Wednesday, January 6, 2016

ဧရာဝတီတိုင်းဒေသကြီး အတွင်း ကလေးများခိုးယူနေ သည်ဆိုသည့် ကောလာဟလ သတင်းဖြန့်သူများကို စုံစမ်းဖော်ထုတ်အရေးယူမည်




ဧရာဝတီတိုင်းဒေသကြီး အတွင်း ကလေးများခိုးယူနေ သည်ဆိုသည့် ကောလာဟလ သတင်းဖြန့်သူများကို စုံစမ်းဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဦးစီးမှူး (ပထမတန်း) ဒုရဲမှူးကြီး ကျော်အေးက
ပြောသည်။
ပြီးခဲ့သည့် ရက်များက ဧရာဝ တီတိုင်းအတွင်း ကလေးများခိုး သည်၊ သားရေကွင်းဖြင့် ပစ်ကာ ဖမ်းသည်ဆိုသည့် ကောလာဟလ ကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း တည်ငြိမ်အေးချမ်းမှုကို ထိပါးလာနိုင်သဖြင့် ယင်းကဲ့သို့ မမှန်သတင်းဖြန့်သူများကို စုံစမ်းစစ်ဆေးအရေးယူရန်ဖြစ်ကြောင်း ဒုရဲမှူးကြီး ကျော်အေးက ပြော သည်။
‘‘ဒီကလေးပျောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ  တစ်တိုင်းလုံးက ရဲစခန်းတွေမှာ အမှုဖွင့်တာ၊ တိုင်ကြားတာမရှိ သေးဘူး။ ကောလာဟလသတင်း တွေကြောင့် ပြည်သူတွေ စိုးရိမ်နေရတယ်။ မမှန်သတင်းဖြန့်သူတွေ ကို အုပ်စုဖွဲ့အသွင်ယူပြီး အရေး ယူမယ်’’ဟု ဒုရဲမှူးကြီး ကျော်အေးက ဆက်လက်ပြောကြားသည်။
လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် လည်းကောင်း၊ ရပ်ကွက်များအတွင်းတွင်လည်း ကောင်း မမှန်ကန်သော သတင်း များဖြန့်ဝေသူများကို စုံစမ်းဖော် ထုတ်ကာ အရေးယူရန် စီစဉ်ထား ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှ သတင်းရရှိသည်။
ယင်းကဲ့သို့ ကောလာဟလ သတင်းများ ထွက်ပေါ်လာပါက လည်း ဆယ်အိမ်မှူး၊ ရာအိမ်မှူး များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက မိမိတာဝန်ယူရသည့် အပိုင်းအလိုက် ထိန်းသိမ်းမှုများဆောင်ရွက်သင့်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ဒုရဲမှူးကြီး ကျော်အေးက  ဆိုသည်။
‘‘မမှန်မကန်သတင်းတွေ ကြောင့် နစ်နာတယ်ထင်ရင် ပြည်သူတွေ ကိုယ်တိုင်လည်း တိုင်ကြားလို့ရတယ်။ ရဲတပ်ဖွဲ့ကလည်း လိုအပ်ရင် မမှန်သတင်းဖြန့်သူကို တရားလိုလုပ်ပြီး အရေးယူမယ်’’ဟု ဒုရဲမှူးကြီး
ကျော်အေးက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၅ ဒီဇင်ဘာ နောက်ဆုံးပတ်မှစတင်၍ ဧရာ ၀တီ တိုင်းဒေသကြီး အတွင်းရှိ မြို့ကြီးအချို့နှင့် ကျေးရွာများ၌ ကလေးများအား အိမ်ပေါ်တက် ဆွဲခြင်း၊ ကလေးများကို သတ်၍ အတွင်းကလီစာများကို ထုတ်ယူခြင်း၊ လမ်းဘေးတွင် ကလေးကို ပစ်၍ ကလေးဖမ်းသူက ထွက်ပြေးသွားခြင်းစသည့် ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိ သည့်အတွက် ပုသိမ်မြို့နယ်အုပ် ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး တို့က ဇန်န၀ါရီ ၅ ရက်တွင် အဆို ပါကောလာဟလများ မယုံကြည်ရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါကောလာဟလများမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်လည်း ပုံများနှင့်တကွဝေမျှလျက်ရှိသည်။
သို့သော် ယင်းပုံများအနက်အများစုမှာ လုပ်ကြံဖန်တီးထားမှုများ ဖြစ်သည်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.