Monday, June 6, 2016

သမက်ဖြစ်သူက သမီးငယ်ကို ခိုးယူပေါင်းသင်းသဖြင့် မိခင်ဖြစ်သူက တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် အမှုဖွင့်


သမက်ဖြစ်သူက သမီးငယ်ကို ခိုးယူပေါင်းသင်းသဖြင့် မိခင်ဖြစ်သူက တစ်လင်တစ်မယားစနစ် ဥပဒေဖြင့် အမှုဖွင့်

============================
============================


ပဲခူးတိုင်းဒေသကြီး ဝေါမြို့၊ အရှေ့ဘက်ကမ်းရပ်ကွက်တွင် သားမက်ဖြစ်သူက သမီးငယ်ကိုပါ ထပ်မံခိုးယူပေါင်းသင်း နေထိုင်သည်ဟုဆိုကာ မိခင်ဖြစ်သူက တစ်လင်တစ်မယား ဥပဒေဖြင့် ဝေါမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝေါမြို့၊ အရှေ့ ဘက်ကမ်းရပ်ကွက်၌ တစ်အိမ်တည်း အတူနေထိုင်သော အိမ်ထောင်ရှိသူ အမျိုးသား တစ်ဦးသည် ခယ်မဖြစ်သူနှင့်အတူ မတ်လ ၂၀ ရက်နေ့ တွင် နေအိမ်ပေါ်မှ ဆင်းသွားပြီး ၂ လကျော်ကြာမှ နေအိမ်သို့ ပြန်လည် ရောက်ရှိလာသဖြင့် သမီးငယ်ဖြစ်သူအား မိခင်က မေးမြန်းကြည့်ရာ ခဲအိုနှင့်အတူနေထိုင်ခဲ့ကြောင်း ၀န်ခံပြောဆိုသဖြင့် သမီးကြီးဖြစ်သူနှင့်လည်း တရားဝင်လင်မယားအဖြစ် ပေါင်းသင်း နေထိုင်လျက်ရှိသော သားမက်အား အရေးယူပေးပါရန် ဝေါမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အမျိုးသားက အကြီးမနဲ့ အိမ်ထောင်ကျတာ ကလေးတစ်ယောက်ရနေပါပြီ။ ကျပန်းအလုပ်လုပ်ပါတယ်။ နှစ်လ ကြာ ခယ်မဖြစ်သူနှင့် တခြားမြို့မှာ ခိုးယူပေါင်းသင်း နေထိုင်ခဲ့တယ်။ ညီမနှစ်ယောက်လုံးက ရဲစခန်းမှာအမှု မဖွင့်လိုပါဘူး၊ မိခင်ဖြစ်သူက မကျေနပ်လို့ တိုင်တဲ့အတွက် သားမက်ကို အမှု ဖွင့် အချုပ်ထဲထည့်ထားပါတယ်” ဟု ဝေါမြို့နယ်၊ အရှေ့ဘက်ကမ်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ပြောသည်။

သားမက်ဖြစ်သူအား ယောက္ခမဖြစ်သူမှ တရားလိုပြုလုပ်ပြီး ဇွန်လ ၃ ရက်နေ့က ဝေါမြို့ မရဲစခန်း တွင်(ပ) ၂၀၈/၁၆၊ တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ အမှုဖွင့်ထားကြောင်း သိရသည်။

တစ်လင်တစ်မယားစနစ် ဥပဒေတွင် တရားဝင်ထိမ်းမြားပြီးသည့် ယောက်က်ျား (သို့) မိန်းမသည် အဆိုပါထိမ်းမြား တည်မြဲနေစဉ် ကာလအတွင်း ဤဥပဒေအာဏာ တည်သည့်နေ့မှစ၍ အခြားသူတစ်ဦးနှင့် ထိမ်းမြားခြင်းမပြုရ။ လင်မယားအဖြစ် တရားမ၀င်နေထိုင် ပေါင်းသင်းခြင်း မပြုရဟုပါဝင်ပြီး၊ ပုဒ်မ ၁၃ အရ မည်သူမဆို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၇ နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

==================

MMK
The Ladies News
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.