Thursday, January 14, 2016

ဂျပန်မှာခေတ်စားနေတဲ့ မျက်လုံးအားအကြင်နာပေးနည်း





လူအများစုဟာ မျက်လုံးနဲ့ ပတ်သက်ရင် ဆတ်ဆတ်ထိမခံ ဖြစ်တတ်ကြပါတယ်။ မျက်လုံးထဲ အမှုန်ဝင်တာကအစ မနေနိုင်မထိုင်နိုင်ဖြစ်ကြသလို ဆံပင်လေးတစ်မျှင် ၀င်သွားတာနဲ့ မျက်စိ အထူးကု ဆီ သွားမယ် တကဲကဲ ဖြစ်တတ်ကြပါတယ်။

ဒါပေမယ့် မျက်လုံးနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ ရေပန်းစားမှု တစ်ခုကို ပါဝင်လုပ်ဆောင်ကြည့်ပါဆိုရင် သင်လည်း လက်တွန့်သွားမိမှာပါ။ အဲဒီရေပန်းစားမှုကတော့ မျက်လုံးကို လျှာနဲ့ ယက်တဲ့ ယဉ်ကျေးမှုပါပဲ။ ဟုတ်ပါတယ် ။ ဂျပန်နိုင်ငံက ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့  ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် ကိုယ့်ချစ်သူရဲ့ မျက်လုံးကို လျှာနဲ့ယက် ပြကြပါတယ်။ သင်ရောဘ၀မှာ ဒါမျိုးလုပ်ကြည့်ဖူးပါသလား?

ဒီလို မျက်လုံးကို လျှာနဲ့ ယက်ပြတဲ့ အကြင်နာပေးနည်းကို "Oculolinctus" ၊ "worming" စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အဲဒီ အကြင်နာပေးနည်းဟာ လျှာနဲ့ယက်တဲ့ လူအတွက် ကြင်နာခြင်းကို ဆောင်ပေမယ့် မျက်လုံးပိုင်ရှင်အတွက်တော့ နာကြင်ခြင်း တွေသာ ဖြစ်လာမှာ သေချာပါတယ်။

Huffington Post သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာတော့ ဆန်ဒီယေဂို မြို့ က မျက်စိ အထူးကုဆရာဝန် ဒေါက်တာ ဒေးဗစ်ဂရာနတ် က မျက်လုံးကို လျှာနဲ့ ယက်ခြင်းနဲ့ ပတ်သက်ပြီး အထူးသတိပေးထားပါတယ်။

"ဒီနည်းလမ်းက ကောင်းကျိုးတစ်ခုမှ မပေးပါဘူး။ လျှာပေါ်မှာရှိတဲ့ မညီညာမှုတွေဟာ မျက်ကြည်လွှာကို ပွန်းပဲ့ ဒဏ်ရာရမှုတွေဖြစ်ပေါ်စေပါတယ်။ အကယ်၍ လူတစ်ယေက်ဟာ သူ့ပါးစပ်ကိုသူဆေးကြော သန့်စင်ခြင်း မရှိဘူးဆိုရင် အစပ်နဲ့ အရည်ရွှမ်းအသီးတွေကနေ ရထားတဲ့ အက်ဆစ်တွေကို မျက်လုံးထဲ ထည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကတော့ မျက်စိနာခြင်း ၊ ရေယုန်ပေါက်ခြင်း နဲ့ အမြင်အာရုံကွယ်ပျောက်သွားခြင်းတို့ ထိ ဖြစ်စေနိုင်ပါတယ်" လို့ ဒေါက်တာဒေးဗစ်ဂရာနတ်က ပြောပြခဲ့ပါတယ်။

တစ်ကယ်တော့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် အခြားနည်းလမ်းတွေရှိနေပါသေးတယ်။ သတင်းကောင်းတစ်ခုကတော့ ဒါဟာ ရေပန်းစားမှုတစ်ခုထက် ပေါက်ကရ တစ်ခု ဖြစ်နေနိုင်တာပါ။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.