင်တယ် သူက (Modeling) သူအဆက်အသွယ် များတယ်ဆိုပြီး အမျိုးသမီးချောလေးတွေကို ဆွဲဆောင်ပြောဆိုပြီး စိတ်ဝင်စားသော အမျိုးသမီးတွေကို ကားပေါ်တက်ခိုင်းကာ တနေရာရောက်တော့ မုဒိန်းကျင့်လေ့ရှိပါတယ်။

 ဘယ်ကောင်မလေးချောလဲဆိုတာ ဖေ့ဘွတ်ပေါ်မှာ လိုက်ကြည့်ခြင်း အဖြူရောင် ဟွန်ဒါ ကားတစ်စီးနဲ့ စာသင်ကျောင်းပတ်ဝန်းကျင်မှာ လိုက်လံကြည့်ရှုခြင်းဖြင့် အပြောအဆိုလည်းကောင်းတဲ့အတွက် အမျိုးသမီးလေးအတော်များများ ပါသွားခဲ့ဖူးပါတယ်။

 ဒီနေ့ ဇန်န၀ါရီလ ၂၇ရက်နေ့ ၂၀၁၆ခုနှစ်မှာဆိုရင် ဘန်ကောက်မြို့အ၀င် ဖျူးကျောပတ် ရန်ဆစ်ကုန်တိုက်မှာ ၎င်းလူဆိုးကို ဖမ်းဆီးရမိပါတယ်။

 ဒါလည်းသင်ခန်းစာတခုဖြစ်ပါတယ် အဆိုတော် သရုပ်ဆောင်မင်းသမီးဖြစ်ချင်သောအမျိုးသမီးများအတွက် နာမည်ကျော်ကြားမည့်အစား ဘ၀ပျက်ဆီးသွားတာများပါတယ်။

 နောက်ပြီးဖေ့ဘွတ်ထဲမှာ မျက်နှာလှလှလေးဖြစ်စေ အ၀တ်အစား တိုတိုလေးဖြစ်စေ တင်မိပါက ကံမကောင်းဖြစ်ခဲ့လျှင် လူဆိုးရဲ့သားကောင်ဖြစ်စေပါတယ်။ အမျိုးသမီးများအတွက် သတိထားသင့်ပါတယ်

ငှက်ပျောသီးစားခြင်းကြောင့်ရှိနိုင်တဲ့အကျိုးကျေးဇူးများ



ငှက်ပျောသီးက သွေး တွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ပါဝင်တဲ့အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေ သဘာဝအတိုင်း ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ငှက်ပျောသီးဟာ တခြားသီးနှံတွေနဲ့မတူဘဲ တစ်နှစ်ပတ်လုံး ရရှိနိုင်ပြီး အဖိုးတန် အာဟာရများစွာ ရှိပါတယ်။ အောက်ပါအချက်တွေကတော့ ငှက်ပျောသီးကပေးတဲ့ ကျန်းမာေ၇းအကျိုးကျေးဇူးတွေပါ။

၁။ ကိုယ်အလေးချိန် ကျဆင်းစေခြင်း

 နံနက်စာမစားခင် ငှက်ပျောသီး တစ်လုံး၊ နှစ်လုံးခန့်စားသုံးပြီး သဘာဝရေအေးကို သောက်ပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်က ဆာလောင်မှုကို ထိန်းချုပ်ပေးတဲ့အတွက် ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။
Lifestyle
ငှက်ပျောသီးကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

26.01.2016
ငှက်ပျောသီးက သွေး တွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ပါဝင်တဲ့အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေ သဘာဝအတိုင်း ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
 

ငှက်ပျောသီးဟာ တခြားသီးနှံတွေနဲ့မတူဘဲ တစ်နှစ်ပတ်လုံး ရရှိနိုင်ပြီး အဖိုးတန် အာဟာရများစွာ ရှိပါတယ်။ အောက်ပါအချက်တွေကတော့ ငှက်ပျောသီးကပေးတဲ့ ကျန်းမာေ၇းအကျိုးကျေးဇူးတွေပါ။

၁။ ကိုယ်အလေးချိန် ကျဆင်းစေခြင်း

 နံနက်စာမစားခင် ငှက်ပျောသီး တစ်လုံး၊ နှစ်လုံးခန့်စားသုံးပြီး သဘာဝရေအေးကို သောက်ပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ အမျှင်ဓာတ်က ဆာလောင်မှုကို ထိန်းချုပ်ပေးတဲ့အတွက် ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။


၂။ ကျောက်ကပ်ကို ကာကွယ်ပေခြင်း

သုတေသီတွေက လေ့လာမှုတွေ Dietary Fiber နဲ့ ကျောက်ကပ်ကို ကာကွယ်နိုင်ကြောင်းတွေ့ရှိခဲ့ပြီး ငှက်ပျောသီး က Dietary Fiber ရရှိနိုင်တဲ့ သီးနှံရင်းမြစ်ဖြစ်တယ်လို့  International Journal of Cancerမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

၃။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ငှက်ပျောသီးကို မကြာခဏစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်က အခြားစားသုံးလိုက်တဲ့ အစားအစာများဆီက ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ငှက်ပျောသီးမှာပါဝင် တဲ့ ဒြပ်ပေါင်းတစ်မျိုးက အူထဲမှာရှိတဲ့ Probiotic လို့ခေါ်တဲ့အကျိုးပြု ဘက်တီးရီးယားတစ်မျိုးကို အဟာရဖြည့်တင်းပေးပါတယ်။ ဒီဘက်တီးရီးယားတွေက ဗီတာမင်နဲ့ အစာချေအင်ဇိုင်းတွေကို ထုတ် လုပ်ပေးပြီး ခန္ဓာကိုယ်က အဟာရစုပ်ယူနိုင်စွမ်းကို အားဖြည့်ပေးကာ အခြားမိုက်ခရို ပိုးမွှားတွေရဲ့ရန်က ကာကွယ်ပေးပါတယ်။ ဒါကြောင့် ငှက်ပျောသီး မကြာခဏစားပေးခြင်းက အူနဲ့ပတ်သတ်တဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
၎။ အစာအိမ် အနာပေါက်ခြင်းကို တားဆီးပေးခြင်း

ငှက်ပျောသီးရဲ့ အချဉ်ပေါက်ခြင်းကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိကြောင့် အက်ဆစ်ဓာတ်များလို့ အစာအိမ်အနာပေါက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ သဘာဝ ဓာတ်ပစ္စည်းတွေက အစာအိမ်နံရံကို ပိုမိုထူထဲလာစေပြီး အစာအိမ်ကို အနာ ဖြစ်စေမယ့် ဘက်တီးရီယားများနဲ့ အက်ဆစ်ဓာတ်များရဲ့ရန်မှ ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးနဲ့ နွားနို့ရောနှောပြီး သောက်သုံးပေးခြင်းက အစာအိမ်ထဲက အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ ဒါကြောင့် အစာအိမ်အချဉ်ပေါက်ပြီး ဗိုက်နာနေမယ်ဆိုရင် ငှက်ပျောသီးစားပေးခြင်းက ဘေးထွက်ဆိုးကျိုးမရှိဘဲ သက်သာစေနိုင်ပါတယ်။

၅။ နှလုံးကို ကျန်းမာစေနိုင်ခြင်း

နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ သွေးဖိအား ပုံမှန်လည်ပတ်နေစေဖို့အတွက် ငှက်ပျောသီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ ငှက်ပျောသီးမှာ မြင့်မားစွာပါဝင်တဲ့ ပိုတတ်ဆီယမ်နဲ့ အခြားသတ္တုဓာတ်တွေက သင့်ရဲ့နှလုံးသွေးကြောတွေ ကို ကာကွယ်ပေးပြီး သွေးကြောနံရံတွေမှာ အဆီတွေစုပုံလာခြင်းကြောင့်ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို မဖြစ်အောင် တားဆီးပေးနိုင်စွမ်းရှိပါတယ်။ ငှက်ပျောသီး ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးလေရိုက်ခြင်းနဲ့ လေဖြတ်ခြင်းစတဲ့ရောဂါတွေကို ကြိုတင်ကာ ကွယ်နိုင်ပါတယ်။ ဒါ့အပြင် အားကစား သမားတွေ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုအပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း၊ ကြွက်တတ်ခြင်းတွေမဖြစ်အောင် ငှက်ပျောသီး စားပေးနိုင်ပါတယ်။
၆။ ဗီတာမင်ဓာတ်ကို ဖြည့်တင်းပေးနိုင်ခြင်း

ဗီတာမင် B-6ကို များသောအားဖြင့် အသားငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာသာ တွေ့ရလေ့ရှိပါတယ်။ ငှက်ပျောသီး တစ်လုံးမှာ ပါဝင်တဲ့ ဗီတာမင် B-6 ပမာဏက သင့်ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၃၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဗီတာမင် B-6 က ဆဲလ်အသစ်တွေကြီးထွားဖို့ အရေးကြီးတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အဆစ်အမြစ်ယောင်ယမ်းရောဂါ၊ ဆီးချိုရောဂါတွေကို တားဆီးပေးနိုင်ပြီး အာရုံကြောအဖွဲ့အစည်းကို သန်မာစေနိုင်ပါတယ်။ ဒီအစွမ်းထက်လှတဲ့ ဗီတာမင်ဓာတ်ကို ငှက်ပျောသီးတစ်လုံး စားပေးရုံနဲ့ ရရှိနိုင်ပါပြီ။

၇။ အမြင်အာရုံ ကောင်းမွန်စေခြင်း

ငှက်ပျောသီးမှာ ပါဝင်တဲ့မြင့်မားတဲ့ ပိုတက်ဆီယမ် ပမာဏက အာရုံကြောစနစ်ကို လန်းဆန်းစေနိုင်ပြီး အမြင်အာရုံကို တိုးတတ်စေပါတယ်။
၈။  အရိုးအဆစ်သန်မာစေခြင်း

ငှက်ပျောသီးမှာပါဝင်တဲ့  မဂ္ဂနီဆီယမ်ဒာဓာတ်က အရိုးတွေကို သန်မာစေပါတယ်။

၉။ အပူကျစေခြင်း

ငှက်ပျောသီး စားသုံးပေးခြင်းက ပူပြင်းတဲ့ရာသီမှာ ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေနိုင်ပါတယ်။
၁၀။ ကိုယ်ဝန်ဆောင်များအတွက် သင့်တော်ခြင်း

ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်လေ့ရှိတဲ့ မူးဝေအော့အန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

Source : By Heidi Almond
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.