Monday, February 15, 2016

ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် လူးဝစ်ဗန်ဟားလ်၏နေရာတွင် ဟိုဆေး မော်ရင်ညိုကို ချက်ချင်း အစားထိုး ခန့်အပ်တော့မည့် သတင်းများ ထွက်ပေါ်


ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်း၏နည်းပြ လူးဝစ်ဗန်ဟားလ်၏နေရာတွင် ချဲလ်ဆီးနည်းပြဟောင်း ဟိုဆေး မော်ရင်ညိုကို ယခု ဖေဖော်ဝါရီလအတွင်း ချက်ချင်း အစားထိုး ခန့်အပ်တော့မည့် သတင်းများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
ဆန်းဒါးလန်းနှင့်ပွဲစဉ်အပြီးအင်တာဗျူးတစ်ခုတွင် လူးဝစ်ဗန်ဟားလ်မှ ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ထိပ်သီးလေးသင်း နေရာအတွက် အလွန်ခက်ခဲသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည့် မှတ်ချက်စကားက မန်ချက်စတာယူနိုက်တက်အသင်း၏ ဘုတ်အဖွဲ့ကို တပ်လှန့်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ မန်ယူအသင်းကဲ့သို့ ဥရောပထိပ်သီးအသင်းတစ်သင်းအနေဖြင့် လာမည့်နှစ် ဘောလုံးရာသီတွင် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ကို မဖြစ်မနေရရှိရန် လိုအပ်လျက်ရှိပြီး ယင်းအတွက် အာမခံချက် မပေးနိုင်တော့သည့် နည်းပြ လူးဝစ်ဗန်ဟားလ်ကို ထုတ်ပယ်ရန် သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်း ဘုတ်အဖွဲ့သည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းက အသင်းအတွက် လိုအပ်သည့်ကစားသမားခေါ်ယူနိုင်ရန် နည်းပြ လူးဝစ်ဗန်ဟားလ်ကို ငွေကြေးပမာဏ ပေါင်သန်း ၂၅၀ အထိ အသုံးပြုခွင့်ပေးခဲ့ပြီး ယခုရာသီကုန်ခါနီးအချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရခြင်းအပေါ် ဘုတ်အဖွဲ့မှ စိတ်ပျက်လျက်ရှိကြောင်း သိရသည်။
ရည်ညွှန်း ~ သည်ဆန်း
By : AKZ

သရဲခြောက်သည်ဟုနမည်ကြီးတဲ့ ဗိုလ်ချို လမ်းက အိမ်ကြီး



သရဲခြောက်သည်ဟု နာမည်ကြီးနေသော ဗိုလ်ချိုလမ်းထောင့်ရှိ ရှေးဟောင်းအဆောက်အအုံအား နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များသွားရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။ အဆိုပါအိမ်ကြီးသည် နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်နေသော ရှေးဟောင်းအိမ်ကြီးဖြစ်ပြီး တစ်အိမ်လုံး ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည်။
''ဒီအိမ်ကြီးကို စိတ်ဝင်စားတဲ့သူတွေ လာကြည့်ကြတယ်။ နိုင်ငံခြား ခရီးသွားတွေရော ပြည်တွင်းကလူတွေပါ တစ်လလေးငါးရှစ်ယောက် လောက် ဝင်ကြည့်ကြတယ်။
အခုက တရားဝင်ကြည့်ခွင့်ပေးထား တာမဟုတ်သေးပါဘူး။ တရားဝင်ခွင့် ပြုမယ်ဆိုရင်တော့ နေ့တိုင်းဝင်နိုင် တယ်။ အိမ်ကြီးကကျွန်းသစ်တွေနဲ့ ဆောက်ထားတယ်။ နှစ်ပေါင်းတစ်ရာ ကျော်ရှိပါပြီ''ဟု ရှေးဟောင်းအိမ်အား စောင့်ရှောက်ပေးသော ဝန်ထမ်းဦး ထွန်းဝင်းက ပြောသည်။
အိမ်ကြီးကိုစိတ်ဝင်စားသူများ သည်အိမ်ကြီးအပြင်မှ ဓာတ်ပုံရိုက် ခြင်း၊ အိမ်ခြံတံခါး အပြင်ဘက်မှအထဲ သို့ကြည့်ရှုလေ့လာခြင်းများပြုလုပ် ကြသည်။ ''အိမ်ကြီးက စိတ်ဝင်စားဖို့ ကောင်းတယ်။ အိမ်ထဲလဲ ဝင်ကြည့် ချင်တယ်။ သရဲခြောက်မလားလို့လဲ ကြောက်မိတယ်။ အပြင်ကနေတော့ ခဏခဏဓာတ်ပုံရိုက်ဖူးတယ်''ဟု ရှေး ဟောင်းအဆောက်အအုံများကို စိတ်ဝင်စားသူတစ်ဦးကပြောသည်။
အိမ်ကြီးအားလာရောက်လေ့ လာသူနိုင်ငံခြားသူတစ်ဦး၏ခရီး သွားလမ်းညွှန်တစ်ဦးကလည်း ''သူ က အိမ်ကြီးကိုစိတ်ဝင်စားတယ်ဆိုပြီး ဒီကိုအတင်းလာတာ။ ကိုယ့်ဘာသာ ကိုယ်ဆိုရင်ဝင်ရဲမှာမဟုတ်ဘူး။ သူက တော်တော်လေးသတ္တိရှိတယ်။ သူက စာရေးဆရာမတစ်ဦးပါ''ဟု ပြောသည်။
 ရှေးဟောင်းအိမ်ကြီးမှာ ညောင် ပင်များကပ်ပေါက်နေပြီး မှောင်မည်း နေသောကြောင့် သရဲခြောက်သည် ဟုအများက ထင်မြင်နေကြခြင်းဖြစ် ကြောင်း သိရသည်။
 ''ကျွန်တော်တို့က ညဘက်ဆို မီး သိပ်မထွန်းတော့မှောင်နေပြီး ကြောက် စရာကောင်းနေတာပါ။ မီးတစ်ပွင့်ပဲ ထွန်းထားတယ်။ သရဲကတော့ သိပ်မခြောက်ပါဘူး။ ခြောက်လဲ မကြောက်ပါ ဘူး။ တစ်ခါတလေကိုယ့် နားမှာရိုးတိုး ရိတ်တိတ်လေး ဖျတ်ခနဲ ဖြတ်သွားတာ မျိုးလောက်ပဲကြုံဖူးတယ်''ဟု အိမ်ကြီး တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
ယင်းအိမ်ကြီးအားယခင်က သစ်တောဝန်ထောက် ဦးမောင်မောင် မှပိုင်ဆိုင်ခဲ့ပြီး ယခုအခါမြန်မာ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦး တေဇပိုင်ဆိုင်သောအိမ်ကြီး ဖြစ်ကြောင်း ဦးထွန်းဝင်းက ပြောသည်။

သူသူထက်လွင်- ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀)၊ အမှတ်(၂၇)။

သူဌေး၏ စော်ကားမှုကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်



ထိုင်းနိုင်ငံ ဥဒွန်ဌာနီမြို့ နောင်ခမ်ရပ်ကွက်ကမှ အလုပ်သမား လင်မယားနှစ်ဦးသည် သူဌေးအိမ် တစ်အိမ်မှာ အလုပ်လုပ်နေပါတယ် မယားဖြစ်သူက ရုပ်ရည်လေး အသင့်တင့် လှပမှုကြောင့် သူဌေးက သူမကိုအခါပေါင်းမြောက်များစွာ မယားသဖွယ်ပြုကျင့်ခဲ့တာကို မကျေနပ်တဲ့အတွက် အကြိမ်ကြိမ်ရဲစခန်းနှင့် သက်ဆိုင်ရာဌာနသို့ သွားရောက် တိုင်ကြားခဲ့သည်မှာ အရေးယူဆောင်ရွက်ပေးခြင်းမရှိ ခဲ့ပါဘူး။  အဲဒါသာမက သူဌေးကဒေသခံရဲအရာရှိနဲ့လူကြီးတွေ သူခင်မင်တယ်ဆိုတဲ့အကြောင်း တိုင်တန်းခဲ့တဲ့အမှုကို သက်ဆိုင်ရာမှာလက်မခံခဲ့တဲ့အတွက် အားရစကားတွေ လာဆိုနေတာကြောင့် ၀မ်းနည်းမိလို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ လင်မယားနှစ်ဦးစလုံး အဆိပ်ခတ်ဆေးသောက်ပြီး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ပါတယ်။  အလောင်းဘေးမှာစာတစ်စောင်ရေးထားခဲ့ ပါသေးတယ် သူဌေးက ကာမေသုကျူးလွန်၍ အမှုတိုင်တန်းရာမှာ မထမြောက်တဲ့အကြောင်းအရာအဖြစ်ပျက်စာလေးတွေ ရေးထားခဲ့ပါသေးတယ်။  ကျန်ရစ်နေတဲ့သားတစ်ယောက်က မနေ့ဖေဖော်ဝရီလ ၁၄ရက်နေ့မှာ သူမိဘနှစ်ပါးအတွက် ရိုးရာထုံးတမ်းအရ ကုသိုလ်ကောင်းမှုလှူဒါန်းပေးပြီး ဈာပနပွဲပြုလုပ်ပေးခဲ့ပါတယ်။  ကျန်ရစ်သား၏ပြောပြချက်အရ ရဲတပ်ဖွဲ့က ဤအမှုကိုလိုက်လံဆောင်ရွက် ပေးတော့မယ်လို့ဆိုပါတယ်။
 MTF Channel https://www.facebook.com/mtftv

ပြိုင်ဘက်အသင်းအပေါ် လေးစားမှုမရှိဟုဝေဖန် ခံနေရတဲ့ ဘာကာ တိုက်စစ်မှုး လီယွန်နယ်မက်ဆီ



ဘာစီလိုနာအသင်း၏တိုက်စစ်မှုးမက်ဆီသည် ပြီးခဲ့သည့်ဆယ်လ်တာဗီလ်ဂိုနှင့်ပွဲစဉ်၌ရရှိသည့် ပန်နယ်တီအခွင့်အရေးကိုကန်သွင်းခြင်း မရှိဘဲအသင်းဖော်ဆွာရက်ထံသို့ပေးပို့ကာ ဟက်ထရစ်ဂိုးသွင်းယူစေခဲ့သည်။
၎င်းပွဲစဉ်တွင်ဘာစီလိုနာအသင်းက ဆယ်လ်တာဗီဂိုအသင်းအားခြောက်ဂိုးတစ်ဂိုးဖြင့်အနိုင်ရ ရှိခဲ့ပြီးပရိသတ်များက မက်ဆီ၏အပြုအမူမှာပြိုင်ဘက်အသင်းအား လေးစားမှု မရှိဟုဝေဖန်ခဲ့ကြသည်။
၎င်းအပြုအမူဟာမက်ဆီအနေနဲ့ပထမဆုံးကြိမ်မဟုတ်ဘဲဂျိုဟန်ခရိုက်ဖ်အနေနဲ့လည်း ဤသို့ပြုမူခဲ့ဖူးကြောင်းသိရသည်။
ရည်ညွှန်း~ဂိုးလ်
By : MBL

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.