Thursday, January 14, 2016

ကျေးရွာရပ်ကွက်အုပ်ချုပ် ရေးမှူးများ သက်တမ်းကို နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့်အညီသတ်မှတ် ပြင်ဆင်




ကျေးရွာရပ်ကွက်အုပ်ချုပ် ရေးမှူးများ သက်တမ်းကို နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့်အညီသတ်မှတ် ပြင်ဆင် ထားသည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ် ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်က ယမန်နေ့က အတည်ပြုလိုက်သည်။

ဇန်န၀ါရီ ၁၃ ရက်က အမျိုးသား လွှတ်တော်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကို

ဒုတိယအကြိမ်ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

‘‘ရပ်ကျေးအုပ်ချုပ်ရေးဟာ အုပ်ချုပ်ရေးအပိုင်းဖြစ်တဲ့အတွက် အုပ်ချုပ်ရေး မဏ္ဍိုင်က အဖွဲ့အ စည်းတိုင်းဟာ ဘောင်အတွင်းမှာ ၀င်ပါတယ်။ ဒါကြောင့် သမ္မတ သက်တမ်းနဲ့အညီသာ ဖြစ်သင့်ပါ တယ်’’ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၁)မှ ဒေါ်ခင်ဝိုင်း ကြည်က ပြောသည်။

မပြင်ဆင်ရသေးမီ ဥပဒေ တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၏ သက်တမ်းသည် ပြည်သူ့လွှတ် တော်သက်တမ်းနှင့်အညီဖြစ်ပြီး သက်တမ်းသုံးကြိမ်ထက်မပိုစေရ ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် လွှတ်တော်သက်တမ်း ကုန်ဆုံး မည့် ဇန်န၀ါရီ ၃၀ ရက်မတိုင်မီအချိန်မီစေရန် ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့ ရွေးချယ်ရေးကို မြန်ဆန် စွာလုပ်ဆောင်ရသောကြောင့် ရပ်ကွက်အတွင်း မတည်ငြိမ်မှုများမရှိ စေအောင် လုံလောက်သော အချိန်ရှိစေရေး သက်တမ်းတိုးသင့် သည်ဟု ဒေါ်ခင်ဝင်းကြည်က ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော်အတည် ပြုချက်အတိုင်း အမျိုးသားလွှတ် တော်က အတည်ပြုလိုက်သည့် အတွက် ရပ်ကွက် (သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်ပြီး သက်တမ်းနှစ်ကြိမ်ထက် ပို၍ တာဝန်ထမ်းဆောင်၍ မရတော့ပေ။

လက်ရှိ အစိုးရ သက်တမ်း သည် လာမည့် မတ်လ ၃၀ ရက်၌ ကုန်ဆုံးမည် ဖြစ်သည်။ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအား ရွေးချယ် တာဝန်ပေးနိုင်ရန် လုံ လောက်သော အချိန်ကာလရရှိ စေရန် လည်းကောင်း၊ အသစ်တာဝန် ထမ်းဆောင်မည့် ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ကြီးကြပ်လမ်းညွှန်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်အတိုင်း အတည်ပြုသင့်သည်ဟု အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီက ထုတ်ပြန်သည်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.