Thursday, February 25, 2016

ချိန်းဆိုထားသော ရည်းစားမလာ၍ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦး ဧရာဝတီတံတား(မကွေး)ပေါ်မှ ခုန်ချသေကြောင်းကြံသော်လည်း၊ ငါးဖမ်းသူတစ်ဦး နှင့် ရဲတပ်ဖွဲ့ဝင်များ ကူညီကယ်ဆယ်၍ အသက်မသေ



မကွေး-မင်းဘူး ဆက်သွယ်ထားသော ဧရာဝတီတံတား(မကွေး) မင်းဘူဘက်ခြမ်းပေါ်မှ အမျိုးသားတစ်ဦး ရေထဲခုန်ချခဲ့မှု ဖေဖော်ဝါရီ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ပြောသည်။

ဖေဖော်ဝါရီ(၂၄)ရက်နေ့ ညနေ (၃း၅၀) အချိန်ခန့် ကဧရာဝတီတံတား(မကွေး) တိုင်အမှတ်(P ၁၇) မှ ဧရာဝတီမြစ်အတွင်းသို့ လူတစ်ဦးခုန်ချ သွားကြောင်း သတင်းအရ မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်မျိုးကိုကို ဦးဆောင်သော တာဝန်ရှိသူများက တံတားအောက်သို့ ဆင်း၍ ငါးဖမ်းနေသောဦးမောင်နု နှင့်အတူ လိုက်လံဆယ်ယူခဲ့ရာ မြစ်ထဲခုန်ချသူ အမျိုးသားအား အသက်ရှင်လျှက် ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း၊ ဆယ်ယူရရှိစဉ် ၄င်းမှာရင်ဘတ်အောင့် ဝေဒနာခံစားနေသည်ဟုသိရကြောင်း၊ ရေထဲသို့ ခုန်ချသူမှာ မောင်.................. အသက်(၂၀)နှစ၊် ကျောက်စံကျေးရွာ၊ မင်းဘူး(စကု) မြို့နယ်နေသူဖြစ်ကြောင်း ၊၎င်းသည် ရည်းစားဖြစ်သူ မဥမ္မာအောင်နှင့် ချိန်းဆိုထားရာ၊ မဥမ္မာအောင် ရောက်ရှိလာခြင်းမရှိ၍ စိတ်ညစ်ပြီး ရေထဲသို့ခုန်ချ၍ မိမိကိုယ်ကိုမိမိ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟု အမှုစစ်၏စစ်ဆေးချက်အရ သိရကြောင်း အထက်ပါတာဝန်ကျ ရဲဝန်ထမ်းကပြောသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ရေထဲခုန်ချသူ မောင်..................အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၈/၂၀၁၆ ၊ပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်ထားသည်ဟုလည်း ၄င်းကပြောသည်။

စ၀်မြတ်ကြည်ကြည်ဟုန်း
Source : Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.