အားကစားမယ်တွေ ကြည့်ကောင်းပြီဆိုရင် မင်းသမီးနဲ့ မော်ဒယ်တွေတောင် လိုက်မမီတော့ပါဘူး။ အမျိုးသမီး တင်းနစ်ကစားသမားတွေထဲမှာလည်း မင်းသမီးရှုံးလောက်အောင် ချောတဲ့သူတွေရှိပါတယ်။ တစ်ချို့ဆို ကမ္ဘာကျော် ဘောလုံးသမားတွေနဲ့တောင် ချစ်သူဖြစ်နေကြတာပါ။ ပရိသတ်တွေကို မေးမြန်းထားတဲ့ စစ်တမ်းအရ အလန်းဆုံး တင်းနစ်မယ် ဆယ်ဦးကတော့ အောက်ပါအတိုင်းပါ။
၁။ အန်နာအီဗန်နိုဗစ်ခ်ျ
ဆားဘီးယန်း တင်းနစ်မယ် ဖြစ်ပြီး အသက် ၂၈ နှစ်ရှိပါပြီ။ မန်ယူကစားသမား ရှဝိန်းစတိုင်ဂါရဲ့ ချစ်သူလည်း ဖြစ်ပါတယ်။
၂။ မာရီယာ ရှာရာပိုဗာ
ရုရှားတင်းနစ်မယ် တစ်ဦးဖြစ်ပြီး ရှည်လျားတဲ့ အရပ်အမောင်းကြောင့် နာမည်ကျော်သူပါ။
၃။ အူဂျနီးဘူရှက်
ကနေဒါ တင်းနစ်မယ်တစ်ဦးဖြစ်ပြီး ကမ္ဘ့အဆင့် ၄၈ အဆင့်ရှိပါတယ်။
၎။ ဝေါ်ဇနီယာကီ
ကမ္ဘာ့အဆင့် နံပတ် ၁ တောင်ရဖူးတဲ့ တင်းနစ်မယ်ဖြစ်ပြီး ဒိန်းမတ်သူလည်း ဖြစ်ပါတယ်။
၅။ ကာဘာ
ဂျာမန်သူဖြစ်ပြီး WTA ပြိုင်ပွဲမှာ ခုနှစ်ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။
၆။ မူဂူရူဇာ
ပရိသတ်နဲ့ သိပ်မရင်းနှီးသူ တင်းနစ်မယ်လို့ ထင်တဲ့ စပိန်တင်းနစ်မယ်ဖြစ်ပြီး ကမ္ဘာ့အဆင့် နံပတ် ၃ ဖြစ်ဖူးပါတယ်။
၇။ ရက်ဝမ်ကာ
ပိုလန်တင်းနစ်မယ်ဖြစ်ပြီး အသက် ၂၇ ခုနှစ်ရှိပါပြီ။
၈။ ဆရီနာဝီလျံ
ကမ္ဘာ့နာမည်အကြီးဆုံး တင်းနစ်မယ်လည်းဖြစ်သလို ပရိသတ်အားပေးမှု အများအပြား ရထားတဲ့ အမေရိကန် တင်းနစ်မယ်ပါ။
၉။ ဗီတိုဗာ
ချက်ဇ်တင်းနစ်မယ်ဖြစ်ပြီး ဘယ်သန်တင်းနစ်မယ်တွေထဲမှာ နာမည်ကြီးပါတယ်။
၁၀။ ဆီမွန်နာဟာလက်
ရိုမေးနီးယား တင်းနစ်မယ်ဖြစ်ပြီး အသက် ၂၄ နှစ်သာရှိသေးပေမယ့် ကမ္ဘာ့အဆင့် နံပတ် ၂ ဖြစ်ဖူးပါတယ်။