Monday, January 18, 2016

ကယားပြည်နယ်နေ့ဖျော်ဖြေပွဲမှာ ပရိတ်သတ်က ခဲနဲ့ပေါက်ခံရတဲ့ ဇွန်သဉ္ဇာ



ကယားပြည်နယ်နေ့ အခမ်းအနား သို့ တက်ရောက် ဖျော်ဖြေသည့် ဇွန်သဉ္ဇာ ၏
ဖျော်ဖြေမှုကို မနှစ်သက်သဖြင့် ဒေသခံအချို့က ခဲဖြင့် ပစ်ပေါက်ခဲ့ကြောင်း
လွိုင်ကော် ဒေသခံများထံမှ သိရသည်။
၆၂ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ပြည်နယ်
အားကစားကွင်းတွင် ဇန်န၀ါရီ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ ဇန်န၀ါရီ
၁၈ ရက် ညပိုင်းဖျော်ဖြေမှုတွင် Sexy Model ဇွန်သဉ္ဇာ က ခေတ်ဆန်သော
ဝတ်စားဆင်ယင်မှုဖြင့် ဖျော်ဖြေခဲ့ရာ ပရိသတ်အချို့က ခဲဖြင့် ပစ်ပေါက်ခဲ့ကြခြင်း
ဖြစ်သည်ဟု အဆိုပါဖျော်ဖြေပွဲသို့ သွားရောက် ကြည့်ရှုခဲ့သည့် ဒေသခံအမျိုးသမီး
တစ်ဦးက The Ladies သို့ပြောသည်။
“ဇွန်သဉ္ဇာ က ခုံယူပြီး ကတဲ့အချိန် စင်အောက်ကနေ ခဲနဲ့ပေါက်တာပေါ့။ ပြီးတော့
သူဝတ်ထားတာ ကလည်း ဘောင်းဘီ တိုတိုလေးနဲ့ ကပြတာဆိုတော့ အဲ့လို
ပေါက်တာတောင် စင်ပေါ်ကနေ ပေါက်ချင်လည်း ထိအောင်ပေါက်လို့ ပြောတော့
ထပ်ပေါက်တာပေါ့။ မျက်ခုံးထိသွားတယ်လို့ တော့ ကြားလိုက်တယ်။ ဇာဇာထက်
လည်း ပါပေမယ့် ဇွန်သဉ္ဇာ ခဲနဲ့ပေါက်ခံရတယ်ဆိုတော့ စင်ပေါ်တက်မလာတော့ဘူး”
ဟု အဆိုပါအမျိုးသမီးက ပြောသည်။
ကယားပြည်နယ်နေ့ကို လွန်ခဲ့သည့် ၁၉၅၂ ခုနှစ် ပါလီမန်အစိုးရ လက်ထက်က
ကရင်နီပြည်ဆိုသည့် အမည်မှ ကယားပြည်နယ်အဖြစ် သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်
ဇန်န၀ါရီ ၁၅ ရက်နေ့ကို အစွဲပြု၍ ပြည်နယ်နေ့အဖြစ် သတ်မှတ် ပေါ်ပေါက်ခဲ့ခြင်း
ဖြစ်သည်။ ကယားပြည်နယ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် က ကရင်နီပြည်
အဖြစ် သီးခြားရှိခဲ့ပြီး၊ ၁၉၄၈ ခုနှစ် နောက်ပိုင်း ကရင်နီပြည် အမည်ကို ကယား
ပြည်နယ်အဖြစ် တိုင်းပြုပြည်ပြု လွှတ်တော်မှ ပြောင်းလဲခဲ့ခြင်း ဖြစ်သော်လည်း
သီးခြားကရင်နီပြည်အဖြစ် ဆက်လက် ရပ်တည်လိုသည့် အဖွဲ့များလည်း ကျန်ရှိနေ
သေးသည်။
" ကျွန်တော်တို့ တိုင်းရင်းသား ဒေသမှာက ရှေးရိုးစွဲလေးတွေလည်း ရှိသေးတယ်။
ဒီလို ပြည်နယ်နေ့ အခမ်းtနား ဖျော်ဖြေပွဲမှာ ခေတ်ဆန်လွန်းတာတွေကို စင်တင်
တော့ နဂိုကတည်းက ပြည်နယ် အမည်နာမကို တောင် မနှစ်သက်တဲ့ ပြည်သူ
အချို့က စိတ်ဆိုးတာလည်း ပါတာပေါ့လေ။ ဒီကြားထဲ ဇွန်သဉ္ဇာက ပေါက်ရင်
ထိအောင်ပေါက်ကြလို့ ပြောတော့ ပွဲဆူကုန်တာပေါ့ " ဟု လွိုင်ကော်မြို့ခံ
ကိုနေအေးက ပြောသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal

တစ်လင်တစ်မယားဥပဒေနဲ့ ရန်ကုန်မှာ (၄) လအတွင်း (၄၅)ဦး အရေးယူခံခဲ့ရ

တစ်လင်တစ်မယားဥပဒေနဲ့ ရန်ကုန်မှာ (၄) လအတွင်း (၄၅)ဦး အရေးယူခံခဲ့ရ


တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်းပြီး ၄ လအကြာမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အမှုပေါင်း ၄၅ မှု အထိ အရေးယူခဲ့ရတယ်လို့  တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ မှုခင်းစာရင်းတွေအရ သိရပါတယ်။ ဒီထဲမှာ ၃၄ မှု ထဲက အမျိုးသား ၃၀ ဦး နဲ့ အမျိုးသမီး ၄ ဦး ကျူးလွန်ခဲ့တယ်လို့ သိရပြီး ကျန် ၁၁ မှု မှာတော့ အမျိုးသား အမျိုးသမီး ခွဲခြား မသိရသေးပါဘူး။    ဒီအမှုတွေဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၅ မြို့နယ်အနက် (၂၂) မြို့နယ်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ အမှုတွေမှာ လှိုင်သာယာမြို့နယ်က အများဆုံးဖြစ်ပွား နေတယ်လို့လည်း သိရပါတယ်။

တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကိုတော့ ပြည်ထောင်စုလွှတ်တော်က နေ ၂၀၁၅ ခုနှစ်သြဂုတ်လ (၃၁) ရက်မှာ စတင်ပြဌာန်းခဲ့တာပါ။  နှစ်ကုန်ထိ ၄ လတာ ကာလအတွင်း အရေယူထားတဲ့ အမှုပေါင်း ၄၅ မှုထိရှိပြီး အမျိုးသားတွေက အများဆုံးကျူးလွန် ခဲ့တာလည်း ဖြစ်ပါတယ်။ဒီလို အမှုတွေဟာ ဒီဘက် ၂၀၁၆ ခုနှစ်မှာလည်း တိုင်တန်းမှုတွေ ရှိနေပြီး ဆက်လက် အရေးယူနေရဆဲလို့ တိုင်းရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိတစ်ဦင်္းကပြောပါတယ်။    ဒီဥပဒေနဲ့ပတ်သတ်ပြီး ပြစ်ဒဏ်တွေအနေနဲ့ ဥပဒေနဲ့သက်ဆိုင်တဲ့ ပုဒ်မတွေအလိုက် (၇) နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရမယ့် အပြင် ငွေဒဏ်လဲချမှတ်နိုင်ပါတယ်။ဒါ့အပြင် ယောက်ျား (သို့မဟုတ်) မိန်းမ တစ်ဦးဦးက အိမ်ထောင်ရှိတာကို ထိန်ချန်ပြီး ထပ်မံထိမ်းမြှားလက်ထပ် ကျူးလွန်ရင်လည်း (၁၀) နှစ်ထက် မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်လဲချမှတ်နိုင်ပါတယ်။
Ref - MRTV-4

သမီးရည်းစားအတွဲများရှောင်သင့်တဲ့အပြု အမူများ



ဒီမိုကရေစီရင့်သန်တဲ့ နိုင်ငံတိုင်းမှာ လူတိုင်းရဲ့ အပြုအမူတွေဟာ ဒီမိုကရေစီအပြုအမူတွေပါဘဲ။ တစ်ချို့က
ဒီမိုကရေစီဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ ထင်နေကြပါတယ်။ ဒါလည်း မှန်သင့်သလောက်တော့ မှန်ပါ
တယ်။ ဒါပေမယ့် ဖြည့်စွက်ပြောရရင် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာက သူများရဲ့လွတ်လပ်ခွင့်ကို တစ်နည်း
တစ်ဖုံအားဖြင့် မထိခိုက်စေတဲ့ လွတ်လပ်မှုမျိုးကို ဆိုလိုပါတယ်။
ဥပမာအားဖြင့် Public Area လိုနေရာမျိုးမှာ ဆေးလိပ်သောက်တယ်ဆိုပါစို့။ ဒါက ကိုယ်ကြိုက်လို့ ကိုယ်
သောက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးပညာအမြင်အရ ဆေးလိပ်ရဲ့ဘေးထွက်ဆိုးကျိုးကို သူများတွေ
ကို ပျံ့နှံ့စေတာမျိုးကျတော့ သူများကို ထိခိုက်စေပြီလေ။ ဆိုတော့ ဆေးလိပ်ကို သောက်ချင်တယ်ဆို
ကိုယ်ပိုင်လွတ်လပ်ခွင့်အရ သောက်လို့ရပါတယ်။ ဒါပေမယ့် အများပြည်သူနဲ့ ယှဉ်လာတဲ့အခါမှာတော့
ကိုယ့်လွတ်လပ်ခွင့်က သူတို့ကို အနှောက်အယှက်ပေးရင် အဲဒီအပြုအမူမျိုးကို မလုပ်တာ အကောင်းဆုံး
ပါဘဲ။ ကွမ်းတံထွေး ထွေးတာတို့၊ အမှိုက်ပစ်တာတို့ကအစ ပတ်ဝန်းကျင်သန့်ရှင်းမှု သို့မဟုတ် ရောဂါ
ဘယကင်းရှင်းရေးကို ဂရုစိုက်ခြင်းအားဖြင့် ဆင်ခြင်ရပါတယ်။
အဲဒီလိုပဲ အင်တာနက်ခေတ်ကြီးမှာ သမီးရည်းစားအတွဲတွေဟာ ပွင့်လင်းမြင်သာလာကြတယ်၊ လူရှေ့
သူရှေ့မရှောင် ရဲတင်းလာကြတယ်၊ မောင်နဲ့နှမ သားနဲ့အမိ မမြင်သင့်တာမျိုးတွေအထိ Puplic Area
လို နေရာမျိုးမှာ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာကြတာကို သတိထားမိတာ အတော်ကြာပါပြီ။
တစ်ချို့ဆို အင်တာနက်ပေါ်ကိုတောင် ဟိုးလေးတစ်ကျော် ဖြစ်ကြတဲ့အထိပါဘဲ။ ဒီလို ဗွီဒီယိုတွေ ပုံတွေ
တင်တဲ့သူတွေရဲ့ အင်တာနက်မီဒီယာကို လွဲမှားစွာ အသုံးချမှု၊ သိက္ခာမဲ့မှု၊ လူ့အခွင့်အရေးကို အောက်
တန်းကျတဲ့ နည်းနဲ့ ချိုးဖောက်မှုတွေကို ကျွန်တော် ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ ဒါကြောင့်လည်း
သမီးရည်းစား စုံတွဲတွေအနေနဲ့ ဆင်ခြင်သင့်တာတွေ၊ မပြုလုပ်သင့်တာတွေ ရှိလာခဲ့ပြီ ဖြစ်လို့ ရေးသား
လိုက်ရခြင်းပါ။ တစ်ချို့ကကျတော့လည်း အင်တာနက်ပေါ်မှာ ရောက်နိုင်တယ်ဆိုတာကို သိသိကြီးနဲ့ နှစ်ဦး
သဘောတူ ကျူးလွန်ကြတာတွေလည်း ရှိပါတယ်။ ဒါကြောင့် မြန်ဆန်တဲ့ အွန်လိုင်းမီဒီယာခေတ်မှာ
ကိုယ်ဟာ သားကောင်မဖြစ်ဖို့ ရှောင်သင့်တာတွေ ရှောင်ရအောင် ရေးသားရခြင်းပါ။
1. လူမြင်ကွင်းမှာ မကဲပါနဲ့။
ဒါကတော့ တော်တော်လေး ရှားပါသေးတယ်။ ဒါပေမယ့် မဆင်ခြင်နိုင်သူများလည်း ရှိပါတယ်။
2. ပန်းခြံလိုနေရာမျိုးမှာ ပိုပြီး ဆင်ခြင်ပါ၊
ဝါသနာပါသူတွေရဲ့ Camera Trap မိသွားနိုင်ပါတယ်၊ အခုခေတ် ကင်မရာရှေ့မှာ ပါတဲ့ မှန်ဘီလူးတွေက
Resolution သိပ်ကောင်းလာပါပြီ။)
3. ဖြစ်နိုင်ရင်အိမ်ထောင်မကျသေးသမျှ လိင်မှုကိစ္စကို ရှောင်ပါ။
တစ်ချို့တွေကကျတော့ အောင့်အည်းထားတဲ့ကြားက မှားကြပါတယ်၊ တစ်ချို့ကကျတော့ သိသိကြီးနဲ့ နှစ်ဦး
သဘောတူ မှားပါတယ်၊ မည်သည့်နည်းနဲ့ မှားသည်ဖြစ်စေ အခြေအနေအမျိုးမျိုးကြောင့် မယူဖြစ်တဲ့အခါ
အများစု နစ်နာတာက မိန်းကလေးတွေပါ၊ ဒါပေမယ့် ယောက်ျားလေးတွေဘက်ကလည်း နစ်နာမှုတွေ
ရှိပါနေလို့ ရှောင်ကြပါလို့ ပြောတာပါ။
4. တည်းခိုခန်းတိုင်းကို မယုံပါနဲ့။
မနေနိုင်လို့ သွားကြတဲ့အခါ တစ်ချို့က တည်းခိုခန်းက လွတ်လပ်တယ်လို့ ဆိုကြပါတယ်။ အမှန်တော့
မလွတ်လပ်ပါ။ ပိုဆိုးတာတွေတောင် ရှိပါသေးတယ်။ အလွန်သေးငယ်လှတဲ့ Hidden Camera တွေ
တပ်ဆင်ထားတပ်လို့ပါ။
5. ဘီယာဆိုင်၊ ကလပ်၊ စတဲ့နေရာတွေဖြစ်နိုင်ရင် အတူတူမသွားပါနဲ့။
ဒီလိုနေရာမျိုးတွေမှာ ယောင်္ကျားလေးတွေ အများကြီး ရှိနေမှာ အသေအချာမို့ ယောင်္ကျားလေးတွေရဲ့
မျက်လုံးက သင့်ရည်းစားပေါ်ကို ကျလာမှာပါ။ ကြည့်ရုံပဲ ဆိုရင်တော့ ဘာမှမဖြစ်နိုင်ပေမယ့် အချိ့က
ပါးစပ် အငြိမ်မနေတတ်ကြပါဘူး။ ဒေါသထွက်ပြီး ရန်ဖြစ်ကြရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အချုပ်ထဲရောက်
သွားပါလိမ့်မယ်။ ဒါမျိုးကို အစကတည်းက ကြိုတင်ရှောင်ရှားပါ။
Credit :MOM

ခန္ဓာကိုယ်အောက်ပိုင်း လုံခြုံမှုရှိစေဖို့ ဝတ်ဆင်တဲ့ အကာအကွယ်ခါးပတ် သော့ပျောက်သွားတာကြောင့် မီးသတ်ဌာနမှာ အကူအညီ တောင်းခဲ့ရတဲ့ အမျိုးသမီး


အီတလီနိုင်ငံက အမျိုးသမီး တစ်ဦးဟာ ခန္ဓာကိုယ်အောက်ပိုင်း လုံခြုံမှုရှိစေဖို့ ဝတ်ဆင်တဲ့ အကာအကွယ်ခါးပတ် သော့ပျောက်သွားတာကြောင့် မီးသတ်ဌာနမှာ အကူအညီ တောင်းခဲ့တယ်လို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။ ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အီတလီနိုင်ငံ ပါဒူအာမြို့က မီးသတ်ဌာနကို ရောက်လာခဲ့ပြီး သော့ဖွင့်မရလို့ အကူအညီ တောင်းချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူက အဲဒီလိုပြောချိန်မှာ မီးသတ်သမားက ဒီအမျိုးသမီးအနေနဲ့ အိမ်ထဲမှာ သော့ကျန်ခဲ့တာကို သတိမထားမိဘဲ အပြင်ဘက်ကနေ သော့ပိတ်မိလို့ အိမ်ထဲပြန်ဝင်ဖို့ အခက်တွေ့နေတယ်လို့ ထင်မှတ်ခဲ့ပါတယ်။ အဲဒီအတွက် မီးသတ်သမားက အိမ်တံခါးသော့ဖျက်ပေးဖို့ အိမ်လိပ်စာနဲ့ လိုအပ်တဲ့ အချက်အလက်တွေ မေးမြန်းရာမှာ အမျိုးသမီးက သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်း အဝတ်အစားကို လှန်ပြပြီး အကာအကွယ်ခါးပတ် သော့ပျောက်သွားတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ ''ကျွန်မရဲ့ အကာအကွယ်ခါးပတ်သော့ ပျောက်သွားတယ်။ ဒါကို ကျွန်မ ဖွင့်လို့မရတော့ဘူး''ဟု အမျိုးသမီးက ပြောချိန်မှာ မီးသတ်ဌာနက မီးသတ်သမားအားလုံး မှင်သက်သွားခဲ့ကြပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းအကာအကွယ်ခါးပတ်က သံနဲ့လုပ်ထားတဲ့ ပစ္စည်းပါ။ ဒါပေမဲ့ မီးသတ်သမားက အဲဒီပစ္စည်းကို အချိန်တိုအတွင်း ချိုးဖြတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက်မှာ အဲဒီအမျိုးသမီးကို တစ်ယောက်ယောက်က ခန္ဓာကိုယ်အောက်ပိုင်း အကာအကွယ်ခါးပတ် အတင်းအကျပ်ဝတ်ခိုင်းထားတာလား (ဒါမှမဟုတ်)ကိုယ့်သဘောနဲ့ ကိုယ် ဝတ်ခဲ့တာလားဆိုတာကို မေးမြန်းခဲ့ပါတယ်။ ဒီအမျိုးသမီးက သူ့အနေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမခံရအောင် ကိုယ့်သဘောနဲ့ကိုယ် အကာအကွယ်ခါးပတ် ဝတ်ခဲ့တာလို့ ပြောပါတယ်။ ဒီအမျိုးသမီးဟာ အီတလီနိုင်ငံရဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာ ဥပဒေအရ အမည်မဖော်ခဲ့ဘူးလို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။ 

credit:Yoyarlay

ဘော်လုံးအသင်းများ၏ ကစားသမားအပြောင်းရွှေ့နောက်ဆုံးသတင်းများ



ဆောက်သမ်တန်အသင်းက သူတို့ရဲ့ တိုက်စစ်မှူးShane Long ကို လီဗာပူးလ်အသင်းက ခေါ်ယူဖို့ ကြိုးစားလာတာကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဆောက်သမ်တန်အသင်းရဲ့ ဒီတိုက်စစ်မှူးကိုတော့ လီဗာပူးလ်နည်းပြ Klopp က ဦးဆောင်ပြီး ပေါင်ရှစ်သန်းနဲ့ ကမ်းလှမ်းခဲ့တာပါ။ Long ဟာ ဒဏ်ရာပြဿနာတွေကြောင့် ကာလအတန်ကြာ အနားယူနေခဲ့ရပေမယ့်လည်း အခုလိုမျိုး ပြန်ကစားခွင့်ရချိန်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဆောက်သမ်တန်အသင်းအတွက် ရှစ်ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ 

စိန့်အသင်းဟာ ကျူပီအာအသင်းတိုက်စစ်မှူး Charlie Austin ကို မကြာသေးခင်က ပေါင်လေးသန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အသင်းမှာ တိုက်စစ်မှူးတွေ ပိုလျှံနေခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို အခုလို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ သူတို့ရဲ့ ကစားသမားတွေဖြစ်တဲ့ Adam Lallana, Dejan Lovren, Nathaniel Clyne နဲ့ Rickie Lambert တို့ကို ကြိုးကြာနီတို့ဆီကို ရောင်းချခဲ့ဖူးပေမယ့်လည်း အခုအခါမှာတော့ Long အတွက် ကြိုးပမ်းမှုကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ဝက်ဒ်ဖို့ဒ်အသင်းဟာ မာလာဂါတောင်ပံကစားသမား Nordin Amrabat ကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားကိုတော့ ဝက်ဒ်ဖို့ဒ်အသင်းက ပေါင် ၅.၅ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေတာဖြစ်ပြီး ရိုးမားအသင်းတိုက်စစ်မှူး Iturbe နဲ့ Emmanuel Adebayor တို့ကိုလည်း တိုက်စစ်နေရာအတွက် အားဖြည့်ထားပြီးဖြစ်ပါတယ်။ မန်ယူအသင်းကတော့ သူတို့ရဲ့ အားနည်းနေတဲ့ နောက်တန်းတစ်နေရာအတွက် အီတလီနောက်ခံလူ Luca Ercolani ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ဒီလူငယ်နောက်ခံလူဟာ အသက် ၁၆ နှစ်သာရှိသေးပေမယ့်လည်း မန်ယူအသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကြောင့် အခုလို သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။ 

ဆွမ်ဆီးအသင်းဟာ ရလဒ်မကောင်းဖြစ်နေတာကြောင့် အခုလို ရာသီဝက်အပြောင်းအရွှေ့မှာ ငွေကြေးသုံးပြီး အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးစားလျက်ရှိပါတယ်။ ဆွမ်ဆီးအသင်းနည်းပြ Garry Monk ဟာဆိုရင်တော့ အဲဗာတန်အသင်းတိုက်စစ်မှူး Naismith နဲ့ အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း နာပိုလီကွင်းလယ်လူ De Guzman တို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ 

နောဝစ်ခ်ျအသင်းကတော့ နယ်သာလန်ကလပ် အူးထရက်ခ်ျအသင်းရဲ့ လူငယ်တိုက်စစ်မှူး Sebastien Haller ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိပြီး 
ပေါင် ၆.၅ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဒီပြင်သစ်ကစားသမားကိုတော့ နောဝစ်ခ်ျအသင်းက သူတို့ရဲ့ တိုက်စစ်မှူး Lewis Grabban 
ကို ဘုန်းမောက်အသင်းကို ပေါင် ၇ သန်းနဲ့ ရောင်းချအပြီးမှာ ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

Ref - သစ်ထူးလွင်

ရွှေပြည်သာတွင်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံး


ရန်ကုန်တိုင်းဒေသကြီးရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ်၆/သံဒင်းရပ်ကွက်စစ်တောင်း လမ်းသွယ်(၁)လမ်း၊အမှတ် ၁၃ဝ၆ နေ ဦးထွန်းရွှေ၏သမီး မအိအိ ထွေး(၂ဝနှစ်)သည် နေအိမ် အနောက်ဘက်အခန်း ထုပ်တန်း တွင် ကြိုးဆွဲချသေဆုံးနေကြောင်း ယမန်နေ့မွန်းလွဲ ၁နာရီက သတင်း အရ ရွှေပြည်သာမြို့မ အမှုစစ်ရဲ ဒုရဲမှူးခင်မောင်လွင်၊ စခန်းမှူး၊ အမှုစစ်၊ နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်း၊ သက်သေအုပ်ချုပ်ရေး မှူးဦးကံမြင့်၊ ရာအိမ်မှူးဦးသိန်း ကြွယ်တို့နှင့်အတူစစ်ဆေးရာ လွန်ခဲ့ သော သုံးနာရီခန့်က နေအိမ်ထုပ် တန်း၌ အစိမ်းပုပ်ရောင်အဝတ်စ ကြိုး အရှည်လေးပေ သုံးလက်မ ခန့်ရှိ ကြိုးကို လည်ပင်း၌ချည်ပြီး တွဲလောင်းကျသေဆုံးနေခြင်းဖြစ် ပြီး ဘယ်ဘက်လက်ဖျံတွင် သွေး ထွက်ဒဏ်ရာများနှင့် လည်ပင်း တွင် ညိုမည်းနေသော ကြိုးရာဖြင့် သေဆုံးပြီး ပြင်ပဒဏ်ရာမတွေ့ရှိ ရသဖြင့် ရဲဆေးစာဖြင့် အင်းစိန် ဆေးရုံသို့ပို့ရာ ဗီအာရ်(၁၃)ဖြင့် လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိ ပြီးသေဆုံးသူအား ကြိုးဆွဲချ သေ ဆုံးနေမှုနှင့်ပတ်သက်၍ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်းရေးဖွင့်ဆောင်ရွက် ပေးပါရန် တိုင်တန်းမှုဖြစ်သည်။

အမှုမှန်ပေါ်ပေါက်စေရေးအတွက် ဒုရဲမှူး ခင်မောင်လွင် ရွှေပြည်သာ မြို့မရဲစခန်းက လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ အမှုအား အမြန်တရားစွဲဆိုတင်နိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source : Union Daily Newspaper

လေယာဉ်ပျက်ကျခဲ့ရင် ခရီးသည်တင်ခန်းတစ်ခုလုံးကို ဖြုတ်ချနိုင်တော့မယ့် နည်းပညာကို တီထွင်



လေယာဉ်ပေါ်မှာ အရေးပေါ်အခြေအနေတစ်ခုခု ဖြစ်ပေါ်လာပြီဆိုတာနဲ့ ခရီးသည်တွေရဲ့ အသက်ကိုကယ်တင်ပေးနိုင်မယ့် နည်းပညာတစ်မျိုးကို သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပါပြီ။ ဒီနည်းပညာကတော့ အရေးပေါ်အခြေအနေတစ်ခုခုကြုံလာပြီဆိုရင် အထူးတည်ဆောက်ထားတဲ့ ခရီးသည်တွေပါဝင်တဲ့ အခန်းပိုင်းကို လေယာဉ်ကနေ ခွဲထုတ်ပစ်လိုက်နိုင်ပြီး အန္တရာယ်ကင်းတဲ့ မြေပြင် ဒါမှမဟုတ် ရေပြင်ပေါ်ကို ကျရောက်သွားစေမှာဖြစ်ပါတယ်။ ဒီလိုနည်းပညာကြောင့် လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်တည်းက ဒီလိုပြုလုပ်ဖို့ကို အကြံဥာဏ်ရပြီး တီထွင်နေခဲ့တာဖြစ်တယ်လို့လည်း အင်ဂျင်နီယာ Vladimir Tatarenko ကပြောပါတယ်။ လေထီးတွေကို ခရီးသည်အခန်း ခေါင်မိုးမှာ တပ်ဆင်ပေးထားမှာဖြစ်ပြီး လေယာဉ်ကနေ ခွဲထွက်လိုက်တဲ့ အချိန်မှာ လေထီးတွေက အလိုအလျောက် ပွင့်ထွက်သွားမှာပါ။ 

ဒီခွဲထွက်လာတဲ့ ခရီးသည်အခန်းရဲ့ အောက်မှာလည်း ရာဘာကူရှင်တောင့်တွေကို တပ်ဆင်ပေးထားမှာဖြစ်တာကြောင့် မြေပြင်ပေါ်ကျရောက်ရင်လည်းသက်တောင့်သက်သာရှိနေမှာ 
ဖြစ်သလို ရေပြင်ပေါ်ကိုကျရောက်ခဲ့ရင်လည်း ပေါလောပေါ်နေနိုင်မှာဖြစ်ပါတယ်။
 လေယာဉ်အခန်းရဲ့အောက်မှာ ခရီးသည်တွေရဲ့အထုပ်အပိုးတွေကို ထည့်ထားနိုင်တဲ့ သိုလှောင်ခန်းပါ ပါဝင်တာကြောင့်၊ ပျံသန်းနေစဉ်အတွင်း လေယာဉ်အခန်းကိုဖြုတ်ချရဖို့ကြုံလာခဲ့ရင်တောင်၊ ခရီးသည်တွေ အနေနဲ့ မိမိပစ္စည်းတွေကိုတောင် ဆုံးရှုံးရမှာမဟုတ်ကြောင်း ဒီဇိုင်းမှာဖော်ပြထားပါတယ်။ 

လေယာဉ်မှူးတွေကိုတော့ ဒီလိုအခြေအနေမျိုးမှာ ခရီးသည်တင်အခန်းကို ဖြုတ်ချပြီး သူတို့ ကိုယ်တိုင်လည်း လွတ်မြောက်နိုင်အောင် သင်တန်းပေး စီစဉ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

လွန်ခဲ့တဲ့နှစ်အတော်အတွင်း MH 370 လေယာဉ်ပျောက်ဆုံးမှု၊ MH 17 လေယာဉ်ပစ်ချခံရမှု အပါအ၀င်  လေယာဉ်ပျက်ကျမှုတော်တော်များများဖြစ်ပွားခဲ့ရပြီးနောက်မှာ၊ ခရီးသည်တွေရဲ့အသက်ကိုကယ်ဆယ်နိုင်မယ့် ဒီရဲ့ လေယာဉ်ဒီဇိုင်းပေါ်ထွက်လာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီ ဒီဇိုင်းမှာတော့ လေယာဉ်တွေကို ဒုံးကျည်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်အောင် ပြုလုပ်နိုင်ခြင်းတော့ မရှိသေးပါဘူး။ 
တစ်နှစ်ကို လေယာဉ်ပျံသန်းမှု အကြိမ်ရေသန်းပေါင်းများစွာ ရှိနေခဲ့ပြီး လူ ၅၀၀ လောက်ကလည်း လေယာဉ်ပျက်ကျမှုတွေမှာ အသက်ပေးနေရတဲ့ အချိန်မှာ အခုလိုနည်းပညာကို တီထွင်လိုက်နိုင်တာက အတော်လေးကို အကျိုးရှိစေမှာပါ။    



( Paing A K )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

တယ်လီနောဆင်းကဒ် အသုံးပြုသူများ အနေဖြင့် နည်းပညာမြင့် USIMကဒ်များနှင့် ဇန်န၀ါရီ ၁ရက်မှ စတင်လဲလှယ်နိုင်ပြီ ။


ရန်ကုန်၊ ဇန်န၀ါရီ ၁၈ ။ ။ တယ်လီနောဆင်းကဒ် အသုံးပြုသူများ အနေဖြင့် နည်းပညာမြင့် USIMကဒ်များနှင့် ဇန်န၀ါရီ ၁ရက်မှ စတင်လဲလှယ်နိုင်ပြီ ဖြစ်သည်။
ယခုလဲလှယ်ပေးသည့် USIMကဒ်များသည် မြန်နှုန်းမြင့် ဆင်းကဒ်များဖြစ်ပြီး SIM applicationများ၏ ရှုပ်ထွေးသော လုပ်ဆောင်ချက်များကို ကူညီပေးနိုင်မည်ဟု သိရသည်။ အဆိုပါကဒ်များသည် လုံခြုံမှုပိုမိုကောင်းမွန်ပြီး နည်းပညာမြှင့်ထားသည့် Phone book လုပ်ဆောင်ချက်များလည်း ပါဝင်မည်ဖြစ်သည်။
"တယ်လီနော အသုံးပြုသူတွေအားလုံးကို USIMကို ပြောင်းသုံးစေချင်ပါတယ်။ ဒါမှ တယ်လီနောက လက်ရှိ ဝန်ဆောင်မှုတွေကို ခံစားနိုင်မယ့်အပြင် နောက်လာမယ့် အချိန်မှာပေးမယ့် နောက်ဆုံးပေါ် ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်"ဟု တယ်လီနောမြန်မာ၏  Chief Marketing Officer Joslin Myrthongက ပြောကြားခဲ့သည်။
USIM များကို မြန်မာနိုင်ငံတွင်း တယ်လီနောက ဖွင့်လှစ်ထားသည့် Brand ဆိုင် ၇၇ ဆိုင်တွင် ဇန်နဝါရီ ၁ရက်မှ မတ်လ ၃၁ရက်အထိ အခမဲ့ လဲလှယ်နိုင်ပြီဖြစ်သည်။ 
အဆိုပါ ကဒ်လဲလှယ်မှုသည် မဖြစ်မနေလုပ်ရမည်ဟုမဆိုသော်လည်း နောင်4G ဝန်ဆောင်မှု ပေးချိန်တွင် ဆင်းကဒ်ထပ်မံလဲလှယ်ရန် မလိုတော့ကြောင်း Joslin Myrthongက ပြောသည်။ 
လတ်တလောတွင် USIMကဒ် လာရောက်လဲလှယ်သူ များသည့်အတွက် Brandedဆိုင်များတွင် ပစ္စည်းပြတ်သည်အထိ ဖြစ်နေသည်ဟုလည်း ရန်ကုန်မြို့ လှည်းတန်းစိန်ဂေဟာတွင် ဖွင့်လှစ်ထားသည့် တယ်လီနောBrandedဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
USIMလဲလှယ်ရာတွင် ပြည်တွင်း၌ အသုံးများသည့် Micro-Simအရွယ်သာမက Nano-Simအရွယ်ကိုပါ ကဒ်ဖြတ်စရာမလိုဘဲ လဲလှယ်နိုင်မည် ဖြစ်သည်။
"USIMလဲပြီးနောက်ပိုင်း လိုင်းတော်တော်နဲ့မကျတော့ဘူး။ အခု 3Gနဲ့တောင် Video callပါခေါ်လို့ရနေတယ်။ 4G ဝန်ဆောင်မှုရရင်တော့ ဒီထက်ပိုကောင်းလာမယ့်သဘောရှိလို့ ကျေနပ်ပါတယ်။" ဟု USIMလာရောက်လဲလှယ်သူ မောင်ကောင်းထွဋ်ဇော်က ပြောသည်။
တယ်လီနောသည် မြန်မာနိုင်ငံတွင် 3Gကွန်ယက်ဖြင့် ဝန်ဆောင်မှုပေးနေပြီး နိုင်ငံတဝှမ်းတွင် တာဝါတိုင်ပေါင်း ၄၂၀၀ ကျော်၊ အရောင်းဆိုင်းပေါင်း ၆၀, ၀၀၀ နီးပါးရှိကြောင်း တယ်လီနောက ထုတ်ပြန်ထားသည်။ 

စပိန်နိုင်ငံရဲ့ထူးခြားတဲ့ဘာသာရေးပွဲတော်တစ်ခု



နှစ်စဉ်ကျင်းပနေတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ စပိန်ရိုးရာ ‘မီးပုံဖြတ်ကျော်မြင်းစီးပွဲတော်’ကို နှစ်ဦး အစောပိုင်းမှာ ကျင်းပလေ့ရှိပါတယ်။ 


ဒီပွဲဟာ ဒေသဆိုင်ရာ ဘာသာရေးပွဲတစ်ခုဖြစ်ပြီး နှစ်ပေါင်း(500) ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရှေးဟောင်းပွဲတစ်ခု ဖြစ်ပါတယ်။ဒီပွဲကို မက်ဒရစ်မြို့နဲ့ မိုင်ခြောက်ဆယ်အကွာ San Bartolome de Pinares ဆိုတဲ့ ရွာလေးမှာ နှစ်စဉ် ကျင်းပလေ့ရှိပြီး ဒေသခံတွေ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒေသ ခံလူမျိုးတွေဟာ သူတို့ရဲ့မြင်းတွေနဲ့အတူ လောင်ကျွမ်းနေတဲ့ မီးပုံထဲကနေ ဖြတ်ပြီး မောင်းထွက်လာကြတဲ့ ရိုးရာပွဲဖြစ်ပါတယ်။သူတိုရဲ့ ယုံကြည်မှုအရ မီးခိုးနဲ့ မီးတောက်တွေဟာ တိရစ္ဆာန်တွေကို သန့်စင်မှုတွေနဲ့ ဘေးအန္တရာယ်ကနေ လာမယ့်နှစ်အတွက် အကာအကွယ်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီလိုပွဲနဲ့ နည်းတူပဲ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ St Anthony ပွဲတော်ဟာလည်း မြင်းကောင်ရေငါးရာခန့် ကျောက်ခင်းလမ်းပေါ်မှာ စီးနင်းတဲ့ ပွဲတော်ဖြစ် ပါတယ်။ ဒီပွဲကို ကျင်းပခြင်းဖြင့် တိရစ္ဆာန်တွေ ကပ်ရောဂါတွေ မကျရောက်ဘူးလို့ ယူစကြပါတယ်။


ညသန်းခေါင်အထိ မြင်းစီးပွဲ ကျင်းပကြပြီး၊ ပျော်စရာပါတီပွဲကိုတော့ နေထွက်ချိန်အထိ ကျင်းပလေ့ရှိပါ တယ်။ ဒီပွဲဟာ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများအဖို့ မျက်စိစပါးမွေး စူးစရာပွဲတစ်ခုဖြစ်ပြီး ပွဲတော် မကျင်းပဖို့အထိ ဖိအားပေးဖို့ စီစဉ်နေကြပေမယ့် ဒေသခံတွေကတော့ ဒီပွဲကြောင့် ဘယ်တိရစ္ဆာန်မှ နာကျင်မှု ပျက်ဆီးမှုမရှိဘူးလို့ ဆိုပါတယ်။ ဒီ ‘မီးပုံဖြတ်ကျော်မြင်းစီးပွဲတော်’ဟာ စိပိန်နိုင်ရဲ့ပွဲတော်တွေ ထဲက မီးနဲ့ပတ်သက်တဲ့ ရှားရှားပါးပါး ပွဲတော်ဖြစ်ပါတယ်။ 
MOM 
Source: mirror

အာကာသအတွင်း ပို့ဆောင် စိုက်ပျိုးထားသည့် ပန်းပင်မှ ပထမဆုံးအကြိမ် ပန်းပွင့်လာ






အာကာသအတွင်း ပို့ဆောင် စိုက်ပျိုးထားသည့် ပန်းပင်မှ ပထမဆုံးအကြိမ် ပန်းပွင့်လာခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာ အာကာသစခန်း (ISS)တွင် စိုက်ပျိုးထားသည့် Edible Zinina ပန်းများ ပွင့်နေပြီဖြစ်ကြောင်း အမေရိကန် အာကာသယာဉ်မှူး စကော့တ်ကယ်လီက ပြောကြားခဲ့သည်။ အဆိုပါ ပန်းပွင့်များကို အသုပ်ပြုလုပ်သည့် အခါတွင် ထည့်သွင်း အသုံးပြုလေ့ ရှိသည်။
ကယ်လီက ယင်းပန်းများသည် ကမ္ဘာမြေ အပြင်ဘက်တွင် ပထမဆုံး ပွင့်လန်းသည့် ပန်းပွင့်များ ဖြစ်လာကြောင်း ညွှန်းဆိုခဲ့သည်။ ကယ်လီသည် ISSတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည်မှာ တစ်နှစ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုပန်းပွင့်များကို ISSပေါ်တွင် ၂၀၁၄ ခုနှစ်၊ မေလအတွင်းက တပ်ဆင်ခဲ့သည့် စိုက်ခင်း ဓာတ်ခွဲခန်းတွင် ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ISS အဖွဲ့သားများသည် ဆလတ်ပင်နှင့် အာရူဂူလာ အပင်များကို စမ်းသပ် စိုက်ပျိုးဖူးသော်လည်း Edible Zinniaသည် ISSတွင် အောင်မြင်စွာ ပန်းပွင့်သည့် ပထမဆုံး အပင်မျိုးစိတ် ဖြစ်လာသည်။
ISS၏ Veggie Projectအရ အာကာသထဲတွင် ပထမဆုံးအကြိမ် အပင်တစ်ပင် အောင်မြင်စွာ ပျိုးထောင် စိုက်ပျိုးမှုကို အကောင်အထည် ဖော်ခဲ့ဖူးသည့် ထရန့်စမစ်သ်က “ကျွန်တော်တို့ ပထမဆုံး စမ်းစိုက်တဲ့ ဆလတ်ပင်တွေနဲ့ ယှဉ်ကြည့်ရင် Edible Zinnia ပန်းတွေက အရမ်းကွဲပြားသွားပါတယ်။ ပတ်ဝန်းကျင် အနေအထားရယ်၊ အလင်းရရှိမှုတွေရယ် အပိုင်းမှာ ပိုပြီး အာရုံခံစားမှု အနုစိတ်လာတယ်။ ပြီးတော့ ကြီးထွားတဲ့ ကာလကလည်း ရက်ပေါင်း ၆၀ ကနေ ၈၀ လောက်ထိကို ရှည်ကြာလာတယ်။ ဒီတော့ ဒီအပင်က စိုက်ရတာ ပိုခက်တယ်။ ပန်းပွင့်လာဖို့ဆိုရင် ကြီးထွားတဲ့ကာလ ပိုယူရတယ်လေ”ဟု ရှင်းပြခဲ့သည်။
ယခုကိစ္စသည် အောင်မြင်မှု တစ်ရပ်အဖြစ် စမသ်စ်က ယူဆခဲ့သော်လည်း ပန်းပင်၏ အရွက်များမှ ရေစိမ့်ထွက်နေခြင်းမှာ အားနည်းချက် တစ်ရပ်အဖြစ် သတ်မှတ်ရမည်ဟု ဝန်ခံခဲ့သည်။
မြေဆွဲအား ကင်းမဲ့သည့် အာကာသထဲတွင် အပင်များ စိုက်ပျိုးနိုင်ခြင်း ရှိမရှိကို ISSတွင် လက်တွေ့ စမ်းသပ်နေပြီး သဘာဝနှင့် အလွန်ခြားနားသည့် ပတ်ဝန်းကျင် အနေအထားကြောင့် အခက်အခဲ အမျိုးမျိုး ကြုံတွေ့ရတတ်ကြောင်းလည်း စမစ်သ်က ရှင်းပြသွားသည်။
Ref: Daily Mail

ထိုင်းနိုင်ငံ ၌ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ရန် အစီအစဉ်ကို မွတ်စလင် ဘာသာရေးခေါင်းဆောင်များက ဆန့်ကျင်



ပတ္တာနီ၊ ဇန်နဝါရီ ၁၈ ။            ။ ထိုင်းနိုင်ငံ ပတ္တာနီပြည်နယ်အာဏာပိုင်များက ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ရန် အစီအစဉ်ကို မွတ်စလင်ကြီးစိုးရာ တောင်ပိုင်းနယ်စပ်ပြည်နယ်သုံးပြည်နယ်မှ မွတ်စလင် ဘာသာရေးခေါင်းဆောင်များက ဆန့်ကျင်ကာ အစီအစဉ်ကို ပြန်စဉ်းစားရန် တောင်းဆိုကြသည်။
အဆိုပါ ဗုဒ္ဓဥယျာဉ်တည်ဆောက်ရေး အစီအစဉ်ကို ပြည်နယ်အာဏာပိုင်များက ပြန်လည်သုံးသပ်စဉ်းစားရန် ပတ္တာနီအစ္စလာမ်မစ်ကော်မတီဥက္ကဋ္ဌ နှင့် နယ်စပ်သုံးပြည်နယ် အစ္စလာမစ်ကော်မတီ ကွန်ရက်ဥက္ကဌဖြစ်သူ မာမင်ဂျီက ဇန်နဝါရီ ၁၇ ရက်က ပြောဆိုတိုက်တွန်းလာခြင်းဖြစ်သည်။
ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ရေးတွင် ဆင်းတုတော်ကြီးတစ်ဆူလည်း တည်ထားမည်ဖြစ်ရာ ဒေသခံပြည်သူများ၏ သဘောထားကို စေ့ငုခြင်း မရှိဟု ၎င်းက ပြောသည်။ ဒေသခံများ၏ သဘောထားကို နားထောင်ခြင်းမရှိဘဲ စီမံကိန်းကို ရှေ့ဆက်လုပ်ဆောင်မည်ဆိုလျှင် ပြဿနာများ ဖြစ်ပွားလာမည်ဟု ဆိုသည်။
ဥယျာဉ်တော်တည်ဆောက်မည့် နေရာသည် မွတ်စလင်အများစု ကြီးစိုးရာ ဒေသဖြစ်၍ ဒေသခံများက လက်ခံမည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။
နယ်မြေအသီးသီးမှ မွတ်စလင်ဘာသာရေးခေါင်းဆောင်များကလည်း ယင်းကိစ္စကို ဆွေးနွေးရန် ယာလာတွင် အစည်းအဝေး ပြုလုပ်ပြီး စီမံကိန်းအပေါ် ဆန္ဒပြ၍လည်း လာနိုင်သည်။
ဗုဒ္ဓဥယျာဉ်တော်ကို ပတ္တာနီပြည်နယ် မန်ခရိုင်အတွင်း ပတ်အိုအရပ်၌ တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။
ယင်းနေရာအရပ်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအချို့လည်း ရှိနေပြီး ဒေသက မွတ်စလင်များက ဖီလာဆန့်ကျင်မှုများ မပြုကြကြောင်း၊ သို့သော် ဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူ ထားရှိမည့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းကို လက်ခံကြလိမ့်မည်မဟုတ်ဟု ၎င်းက ပြောခဲ့သည်။
-
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.