Thursday, February 11, 2016
အသက်လေးနှစ် အရွယ် ဗြိတိန်နိုင်ငံသား ကလေးငယ် တစ်ဦးသည် ISIS စစ်သွေးကြွ အဖွဲ့က သူလျှိုဟုစွပ်စွဲ၍ ဖမ်းဆီးထားသည့် လူလေးဦးအား ကားဗုံး ဖောက်ခွဲ၍ ကွပ်မျက်ထားသည့် ဗီဒီယိုဖိုင်ကို ISIS စစ်သွေးကြွ အဖွဲ့က ထုတ်ဖော်ပြသ
အသက်လေးနှစ် အရွယ် ဗြိတိန်နိုင်ငံသား ကလေးငယ် တစ်ဦးသည် ISIS စစ်သွေးကြွ အဖွဲ့က သူလျှိုဟုစွပ်စွဲ၍ ဖမ်းဆီးထားသည့် လူလေးဦးအား ကားဗုံး ဖောက်ခွဲ၍ ကွပ်မျက်ထားသည့် ဗီဒီယိုဖိုင်ကို ISIS စစ်သွေးကြွ အဖွဲ့က ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။ . ဂျီဟက်ငယ်လေး ဟုခေါ်သော အဆိုပါ ကလေးငယ်သည် ISIS စစ်သွေးကြွ အဖွဲ့က သူလျှိုဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သည့် လူလေးဦး ထိုင်နေကြသော အဖြူရောင် ကားတစ်စီးကို နောက်ခံ ထားပြီးနောက် အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲကွပ်မျက် ခဲ့ခြင်းဖြစ်သည်။ . အဆိုပါ ကွပ်မျက်မှုကို ISIS စစ်သွေးကြွ အဖွဲ့ ထိန်းချုပ်ထားသော ရက်ကာမြို့၌ ရိုက်ကူး ခဲ့သည်ဟု ယူဆရပြီး ယင်းဗီဒီယို ခေါင်းစဉ်ကို ၄င်းတို့သည် ရန်သူများ ဖြစ်သည့် အတွက် ၄င်းတို့အား သတိထားကြဟု ယင်းအဖွဲ့က အမည်ပေး ထားကြောင်း သိရသည်။ . ထို့ပြင် ISIS စစ်သွေးကြွ များကို အစိုးရတပ်များ အနေဖြင့် မည်သို့မျှ ချေမှုန်းသုတ်သင် နိုင်မည် မဟုတ်ကြောင်း၊ ၄င်းတို့အား စုံစမ်း ထောက်လှမ်းမည့် သူလျှိုများကိုလည်း ထပ်မံ သတ်ဖြတ်မည် ဖြစ်ကြောင်းနှင့် အစိုးရ အနေဖြင့် စစ်ဘက် တပ်ဖွဲ့ဝင်များကို ပြင်ဆင် နေသကဲ့သို့ မိမိတို့သည်လည်း လူသစ်များ စုဆောင်းနေပြီ ဖြစ်ကြောင်း ကွပ်မျက်မှု မပြုလုပ်မီ ISIS စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် တစ်ဦးက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အား ခြိမ်းခြောက် ပြောကြားခဲ့ သည်ဟု သိရသည်။  . အစ္စဆာဒါရီ အမည်ရှိ ကလေးငယ် သည် လန်ဒန်မြို့ အရှေ့တောင်ပိုင်းရှိ မူဆလင်ဘာသာသို့ ကူးပြောင်းခဲ့သည့် ဂရေ့စ်ဒါရီ ဆိုသူ၏ သားဖြစ်ပြီး မိခင်ဖြစ်သူက လွန်ခဲ့သည့် သုံးနှစ်က ဆီးရီးယားနိုင်ငံသို့ ၄င်းအား ခေါ်ဆောင်ခဲ့ပြီးနောက် ဂျီဟက် အယူဝါဒများ ရိုက်သွင်းခဲ့ခြင်း ဖြစ်သည်။
ဖိနပ်မပါဘဲ ကစားခဲ့ရတဲ့ ရှက်ဖီးယူနိုက်တက် မှ ကရင်လူငယ်ကစားသမားလေး
ဖေဖော်ဝါရီ ၁၃ ရက် စကော့တလန် ဒန်ဘာတန်က ဒန်ဒီးအသင်းနဲ့ မကစားခင်မှာ ကရင် ဘောလုံး သမား ကလယ်ဟဲဟာ ဖိနပ်မပါဘဲ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းမှာ ဘောလုံးကန်ခဲ့ရတဲ့ အကြောင်းကို ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။ ကလယ်ဟဲရဲ့ အိမ်မက်က ဒီဘ၀က လွတ်မြောက်ပြီး ကျွမ်းကျင်တဲ့ ဘောလုံးသမား ဖြစ်ဖို့ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၈ ရက်က ဒေးလီးမေလ်းဆောင်းပါးတပုဒ်မှာ ရေးသားပါတယ်။ ရှက်ဖီးယူနိုက်တက် လူငယ်ဘောလုံးအကယ်ဒမီကနေ ကလာဟဲဟာ ဒန်ဘာတန်မှာ အငှားနဲ့ လာရောက်ကစားနေတာ ဖြစ်ပါတယ်။
ဖိနပ်မရှိတဲ့အတွက် ခြေဗလာနဲ့ ဘောလုံးကစားခဲ့ရသလို ဘောလုံးက ရင်ဆိုင်ရတဲ့ အခက်အခဲကနေ ထွက်ပြေးနိုင်အောင် ကူညီတယ်လို့ ကလယ်ဟဲကပြောပါတယ်။ စစ်အစိုးရလက်ထက် မရပ်စဲတဲ့ ပဋိပက္ခကြောင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်က ထောင်နဲ့ချီတဲ့ လူတွေ ထွက်ပြေးခဲ့ရသလို သူဟာ ဒီအထဲက တဦးဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုမှာ ညီအစ်ကိုမောင်နှမတွေရှိသလို အားလုံးဟာ ၀ါးတဲလေးထဲမှာ အတူနေရသလို ဒုက္ခသည် စခန်းက ထောင်လိုပဲလို့ သူက ပြောပါတယ်။ ဒီနေရာကနေ ထွက်ခွာဖို့ အတွက် အခွင့်အရေး မရှိသယောင်ထင်ရတယ်လို့လည်း ဆိုပါတယ်။ အဖေက အနီးနားကမြို့မှာ ကားမောင်းရသလို အမေကတော့ သူတို့ကို စောင့်ရှောက်တယ်လို့ ကလယ်ဟဲက ပြောပါတယ်။ နောက်ပိုင်း တတိယနိုင်ငံမှာ အခြေချနေထိုင်ခဲ့သလို အင်္ဂလိပ်စာသင်ရာမှာ အခက်အခဲတွေ ရှိခဲ့ပြီး ဘောလုံးကို ဆက်သွယ်ဖို့ အတွက် အသုံးပြုခဲ့တယ်လို့ သူက ပြောပါတယ်။
ကလယ်ဟဲနေတဲ့ အုန်းဖျံဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၁၃၀၀၀ လောက်နေထိုင်ကြသလို ရာသီဥတုကလည်း ကြမ်းတမ်းတယ်လို့ ဆိုပါတယ်။
 DVB
သုံးဝမ်းကွဲတော်စပ်သူ ဦးလေးဖြစ်သူက ကားတင်ပြေးခဲ့ပြီး သားမယားပြုကျင်ခဲ့
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် သုံးဝမ်းကွဲတော်စပ်သူ ဦးလေးဖြစ်သူက ကားတင်ပြေးခဲ့ပြီး
သားမယားပြုကျင်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီ ၂၀ အချိန်ခန့်တွင် တွံတေးမြို့နယ်နေ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးက
သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က ဦးလေး
သုံးဝမ်းကွဲတော်စပ်သူ သီဟကိုက ၎င်းအလုပ်လုပ်ကိုင်သည့် စက်ရုံရှေ့သို့ရောက်လာပြီး
ပြောစရာရှိသဖြင့် ခဏထွက်လာရန် ဖုန်းဆက်ခေါ်သဖြင့် စက်ရုံပြင်ပသို့ ထွက်ခွာခဲ့သည်။
ထိုသို့ ထွက်လာစဉ် ဘုရားလမ်းထိပ်အရောက် သီဟကိုက အငှားယာဉ်ဖြင့် အတင်းအကြပ်
ခေါ်ဆောင် သွားခဲ့သည်။
ထို့နောက် လှိုင်သာယာ အဝေးပြေးကားဂိတ်အနီးရှိ တည်းခိုခန်းတစ်ခုတွင် ညအိပ်တည်းခိုခဲ့ပြီး
သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင်
အဝေးပြေးမှ ပုသိမ်မြို့သို့ သွားခဲ့ပြီး ရပ်ကွက်တစ်ခုရှိ လူနေလိုင်းခန်းအဆောင်တွင် ညအိပ်ပြီး
သားမယားပြု ကျင့်ခဲ့သည်ဟု တိုင်ကြားချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် ပုသိမ်မှ ထွက်ပြေးခဲ့ပြီး အရေးယူပေးရန်
တိုင်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းက(ပ)၁၉၆/၁၆ ပြစ်မှုပုဒ်မ ၃၇၆/၃၆၃ အရ
အမှုဖွင့်အရေးယူထားသည်။
Ref - myanmar time news
လက်စတာနှင့်ကစားမည့်ပွဲတွင်နည်းစနစ် အပြောင်းလဲ လုပ်ရန် အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါး စီစဉ်
အာဆင်​နယ်​နည်းပြ အာစင်​ဝင်းဂါးသည်​ လက်​စတာအသင်းနှင့်​ ကစားရမည့် ပရီးမီးယားလိဂ်​​ပွဲတွင်​ အသင်း၏ ဗဟိုခံစစ်​အတွဲအဖက်​ကို အ​ပြောင်းအလဲလုပ်​ရန်​ စဉ်းစား​နေသည်​။
အမှတ်ေ​ပးဇယား ဦး​ဆောင်​သူကို အိမ်​ကွင်း အမ်းမရိတ်​၌ ဧည့်​ခံရမည်​ ဖြစ်​သည်​။ အဆိုပါပွဲသည်​ ၎င်းတို့၏ ချန်​ပီယံအိပ်​မက်​ကို အဆုံးအဖြတ်​​ပေးမည့်​ပွဲ ဖြစ်​သည့်​အတွက်​ အာစင်​ဝင်းဝါးအ​နေနှင့်​ အ​လေးအနက်​ထားနေခြင်း ဖြစ်​သည်​။
လောရင့်​ကိုစီရယ်​နီနှင့်​ ပါမာတီဆက်​ကာတို့သည်​ ယခုနှစ်​ရာသီတွင်​ အာဆင်​နယ်​အသင်း၏ ပင်​တိုင်​ခံစစ်​အတွဲ ဖြစ်​သည်​။ သို့​သော်​ အာစင်​ဝင်းဂါးသည်​ လက်​စတာအသင်း၏ လျင်​မြန်​သည့်​ တိုက်​စစ်​တွဲလုံး​တွေကို ချုပ်​ထိန်းရန်​အတွက်​ မာတီဆက်​ကာအစား ဂါဘရီယဲလ်​ကို ကိုစီရယ်​နီနှင့်​ တွဲဖက်​ကာ ပွဲထုတ်​ရန်​ ဆန္ဒရှိ​နေသည်​။
အထူးသဖြင့်​ လက်​စတာအသင်း၏ တိုက်​စစ်​ကစားသမား​တွေဖြစ်​သည့်​ ဗာဒီနှင့်​ မာရက်​ဇ်​တို့၏ အမြန်​နှုန်းကို ဂါဘရီယဲလ်​နှင့်​ ထိန်းချုပ်​ရန်​ အာစင်​ဝင်းဂါးက စဉ်းစား​နေခြင်း ဖြစ်​သည်​။ ဂါဘရီယဲလ်​သည်​ အာဆင်​နယ်​အသင်း၏ ​နောက်​ဆုံးသုံးပွဲ၌ ပွဲထွက်​ခွင့်​ရခဲ့ပြီး အဆိုပါပွဲများတွင်​ ​ပေးဂိုးတစ်​ဂိုးသာ ရှိခဲ့သည်​။
ထို့ပြင်​ ကြံ့ခိုင်​မှု ပြန်​လည်​ပြည့်​ဝလာသည့်​ ကွင်းလယ်​ခံစစ်​သမား ကိုကီလင်​သည်​လည်း ဒူးဒဏ်​ရာ​ကြောင့်​ အနားယူပြီး​နောက်​ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်​ပွဲထွက်​အဖြစ်​ လက်​စတာပွဲတွင်​ ပွဲထွက်​လာမည်​ဖြစ်​​ကြောင်း သိရသည်​။
Ref - Five Eagles Sport
By : PKK
ချစ်သူများနေ့မှာဘာအတွက်ကြောင့်ရန်အဖြစ်များပါသလဲ
ချစ်သူများနေ့မှာ ချစ်သူတွေ ရန်ဖြစ်ကြရတဲ့ အဓိက အကြောင်းရင်း (၇) ချက်ရှိပါတယ်။
ချစ်သူများနေ့ဟာ ချစ်သူစုံတွဲအတွေအတွက် ပျော်စရာအထိ
မ်းအမှတ်နေ့ ဖြစ်ပေမယ့် အဲဒီနေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့  အ
ဆုံးမသတ်လိုက်ရတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ စစ်တမ်းလော့ချက်အရ ချစ်သူများနေ့မှာ သာမန်နေ့ထက်တောင် ပိုပြီးရန်ဖြစ်တက်ကြပါတယ်။
ဘယ်လိုကိစ္စမျိုးကြောင့် ချစ်သူစုံတွဲတွေ ချစ်သူများနေ့မှာ ရန်ဖြစ်ကြရတယ် ထင်ပါသလဲ။ အဲဒီနေ့မှာ ရန်ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း (၇) ခုရှိပါတယ်။
၁။ မုန့်လုစားခြင်း (နောက်ပြောင်ရင်းကနေ ရန်ဖြစ်ခြင်းဆီကို ကူးပြောင်းသွားနိုင်ပါတယ်)
၂။ ဖေ့စ်ဘွတ်ပေါ် ပုံတင်ခြင်း
၃။ အပြင်မှာ နေ့လည်စာ/ ညစာစားသောက်ပြီး ပိုက်ဆံမရှင်းပေးခြင်း
၎။ ရည်စားဟောင်း အကြောင်း ထည့်ပြောခြင်း
၅။ အကျင့်ဆိုးခြင်း (အော်ဟစ်ငေါက်ငမ်းခြင်း)
၆။ တစ်ဖက်လူစကားကို နားမထောင်/ ဂရုမစိုက်ပဲ နေခြင်း
၇။ လျှောက်လည်နေစဉ်  အလုပ်ကြားဖြတ် ဝင်လာခြင်း
Source : Joe
Photos : money.usnews
လိင်ဆက်ဆံရင်း သေဆုံးခဲ့တဲ့ အမျိုးသားကို ခေါ်သွားရာမှာ ပြည့်တန်ဆာမပါ တွဲရက် ပါသွား
လိင်ဆက်ဆံနေရင်း သေဆုံးသွားခဲ့တဲ့ ပင်စင်စားတစ်ဦးကို ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေက သူ့အိမ်ထဲကနေ ဘီးတပ်ကုတင်နဲ့ ဆွဲထုတ်သွားခဲ့ရာမှာ သူနဲ့အတူ လိင်ဆက်ဆံနေတဲ့ ပြည့်တန်ဆာမဟာလည်း တွဲရက် ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီလို ထူးဆန်းတဲ့ ဗီဒီယို ဟာ အွန်လိုင်းမှာလည်း အကြိမ်ရေ ထောင်ပေါင်းများစွာ ဝေမျှခြင်းခံခဲ့ရပါတယ်။ ထို သေဆုံးသူ အမျိုးသားဟာ ဘီးတပ်ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့အပေါ်မှာလည်း အမျိုးသမီး တစ်ဦးလို့ ထင်မှတ်ရသူတစ်ဦးဟာ ကပ်လျက် ပါဝင်နေပြီး အပေါ်ကနေ စောင်အပြာ တစ်ထည်နဲ့ ဖုံးအုပ်ထားခဲ့တာကို တွေ့ရပါတယ်။
ပြောဆိုနေကြတာကတော့ ထို အသက်ကြီးကြီး အမျိုးသားဟာ မသေဆုံးခင်အချိန်အထိ လိင်ဆက်ဆံနေခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ ရှားပါးဖြစ်စဉ်တစ်မျိုးပါ။ ဒါကိုတော့ “Penis Captivus” လို့ခေါ်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံနေစဉ်အတွင်း အတူတကွ ညပ်သွားတဲ့အနေအထားမျိုးပါ။ 
ဒါဟာ အမျိုးသမီးဘက်က ပြီးမြောက်မှု(Orgasm) ဖြစ်တဲ့အချိန်မှာ မိန်းမအင်္ဂါတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေက ကျုံ့ လိုက်တဲ့တွက် ယောကျာင်္းအင်္ဂါ ကို ဖြစ်ညှစ်ပစ်လိုက်တဲ့ အနေအထားမျိုးပါ။ များသောအားဖြင့်တော့ စက္ကန့်အနည်းငယ်သာ ကြာတတ်ပါတယ်။ လူတွေမှာထက် တိရိစ္ဆာန်တွေမှာ အဖြစ်များပါတယ်။
ဒီဗီဒီယိုဟာ တရုတ်ဗီဒီယို ဆိုက် Miaopai ကတဆင့် LiveLeak.com မှာ တက်လာခဲ့တာဖြစ်ပါတယ်။ ကြည်ရှုတဲ့အကြိမ်ရေ ၁၃၇၀၀၀ ကြိမ် ရှိခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားခဲ့တာကတော့ တရုတ်နိုင်ငံ မှာ ဖြစ်နိုင်တယ်လို့ Upload ပြုလုပ်သူတွေက ဆိုထားပါတယ်
.
Popular Posts
Recent Posts
Unordered List
.
Text Widget
.
Blog Archive
Powered by Blogger.