Thursday, February 11, 2016

ဖိနပ်မပါဘဲ ကစားခဲ့ရတဲ့ ရှက်ဖီးယူနိုက်တက် မှ ကရင်လူငယ်ကစားသမားလေး




ဖေဖော်ဝါရီ ၁၃ ရက် စကော့တလန် ဒန်ဘာတန်က ဒန်ဒီးအသင်းနဲ့ မကစားခင်မှာ ကရင် ဘောလုံး သမား ကလယ်ဟဲဟာ ဖိနပ်မပါဘဲ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းမှာ ဘောလုံးကန်ခဲ့ရတဲ့ အကြောင်းကို ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။ ကလယ်ဟဲရဲ့ အိမ်မက်က ဒီဘ၀က လွတ်မြောက်ပြီး ကျွမ်းကျင်တဲ့ ဘောလုံးသမား ဖြစ်ဖို့ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၈ ရက်က ဒေးလီးမေလ်းဆောင်းပါးတပုဒ်မှာ ရေးသားပါတယ်။ ရှက်ဖီးယူနိုက်တက် လူငယ်ဘောလုံးအကယ်ဒမီကနေ ကလာဟဲဟာ ဒန်ဘာတန်မှာ အငှားနဲ့ လာရောက်ကစားနေတာ ဖြစ်ပါတယ်။
ဖိနပ်မရှိတဲ့အတွက် ခြေဗလာနဲ့ ဘောလုံးကစားခဲ့ရသလို ဘောလုံးက ရင်ဆိုင်ရတဲ့ အခက်အခဲကနေ ထွက်ပြေးနိုင်အောင် ကူညီတယ်လို့ ကလယ်ဟဲကပြောပါတယ်။ စစ်အစိုးရလက်ထက် မရပ်စဲတဲ့ ပဋိပက္ခကြောင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်က ထောင်နဲ့ချီတဲ့ လူတွေ ထွက်ပြေးခဲ့ရသလို သူဟာ ဒီအထဲက တဦးဖြစ်တယ်လို့ ဆိုပါတယ်။

မိသားစုမှာ ညီအစ်ကိုမောင်နှမတွေရှိသလို အားလုံးဟာ ၀ါးတဲလေးထဲမှာ အတူနေရသလို ဒုက္ခသည် စခန်းက ထောင်လိုပဲလို့ သူက ပြောပါတယ်။ ဒီနေရာကနေ ထွက်ခွာဖို့ အတွက် အခွင့်အရေး မရှိသယောင်ထင်ရတယ်လို့လည်း ဆိုပါတယ်။ အဖေက အနီးနားကမြို့မှာ ကားမောင်းရသလို အမေကတော့ သူတို့ကို စောင့်ရှောက်တယ်လို့ ကလယ်ဟဲက ပြောပါတယ်။ နောက်ပိုင်း တတိယနိုင်ငံမှာ အခြေချနေထိုင်ခဲ့သလို အင်္ဂလိပ်စာသင်ရာမှာ အခက်အခဲတွေ ရှိခဲ့ပြီး ဘောလုံးကို ဆက်သွယ်ဖို့ အတွက် အသုံးပြုခဲ့တယ်လို့ သူက ပြောပါတယ်။

ကလယ်ဟဲနေတဲ့ အုန်းဖျံဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၁၃၀၀၀ လောက်နေထိုင်ကြသလို ရာသီဥတုကလည်း ကြမ်းတမ်းတယ်လို့ ဆိုပါတယ်။

 DVB

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.