အသားအရေလျော့တွဲခြင်းအတွက်အိမ်တွင်းကုထုံးနည်းလေးများ
အသားအရေလျော့တွဲခြင်းအတွက်
အိမ်တွင်းကုထုံးနည်းလေးများ
သင့်ရဲ့အသက်အရွယ်အရ ကိုလိုဂျင်ထုတ်လုပ်မှုတွေ လျော့နည်းလာတာကြောင့် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာသည့်အပြင် အသားအရေလျော့တွဲမှုတွေ ဖြစ်ပေါ်လာတာကို ကြုံတွေ့ရလာနိုင်ပါတယ်။ အသက်အရွယ်အရ ဒီလိုကြုံရပေမယ့် တစ်ချို့သောလူများက ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ နေလောင်ခံရခြင်း၊ လျင်မြန်စွာ ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် အလှကုန်ပစ္စည်းတွေကို မှားယွင်းစွာ အသုံးပြုခြင်းကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အိမ်တွင်းကုထုံးနည်းလေးတွေ ရှိပါတယ်။
(၁) ကြက်ဥအကာရည်
အသားအရေလျော့တွဲခြင်း၊ အရေးအကြောင်းဖြစ်ပေါ်ခြင်းတွေအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးကတော့ ကြက်ဥအကာရည်ကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥအကာရည်မှာဆိုရင် ပရိုတင်းဓာတ်၊ ကိုလိုဂျင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မျက်နှာနှင့် လည်ပင်းကို ကြက်ဥအကာရည်ကို လိမ်းထားပြီး အချိန်ကြာကြာနေပါ။ ဒီလိုပြုလုပ်စဉ်မှာ သင့်ရဲ့မျက်နှာပေါ်က ကြက်ဥအကာရည်တွေဟာ ခြောက်သွားတာမို့ မျက်နှာအသားအရေက တင်းနေတာကို ခံစားရမှာပါ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးချလိုက်ပါ။ အရင်ကနဲ့ မတူတဲ့ ခံစားမှုမျိုး ခံစားရမှာဖြစ်ပါတယ်။
(၂) ဒိန်ချဉ်
လူ့ခန္ဓာကိုယ် အတွင်းပိုင်းတွက် ကောင်းမွန်တဲ့ ဒိန်ချဉ်ဟာဆိုရင် အသားအရေလျော့တွဲခြင်းတွေအတွက်လည်း ကောင်းပါတယ်။ ပရိုတင်းဓာတ်တွေ ပါဝင်တာကြောင့် မျက်နှာနဲ့ လည်ပင်းနေရာတွေမှာ ဒိန်ချဉ်ကို လိမ်းပါ။ မိနစ် ၂ဝ ကြာ ထားပေးရပါမယ်။ ပြီးမှ ရေဆေးချပါ။
(၃) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ရဲ့အတွင်းသားတွေမှာ ဗီတာမင်အီးဓာတ်တွေ များစွာ ပါဝင်တာကြောင့် အလှထုတ်ကုန်ပစ္စည်းတွေ အတော်များများမှာ ရှားစောင်းလက်ပတ်ကို ထည့်သုံးကြတာ တွေ့ရပါတယ်။ အသားအရေလျော့တွဲကျနေတဲ့ အပိုင်းတွေမှာ ရှားစောင်းလက်ပတ်အတွင်းသားတွေကို လိမ်းပေးပြီး ၁၅ မိနစ် သို့မဟုတ် ၂ဝ မိနစ် ကြာထားပြီး ကြက်သီးနွေးရေနဲ့ ဆေးချရမှာဖြစ်ပါတယ်။
(၄) မိုင်ရွန်နိစ်
မိုင်ရွန်နိစ်တွေကိုလည်း ဒိန်ချဉ်ကဲ့သို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာကိုတော့ သေချာသစ်ပေးဖို့ လိုပါတယ်။
(၅) သခွားသီးဖျော်ရည်
သခွားသီးမှာဆိုရင် ဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာ မျက်လုံးနှင့်တစ်ဝိုက်မှာ သခွားသီးပါးပါးလှီးပြီး ကပ်ပေးခြင်းတွေ ပြုလုပ်နိုင်သလို သခွားသီးဖျော်ရည်ကို မျက်နှာနှင့် လည်ပင်းမှာ လိမ်းပြီး နာရီဝက်ကြာ ထားပေးရပါမယ်။ ပြီးရင်တော့ ရေဆေးချဖို့ လိုပါတယ်။
(၆) ရှောက်သီးဖျော်ရည်
အချဉ်ဓာတ်ဖြစ်တဲ့ ရှောက်သီးမှာဆိုရင် ဗီတာမင်စီဓာတ်တွေ များစွာပါဝင်တာမို့ သင့်မျက်နှာနှင့် လည်ပင်းတွေမှာ လိမ်းမယ်ဆိုရင် သင့်ကို ငယ်ရွယ်တဲ့အသွင်ဆောင်စေနိုင်ပါတယ်။ အကယ်၍ သင့်ရဲ့အသားအရေက ထိရှလွယ်တယ်ဆိုရင်တော့ ရှောက်သီးဖျော်ရည်ကို ရေနှင့်ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ စေးကပ်ကပ်ခံစားမှုမျိုးကို ခံစားရမှာဖြစ်ပြီး ရေအေးနှင့် ဆေးချရပါမယ်။
(၇) သံလွင်ဆီ
သံလွင်ဆီမှာဆိုရင် ဗီတာမင် စီ၊ ဗီတာမင် အီးအပြင် ဗီတာမင် အေ ဓာတ်ပါ ပါဝင်တာကြောင့် သင့်ရဲ့မျက်နှာပေါ်က အရေးအကြောင်းတွေ အမည်းစက်တွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် အသားအရေစိုပြေစေခြင်းနှင့် သွေးလည်ပတ်မှုအားကောင်းစေတာမို့ သံလွင်ဆီလိမ်းပြီး အနည်းငယ် လိမ်းနယ်ပေးနိုင်ပါတယ်။
(၈) ရေသောက်ပါ
ရေဟာဆိုရင် အသားအရေဆဲလ်တွေကို ရေဓာတ်မြင့်တင်ပေးနိုင်တဲ့အပြင် အဆိပ်အတောက်ပြယ်စေခြင်းတို့ကြောင့် တစ်ရက်လျှင် ရေ ၈ ခွက်မှ ၁၂ ခွက်အထိ သောက်သုံးနိုင်ပါတယ်။
Ref : healthdigezt.com
Credit : Health Digezt

0 comments:
Post a Comment