Wednesday, January 27, 2016

Facebook ၏ Like ခလုတ်အသစ်များကို မကြာမီ အသုံးပြုနိုင်မည်ဟု မာ့ခ်ဇူကာဘတ် ပြောကြား





စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် စိတ်ခံစားမှု ၅ မျိုး ဖော်ပြနိုင်သော ခလုတ်များကို ၎င်း၏ လူမှုရေးမီဒီယာမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ မကြာမီတွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ပြောကြားသည်။ Facebook အနေဖြင့် အဆိုပါ ခလုတ်များကို အမေရိကန်နိုင်ငံ ပြင်ပတွင် လေးလခန့် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ feature သစ်များနှင့်ပတ်သက်၍ ဆွေးနွေးစဉ်တွင် ဖြန့်ချိမည့် အချိန်အတိအကျကို ဇူကာဘတ်က ပြောကြားသွားခဲ့ခြင်း မရှိပေ။ Facebook ၏ feature သစ်များကို လူအများက comment, photo သို့မဟုတ် video များ နှစ်သက်ခြင်းကို ပြသရန် အသုံးပြုသည့် လက်မသင်္ကေတတွင် တိုးချဲ့သွားမည် ဖြစ်သည်။

Facebook တွင် နောက်ထပ်ပါဝင်လာမည့် ခံစားချက်သင်္ကေတများမှာ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ အံအားသင့်ခြင်း၊ ရယ်မောခြင်း၊ ပျော်ရွှင်ခြင်းနှင့် ချစ်ခြင်းတို့ ဖြစ်သည်။

ထိုသို့ ခံစားချက်များကို ဖော်ပြနိုင်သည့် သင်္ကေတများကို Facebook က ချီလီ၊ ဖိလစ်ပိုင်၊ ပေါ်တူဂီ၊ အိုင်ယာလန်၊ စပိန်၊ ဂျပန်နှင့် ကိုလံဘီယာနိုင်ငံများတွင် စမ်းသပ်ခဲ့သည်။
Credit- Internet journal

Ref: NBCNews

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.