Monday, January 18, 2016

ရွှေပြည်သာတွင်အမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံး


ရန်ကုန်တိုင်းဒေသကြီးရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ်၆/သံဒင်းရပ်ကွက်စစ်တောင်း လမ်းသွယ်(၁)လမ်း၊အမှတ် ၁၃ဝ၆ နေ ဦးထွန်းရွှေ၏သမီး မအိအိ ထွေး(၂ဝနှစ်)သည် နေအိမ် အနောက်ဘက်အခန်း ထုပ်တန်း တွင် ကြိုးဆွဲချသေဆုံးနေကြောင်း ယမန်နေ့မွန်းလွဲ ၁နာရီက သတင်း အရ ရွှေပြည်သာမြို့မ အမှုစစ်ရဲ ဒုရဲမှူးခင်မောင်လွင်၊ စခန်းမှူး၊ အမှုစစ်၊ နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်း၊ သက်သေအုပ်ချုပ်ရေး မှူးဦးကံမြင့်၊ ရာအိမ်မှူးဦးသိန်း ကြွယ်တို့နှင့်အတူစစ်ဆေးရာ လွန်ခဲ့ သော သုံးနာရီခန့်က နေအိမ်ထုပ် တန်း၌ အစိမ်းပုပ်ရောင်အဝတ်စ ကြိုး အရှည်လေးပေ သုံးလက်မ ခန့်ရှိ ကြိုးကို လည်ပင်း၌ချည်ပြီး တွဲလောင်းကျသေဆုံးနေခြင်းဖြစ် ပြီး ဘယ်ဘက်လက်ဖျံတွင် သွေး ထွက်ဒဏ်ရာများနှင့် လည်ပင်း တွင် ညိုမည်းနေသော ကြိုးရာဖြင့် သေဆုံးပြီး ပြင်ပဒဏ်ရာမတွေ့ရှိ ရသဖြင့် ရဲဆေးစာဖြင့် အင်းစိန် ဆေးရုံသို့ပို့ရာ ဗီအာရ်(၁၃)ဖြင့် လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိ ပြီးသေဆုံးသူအား ကြိုးဆွဲချ သေ ဆုံးနေမှုနှင့်ပတ်သက်၍ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်းရေးဖွင့်ဆောင်ရွက် ပေးပါရန် တိုင်တန်းမှုဖြစ်သည်။

အမှုမှန်ပေါ်ပေါက်စေရေးအတွက် ဒုရဲမှူး ခင်မောင်လွင် ရွှေပြည်သာ မြို့မရဲစခန်းက လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ အမှုအား အမြန်တရားစွဲဆိုတင်နိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source : Union Daily Newspaper

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.