Thursday, January 28, 2016

အသက် 13-နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး အလောင်းဖျောက်ဖျက်သူ


အသက် 13-နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်မှုအပါအ၀င် အခြားရာဇ၀တ်မှုများနဲ့
ဖမ်းဆီးခံထားရတဲ့ လူဟာ အခုအချိန်မှာတော့ သူ့မှာ အပြစ်ရှိကြောင်း ၀န်ခံလိုက်ပြီဖြစ်ပါတယ်။
အသက် 40 အရွယ် Levi Bellfield ဟာ ပြီးခဲ့တဲ 2011 ဇွန်လကတည်းက အဆိုပါပြစ်မှုအတွက်
တစ်သက်တစ်ကျွန်း ထာင်ဒဏ်ကျခံနေရပေမယ့်လည်း အပြစ်ကို ၀န်ခံခဲ့ခြင်းမရှိသေးပါဘူး။
ရဲတပ်ဖွဲ့ဟာ အဲဒီပြစ်မှုအတွက် ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး အခုမှ သူ့မှာအပြစ်ရှိ
ကြောင်း ၀န်ခံခဲ့တာဖြစ်ပါတယ်။
2002 ခုနှစ် မတ်လတုန်းက အသတ်ခံခဲ့ရတဲ့ Milly Dowler ဟာ သူမရဲ့ကျောင်းကနေ အိမ်ကို
အပြန်မှာ ရုတ်တရက်ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး အဓမ္မပြုကျင့်ကာ လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရ
တာ ဖြစ်ပါတယ်။ သူမရဲ့ အလောင်းကို သူမရဲ့ အိမ်နဲ့ 25 မိုင်အဝေးမှာရှိတဲ့ တောအုပ်ထဲမှာ ရှာဖွေ
တွေ့ရှိခဲ့ပြီး ကျွမ်းကျင်သူတွေကိုယ်တိုင်က အဆိုပါကျောင်းသူမလေး ဘယ်လို သေဆုံးရသလဲဆို
တာကို တိတိကျကျ မပြောနိုင်ခဲ့ပါဘူး။
လူသတ်မှုကျူးလွန်တဲ့ Bellfield ဟာ ယခင်ကလည်း McDonnell နဲ့ Amelie Delagrange ဆို
တဲ့ လူနှစ်ယောက်ကို သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ်ကျခံခဲ့ပြီး လွတ်မြောက်လို့မကြာခင်မှာပဲ အသက်
(13)နှစ်အရွယ် ကောင်မလေးကို အဓမ္မမှုနဲ့လူသတ်မှု ထပ်မံကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ
အချိန်မှာလည်း Kate Sheedy အမည်ရတဲ့ အသက်(18)နှစ်အရွယ် ကောင်မလေးကို သတ်ဖြတ်
ရန် ကြံရွယ်မှုမှာလည်း အပြစ်ရှိတယ်လို့ယူစပြီး ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါတယ်။ Bellfield ကို
အခြားရာဇ၀တ်မှုများအတွက် 2004 ခုနှစ်တုန်းက လန်ဒန်မှာ ဖမ်းဆီးခံခဲ့ရကာ ရဲတွေရဲ့ စုံစမ်းမှု
တွေကနေ တစ်ဆင့် လူသတ်မှုတွေကျူးလွန်ခဲ့တာကို ပေါ်ပေါက်ခဲ့ပါတယ်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.