Thursday, January 14, 2016

စစ်တပ်ကို ထိခိုက်သည့် အသုံးအနှုန်းများ မသုံးရန် NLDအမတ်ကို သူရဦးရွှေမန်း သတိပေး



နေပြည်တော်(ဇန်နဝါရီ ၁၅)။ ။ အစိုးရစစ်တပ်မှ တပ်မတော်အရာရှိကြီးများ၏ လူမှုစီးပွားဘဝ ပြည့်စုံနေသလောက် အောက်ခြေ တပ်မတော်သားတို့၏ဘဝမှာ ဆင်းရဲချို့တဲ့နေရသည်ဟု လွှတ်တော်တွင် ဆွေးနွေးသည့် NLDအမတ်ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေသည့် အသုံးအနှုန်းမပြောရန် သတိပေးလိုက်သည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးမှုကို ဇန်နဝါရီ ၁၅ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် သူရဦးရွှေမန်းက သတိပေးလိုက်ခြင်း ဖြစ်သည်။

“အထည်ချုပ်စက်ရုံလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ လက်ပံတောင်းတောင်စီမံကိန်းလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ ကြယ်ငါးပွင့်ပင်လယ်ကူးသင်္ဘောလိုင်းလည်း ဦးပိုင်၊ စသည်ဖြင့် ဦးပိုင် ပိုင်တာတွေများသော်လည်း အောက်ခြေတပ်မတော်သားများရဲ့ လူမှုစီးပွားဘဝကို ဘယ်လောက် အထောက်အကူပြုနေသလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော့မဲဆန္ဒနယ်က တပ်မှာတော့ မသေရုံတစ်မယ် စားနေရပြီး အရှက်လုံရုံ ဝတ်ဆင်နေကြရပါတယ်။ ထင်းခွေစားတဲ့လူနဲ့၊ တောကြိုအုံကြား ကင်ပွန်းချဉ်ရွက် ခူးရောင်းတဲ့သူနဲ့ ဒီလို မဖြစ်သင့်ပါဘူး” ဟု ဒေါက်တာအောင်မိုးညိုက ဆွေးနွေးခဲ့သည်။

“အရာရှိကြီးများ အလျှံပယ် ပြည့်စုံနေသလောက် အောက်ခြေရဲဘော်တွေ ဆင်းရဲချို့တဲ့နေမယ်ဆိုရင် တပ်မတော်ရဲ့ ရည်မှန်းချက်” ဟု ဒေါက်တာအောင်မိုးညိုက ဆက်လက်၍ ဆွေးနွေးစဉ် သူရဦးရွှေမန်းက ကြားဖြတ်ပြီး “ဒီမှာ…ဘယ်အဖွဲ့အစည်း သို့မဟုတ်ရင် သိက္ခာကျစေတဲ့ အသုံးအနှုန်းတွေ မသုံးပါနဲ့။ နောက်ဆုံးအကြိမ် သတိပေးတာပါ” ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများတွင် တပ်မတော်အနေဖြင့် လယ်ယာမြေသိမ်းဆည်းခံပြည်သူများ နစ်နာမှုမရှိရန် လျော်ကြေးပေး၍ အလေးထားဖြေရှင်းမည်ဟု ဖော်ပြထားသည်။

သို့သော် လယ်ယာမြေလျော်ကြေးများကို ကာလပေါက်ဈေးဖြင့် ပေးလျော်ရမည်ဟု သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့က ညွှန်ကြားထားသော်လည်း မကွေးတိုင်းတွင် သိမ်းဆည်းမြေ တစ်ဧကလျှင် ကျပ် ၆၀၀၀နှုန်းဖြင့်သာ လျော်ကြေးပေးသည်ဟု ဒေါက်တာအောင်မိုးညိုက လွှတ်တော်တွင် ပြောသည်။

“ကာလပေါက်ဈေးနဲ့ ပေးလျော်ရမည်ဟု သမ္မတကြီးနဲ့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားသော်လည်းပဲ မကွေးမှာ လက်တွေ့ကျတဲ့ လျော်ကြေးဟာ တစ်ဧက ကျပ် ၆၀၀၀ကျပ်သာ ဖြစ်တဲ့အတွက် နွားစာခေါင်းဖိုးတောင် မရှိပါဘူး” ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများအပေါ် ဒေါက်တာအောင်မိုးညိုအပါအဝင် လွှတ်တော်အမတ် ၂၃ဦးက ဆွေးနွေးကြမည်ဖြစ်ပြီး တစ်ဦးလျှင် ၆မိနစ်ကြာ ဆွေးနွေးရန် သူရဦးရွှေမန်းက ခွင့်ပြုထားသည်။

ဇေကမ္ဘာ ဦးခင်ရွှေကို ကြံ့ခိုင်ရေးပါတီက ထုတ်ခံရဟု သတင်းထွက်ပေါ်




နေပြည်တော်(ဇန်နဝါရီ ၁၅)။ ။ တရားဝင် အကြောင်း
ကြားစာမရောက်သေးသော်လည်း ပါတီမှ ထုတ်ပယ်ခံရသည်ဟူသည့် သတင်းရထားသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇေကမ္ဘာကုမ္ပဏီအကြီးအကဲဖြစ်သူ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ဇန်နဝါရီ ၁၅ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် ပြောသည်။

“တရားဝင်တော့ မလာသေးဘူး။ ဒီလိုပဲ ထုတ်တယ်လို့ပဲ ကြားတယ်။ ပြီးခဲ့တဲ့ ဟိုဒင်း(ရွေးကောက်ပွဲ)တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်မယ်ဆိုတော့ ပါတီစည်းကမ်းကို ဖျက်တယ်လို့ သူတို့ စိတ်ထဲမှာ ထင်တယ်” ဟု ဦးခင်ရွှေက ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ အမျိုးသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်သော ဦးခင်ရွှေအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ဝင်ပြိုင်သော ဒေါ်အောင်ဆန်းစုကြည်အား မဲထည့်ကြရန် ပြောဆိုခဲ့သည့်အတွက် ပါတီမှ ခေါ်ယူစစ်ဆေးခဲ့သေးသည်ဟုလည်း ဦးခင်ရွှေက ဆိုသည်။

ဦးခင်ရွှေအနေဖြင့် ယနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပါတီအမှတ်တံဆိပ် ရင်ထိုးကို ချိတ်ဆွဲထားခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

အက်ဆစ်နဲ့အပက်ခံရပြီးမှ မော်ဒယ်လ်ဖြစ်လာသူ အမျိုးသမီး



အိန္ဒိယနိုင်ငံရဲ့အ၀တ်အစား ကုမ္ပဏီတခုက အက်ဆစ်နဲ့အပက်ခံရပြီး မျက်နှာပြင်တခုလုံးနဲ့ ခန္တာကိုယ် အစိတ်အပိုင်းတချို့ ပျက်ဆီးခဲ့ရတဲ့ လက်စ်မီ ဆား ဆိုသူ အမျိုးသမီးကို ဘရန်းမော်ဒယ်လ်အဖြစ် လုပ်ဆောင်ပေးဖို့ရန် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အဲ့ဒီလို လုပ်ဆောင်ရခြင်းကို “Face of Courage” လို့ အမည်ခေါ်ဆိုခဲ့တာပါ။ အက်ဆစ်နဲ့အပက်ခံခဲ့ရသူ မစ္စ ဆားဟာ အသက် ၃၂ နှစ်အရွယ် လူတဦးရဲ့ လက်ထပ်ခွင့်တောင်းခံခြင်းကို ငြင်းပယ်လိုက်တဲ့အတွက် အက်ဆစ်နဲ့ အပက်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက သူမ အသက်ဟာ ၁၅ နှစ်သာသာပဲ ရှိပါသေးတယ်။

“စပြီး အပက်ခံရချင်းမှာ အေးခနဲခံစားလိုက်ရတယ်။ နောက်တော့ ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာတယ်လို့ ခံစားရတယ်။ အဲ့အရည်တွေကြောင့် ကျမ အသားတွေ ပျော်ကျလာတော့တာပါပဲ” အက်ဆစ်နဲ့ အပက်ခံရစဉ်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

သူမဟာ အဲ့ဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် အိန္ဒိယနိုင်ငံတွင် အက်ဆစ်ပက်ကာ တိုက်ခိုက်မှုများကို ကျုးလွန်နေကြတဲ့တရားခံများအား ပြင်းထန်းတဲ့ အပြစ်ပေးဖို့ နဲ့ စည်းကမ်းမဲ့ အက်ဆစ်များရောင်းချနေမှုကို ထိန်းသိမ်းခြင်း မရှိတဲ့အပေါ် ဆန့်ကျင်ပြောဆိုခဲ့သူတဦးဖြစ်လာပါတော့တယ်။

“ဒီလို ဘရန်းမော်ဒယ်လ်အဖြစ်လုပ်ဆောင်ခွင့်ရတဲ့ အခွင့်အရေးဟာ ကျမတို့လို အက်ဆစ်နဲ့အပက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေရှိပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့၊ ဂုဏ်ယူဖို့ ဥပမာတခုအနေနဲ့ ချပြခွင့်ရမယ့် အခွင့်အရေး ဖြစ်ပါတယ်။

 နောက်ပြီး ကျမတို့ကို အက်ဆစ်နဲ့ပက်ပြီး ဒီလို ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးအောင်လုပ်လို့ရပေမယ့် ကျမတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ပျက်ဆီးသွားမှာမဟုတ်ဘူးဆိုတာကို အက်ဆစ်နဲ့ပက်ခဲ့တဲ့ တရားခံ တွေသိအောင် ပြောပြလို့ရမယ့် အခွင့်အရေးတခုလည်းဖြစ်ပါတယ်” လို့ မစ္စ ဆားက BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Survivors Trust International အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုအရ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် လူတထောင် ထက်မနည်း အက်ဆစ်နဲ့အပက်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီလို အက်ဆစ်နဲ့အပက်တိုက်ခိုက်မှုကို တရားစွဲဆိုနိုင်ဖို့အတွက် တစုံတရာ တိကျခိုင်မာတဲ့ဥပဒေရယ်လို့ တိုင်းပြည်မှာ မရှိသေးတာဟာ မုန်းတီးစရာဖြစ်ရပ်တခုရယ်လို့ သတင်းက ဆိုပါတယ်။

Viva N Diva အ၀တ်အစားကုမ္ပဏီအနေနဲ့ မစ္စ ဆားကို ဘရန်းမော်ဒယ်လ်အဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် အခုလို ပြောဆိုသွားခဲ့ပါတယ်။ “အလှအပဆိုတာ ရုပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်တခုဆိုတာ နားလည်သဘောပေါက်အောင် ချပြပြီးတော့ ဖက်ရှင်အလှအပနဲ့ ပတ်သက်တဲ့ လူတွေရဲ့အမြင်တွေကိုပြောင်းလဲစေချင်တာပါပဲ”

Ref: BBC news

Irrawaddy

ဆီးချို သွေးချို ရောဂါ အတွက် ဗောက်သီးပင်




ဆီးချို သွေးချို ရောဂါ အတွက် ဗောက်သီးပင်




ဒီအပင်ကို လမ်းဘေး တွေမှာ မကြာခဏ မြင်တွေ့ဖူး ကြမှာပါ။ ဗောက်ပင် ဖြစ်ပါတယ်။ အချို့ကတော့ ဘောက်သီးလို့ ခေါ်ပါတယ်။

Google ကြည့်တော့ အဲဒီ အသီး နာမည်က Cape Gooseberry (Goldenberry) လို့  ခေါ်ကြောင်း သိလိုက် ရတယ်။



ဗောက်သီးမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် B1 and B3 တို့ ပါဝင်ခြင်းကြောင့် ဆီးချိုရောဂါ အပြင် ရောင်ရမ်းမှု ဝေဒနာများ၊ အဆုပ်နာများ ကိုလည်း သက်သာ စေပါတယ်။ ကင်ဆာကို ဖြစ်စေသည့် ရောဂါများ ကိုလည်း ကာကွယ်ပေးနိုင်သည့် အစွမ်းသတ္တိ ထူးများ ပါဝင်နေ ပါတယ်။

ဒီအပင်ရဲ့ ပဉ္စငါးပါးစလုံးကို ဆီးချို သွေးချို ရောဂါ အတွက် အသုံးပြုနိုင် ပါတယ်။ အသီးကိုလည်း စားနိုင်ပါတယ်။ ခရမ်းချဉ်သီး အရသာ ရှိပါတယ်။ မှည့်နေသည့် အသီးများ ချိုသည့် အတွက် ကလေးများ ကြိုက်ကြ ပါတယ်။

ဆေးဖက်ဝင်သည့် အတွက် နိုင်ငံခြားမှာ ဆိုရင် ကိတ်မုန့်ပေါ် တင်ထားပြီး စားသုံးကြ ပါတယ်။

ဆီးချိုအတွက် ဆေးနည်း

၁။ အပင်၊ အရွက်၊ အမြှစ်၊ အသီး၊ အပွင့်တို့ကို လက်တစ်ဆုပ် စာလောက် ခူးပြီး ရေစင်အောင် ဆေးကြော လိုက်ပါ။

၂။ ရေ ၃ခွက် ၁ ခွက် ကျန်တဲ့ အထိ ကျိုလိုက်ပါ။

၃။ လက်ဖက်ရည်ခွက် တစ်ခွက်စာ ခန့်ကို မနက် တစ်ကြိမ်၊ ည တစ်ကြိမ် သောက်ပါ။

အရသာခါးလွန်းရင် ထန်းလျက်ခဲ အနည်းငယ်နှင့် သောက်ပါ။ တစ်လခန့် သောက်ပါက ဆီးချိုသွေးချို ရောဂါ သက်သာ သွားပါမည်။

ဦးစောနွဲ့နေဆိုင် (တိုင်းခမ်းတီ)

ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ ဆေးဖက်ဝင်အပင်များ

စပိန်ထိပ်သီးအသင်းကြီးများဖြစ်သည့် ရီးယဲလ် မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့အားအပြောင်းအရွှေ့ကာလနှစ်ခု ကစားသမား ဝယ်ယူခြင်း ပိတ်ပင်


စပိန်ထိပ်သီးအသင်းကြီးများဖြစ်သည့် ရီးယဲလ် မက်ဒရစ်အသင်းနှင့် အက်သလက်တီကို မက်ဒရစ်အသင်းတို့အား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အသက် ၁၈ နှစ်အောက် ကစားသမားများ ခေါ်ယူမှုနှင့်ပတ်သက်ပြီး စည်းကမ်းချက်များနှင့် မညီညွတ်သည်ကို တွေ့ရှိရသည့်အတွက် အပြောင်းအရွှေ့ကာလနှစ်ခု ကစားသမား ဝယ်ယူခြင်း ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ယခုချမှတ်ခဲ့သော ပြစ်ဒဏ်သည် လက်ရှိဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အကြုံးဝင်ဦးမည် မဟုတ်ဘဲ လာမည့် ၂၀၁၆-၁၇ ရာသီ အပြောင်းအရွှေ့ကာလနှစ်ခုတွင်မှ အကြုံးဝင်မည် ဖြစ်သည်။

ရီးယဲလ်နှင့်အက်သလက်တို့၏ ဖြစ်စဉ်များသည် ဘာစီလိုနာအသင်း၏ ဖြစ်စဉ်နှင့် တူညီသည့် ဖြစ်စဉ်များဖြစ်သည်။ ဘာစီလိုနာအသင်းမှာ ဖီဖာမှချမှတ်ခဲ့သော ပြစ်ဒဏ်ကို အပြည့်အဝခံယူခဲ့ရပြီး ယခုအပြောင်းအရွှေ့ ကာလတွင်မှ ပြစ်ဒဏ်ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

ဖီဖာ၏ ထုတ်ပြန်ကြေညာချက်တွင် စပိန်ကလပ် အသင်းနှစ်သင်းဖြစ်သည့် ရီးယဲလ်နှင့် အက်သလက်တို့သည် နိုင်ငံတကာ အပြောင်းအရွှေ့နှင့် အသက် ၁၈ နှစ်အောက် ကစားသမားများ ခေါ်ယူမှုများတွင် သတ်မှတ်ထားသည့် စည်းကမ်းများအား ချိုးဖောက်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ဖီဖာ၏ စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပြစ်ဒဏ်ချမှတ်လိုက်သည်။

“ကလပ်အသင်းနှစ်သင်းစလုံးသည် နိုင်ငံတကာမှ ကစားသမားများခေါ်ယူရာတွင် စည်းကမ်းများ ချိုးဖောက်ခဲ့သလို လူငယ်ကစားသမားများကို ပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းရာတွင်လည်း စည်းကမ်း ချိုးဖောက်ခဲ့သည်များကို တွေ့ရှိရသည်။ ထို့ကြောင့် ၎င်းတို့ နှစ်သင်းစလုံးအနေဖြင့် လာမည့် အပြောင်းအရွှေ့ကာလတွင် နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် ကစားသမားများကို ဝယ်ယူခွင့်ရရှိမည် မဟုတ်” ဟု ပါရှိသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသအချို့တွင် တရုတ်နိုင်ငံသားများမှ တရားမ၀င် ၀င်ရောက်ကာ စိုက်ပျိုးမြေဖော်ထုတ်မှုများ ရှိနေ






မြန်မာ-တရုတ်နယ်စပ်ဒေသအချို့တွင် တရုတ်နိုင်ငံသားများမှ တရားမ၀င် ၀င်ရောက်ကာ စိုက်ပျိုးမြေဖော်ထုတ်မှုများ ရှိနေကြောင်း သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ဇန်န၀ါရီ ၁၃ ရက်က ပြောကြားသည်။

ယင်းလုပ်ဆောင်မှုများကို တရုတ်အစိုးရထံသို့ ကန့်ကွက်မှုများ ပြုလုပ်ထားပြီး ထိန်းချုပ်ရန် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် သစ်ခိုးထုတ်မှုကို ထိန်းချုပ်ရန်အပါအ၀င် သစ်တောသယံဇာတများကို ထိန်းသိမ်းရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးပွဲအရ “ပြဿနာတစ်ခုရှိတယ်ဗျ။ တောမီးလောင်တဲ့ကိစ္စကို သူတို့ အစိုးရ (တရုတ် အစိုးရအဖွဲ့ကိုယ်စားလှယ်) ဘာပြောလဲ ဆိုရင် ဗမာပြည်ဘက်က တောမီးဟာ သူတို့ နိုင်ငံဘက်ကို ၀င်ရင် သူတို့ဘက်က ဆုံးရှုံး တယ်ပေါ့ဗျာ။ အဲဒီတော့ ဗမာပြည်ဘက်က  ထိန်းသိမ်းပေးပါ။ သူတို့ ဆုံးရှုံးမှုတွေကိုပါ ပေးလျော်ရမယ့်ပုံစံမျိုး ပြောတယ်ဗျ။ တောမီးလောင်တာ တို့ဆီမှာ တော်တော်လေးနည်းတယ်။ ဒါပေမဲ့  လောင်တဲ့နေရာတွေကြည့်ရင် တရုတ်ဘက်ကလူတွေ တရားမ၀င်လာပြီးတော့ စိုက်ပျိုးမြေဖော်ထုတ်မှုတွေကြောင့် လောင်တယ်။ တို့ဘက်က ဖော်ထုတ်တာ  ဒီလောက်ကြီးကြီးမားမား မလောင်ဘူး”ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ပြောကြားသည်။

တရုတ်နိုင်ငံ အစိုးရအဖွဲ့ကိုယ်စားလှယ်များမှ မြန်မာ-တရုတ်နယ်စပ်တွင် တောမီးလောင်ကျွမ်းမှု ရှိခဲ့ပါက ၀င်ရောက်မီးငြှိမ်းသတ်ခွင့် တောင်းဆိုမှုများရှိခဲ့ကြောင်း၊ ယင်း တောင်းဆိုမှုကို  မြန်မာအစိုးရအဖွဲ့ကိုယ်စား လှယ်များက ပိုင်နက်ကျူးကျော်ခြင်း ဖြစ်သဖြင့် ခွင့်မပြုနိုင်ကြောင်း ဆွေးနွေးပွဲအတွင်း ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှာ သစ်အခြေခံစက်မှုဇုန် တည်ဆောက်ရေးအပါအ၀င် တင်ဒါစနစ်ဖြင့် သစ်အလုံးလိုက် ၀ယ်ယူရန် မြန်မာအစိုးရအဖွဲ့သို့တောင်းဆိုမှုများကိုလည်း လက်မခံနိုင်ကြောင်း အကြောင်းပြန်ထားသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားသည်။

လတ်တလောထွက်ပေါ်နေသည့် တရုတ်နိုင်ငံကို သစ်ရောင်းချခွင့်၊ သစ်စိုက်ပျိုးခွင့်နှင့် နယ်စပ်ဖြတ်ကျော်သစ်ကုန်သွယ်မှု တရားမ၀င်ဖြစ်ရန် ခွင့်ပြုမည့် နားလည်မှု စာချွန်လွှာရေးထိုးရန် သတင်းထွက်ပေါ်မှုမှာလည်း မှားယွင်းနေသော အချက်အလက်ဖြစ်ကြောင်း သိရသည်။

တရားမ၀င်သစ် တရုတ်နိုင်ငံသို့ ၀င်ရောက်မှုများ အပါအ၀င် မြန်မာနိုင်ငံအတွင်းသို့ သစ်တောသယံဇာတများ ခုတ်ယူသုံးစွဲမှုများကို တရုတ်နိုင်ငံအစိုးရမှ ယခင်ထက်ပိုမိုပြီး ထိန်းချုပ်ပေးရန်အတွက်သာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပြောကြားသည်။                          

Writer:
အောင်ရဲကို
News

ဘောလုံးလောက် ကြီးလာတဲ့ ဗိုက်ကြောင့် ပစ္စည်းခိုးတယ်လို့ အထင်ခံနေရသူ



အသက်(၆၇)နှစ် အရွယ် အင်္ဂလန်နိုင်ငံသား ဂရန်း ဝီလီယမ်တစ်ယောက် သူ့ဗိုက်က ဘောလုံးလောက်ကြီး ဖောင်းလာတဲ့ ဝေဒနာကို နှစ် နှစ်ကြာ ခံစားခဲ့ရတဲ့ အချိန်မှာ အကြီးဆုံးကြုံနေရတဲ့ အခက်အခဲကတော့ ပစ္စည်းခိုးပြီး ဗိုက်ထဲမှာ ဖွက်ထားတယ်လို့ လူတွေက အထင်လွဲခံရတာလို့ ဆိုပါတယ်။
"ကျွန်တော်ဆိုင်တွေမှာ ပစ္စည်းသွားဝယ်တော့ ပစ္စည်းခိုးပြီး ဗိုက်ထဲမှာ ဖွက်ထားတယ်လို့ လူတွေထင်ကြတယ်။ တစ်ခါတုန်းက ကျွန်တော့်ရဲ့ခွေးနဲ့ အတူရှိနေတဲ့ အချိန်မှာ ကျွန်တော့်ကိုမေးတယ်။ ဟေ့ ဘာလို့ ဘောလုံးကို ခွေးကို ပေးမဆော့တာလဲလို့ မေးတယ်။ နောက်တစ်ယောက်က ထပ်မေးတယ်။ ဘယ်အချိန်မှ ကျွန်တော့်ရဲ့အမွှာထွက်လာမှာလဲလို့။ ကျွန်တော်ဘယ်သွားသွား လူတွေကျွန်တော့်ကို ပြူးကြည့်တာ။ ကိုယ်ရောစိတ်ပါ ကျွန်တော် အရမ်း စိတ်ဆင်းရဲစွာ ခံစားရတယ်"လို့ ဂရန်းက ဆိုပါတယ်။
နောက်ဆုံး ဂရေးဟမ်အောက်ဖ်ဖာလ်ဆိုတဲ့ ခွဲစိတ်ဆရာဝန်နဲ့ သွားတွေ့တဲ့နောက် ခြောက်နာရီကြာ ခွဲစိတ်ကုသမှုခံယူပြီး အခုမှာတော့ သာမန်ဗိုက်အတိုင်း ဖြစ်သွားပါပြီလို့ ဂရန်းကဆိုပါတယ်။
"အူရွေ့ သွားတယ်ဆိုတာကို သိလိုက်ရတဲ့ အချိန်တုန်းက ကျွန်တော် အလွန်စိတ်ညစ်ပါတယ်။ ဒီတစ်ဘဝလုံး ဘာမှလုပ်လို့ မရတော့ဘူး လို့လည်း စဉ်းစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုက်ကအရမ်းကြီးနေတော့ နေ့စဉ်သွားလာလှုပ်ရှားရတာ အားလုံး အဆင်မပြေဘူး။ ဒါပေမဲ့ အခုတော့ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်နိုင်ပြီး ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ပြန်ရပြီး ဘယ်သွားသွား ကျွန်တော့်ကိုပြူးကြည့်တဲ့လူ မရှိတော့ပါဘူး။ ကျွန်တော် အလွန်ပျော်ရွှင်ဝမ်းသာပါတယ်"လို့ ဂရန်းက ပြောပါတယ်။





သူက အစာအိမ်ကင်ဆာကြောင့် ခွဲစိတ်ခံခဲ့ရပြီးတဲ့နောက်မှာ နောက်ဆက်တွဲအနေနဲ့ "အူရွေ့" သွားခြင်းကြောင့် အခုဆိုရင် ပရန်းရဲ့ဗိုက်ဟာ (၂၀) ကနေ (၃၀) စင်တီမီတာအထိ ပိုကြီးလာပြီး အစောပိုင်းတုန်းကတော့ ခွဲစိတ်ကုသလို့လည်း မရဘူးလို့ ဆိုတဲ့အတွက် သူ့မှာဒုက္ခတွေ ရောက်နေခဲ့ရတာပါ။

ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref; Daily Mailhttp://www.tachileik.net/2016/01/dmb.html

ဘာကြောငိ့အီတလီစီးရီးအေက ကစားသမားတွေကို ပရီးမီးယားလိဂ်ကလပ်တွေက ခေါ်လိုကြသလဲ




ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ကာလဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်လောက်
လှုပ်လှုပ်ရွရွမဖြစ်တတ်တဲ့ အပြောင်းအရွှေ့ဈေးကွက်ကာလ ဖြစ်ပေ မယ့် ဒီနှစ်ဘောလုံးရာသီမှာတော့
ပရီမီယာ လိဂ်က အသင်းငယ်တွေနဲ့ အလယ်အလတ် အသင်းတွေဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ ဈေးကွက်ကာလမှာ ပြင်ဆင်အားဖြည့်မှုတွေ တော်တော်လေးလုပ်တဲ့ရာသီ
ဖြစ်နေတာကို တွေ့နေရပါတယ်။

ဘာကြောင့် ပရီမီယာလိဂ်အသင်းငယ်တွေ ဒုတိယရာသီ ၀က်အတွက် ပြင်ဆင်အားဖြည့်မှုတွေ
လုပ်နေ သလဲဆိုတာကို ကြည့်လိုက်ရင်တော့ အလယ် အလတ်နဲ့ အသင်းတွေဟာ လုံလောက်တဲ့
ငွေကြေးပိုင်ဆိုင်ထားကြပြီး တန်းမဆင်းချင် တာကြောင့် ပြင်ဆင်အားဖြည့်နေခြင်းဖြစ်တာကို
တွေ့ရမှာဖြစ်ပါတယ်။

ပရီမီယာလိဂ် ရဲ့ ပြည်ပရုပ်သံခွဲတမ်းက ချန်ပီယံဖြစ်တဲ့အသင်းနဲ့ တန်းဆင်းရတဲ့အသင်းတို့ကြား
ခွဲဝေရရှိမှု အချိုးညီစွာ ရရှိထားတာကြောင့် ပရီမီယာလိဂ်က အလယ်အလတ်အသင်းတွေနဲ့
အသင်းငယ်တွေဟာ ငွေလုံလောက် စွာ ရရှိထားတာကြောင့် သူတို့အသင်းတွေ တောင့်တင်းမှုရှိပြီး
တန်းမဆင်း ရနိုင်ဖို့ အတွက် ကစားသမားတွေကို ဖြည့်တင်းနေ ကြတာဖြစ်ပါတယ်။ ပရီမီယာ
လိဂ်မှာ ဒီရာသီ အင်အားအနည်းဆုံး အသင်းက တန်းတက် လာတဲ့ ဘုန်းမောက်အသင်းလေး
ပဲဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီဘုန်းမောက်အသင်းလေး ရဲ့ ရုပ်သံဝင်ငွေရရှိမှုက အီတလီက
အေစီမီလန်အသင်းရဲ့ ၀င်ငွေထက်ပိုပြီးကောင်းခဲ့တာကို ထူးခြားစွာတွေ့ရမှာပဲ ဖြစ်ပါတယ်။

ပရီမီယားလိဂ်က အသင်းငယ်လေး ဘုန်းမောက်ဟာ အခုဇန်န၀ါရီအပြောင်းအရွှေ့ ဈေးကွက်
ဖွင့်တဲ့အခါမှာ အေစီမီလန် တိုက်စစ်မှူး အယ်လ်ရှာရာဝီကို ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့တာကိုတွေ့ခဲ့
ရပါတယ်။ ဘုန်း မောက် အသင်းလေးက အေစီမီလန်အသင်း ကြီးက အီတလီ လက်ရွေးစင်
တိုက်စစ်မှူး အယ်လ်ရှာရာဝီကို ကမ်းလှမ်းခြင်းက ထူးဆန်းမှု ဖြစ်နေတာကိုတွေ့ရမှာပဲဖြစ်ပါ
တယ်။ ဒီထူးဆန်းမှုကို လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ ဘုန်းမောက်ရဲ့ ၂၀၁၅-၁၆
ဘောလုံးရာသီမှာ ရုပ်သံခွဲဝေမှုကနေ ပေါင် ၇၁ သန်း ရရှိမှာဖြစ်တာကိုတွေ့ရမှာဖြစ်
ပါတယ်။

ဒီပမာဏက ဘုန်းမောက်ကို တောင့်တင်းတဲ့ အသင်းဖြစ်အောင် တည်ဆောက်လို့ရနိုင်တဲ့
ပမာဏ ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါ တယ်။ စီးရီးအေရုပ်သံခွဲဝေမှု မှာ အေစီမီလန်ဟာ
ဘုန်းမောက်ရမယ့် ပမာဏ လောက်မရတာကို တွေ့နေ ရပါတယ်။ ဒါဟာ ပရီမီယာ လိဂ်နဲ့
စီးရီးအေရဲ့ ရုပ်သံ ခွဲဝေပေးမှု မတူညီသော ကွာခြားမှုပဲဖြစ်ပါ တယ်။ အေစီမီလန်ဟာ
ဘုန်းမောက်ထက် ၀င်ငွေအရပ်ရပ်မှာ သာကောင်းသာသွားနိုင် ပေမယ့် ရုပ်သံဝင်ငွေမှာတော့ ဘုန်းမောက်ကိုမမီဘူးဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုန်းမောက်ဟာ
အခု ဆောင်းရာသီဈေးကွက်ဖွင့်ချိန်မှာ ကစား သမားတွေဖြည့်တင်းနေတာကို တွေ့နေရပါ
တယ်။ အေစီမီလန်က အယ်လ်ရှာရာဝီကို ကမ်းလှမ်းမှု အဆင်မပြေတဲ့အခါ လိဂ်ချန်ပီယံရှစ်က
ဝုဖ်ဗာဟန်တန် တိုက်စစ်မှူး အေဖိုးဘီကို ပေါင် ၁၂ သန်းပေးပြီးခေါ်လိုက် သလို ရိုးမားတိုက်စစ်မှူး အီတာဘီကိုလည်းခေါ်လိုက်တာကိုတွေ့ရပါတယ်။ ရိုးမား ကစား သမားတစ်ယောက်က
ဘုန်းမောက်ကို လာကစားဖို့ဆိုတာ တော်ရုံမက်လုံးနဲ့ လာမှာ မဟုတ်ပါဘူး။

အီတာဘီဟာ အာဂျင်တီးနား ယူ ၂၀ လက်ရွေးစင်တစ်ဦးပဲ ဖြစ်ပါတယ်။ ပရီမီယာလိဂ်
တန်းဆင်းဇုန်မှာ ရုန်းကန် နေတဲ့ ဆွမ်ဆီးဟာလည်း စီးရီးအေက နာပိုလီ တိုက်စစ်မှူး
ဂါဘီယာဒီနီကိုခေါ်ဖို့ကြိုးစား လျက်ရှိနေပါတယ်။ ဂါဘီယာဒီနီဟာ အသက် ၂၄ နှစ်
ပဲရှိသေးပြီး နာပိုလီမှာ ဦးစားပေးနေရာမရဖြစ်နေသူပါ၊ လူစားဝင် ကစားရင်းနဲ့ အရေးပါတဲ့
ဂိုးတချို့ ကို သွင်းပေးနေသူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ဆမ်ဒိုးရီးယားကနေ ပေါင် ၉ ဒသ
မ ၇ သန်းနဲ့ ရောက်လာသူပါ။

အီတလီလက်ရွေးစင် အဖြစ် ခြောက်ကြိမ်ကစားခဲ့သူ ဖြစ်ပြီး ဆွမ်ဆီးက သူ့ကို တစ်နှစ်လစာ
ပေါင် တစ်သန်း မက်လုံးနဲ့ ကမ်းလှမ်းနေ တာ ဖြစ်ပါတယ်။ ဆွမ်ဆီးဟာလည်းအသင်းငယ်
တစ်သင်း သာပဲ ဖြစ်ပါတယ်။ ပရီမီယာလိဂ်မှာ တင်ကျန်နိုင်ဖို့ဆိုတာ သူတို့ရဲ့ရည်ရွယ်ချက်
ဖြစ်ပါတယ်။ ဒီလို အသင်းငယ်တွေက အီတလီက ကစားသမားတွေကိုစိတ်ဝင်စားဖွယ်
မက်လုံးတွေပေးနိုင်တာဟာ ပရီမီယာ လိဂ်အသင်းတွေရဲ့ ငွေကြေးတောင့်တင်းလာခြင်းကြောင့်
သာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းကဆိုရင် အလယ်အလတ်အသင်း
စတုတ်စီးတီးဟာ အင်တာမီလန် က ဆွစ်ဇာလန်လက်ရွေးစင် ရှာကီရီ ၊ ဘာစီလိုနာက အယ်ဖေလီတို့ကို ခေါ်ယူအားဖြည့်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုကစားသမားတွေကိုခေါ်ဖို့ဆိုတာ အလယ်အလတ်နဲ့ အသင်းငယ်တွေအတွက်
ဟိုယခင်နှစ်တွေ ကလိုမျိုးဆိုရင် မလွယ်ပါဘူး။ ခြေစွမ်းပြနေတဲ့ လက်စတာအသင်းကို
ကြည့်လိုက်ရင်လည်း ဘွန်ဒက်စ်လီဂါ မိန့်ဇ်ကလပ်က အိုကာဇာကီ၊ ရှော်လ်ကာ
နောက်တန်းက ဖူခ်ျ၊ စီးရီးအေနာပိုလီက အင်လာတို့ကို ခေါ်ထားခဲ့ကြပါတယ်။
လက်စတာ၊ စတုတ်တို့ရဲ့ နွေရာသီပြင် ဆင်မှုက အခုဆောင်းရာသီမှာ ဘုန်းမောက်၊
ဆွမ်ဆီး၊ နောဝစ်ခ်ျတို့အတွက် နမူနာဖြစ်လာ ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက
လက်စတာ၊ စတုတ်တို့တင်မဟုတ်ဘဲ ၀က်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ဟာလည်း
အားထားရတဲ့ ထိပ်တန်း ကစားသမားတွေကို ဖြည့်တင်းခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းမှာ အားထားရသူဖြစ်နေတဲ့ ပေယက်ဆိုရင်
 ပြင်သစ်ကလပ်မာဆေးလ်၊
ဂျူဗင်တပ်က အောဘိုနာ၊ ခရစ္စတယ်ပဲလေ့စ် ဆိုရင်လည်း ပီအက်စ်ဂျီကွင်းလယ်သမား
ကာဗာယီတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ကြပါ တယ်။ တန်းဆင်းဇုန်ရောက် ဆန်းဒါးလန်း
အသင်းဆိုရင်လည်း ဘိုင်ယန်မြူးနစ်ကစား သမား ယန်ကာခ်ျ့ဟော့ဖ်ကို အားဖြည့်လိုက်
တာတွေ့ရပါတယ်။ ဘိုင်ယန်မြုးနစ်နဲ့အတူ ချန်ပီယံလိဂ်ပွဲတွေ ကစားထားခဲ့တဲ့သူဖြစ်ပါတယ်။
ဆန်းဒါးလန်းလို တန်းဆင်းဇုန်အသင်း ဆီကို ရဲရဲတင်းတင်းလာကစားရဲတယ်ဆိုတာ
ဆန်းဒါးလန်းကပေးတဲ့ လုပ်ခလစာ မြိုးမြိုးမြက်မြက် ရခဲ့တာကြောင့်ဆိုတာထင်ရှားနေပါတယ်။
ဘုန်းမောက်၊ ဆန်းဒါးလန်း တို့လိုပဲ တန်းတက် နောဝစ်ခ်ျအသင်း ဟာလည်း အားဖြည့်မှုတွေ
လုပ်နေတာကိုတွေ့ရပါတယ်။

နောဝစ်ခ်ျဟာ အင်တာ မီလန် နောက်တန်းသမား ရာနော့ချီယာကို တစ်နှစ်လုပ်ခလစာ
သုံးသန်းနဲ့ ကမ်းလှမ်းနေ ပါတယ်။ နောဝစ်ခ်ျဟာလည်း ဆောင်းရာသီ ဈေးကွက်မှာ
တော်တော်လေးပြင်ဆင်ဖွယ် ရှိနေပါတယ်။ အဲဗာတန်မှာ လူစားဝင် ကစားရင်း
ခြေစွမ်းပြနေတဲ့ နေးစမစ်ဟာ နောဝစ်ခ်ျ ကိုရောက်ဖို့ တော်တော်နီးစပ်နေပြီ ဖြစ်ပါတယ်။
ဒီလိုပြင်ဆင်နေခြင်းဟာ တန်းမဆင်း ရဖို့အတွက်ဆိုတာ ထင်ရှားနေပါတယ်။ အာဆင်နယ်
မန်နေဂျာ အာဆင်ဝင်းဂါးက တော့ ပရီမီယာလိဂ်ရဲ့ ရုပ်သံဝင်ငွေခွဲဝေပေးမှု မျှတမှု ရှိလာခြင်းက
အသင်းငယ်တွေ အတွက် တိုးတက်မှုဖြစ်လာစေခဲ့ပြီး ပရီမီယာ လိဂ်ဟာလည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့လိဂ်ဖြစ်လာစေခဲ့တယ်လို့ဆိုထားပါတယ်။

ဒီနှစ် ဟာ ပြီးခဲ့တဲ့နှစ်များကနဲ့မတူအောင်ကို ထိပ်သီးအသင်းတွေဟာ ခက်ခက်ခဲခဲ
ကစားနေရတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ ချယ်လ်ဆီးကိုယ်တိုင်
အခက်အခဲတွေ့နေတာ၊ ၀က်စ်ဟမ်းနဲ့ စတုတ်တို့လိုအလယ်အလတ်အသင်းတွေဟာ
ထိပ်သီး အသင်းကြီးတွေကို အနိုင်ကစားနိုင်ခဲ့တာတွေဟာ မထင်မှတ်တဲ့ရလဒ်လို့
တချို့ပြောဆိုနေကြပေမယ့် တကယ်တော့ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းနဲ့ အသင်းငယ်တွေနဲ့
အသင်း လတ်တွေရဲ့ တိုးတက်လာခြင်းကြောင့် သာပဲဖြစ်ပါတယ်။ အရင်ကဆိုရင် အသင်းငယ်နဲ့
အသင်းလတ်တွေ ဟာ ကစားသမားဖြည့်မယ်ဆိုရင် အင်္ဂလန် ပြည်တွင်းဝန်းကျင်ပဲ ရှာဖွေနိုင်ခဲ့၊
အငှား ကစားသမားတွေသာ ဖြည့်တင်းနိုင်ခဲ့ကြပေမယ့် အခုတော့သူတို့ကိုယ်တိုင် ငွေရှိလာတဲ့
အခါ စိတ်ကြိုက်ကစားသမားကို ရှာဖွေလာ ကြတာပဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်လို၊
ဘုန်းမောက်အသင်းလို အသင်းလေးတွေကို အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေက လာရောက်
ရင်းနှီးမြှုပ်နှံနေကြတယ်ဆိုတာကို ကြည့်လိုက် ရင် ပရီမီယာလိဂ်ဟာ မက်လောက်တဲ့ဝင်ငွေ
ရှိထားတယ်ဆိုတာက ထင်ရှားနေခဲ့ပါတယ်။ ဒီအသင်းလေးတွေကို လာပြီးရင်းနှီးမြှုပ်နှံဖို့ ဆိုတာ
သာမန်ဆိုရင် မဖြစ်နိုင်ပါဘူး။

ရေရှည် အကျိုးအတွက် သူတို့တွေ ရင်းနှီးမြှုပ်နှံနေ တာကို ကြည့်လိုက်ရင် အသင်းလတ်၊
အသင်း ငယ်တွေဟာ ပိုပြီးတောင့်တင်းလာမယ့်အနေ အထားကို ရောက်လာနေပြီ ဖြစ်ပါတယ်။
ပရီမီယာလိဂ်ရဲ့ ရုပ်သံခွဲဝေမှုရဲ့ မျှတတဲ့သက်ရောက်မှုက အသင်းငယ်တွေ နာလန်ထူ
လာနိုင်တာမို့ အခြားသောလိဂ်တွေက အသင်းတွေအတွက် နမူနာဖြစ်လာခဲ့ပါတယ်။
ဒါကြောင့်လည်း ပရီမီယာလိဂ်က အသင်းငယ်တွေဟာ စီးရီးအေကစားသမားတွေကို
စိတ်ဝင်စား ခေါ်ယူဖို့ ပြင်ဆင်နေကြခြင်းဖြစ် ပါတယ်။ အီတာဘီနဲ့အတူ ဘယ်သူတွေ
ရောက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

အချစ်စစ်နှင့်အိမ်ထောင်ဖက်



ကျွန်မခံစားခဲ့ရဖူးတဲ့ အချစ်စစ်ကို မျှဝေလိုက်မယ်နော်။ ဘယ်ဝတ္ထုစာအုပ်ကမှ ကူးချထားတာမဟုတ်ဘူး။ ကိုယ်တိုင်ခံစားရချိန်တွေမှာ အမှတ်တရဖြစ်အောင် ချရေးခဲ့တဲ့ တချိန်က မှတ်တမ်းတွေပေါ့။ ဘဝမှတ်တမ်းတခုအဖြစ် အမှတ်တရသိမ်းထားဆဲလေ။

အချစ်ဆိုတာ ကိုယ်ကခိုင်းစေလို့မရဘဲ ကိုယ့်ကိုသာ အမျိုးမျိုး ခိုင်းစေသွားတာပါ။

အချစ်ဆိုတာ စတင်ခြင်း ၊ ပြီးဆုံးခြင်းတွေကို ဖန်တီးယူလို့မရဘူး။

အချစ်ဆိုတာ တကယ်စစ်မှန်ရင် တူညီတဲ့ခံစားမှု (အချစ်ဆိုတာမျိုး) နောက်ထပ် လုံးဝမရှိနိုင်တော့ဘူး။

အချစ်ဆိုတာ နီးခြင်း ၊ ဝေးခြင်းတွေကြောင့် ပြောင်းလဲသွားတာမျိုးမရှိဘူး။

အချစ်ဆိုတာ အချိန်ကာလတွေအပေါ်မူတည်ပြီး ဟောင်းနွမ်း မပျောက်ကွယ်သွားနိုင်ဘူး။

အချစ်ဆိုတာ ရယူလိုခြင်း ၊ ပေးဆပ်လိုခြင်းစတဲ့ အစွန်းနှစ်ဘက် ခံစားချက်တွေအပြင် အစွန်းနှစ်ဘက်အကြားက ခံစားချက်တွေလဲ ဖြစ်ပေါ်စေတယ်။

အချစ်စစ်မှန်ရင် နိမ့်ခြင်း ၊ မြင့်ခြင်းနဲ့ အရာရာအပေါ်မူတည်လို့ လုံးဝမပြောင်းလဲနိုင်သလို ဒီလိုကွာဟမှုတွေကိုလဲ မမြင်တော့ဘူး။

အချစ်ဆိုတာ ပေါင်းစပ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုကြောင့်မဟုတ်ဘဲ ဘယ်လိုမှ မပေါင်းစပ်နိုင်တော့တာ ယုံကြည်လက်ခံနေရက်က မေ့ပျောက်မရ ၊ စူးစူးနစ်နစ် ခံစားချစ်မိနေတယ်။

အချစ်ဆိုတာ နာကြည်းသင့်မှန်း ၊ မုန်းမေ့လိုက်သင့်မှန်း သိနေရက်က ဘယ်လိုမှ မနာကြည်းနိုင် ၊ မမုန်းနိုင်တဲ့ အဖြစ်မျိုးနဲ့ ရှင်သန်စေတယ်။

အချစ်ဆိုတာ နီးစပ်နေတဲ့အခါ ပြီးပြည့်စုံသော ဘဝအဓိပ္ပါယ်ကို ခံစားစေနိုင်သလို ဝေးသွားတဲ့အခါ ဘာကို ဘယ်လိုလုပ်လုပ် အဓိပ္ပါယ်မရှိတော့ဘူးလို့လည်း ယုံကြည်သွားစေတယ်။

အချစ်ဆိုတာ အထူးဆန်းဆုံးနဲ့ အင်အားအကြီးဆုံးစိတ်ခံစားမှုဖြစ်ပြီး အဲဒီအချစ်ကြောင့် အရာရာကိုရင်ဆိုင်သွားနိုင်သလို ကိုယ့်ဘဝထဲက အရာရာကိုလည်း ပျက်စီးသွားစေနိုင်တယ်။

အပေါ်ကအချက်တွေထဲက တစ်ချက်တည်း ကွက်ခံစားနေရင် (သို့မဟုတ်) အချက်အနည်းငယ် ကိုက်ညီနေလို့ဆိုပြီး အချစ်စစ်လို့ မတွက်လိုက်ပါနဲ့။ စိတ်ကစားတာနဲ့ ကြိုက်မိတာလည်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်က သူ့ကို ချစ်မိပြီလို့ ယုံကြည်မိနေတာကိုး။

ဒါပေမယ့် အပေါ်ကအချက်တွေအားလုံးကို တကယ်ခံစားရပြီဆို အချစ်စစ်မှ အချစ်စစ်ပဲနော်။ အချစ်စစ်အတွက် ခံစားချက်တွေ လိုနေသေးရင် Comment မှာ ထပ်ဖြည့်ရေးပေးနိုင်ပါတယ်။ ကိုယ်ခံစားရတဲ့အချစ်စစ် သူများလည်း သိတာပေါ့။

ကျွန်မရဲ့ ဒီခံစားချက်တွေက လွန်လေပြီးသောအခါက ခံစားချက်တွေလေ။ အဲဒီအချိန်တုန်းက ကိုယ်ခံစားရတာတွေကို အမှတ်တရအနေနဲ့ တချက်ချင်း ချရေးခဲ့တာပေါ့။ ဒီလောက်ချစ်တတ်ရက်နဲ့ ကိုယ်ချစ်တဲ့သူနဲ့ ဘာကြောင့်ကွေကွင်းရတာလဲ။ တဖက်သတ်အချစ်ကြောင့်ထင်ရင်မှားမယ်နော်။ နှစ်ဦးသဘောတူ အရူးအမူး ချစ်ခဲ့ကြတဲ့ အချစ်ဦးတွေပါ။

ဒါဆို ကျွန်မကကြည့်ပျော်ရှုပျော်မရှိတဲ့ရုပ်ရည်မို့ ပစ်သွားတာလား တွေးစရာပဲ။ ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ဘဲ ကျွန်မဆွေမျိုး ၊ အပေါင်းအသင်း သူငယ်ချင်းတွေက ကျွန်မကို နဂိုမပြင်လည်း ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသူအဖြစ် မှတ်ချက်ပေးကြတဲ့ ရုပ်ရည်မျိုးရှိသူမို့ ရုပ်ဆိုးလို့ ပစ်သွားတာတော့ မဟုတ်လောက်ပါဘူး။(လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က ရုပ်ရည်ကို ပြောတာပါ။)

ဒါဆို ခပ်တုံးတုံးမိန်းမမို့ ပစ်သွားတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ မိသားစု ၊ ဆွေမျိုးနဲ့ ပတ်ဝန်းကျင်မှာ ခုချိန်အထိ ကျွန်မကို ထက်မြက်သူတစ်ယောက်အနေနဲ့ အသိအမှတ်ပြု လက်ခံနေကြတုန်းပဲ။

ဒါဆို မာန်တက်နေတဲ့သူတစ်ယောက်မို့ ပစ်သွားတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျွန်မက မာနရယ်လို့မထားဘဲ သူ့ကို အစစနှိမ့်ချဆက်ဆံပြီး အလိုလိုက်ခဲ့သူပါ။

ဒါဆို အဲဒီသူက အတော့်ကိုချောပြီး ပြည့်စုံလွန်းသူမို့လားလို့ တွေးစရာရှိတယ်နော်။ တကယ်ဆို ရှမ်းကြိုက်လို့ နွားချောတာပါ။ သူ့ထက်ပိုချောပြီး သူ့ထက်ပိုပြည့်စုံတဲ့သူတွေ ကျွန်မအနားမှာ ရှိခဲ့သားပဲ။ နှလုံးသားဆန္ဒအရ ငြိတွယ်မိသူက သူဖြစ်နေခဲ့လို့ပါ။

ဒါဆို ကိုယ်ခံစားရတာတွေ ပွင့်လင်းမှုမရှိခဲ့ဘဲ အုံပုန်းလုပ်ခဲ့လို့ သူက ကျွန်မခံစားချက်တွေမသိဘဲ ပစ်သွားတာလား တွေးစရာရှိပြန်ရော။ ကျွန်မရဲ့  ပွင့်လင်းချက်က ကျွန်မဘာခံစားရတယ် ၊ ဘယ်လိုနဲ့ ဘယ်လောက်ချစ်တယ်ဆိုတာကို အတိုင်းသားမြင်ရအောင် သူ့ကို အမြဲပြောပြလေ့ရှိတဲ့သူပါ။

ကလေးတစ်ယောက်အမေဖြစ်ပြီး ဇတ်လမ်းဟောင်းတွေ ဘာလို့ ပြောပြနေတာလဲလို့ တွေးစရာရှိတယ်နော်။ တန်ဖိုးမထားတတ်သူတွေလက်ထဲမှာ အမျိုးသမီးတွေရဲ့ ဘဝနဲ့ ခံစားချက်တွေ တန်ဖိုးမဲ့မသွားရအောင်လို့ ဇတ်လမ်းဟောင်းကြီးကို ပြန်ချပြီး နမူနာပြ ပြောရတာပါ။ တကယ့်အဖြစ်အပျက်မို့ လုပ်ဇတ်မဟုတ်ဘူးနော်။

အမျိုးသမီးတွေ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ကိုတန်ဖိုးမထားဘူးလို့ ခံစားနေရရင်တောင် ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့နေတယ်လို့ မထင်မြင်လိုက်ပါနဲ့။ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိတယ်။ သူ့အလှနဲ့သူရှိတယ်။ ကိုယ့်ကိုတန်ဖိုးမထားတဲ့သူနဲ့ အတူရှိနေလို့ ကိုယ်ဟာ တန်ဖိုးမဲ့သူတစ်ယောက်လို ဖြစ်နေရတာပါ။ တန်ဖိုးမသိတဲ့လူတစ်ယောက်က ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းလက်ထဲရှိနေပစေ တန်ဖိုးမထားတတ်ဘူးလေ။

ကိုယ့်ကိုတန်ဖိုးမထားတဲ့သူ ၊ ကိုယ့်အချစ်ကို ဂရုမမူတဲ့သူ ၊ ကိုယ့်ခံစားချက်ကို နားလည်မှုမပေးနိုင်တဲ့သူ စတဲ့ ဒီလိုလူတွေနဲ့ ခပ်ဝေးဝေးမှာနေပြီး ကိုယ့်တန်ဖိုးကိုယ်ပြန်မြှင့်တင်လို့ ကိုယ့်ဘာသာပျော်အောင်အရင်နေလိုက်ပါ။  ဘာလို့ ကိုယ့်ဘာသာအရင်ပျော်အောင် နေခိုင်းသလဲဆိုရင် သူ့ကိုအရွဲ့တိုက်ချင်စိတ်နဲ့ သူ့ထက်သာတာရှာပြမယ်ဆိုတဲ့စိတ်ကြီးက ရှေ့ကဦးဆောင်နေရင် ကျားကြောက်လို့ ရှင်ကြီးခိုး ၊ ရှင်ကြီးကျားထက်ဆိုးမယ်နော်။

အရင်တစ်ယောက်ထက် သာတာရှာပါတယ်ဆိုမှ ဒီတစ်ယောက်ကြောင့် ထပ်စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဖြစ်ရမယ်ဆိုရင် တစ်ယောက်တွဲလိုက် စိတ်တိုင်းမကျလိုက် ကွဲလိုက်နဲ့ ကိုယ့်မိန်းမတန်ဖိုး ပိုတောင်ကျလာဦးမယ်လေ။ တချိန်မှာ အချစ်နဲ့ ယောကျာ်းတွေဆိုတာတွဲပြီး မယုံမကြည်ဖြစ်လာမယ်။ ယောကျာ်းတွေရဲ့အချစ်ကို မယုံကြည်နိုင်တော့တာပေါ့။ ဒါကြောင့် ကိုယ့်ဘာသာ အရင်ပျော်အောင် နေခိုင်းတာဖြစ်ပါတယ်။

တကယ်တော့ လောကကြီးမှာ ယောက်ျားကောင်း ယောကျာ်းမြတ်တွေ အများအပြားရှိပါတယ်။ သူတို့တွေက နှမချင်းစာနာတတ်တယ် ၊ အားနည်းတဲ့မိန်းမသားတွေကို ဘယ်လိုညှာတာရမယ်ဆိုတာ နားလည်တယ်။ ကိုယ်ချစ်တဲ့သူကို ဘယ်အခြေအနေဖြစ်ဖြစ် ဦးစားပေးရမယ်လို့လည်း သဘောပေါက်တယ်။ သစ္စာတရားကိုလည်း တန်ဖိုးထားတယ်။ သူတို့တွေရဲ့ လိုလားချက်ကလည်း သူတို့နဲ့ထိုက်တန်တဲ့ မိန်းမကောင်းကိုပဲ ဘဝလက်တွဲဖော်အဖြစ် လက်တွဲလိုကြပါတယ်။

ယောကျာ်းကောင်းတွေဟာ ဘဝလက်တွဲဖော်ကို မိန်းမကောင်း ၊ မိန်းမမြတ်ဆိုတာတွေပဲ ဦးစားပေးရွေးတော့ ကိုယ်ဟာ ယောကျာ်းများစွာနဲ့ အခါခါတွဲ ၊ အခါခါကွဲ မိန်းမတန်ဖိုးကျနေသူတစ်ယောက်ဆိုရင် ဒီလိုယောကျာ်ကောင်းမျိုးနဲ့ ဖူးစာဆုံဖို့ အခွင့်အရေးရနိုင်ပါဦးမလား။ ပိုင်းယူမယ်လို့တွေးလည်း ကံကောင်းရင်ရမှာပေါ့။ ဒါပေမယ့် မသေချာလှပါဘူး။ အသွင်တူမှ အိမ်သူဖြစ်တာလေ။ အသွင်မတူရင် ကွဲနိုင်တာပဲ။ ဒါကြောင့် ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်နိုင်အောင် (စိတ်ဓါတ်ကျပြီး အရွဲ့တိုက်တွဲတာမျိုးတွေမရှိအောင်) ကိုယ့်ဘာသာ အရင်ပျော်အောင်နေပါလို့ ဆိုတာဖြစ်ပါတယ်။

ကိုယ့်ဘာသာပျော်လာနိုင်ပြီဆိုမှ ကိုယ့်ကိုတကယ်တန်ဖိုးထားတဲ့သူကို မျက်စိဖွင့် ၊ နားစွင့်လို့ ခံစားကြည့်ပါ။ ကိုယ့်ကိုတကယ်တန်ဖိုးထားတဲ့သူက ကိုယ့်ကို ပျော်ရွှင်စေချင်တဲ့သူဖြစ်တယ်။ ကိုယ့်အနွံအတာကို အချိန်မရွေး (အလှပျက်တဲ့အထိ ၊ အိုတဲ့အထိ ၊ နာတဲ့အထိ ၊ မကျန်းမမာ ဖြစ်သွားခဲ့သည်အထိ) သည်
သည်းခံနိုင်တဲ့သူဖြစ်တယ်။ ကိုယ့်ကိုတန်ဖိုးထားချစ်တတ်သူမို့ ကိုယ်ဘာတွေဖြစ်ဖြစ် သည်းခံနားလည်မှုပေးနိုင်တဲ့သူဖြစ်တယ်။ ဒီလိုလူမျိုးနဲ့ဆုံရမှ ပျော်ရွှင်တဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ခံစားရမှာဖြစ်တယ်။ ဒါကို ရင့်ကျက်မှုရှိတဲ့ အချစ်လို့လည်း ဆိုနိုင်တယ်လေ။ ရင့်ကျက်လာတဲ့အချစ်မှာကျတော့ နားလည်မှုရယ် ၊ ဖေးမမှုရယ်ပေါင်းပြီး ညှိနှိုင်းမှုတွေနဲ့ ဘဝကာရံညီအောင် ချစ်တတ်တာမျိုးပါ။

ဒီလိုလူမျိုးနဲ့တွေ့ပြီဆိုတော့မှ ကိုယ့်ရဲ့ နှလုံးသားတံခါးတွေ ပြန်ဆွဲဖွင့်လို့ သူချစ်သလို ကိုယ်ပြန်ချစ်နိုင်အောင် ၊ သူဂရုစိုက်သလို ကိုယ်ဂရုစိုက်တတ်အောင် ၊ သူနားလည်မှုပေးသလို ကိုယ်နားလည်မှုပေးနိုင်အောင် ၊ သူသဘောထားကြီးသလို ကိုယ်သဘောထားကြီးနိုင်အောင် သူနဲ့ကိုယ် ဘဝတလျောက် လက်တွဲသွားဖို့ ခံစားချက်တွေကာရံညီအောင် ညှိနှိုင်းသွားပါမှ တကယ်ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကို ရရှိမှာဖြစ်ပါတယ်။

ရတု(burmesehearts.com)

ဆေးမလိုဘဲ ဝိတ်ကျကိုကျမယ့် နည်းလမ်း




၁) ပြေးပါ

နေ့တိုင်းပုံမှန် ပြေးပါ။ အထူးသဖြင့် ညနေပြေးတာနဲ့ စာရင် မနက်ခင်း စောစောကို ထပြေးပါ။ လေကောင်းလေသန့် ရှုပါ။ ပြေးပြီးနောက် မနက်စာကို ဝဝစားပါ။

၂) ကြိုးခုန်ခြင်းနှင့် အခြားလေ့ကျင့်ခန်း လုပ်ပါ

တစ်ပတ် မှာ ၄ ရက်လောက် ကြိုးခုန်းပါ။ ပြီးနောက် ရေကူးပါ။ အခြားသော အကြောလျော့ လေ့ကျင့်ခန်း ဗိုက်လေ့ကျင့်ခန်း အချို့ကို လုပ်ပေးပါ။

၃) ညနေ ၅ နာရီကျော်တာနဲ့ မစားပါနဲ့

ညနေ ၅ နာရီကျော်တာနဲ့ အစားများကို မစားပါနဲ့တော့။ ၅ နာရီမကျော်ခင် မိမိစားချင်တဲ့ အစားအစာများပို စားပါ။

၎) အထိုင်မများအောင် ဂရုစိုက်ပါ

အထိုင်များတဲ့ အလုပ်မျိုးလုပ်နေရတယ်ဆိုရင် အထိုင်မများအောင် ဂရုစိုက်နေပေးပါ။ တစ်နာရီကြာတိုင်း လမ်းလျောက်ခြင်းဖြင့် အထိုင်မများအောင် ကာကွယ်နိုင်ပါတယ်။

၅) အဆီအစိမ့်စားခြင်းကို လျော့လိုက်ပါ

အဆီအစိမ့် ဖြစ်စေမယ့် အစားအစာများကို မိမိပိန်ဖို့ အတွက် ကြိုးစားနေတဲ့ အချိန်မှာ လျော့လိုက်ခြင်းဖြင့် ပိန်ဖို့အတွက် အတော်လေး နီးကပ်လာပါလိမ့်မယ်။

ရုံးပတီသီးစားခြင်း ၏အကျိုးကျေးဇူးများ



ဟင်းချက်ရာတွင် ထည့်ပြီး ချက်လေ့ရှိသော ရုံးပတီသီးဟာ ကျန်းမာရေး
အတွက် အကျိုးကျေးဇူးတွေ ရရှိတယ်လို့ သိရပါတယ်။

ရုံးပတီသီး စားလို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့ —-

– အရိုးကိုသန်မာစေပါတယ်။

– နှလုံးကိုကာကွယ်ပေးပါတယ်။

– အဆစ်အမျက် ရောင်ရမ်းခြင်းကို သက်သာလျော့ပါး စေပါတယ်။

– သွေးပေါင်ချိန်ကို ထိန်းပေးပါတယ်။

– သွေးစီးဆင်းမှုကို ပိုကောင်းစေပါတယ်။

– အရိုးပါးရောဂါ ကာကွယ်ပါတယ်။

– အရိုးကျီးပေါင်း တက်ခြင်းအတွက်လည်း ကောင်းမွန်ပါတယ်။

Ref – healthnews

ကျေးရွာရပ်ကွက်အုပ်ချုပ် ရေးမှူးများ သက်တမ်းကို နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့်အညီသတ်မှတ် ပြင်ဆင်




ကျေးရွာရပ်ကွက်အုပ်ချုပ် ရေးမှူးများ သက်တမ်းကို နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့်အညီသတ်မှတ် ပြင်ဆင် ထားသည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ် ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်က ယမန်နေ့က အတည်ပြုလိုက်သည်။

ဇန်န၀ါရီ ၁၃ ရက်က အမျိုးသား လွှတ်တော်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကို

ဒုတိယအကြိမ်ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

‘‘ရပ်ကျေးအုပ်ချုပ်ရေးဟာ အုပ်ချုပ်ရေးအပိုင်းဖြစ်တဲ့အတွက် အုပ်ချုပ်ရေး မဏ္ဍိုင်က အဖွဲ့အ စည်းတိုင်းဟာ ဘောင်အတွင်းမှာ ၀င်ပါတယ်။ ဒါကြောင့် သမ္မတ သက်တမ်းနဲ့အညီသာ ဖြစ်သင့်ပါ တယ်’’ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၁)မှ ဒေါ်ခင်ဝိုင်း ကြည်က ပြောသည်။

မပြင်ဆင်ရသေးမီ ဥပဒေ တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၏ သက်တမ်းသည် ပြည်သူ့လွှတ် တော်သက်တမ်းနှင့်အညီဖြစ်ပြီး သက်တမ်းသုံးကြိမ်ထက်မပိုစေရ ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် လွှတ်တော်သက်တမ်း ကုန်ဆုံး မည့် ဇန်န၀ါရီ ၃၀ ရက်မတိုင်မီအချိန်မီစေရန် ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့ ရွေးချယ်ရေးကို မြန်ဆန် စွာလုပ်ဆောင်ရသောကြောင့် ရပ်ကွက်အတွင်း မတည်ငြိမ်မှုများမရှိ စေအောင် လုံလောက်သော အချိန်ရှိစေရေး သက်တမ်းတိုးသင့် သည်ဟု ဒေါ်ခင်ဝင်းကြည်က ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော်အတည် ပြုချက်အတိုင်း အမျိုးသားလွှတ် တော်က အတည်ပြုလိုက်သည့် အတွက် ရပ်ကွက် (သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်ပြီး သက်တမ်းနှစ်ကြိမ်ထက် ပို၍ တာဝန်ထမ်းဆောင်၍ မရတော့ပေ။

လက်ရှိ အစိုးရ သက်တမ်း သည် လာမည့် မတ်လ ၃၀ ရက်၌ ကုန်ဆုံးမည် ဖြစ်သည်။ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ရွေးချယ် တာဝန်ပေးနိုင်ရန် လုံ လောက်သော အချိန်ကာလရရှိ စေရန် လည်းကောင်း၊ အသစ်တာဝန် ထမ်းဆောင်မည့် ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ကြီးကြပ်လမ်းညွှန်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်အတိုင်း အတည်ပြုသင့်သည်ဟု အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီက ထုတ်ပြန်သည်။

အသားအရေလျော့တွဲခြင်းအတွက်အိမ်တွင်းကုထုံးနည်းလေးများ





         အသားအရေလျော့တွဲခြင်းအတွက်
          အိမ်တွင်းကုထုံးနည်းလေးများ

သင့်ရဲ့အသက်အရွယ်အရ ကိုလိုဂျင်ထုတ်လုပ်မှုတွေ လျော့နည်းလာတာကြောင့် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာသည့်အပြင် အသားအရေလျော့တွဲမှုတွေ ဖြစ်ပေါ်လာတာကို ကြုံတွေ့ရလာနိုင်ပါတယ်။ အသက်အရွယ်အရ ဒီလိုကြုံရပေမယ့် တစ်ချို့သောလူများက ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ နေလောင်ခံရခြင်း၊ လျင်မြန်စွာ ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် အလှကုန်ပစ္စည်းတွေကို မှားယွင်းစွာ အသုံးပြုခြင်းကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အိမ်တွင်းကုထုံးနည်းလေးတွေ ရှိပါတယ်။

(၁) ကြက်ဥအကာရည်

အသားအရေလျော့တွဲခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်းတွေအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးကတော့ ကြက်ဥအကာရည်ကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥအကာရည်မှာဆိုရင် ပရိုတင်းဓာတ်၊ ကိုလိုဂျင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မျက်နှာနှင့် လည်ပင်းကို ကြက်ဥအကာရည်ကို လိမ်းထားပြီး အချိန်ကြာကြာနေပါ။ ဒီလိုပြုလုပ်စဉ်မှာ သင့်ရဲ့မျက်နှာပေါ်က ကြက်ဥအကာရည်တွေဟာ ခြောက်သွားတာမို့ မျက်နှာအသားအရေက တင်းနေတာကို ခံစားရမှာပါ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးချလိုက်ပါ။ အရင်ကနဲ့ မတူတဲ့ ခံစားမှုမျိုး ခံစားရမှာဖြစ်ပါတယ်။

(၂) ဒိန်ချဉ်

လူ့ခန္ဓာကိုယ် အတွင်းပိုင်းတွက် ကောင်းမွန်တဲ့ ဒိန်ချဉ်ဟာဆိုရင် အသားအရေလျော့တွဲခြင်းတွေအတွက်လည်း ကောင်းပါတယ်။ ပရိုတင်းဓာတ်တွေ ပါဝင်တာကြောင့် မျက်နှာနဲ့ လည်ပင်းနေရာတွေမှာ ဒိန်ချဉ်ကို လိမ်းပါ။ မိနစ် ၂ဝ ကြာ ထားပေးရပါမယ်။ ပြီးမှ ရေဆေးချပါ။

(၃) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့အတွင်းသားတွေမှာ ဗီတာမင်အီးဓာတ်တွေ များစွာ ပါဝင်တာကြောင့် အလှထုတ်ကုန်ပစ္စည်းတွေ အတော်များများမှာ ရှားစောင်းလက်ပတ်ကို ထည့်သုံးကြတာ တွေ့ရပါတယ်။ အသားအရေလျော့တွဲကျနေတဲ့ အပိုင်းတွေမှာ ရှားစောင်းလက်ပတ်အတွင်းသားတွေကို လိမ်းပေးပြီး ၁၅ မိနစ် သို့မဟုတ် ၂ဝ မိနစ် ကြာထားပြီး ကြက်သီးနွေးရေနဲ့ ဆေးချရမှာဖြစ်ပါတယ်။

(၄) မိုင်ရွန်နိစ်

မိုင်ရွန်နိစ်တွေကိုလည်း ဒိန်ချဉ်ကဲ့သို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာကိုတော့ သေချာသစ်ပေးဖို့ လိုပါတယ်။

(၅) သခွားသီးဖျော်ရည်

သခွားသီးမှာဆိုရင် ဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာ မျက်လုံးနှင့်တစ်ဝိုက်မှာ သခွားသီးပါးပါးလှီးပြီး ကပ်ပေးခြင်းတွေ ပြုလုပ်နိုင်သလို သခွားသီးဖျော်ရည်ကို မျက်နှာနှင့် လည်ပင်းမှာ လိမ်းပြီး နာရီဝက်ကြာ ထားပေးရပါမယ်။ ပြီးရင်တော့ ရေဆေးချဖို့ လိုပါတယ်။

(၆) ရှောက်သီးဖျော်ရည်

အချဉ်ဓာတ်ဖြစ်တဲ့ ရှောက်သီးမှာဆိုရင် ဗီတာမင်စီဓာတ်တွေ များစွာပါဝင်တာမို့ သင့်မျက်နှာနှင့် လည်ပင်းတွေမှာ လိမ်းမယ်ဆိုရင် သင့်ကို ငယ်ရွယ်တဲ့အသွင်ဆောင်စေနိုင်ပါတယ်။ အကယ်၍ သင့်ရဲ့အသားအရေက ထိရှလွယ်တယ်ဆိုရင်တော့ ရှောက်သီးဖျော်ရည်ကို ရေနှင့်ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ စေးကပ်ကပ်ခံစားမှုမျိုးကို ခံစားရမှာဖြစ်ပြီး ရေအေးနှင့် ဆေးချရပါမယ်။

(၇) သံလွင်ဆီ

သံလွင်ဆီမှာဆိုရင် ဗီတာမင် စီ၊ ဗီတာမင် အီးအပြင် ဗီတာမင် အေ ဓာတ်ပါ ပါဝင်တာကြောင့် သင့်ရဲ့မျက်နှာပေါ်က အရေးအကြောင်းတွေ အမည်းစက်တွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် အသားအရေစိုပြေစေခြင်းနှင့် သွေးလည်ပတ်မှုအားကောင်းစေတာမို့ သံလွင်ဆီလိမ်းပြီး အနည်းငယ် လိမ်းနယ်ပေးနိုင်ပါတယ်။

(၈) ရေသောက်ပါ

ရေဟာဆိုရင် အသားအရေဆဲလ်တွေကို ရေဓာတ်မြင့်တင်ပေးနိုင်တဲ့အပြင် အဆိပ်အတောက်ပြယ်စေခြင်းတို့ကြောင့် တစ်ရက်လျှင် ရေ ၈ ခွက်မှ ၁၂ ခွက်အထိ သောက်သုံးနိုင်ပါတယ်။

Ref : healthdigezt.com

Credit : Health Digezt

ဂျပန်မှာခေတ်စားနေတဲ့ မျက်လုံးအားအကြင်နာပေးနည်း





လူအများစုဟာ မျက်လုံးနဲ့ ပတ်သက်ရင် ဆတ်ဆတ်ထိမခံ ဖြစ်တတ်ကြပါတယ်။ မျက်လုံးထဲ အမှုန်ဝင်တာကအစ မနေနိုင်မထိုင်နိုင်ဖြစ်ကြသလို ဆံပင်လေးတစ်မျှင် ၀င်သွားတာနဲ့ မျက်စိ အထူးကု ဆီ သွားမယ် တကဲကဲ ဖြစ်တတ်ကြပါတယ်။

ဒါပေမယ့် မျက်လုံးနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ ရေပန်းစားမှု တစ်ခုကို ပါဝင်လုပ်ဆောင်ကြည့်ပါဆိုရင် သင်လည်း လက်တွန့်သွားမိမှာပါ။ အဲဒီရေပန်းစားမှုကတော့ မျက်လုံးကို လျှာနဲ့ ယက်တဲ့ ယဉ်ကျေးမှုပါပဲ။ ဟုတ်ပါတယ် ။ ဂျပန်နိုင်ငံက ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့  ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် ကိုယ့်ချစ်သူရဲ့ မျက်လုံးကို လျှာနဲ့ယက် ပြကြပါတယ်။ သင်ရောဘ၀မှာ ဒါမျိုးလုပ်ကြည့်ဖူးပါသလား?

ဒီလို မျက်လုံးကို လျှာနဲ့ ယက်ပြတဲ့ အကြင်နာပေးနည်းကို "Oculolinctus" ၊ "worming" စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အဲဒီ အကြင်နာပေးနည်းဟာ လျှာနဲ့ယက်တဲ့ လူအတွက် ကြင်နာခြင်းကို ဆောင်ပေမယ့် မျက်လုံးပိုင်ရှင်အတွက်တော့ နာကြင်ခြင်း တွေသာ ဖြစ်လာမှာ သေချာပါတယ်။

Huffington Post သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာတော့ ဆန်ဒီယေဂို မြို့ က မျက်စိ အထူးကုဆရာဝန် ဒေါက်တာ ဒေးဗစ်ဂရာနတ် က မျက်လုံးကို လျှာနဲ့ ယက်ခြင်းနဲ့ ပတ်သက်ပြီး အထူးသတိပေးထားပါတယ်။

"ဒီနည်းလမ်းက ကောင်းကျိုးတစ်ခုမှ မပေးပါဘူး။ လျှာပေါ်မှာရှိတဲ့ မညီညာမှုတွေဟာ မျက်ကြည်လွှာကို ပွန်းပဲ့ ဒဏ်ရာရမှုတွေဖြစ်ပေါ်စေပါတယ်။ အကယ်၍ လူတစ်ယေက်ဟာ သူ့ပါးစပ်ကိုသူဆေးကြော သန့်စင်ခြင်း မရှိဘူးဆိုရင် အစပ်နဲ့ အရည်ရွှမ်းအသီးတွေကနေ ရထားတဲ့ အက်ဆစ်တွေကို မျက်လုံးထဲ ထည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကတော့ မျက်စိနာခြင်း ၊ ရေယုန်ပေါက်ခြင်း နဲ့ အမြင်အာရုံကွယ်ပျောက်သွားခြင်းတို့ ထိ ဖြစ်စေနိုင်ပါတယ်" လို့ ဒေါက်တာဒေးဗစ်ဂရာနတ်က ပြောပြခဲ့ပါတယ်။

တစ်ကယ်တော့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် အခြားနည်းလမ်းတွေရှိနေပါသေးတယ်။ သတင်းကောင်းတစ်ခုကတော့ ဒါဟာ ရေပန်းစားမှုတစ်ခုထက် ပေါက်ကရ တစ်ခု ဖြစ်နေနိုင်တာပါ။

ပရီးမီးယားလိဂ်တွင် ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသော အွန်နရီ၏စံချိန်ကို လိုက်မီခဲ့တဲ့ရွန်းနီ






မန်ချက်စတာ၊ ဇန်န၀ါရီ ၁၄ ။          ။ မန်ယူအသင်းနှင့် နယူးကာဆယ်အသင်းတို့ သုံးဂိုးစီဖြင့် သရေကျခဲ့သော ပွဲစဉ်တွင် ၀ိန်းရွန်နီသည် မန်ယူအသင်းအတွက် ဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်တွင် ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသော အွန်နရီ၏စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်သည်။

မူလက အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီသည် လန်ဒန်ကလပ်အသင်းအတွက် ဂိုးပေါင်း ၁၇၅ ဂိုးသွင်းယူပေးပြီး ထိပ်ဆုံး၌ရပ်တည်နေခြင်းဖြစ်သည်။ ယခုရွန်နီ၏ မန်ယူအတွက် ပရီးမီးယားလိဂ် သွင်းဂိုးပေါင်းမှာလည်း ၁၇၅ ဂိုးရှိသွားပြီဖြစ်သည်။

ယခုနှစ်ရာသီတွင် ရွန်နီသည် ဂိုးများရရှိရန် ရုန်းကန်ရလျက်ရှိပြီး ယခုအချိန်ထိ ပရီးမီးယားလိဂ်သွင်းဂိုး ငါးဂိုးသာသွင်းယူထားနိုင်သေးသည်။ သို့သော် ရွန်နီသည် ၂၀၁၆ ဇန်န၀ါရီလအတွင်း ကစားထားသည့် ပွဲစဉ်သုံးပွဲတွင် လေးဂိုးအထိသွင်းယူထားသည်။

ပရီးမီးယားလိဂ်တွင် အသင်းတစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသော ရွန်နီနှင့် အွန်နရီတို့၏နောက်တွင် နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယား၊ ချယ်လ်ဆီးကွင်းလယ် ကစားသမားဟောင်း လမ်းပတ်၊ လီဗာပူးလ်ကစားသမားဟောင်းများဖြစ်သည့် ရော်ဘီဖောင်လာ၊ ဂျရတ်နှင့် အိုဝင်တို့ရှိနေကြသည်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး အလန်ရှီးယားသည် ထိပ်ဆုံး ၁၃ ဦးစာရင်းတွင် နှစ်ကြိမ်ပါဝင်သည့် တစ်ဦးတည်းသော ကစားသမားဖြစ်သည်။ အလန်ရှီးယားသည် ဘလက်ဘန်းအသင်းတွင် ကစားစဉ်က ၁၁၂ ဂိုးသွင်းယူခဲ့ပြီး နယူးကာဆယ်အသင်းတွင် ၁၄၈ ဂိုးသွင်းယူခဲ့သူ ဖြစ်သည်။

လက်ရှိထိပ်ဆုံး ၁၃ ဦးစာရင်းတွင် ရွန်နီတစ်ဦးမှလွဲ၍ ကျန်ကစားသမားအားလုံးမှာ ပရီးမီးယားလိဂ်တွင် ကစားခြင်းမရှိတော့သူများဖြစ်သည်။

ပရီးမီးယားလိဂ်တွင် တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားသူများ

---------------------------------------------------------------------------------------

ရွန်နီ(မန်ယူ)     ၁၇၅ ဂိုး

အွန်နရီ(အာဆင်နယ်)    ၁၇၅ ဂိုး

ရှီးယားရား(နယူးကာဆယ်)       ၁၄၈ ဂိုး

လမ်းပတ်(ချယ်လ်ဆီး)   ၁၄၇ ဂိုး

ရော်ဘီဖောင်လာ(လီဗာပူးလ်)    ၁၂၈ ဂိုး

စတီဗင်ဂျရတ်(လီဗာပူးလ်)        ၁၂၀ ဂိုး

မိုက်ကယ်အိုဝင်(လီဗာပူးလ်)      ၁၁၈ ဂိုး

အလန်ရှီးယား(ဘလက်ဘန်း)     ၁၁၂ ဂိုး

ရွိုင်ယန်ဂစ်(မန်ယူ)       ၁၀၉ ဂိုး

ပေါစခိုးလ်(မန်ယူ)        ၁၀၇ ဂိုး

ဒရော့ဂ်ဘာ(ချယ်လ်ဆီး) ၁၀၄ ဂိုး

အီယန်ရွိုက်(အာဆင်နယ်)        ၁၀၄ ဂိုး

မတ်လီးတစ်ဆာ(ဆောက်သမ်တန်)       ၁၀၀ ဂိုး

ရည်ညွှန်း ဒေးလီးမေးလ်

မိန်းမယူရန် အသက် အပိုင်းအခြား




မိန်းမယူရန် အသက် အပိုင်းအခြား
===================
ယောကျာ်းလေးတစ်ယောက်အတွက် မိန်းမယူရန် အသင့်လျော်ဆုံးရွေးယူသင့်သည့် အသက်အရွယ် နှိုင်းယှဉ်ချက်ကို ဈေးနှင့် ဥပမာပေးကြည့်ပါမယ်။ တကယ့်ကို အပြင်မှာဖြစ်ပျက်နေတဲ့ အတိုင်းနှိုင်းယှဉ်ပြီး ရေးသားထားလို့
လိုအပ်ချက်များက်ု ဝေဖန်အကြံပြုနိုင်ပါတယ်။

အသက် ၁၈နှစ် နှင့် အောက် (ဝေလီဝေလင်းဈေး)
============================
သူကတော့ မနက် ၅ နာရီလောက် ဈေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ ဈေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်ဈေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။

အသက် ၂၀ (မနက်ခင်းဈေး) [လူစည်စအချိန်] ===========================
ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီးဈေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ ဈေးစဆစ်လို့ ရပါပြီ။

အသက် ၂၅ ဝန်းကျင် (မနက်ခင်းဈေး) [လူစကွဲချိန်] ==============================
အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ ဈေးစည်စအချိန်မှာ ဝယ်ထားတဲ့ လူတွေရယ်ကြောင့် တော်တော်များများက ရွေးကျန်တွေဖြစ်ကုန်ပါပြီ။ ဒါပေမယ့် မျက်စိလျှမ်းတတ်တဲ့လူတွေကြောင့် ကောင်းတာလေးတွေ ရှိနေပါသေးတယ်။ အသေအချာလေးတော့ ရွေးဝယ်ဖို့ လိုနေပါပြီ။

အသက် ၂၇ ဝန်းကျင် (နေ့လယ်ဈေး)
======================
ဒီအချိန်မှာတော့ မနက်ပိုင်းကကျန်ထားတာတွေကို စတင်ပြင်ဆင်ဖို့ လုပ်နေရပါပြီ။ ဥပမာ အစည်းပြေနေတာတွေကို ပြန်စည်းမယ်၊ မကောင်းတဲ့ အပိုင်းတွေကို ဖယ်ထုတ်မယ့် ရှင်းလင်းပွဲကြီး စတဲ့အချိန်ပေါ့ခင်ဗျာ။ ဒီအချိန်ကတော့ ရောင်းသူ၊ဝယ်သူ နှစ်ဦးညှိနှိုင်းပြီး ရောင်းလို့ ဝယ်လို့ ရပြီပေါ့ဗျာ။ အချိန်အားဖြင့်တော့ နေ့လယ် ၁၁ နာရီခန့်ရှိပါပြီ။

အသက် ၂၉ ဝန်းကျင် (ညနေစောင်းဈေး)
========================
ဒီအချိန်မတော့ မနက်ဈေးမှာ ဈေးကြီးလို့ မဝယ်လိုက်ရတဲ့လူတွေက နောက်တကျော့ ပြန်လာဝယ်တဲ့ အချိန်ပါ။ ဈေးဆစ်တဲ့လူက ကြိုက်တဲ့ဈေးကို စဆစ်နေပါပြီ။ ဒီအချိန်က ညနေ ၃ နာရီခန့်ပေါ့။ ဒီအချိန်မှာ လတ်ဆတ်အောင်လို့ ရေဖြန်း၊ရေတောက်တာတွေကို လုပ်ထားရပါပြီ။

အသက် ၃၀ ဝန်းကျင် (ညဈေး)
==================
အခုဆို ညနေ ၅ နာရီခန့်လောက်ပေါ့ဗျာ။ ဝယ်မယ့်လူက သိပ်တောင် မဆစ်ရသေးဘူး၊ ရောင်းမယ့်လူက တအားလျှော့ချင်နေပါပြီ။ ဝယ်မယ်သာဆိုရင် ရောင်းသူက အဆစ်ကလေးပါ ပေးနေပြီခင်ဗျ။

အသက် ၃၀နှစ် နှင့် အထက် (မီးခွက်ဈေး)
========================
ဒီအချိန်က ည ၇ နာရီဝန်းကျင်။ ဒီအချိန်က စိတ်ဝင်စားစရာ အကောင်းဆုံးဗျ။ မှောင်နေပြီဆိုတော့ ရောင်းသူက မြင်ရဖို့ မီးအိမ်လေးထွန်းပြီးတော့ပေါ့။ ဝယ်တဲ့လူကလည်း မသဲမကွဲနဲ့ဆိုတော့ မတန်တဆဈေးဆစ်နေပြီပေါ့ဗျာ။
ရောင်းတဲ့လူက တချက်လောက်မူလိုက်ရင်ပဲ ဝယ်သူက ချာကနဲလှည့်ထွက်လာပါပြီ။ နောက်မှ ဝယ်သူကို ဈေးလည်းလျှော့ပေးပါ့မယ် အပိုလည်းပေးပါ့မယ်ဆိုပြီး ပြန်ခေါ်နေရတာလည်း ဒီအချိန်ပေါ့ဗျာ။

Credit: မိန်းမကျမ်းကျေအောင် သင်ယူနေတဲ့ Bush-Man

ကိုယ့်ချစ်သူမှာ ဒီလိုအချက်လေးတွေကို ပိုင်ဆိုင်ထားရပြီ ဆိုရင် တန်ဖိုးထားဆက်ဆံဖို့ မမေ့လိုက်နဲ့နော်။




၁) ကိုယ်နဲ့အဆက်သွယ်ပြတ်မှာ ကြောက်ရွံ့တဲ့သူ
၂) ကိုယ်နဲ့စကားလေးပြောရရင်ကို ကျေနပ်နေတဲ့သူ
၃) စားကောင်းသောက်ကောင်း ကိုယ့်ကိုယ်စားစေချင်တဲ့သူ
၎) မြတ်မြတ်နိုးနိုးနဲ့ ခေါ်ဝေါ်ပြောဆိုတတ်တဲ့သူ
၅) အရက်ဘီယာ မသောက်စေချင်တဲ့သူ
၆) အမြဲကိုယ့်ကို သတိတရရှိနေတတ်တဲ့သူ
၇) ကိုယ့်လက်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ပြီး စိတ်ပူတတ်တဲ့သူ
၈) ကိုယ်တစ်ယောက်တည်း ခရီးသွားလာရတဲ့အခါမျိုးတွေမှ စိတ်ပူပေးတဲ့သူ။
၉) ကိုယ့်ရဲ့အပြင်ပန်းရုပ်သဏ္ဍာန်ထက် အတွင်းစိတ်ကို ပိုပြီးသဘောကျတဲ့သူ။
၁၀) အခက်ခဲကြုံလာတိုင်း မဖြေရှင်းပေးနိုင်ရင်တောင် အားပေးနေတတ်တဲ့သူ။
၁၁) ကိုယ့်ပေါ်လေးစား တန်ဖိုးထားတဲ့သူ ။
၁၂) ဒေါသထွက်လာရင်တောင် လေသံထိန်းပြီးပြောတတ်တဲ့သူ။
၁၃) နေမကောင်းဖြစ်တဲ့အခါ စိတ်ပူပေးတတ်တဲ့သူ။
၁၄) ကိုယ့်ရဲ့ အားနည်းချက်တွေ ၊ ချို့ယွင်းချက်တွေ သိနေရင်တောင် တန်ဖိုးထား ချစ်ခင်တဲ့သူ။
၁၅) အဖေတစ်ယောက်လို အကိုတစ်ယောက်လို မောင်တစ်ယောက်လို စောင့်ရှောက်ပေးတတ်တဲ့သူ။
၁၆) ကိုယ့်ရဲ့ မိသားစုပေါ် လေးစားပေးတဲ့သူ။
၁၇) ကိုယ့်စိတ်ဆိုး ဒေါသထွက်ချိန်မှာ အလိုက်တသိ ငြိမ်နေပေးတဲ့သူ။
၁၈) အကြိမ်ကြိမ်ခါ ကိုယ်လမ်းခွဲမယ်ဆိုတိုင်း ကိုယ့်အနားကနေ ထွက်ခွာမသွားတဲ့သူ။
၁၉) ကိုယ်နံမည်ပျက်မှာ စိုးရိမ်တတ်တဲ့သူ။

Credit : ချစ်တဲ့… မနုဿ

ရှမ်းပြည်တောင်ပိုင်းတွင် ရေခဲမှတ်အောက် အေးသဖြင့် ရေမျက်နှာပြင်များ ခဲသည်အထိ ကြုံတွေ့နေရ



ပင်လောင်းမြို့နယ်တွင် ရေခဲနေသည်ကို မြင်တွေ့ရစဉ်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်စသော ခရိုင် ၃ ခုရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်တို့တွင် ယခုနှစ် ဆောင်းရာသီတွင် ရေခဲသည်အထိ ဖြစ်ပေါ်ကာ အအေးဒဏ်ကို ခံစားနေရသဖြင့် သက်ကြီးရွယ်အိုများ ကျန်းမာရေး အခြေအနေ စိုးရိမ်ကြကြောင်း သတင်းရရှိပါသည်။

ရှမ်းတောင်ရှိ ပင်လောင်းတွင် မနေ့ညက ရေခဲသည်အထိ အေးခဲ့ပြီး၊ မိုးကုတ်တွင်လည်း မနေ့ညက ရေခဲမှတ်အောက် -2 ဒီဂရီအထိ ကျဆင်းခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။ အလားတူ လွန်ခဲ့သော ၂ ရက်က ကလောတွင်လည်း -1 ဒီဂရီအထိ အေးခဲ့ပြီး၊ တောင်ပေါ် မိုင်းရှူးတွင်လည်း အေးကြောင်း သိရသည်။

“မိုးကုတ်မှာ အေးတာကတော့ ရက်စက်တယ်။ မနေ့က ရေခဲတယ်လေ။ မနက်ရောက်တော့ ပေပါတိုင်ကီမှာ မျက်နှာပြင် ရေခဲတွေ ဖြစ်နေတာ မြင်တွေ့ရတယ်။ ညနေဆို မနေနိုင်တော့ဘူး။ ခြေလက်တွေ ခဲနေအောင် အရိုးထဲစိမ့်အောင် အေးတာ။ ခုလို နေ့လည်ခင်းတောင်မှာ အကျီင်္တွေ အနွေးထည်တွေ ၂ ထပ် ၃ ထပ်လောက် ၀တ်ထားရတယ်” ဟု မိုးကုတ်မြို့မှ ကိုဝင်းရှိန်းမြတ်က ပြောပြသည်။ မိုးကုတ်တွင် -2 ဒီဂရီအထိ အေးခဲ့ပြီး၊ ညနေ ၅ နာရီမှစကာ အနွေးထည် လုံလုံခြုံခြုံ ၀တ်ထားရကြောင်း သိရသည်။

ရှမ်းပြည်တောင်ပိုင်းရှိ လွိုင်လင် ခရိုင်တွင် ၇ မြို့နယ်၊ တောင်ကြီးခရိုင်တွင် ၁၀ မြို့နယ်၊ လင်းခေး ခရိုင်တွင် ၄ မြို့နယ် ရှိသည့်အနက် လင်းခေး ခရိုင်တွင်းရှိ လင်းခေး၊ မိုင်းပန်၊ မောက်မယ်တို့သည် မြန်မာပြည် ရာသီဥတုအတိုင်း ပူအိုက်ကြောင်း သိရသည်။ လွိုင်လင်တွင် ၃ ရက်ဆက်တိုက် 0 ဒီဂရီအထိ အေးခဲ့ပြီး၊ နမ့်စန်တွင်လည်း 2 ဒီဂရီအထိ တစ်ပတ်လောက် အေးနေကြောင်း သိရသည်။ တောင်ကြီးတွင် 2 ဒီဂရီအထိ အအေးပိုလာကြောင်း သိရသည်။

“လွိုင်လင်နဲ့ နမ့်စန်က အအေးဆုံးပဲ။ လွိုင်လင်မှာ သုံညမှတ်အောက် ၃ ရက်ဆက်တိုက် အေးနေတယ်။ နမ့်စန်မှာ 1 နဲ့ 2 လောက် ဖြစ်နေတယ်။ ဒီဘက်မှာ တော်တန်ရုံ အဆင်ပြေတဲ့သူတွေကတော့ မီးလှုံကြတာပေါ့။ တချို့လည်း စောစော အိပ်ယာဝင်ကြတာပေါ့။ နွေးနွေးထွေးထွေး နေကြတာပေါ့။ အသက်ကြီးတဲ့သူတွေက မီးဖိုလေးတွေနဲ့ နေကြတာပေါ့။ ဆင်းရဲသားတွေကျလည်း ဆုံးပါးတွေဘာတွေ ရှိတာပေါ့။ ရေချိုးမှားတာတို့ လေဖြတ်တာတို့ ရှိတာပေါ့။ လင်းခေး၊ မိုင်းပန်က ပူတယ်။ လင်းခေးမှာက ထန်းပင် အုန်းပင်တွေ ရှိတယ်။ မြန်မာပြည် ရာသီဥတု အတိုင်းပဲ။ အချိန်တန်ရင် ထန်းရည်ရမယ်။ ပူတယ်။ အဲ့ဘက်က။ ကျိုင်းတုံ၊ တာချီလိတ်ပူတယ်။ မြေပြန့်ဘက်၊ တောင်အောက်ဘက် ရောက်သွားတာပေါ့နော်။ တာကော်ထိ တော်တော်ပူတယ်။ ကွန်ဟိန်းမှာ စအေးတယ်။” ဟု နမ့်စန်မှ ဦးနေဇော်နိုင်က ပြောကြားသည်။

“ကလောမှာ ခုမှ အအေး ပြန်ပေါ့သွားတာ။ ရှေ့ရက်တွေတုန်းက အရမ်းချမ်းတယ်။ ရေတွေ ဘာတွေတောင် ခဲနေတယ်” ဟု ကလောမြို့မှ ကိုသိန်းဇော်က ပြောကြားသည်။

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်တွင် မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီး၊ မိုင်းကိုင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ ပင်လုံ၊ ခိုလမ် စသောမြို့များ ပါဝင်ပြီး၊ လွိုင်လင်၊ မိုင်းရှူးနှင့် နမ့်စန်တို့တွင် အအေးဒဏ် ပိုများဆုံး ဖြစ်ကြောင်း သိရသည်။

မြေပြန့်မြို့များထက် ပင်လယ်ရေမျက်နှာပြင်အထက် တောင်ပေါ်မြို့များတွင် အအေးဒဏ် ပိုများခဲ့ကြောင်း သိရသည်။

Writer:
စည်သာ(တောင်ကြီး)

Facebook Post တစ်ခုကြောင့် ဒေါ်လာ ၈၀၀ ကျော် ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး ( facebook သုံးသူတိုင်း သတိထားစရာ )





ယနေ့ခေတ် လူမှု မီဒီယာ အသုံးပြုသူတွေ အားလုံး သိထားတဲ့ အရာတစ်ခုက ဘယ်အရာကိုမဆို အင်တာနက် မှာ Post လုပ်ဖို့ပါ။ တစ်ခုခုကို အနိုင်ရတဲ့ လက်မှတ်တွေအပါအ၀င်ပေါ့။ ကံမကောင်းစွာနဲ့ပဲ Chantelle လို့အမည်ရတဲ့ သြစတြေးလျနိုင်ငံသား အမျိုးသမီးတစ်ဦးဟာ Melbourne Cup ပြိုင်ပွဲမှာ လောင်းကြေးအနိုင်ရခဲ့ပါတယ်။

၈၂၅ ဒေါ်လာ တန်ကြေးရှိတဲ့ လောင်းကြေးကို အနိုင်ရခဲ့တဲ့အခါမှာ သူဟာ အများနည်းတူ အောင်ပွဲခံခဲ့ပါတယ်။သူမရဲ့  အောင်ပွဲခံနည်းကတော့ သူမရဲ့ အနိုင်ရတဲ့လက်မှတ်(ဘားကုတ်ပါဝင်ပြီး) နဲ့အတူ သူမဟာ ဆယ်လ်ဖီဓါတ်ပုံတစ်ပုံ ရိုက်ပြီး Facebook မှာ တင်လိုက်ပါတယ်။ အဲဒီအခါ သူမရဲ့  အကောင့်ထဲမှာရှိတဲ့ သူငယ်ချင်းတွေကသူမရဲ့  ဓါတ်ပုံကို "Like" ပြုလုပ်ပေးကြပေမယ့် တစ်ယောက်တည်းသာ Friend တစ်ယောက်ကတော့ Chantelle ရဲ့ ဓါတ်ပုံကို သူ(သို့)သူမ ပါဆိုပြီး အခိုင်အမာ ဆိုပြီး ဆုကြေးတွေထုတ်ယူသွားခဲ့တာဖြစ်ပါတယ်။

သူမဟာ Facebook မှာ ဓါတ်ပုံတင်ပြီးပြီးချင်း ၁၅ မိနစ်အကြာမှာပဲ ဆုကြေးထုတ်ယူဖို့ သွားရောက်ခဲ့ပေမယ့် သူမရဲ့ ဆုကြေးကို တစ်စုံတစ်ယောက်က ထုတ်ယူပြီးသားဖြစ်သွားပါပြီ။ အဲဒီအခါမှာ သူမက Facebook မှာ အခုလိုရေးသားခဲ့ပြန်ပါတယ်။

"ငါနဲ့ Facebook မှာ Friend ဖြစ်နေပြီး ငါ့ဓါတ်ပုံကိုအသုံးချကာ ဆုကြေးထုတ်ယူသွားတဲ့ အဆင့်အတန်းနိမ့်တဲ့လူ အတွက် ၊ မင်းဟာ ချီးထုတ်တစ်ယောက်ပဲ။ မင်းဟာ ငါ့ရဲ့  လှပတဲ့နေ့ရက်ကို ပျက်စီးစေခဲ့တယ်။"

ဒါကြောင့် Facebook မှာ အရာရာကို Post လုပ်ဖို့မကြိုးစားပါနဲ့။အထူးသဖြင့် အာမခံချက်မရှိတဲ့ အွန်လိုင်းပေါ်က ဆုကြေးတွေနဲ့ ပတ်သက်ပြီး အခြားအသုံးပြုသူတွေက ခိုးယူသွားနိုင်တာကြောင့် Facebook မှာ လုံးဝ Post မလုပ်ပါနဲ့။

Credit : Trend Myanmar

ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကို အစိုးရမှဝင်ရောက်စွက်ဖက်သဖြင့် ကူဝိတ်နှင့်မြန်မာ ပွဲတွင် မြန်မာအသင်းကကူဝိတ်အသင်းအား ၃- ၀ ဖြင့်အနိုင်သတ်မှတ်




ဇန်နဝါရီ ၁၄၊ ရန်ကုန်။             ။ ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကို အစိုးရမှဝင်ရောက်စွက်ဖက်သဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ဒဏ်ကြေးငွေ ပေါင် ၆၈၇၂ပေါင်နှင့်အတူ   မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲကိုလည်း ၃-၀ ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ၆ပွဲမြောက်အဖြစ် ကူဝိတ်အသင်းသည် မြန်မာအသင်းနှင့်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး ယင်းပွဲစဉ်ကစားခွင့်ကို ဖီဖာမှ ပိတ်ခဲ့သဖြင့် ၃ဂိုး၊ ၃မှတ်ဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

ကူဝိတ်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲမှ ထုတ်ပယ်ခြင်းမရှိသေးသည့်အတွက် လက်ရှိအုပ်စုတွင်းတွင် ရမှတ် ၁၀မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာအသင်းမှာ ကူဝိတ်အသင်းနှင့် ပထမအကျော့ဆုံတွေ့ခဲ့စဉ်က ၉-၀ဂိုးဖြင့် ဂိုးပြတ်ရှုံးထားပြီး ဒုတိယအကျော့ပွဲစဉ်ကို ၃ဂိုး၃မှတ်ရခဲ့သည့်အတွက် ရမှတ် ၇မှတ်ဖြင့် အုပ်စု စတုတ္ထနေရာတွင် ရပ်တည်နေသည်။

ကူဝိတ်ဘောလုံးအသင်းကို ဖီဖာက နိုင်ငံတကာပြိုင်ပွဲများကစားခွင့် ခေတ္တပိတ်ထားသဖြင့် ဘရာဇီးနိုင်ငံတွင် ကျင်းပမည့် ရီယိုဒီဂျေနီယို အိုလံပစ်ပြိုင်ပွဲကိုလည်းလွဲချော်မည်ဖြစ်သည်။ မြန်မာအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲအဖြစ် မတ်လ ၂၉ရက်တွင် လက်ဘနွန်နှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်သည်။

ယူရေနီယမ်ဟု ယူဆရသော သတ္တုမှုန့်များကို ကျပ်သိန်းနှစ်သောင်းဖြင့် ရောင်းချရန် ပြုလုပ်နေသူ အမျိုးသားသုံးဦးကို မန္တလေးမြို့တွင် ဖမ်းဆီးရမိ



အိန္ဒိယနိုင်ငံဘက်မှ သယ်ဆောင်လာသည့် ယူရေနီယမ်ဟု ယူဆရသော သတ္တုမှုန့်များကို ကျပ်သိန်းနှစ်သောင်းဖြင့် ရောင်းချရန် ပြုလုပ်နေသူ အမျိုးသားသုံးဦးကို မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရသည်။

ဖြစ်စဉ်မှာ ယူရေနီယမ် ရောင်းချမှု သတင်းအရ အသွင်ယူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရောင်းချရန်ပြုလုပ်သူ သုံးဦးမှာ အိန္ဒိယနိုင်ငံ မီဇိုပြည်နယ် အိုက်စောမြို့နေသူ တစ်ဦးထံမှ ၀ယ်ယူခဲ့ပြီး အမြတ်ရပါက ပြန်လည်ရောင်းချရန် မန္တလေးမြို့သို့ လာရောက်စဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့နေ ရန်းထန်ဇမ်းမာ (၃၁ နှစ်)၊ ရိခေါဒါရ်မြို့နေ လာလ်လျံဇမ်း (၂၉ နှစ်) နှင့် ငွန်ဇာလ်ထန် (၄၈ နှစ်) တို့သည် ယူရေနီယမ်ဟု ယူဆရသည့် ပစ္စည်းထည့်ထားသော Uranium Cooperation Of  India Ltd * SLILLONGINDIA * YELLOW  CAKE 425 VOlt စာတန်း၊ ကြယ်သုံးပွင့် အမှတ်အသားပါ ကတ်ထူဘူးတစ်ဘူးဖြင့် ထည့်လျက် 425-V စာတမ်းပါ URANIUM ပါဝင်သည့် အလျား ၆ ဒသမ ၅ လက်မ၊ အနံ ၄ လက်မခန့်၊ အမြင့် ၁ ဒသမ ၃ လက်မခန့်၊ အလေးချိန် ၁ ကီလိုဂရမ်ရှိ လေးထောင့်ခဲ သေတ္တာတစ်ခုကို မြန်မာကျပ်ငွေ ကျပ်သိန်း ၂၅၀၀၊ ကြယ်ငါးပွင့် အမှတ်အသားပါ ကတ်ထူးဘူးဖြင့် ထည့်ထားသည့် URANIUM ပါဝင်သည့် အလျား ၆ ဒသမ ၅ လက်မ၊ အနံ ၄ လက်မခန့်၊ အမြင့် ၁ ဒသမ ၅ လက်ခန့်၊ အလေးချိန် ၁ ဒသမ ၁ ကီလိုဂရမ်တို့ကို မြန်မာကျပ်ငွေ သိန်း ၃၅၀၀ ဖြင့်လည်းကောင်း တန်ဖိုးဖြတ်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်စောမြို့နေ မထန်းလီဆိုသူထံမှ ၀ယ်ယူခဲ့ပြီး ရိခေါဒါရ်မြို့နယ်ခွဲ ကလေးမြို့မှ မန္တလေးမြို့သို့ အငှားကားဖြင့် ယူဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက် မှတ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

ထိုယူရေနီယမ်နှစ်မျိုးအား မြန်မာကျပ်ငွေ ကျပ်သိန်းနှစ်သောင်းရလျှင် ပြန်လည်ရောင်းချရန် ယူဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ယူရေနီယမ်လို့တော့ ယူဆရတဲ့ အဆင့်ပေါ့။ ကျွန်တော်တို့ဆီမှာ ဒီပစ္စည်း စစ်ဆေးဖို့အတွက် သိပ်လက်လှမ်းမမီသေးဘူး။ သတင်းအရ မူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိလိုက်တာပါ။ ဒါတွေကို ဓာတ်ခွဲစစ်ဆေးဖို့ပဲဖြစ်ဖြစ်၊ တစ်ခြားလိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကတော့ ဆက်လုပ်သွားရမှာပေါ့။ ဓာတုစွမ်းအင်အတွက် အသုံးကျတဲ့ ပစ္စည်းအနေနဲ့ပဲ သိတယ်။ သူ့ရဲ့ ဓာတ်သတ္တိကြွမှုတွေက အန္တရာယ် အရမ်းများတော့ ညွှန်ကြားချက်အရ ဆက်ဆောင်ရွက်သွားရမှာပါ” ဟု အဆိုပါ ယူရေနီယမ်ဟု ယူဆရသည့် သတ္တုမှုန့်များ ဖမ်းဆီးရမိခဲ့သည့် အမှုနှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ပစ္စည်းများ သယ်ဆောင်လာသူ အမျိုးသားသုံးဦး အပါအ၀င် မူလ ပစ္စည်းရောင်းချခဲ့သူ အမျိုးသမီးကိုပါ မဟာအောင်မြေ မြို့မရဲစခန်းတွင် (ပ)၄၃/၂၀၁၆ သတ္တုပုဒ်မ ၃၁ ဖြင့် ရဲအုပ်မြင့်သွင်မှ တရားလိုပြုလုပ် အမှုဖွင့်ထားကြောင်း သိရသည်။
Ref - ElevenNews


Writer:
ယဉ်မျိုးသွယ်

လွှတ်တော်အသစ်တွင် တာဝန်ယူမည့် အမတ်များက ပိုကောင်းသည့် လွှတ်တော်ဖြစ်အောင်ကြိုးစားသွားရမည်ဟု သူရဦးရွှေမန်းပြော





န်ကုန်၊ဇန်နဝါရီ ၁၄။          ။ ဒုတိယအကြိမ်လွှတ်တော်တွင် တာဝန်ယူမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခုထက်ပိုကောင်းသည့် လွှတ်တော်ဖြစ်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၄ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က လွှတ်တော်ဝန်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်တွင် ပြုလုပ်ခဲ့သည့် လွှတ်တော်အသစ် ခေါ်ယူရေးအတွက် ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် သူရဦးရွှေမန်းက ပြောသည်။

ဆက်လက်တာဝန်ယူကြမည့် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ ဆောင်ရွက်ချက်များအပေါ် သင်ခန်းစာရယူပြီး ယခုထက်ပိုမိုကောင်းမွန်သည့်၊ အရည်အချင်းပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်သည် စာအုပ်ထဲ၌သာထားရှိပြီး ရုပ်ပြ၊ ဟန်ပြ လုပ်ဆောင်ရမည့်ကိစ္စ တစ်ခုမဟုတ်ပါကြောင်း ၎င်းကဆိုသည်။

နိုင်ငံက လိုလားတောင်းတနေသည့် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်ရာတွင် လွှတ်တော်အပိုင်းက ပါဝင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လွှတ်တော်တွင် လူတော်၊ လူကောင်းများ ပါဝင်လာရေးနှင့် နိုင်ငံကိုအုပ်ချုပ်ရာတွင် လူတော်၊ လူကောင်းများ ပါဝင်လာရေးအတွက် နောင်အစဉ်အဆက် ပြည်သူများက ရွေးချယ်သွားကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ တွင် မိမိတို့ကိုယ်စီ တာဝန်ကျေမကျေ သုံးသပ်ရန် လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

လွှတ်တော်ခေါ်ယူကျင်းပခြင်းနှင့် လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၎င်းကပြောသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ  ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရအကြီးအကဲများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Tags:
ဒုတိယအကြိမ်လွှတ်တော်  သူရဦးရွှေမန်း
   
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.