Thursday, December 31, 2015

3D Result & Total Chart( Calendar)

1970 ခုနှစ်မှ 2015 အထိ 3D ထွက်ဂဏန်းနှင့် ဘရိတ် ပါဝင်တဲ့ ဇယား ကို အောက်မှာ ဒေါင်းနိုင်ပါပြီ။

        Link 1                   Download
                   
        Link 2                  Download

အိုင်အက်စ်အဖွဲ့အကြောင်း တစေ့တစောင်း

အိုင်အက်စ်အဖွဲ့အကြောင်း တစေ့တစောင်း

အိုင်အက်စ်အဖွဲ့ (ISIS, ISLLဟုလည်း လူသိများ)သည် အီရတ် နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး စစ်ပွဲဆင်နွှဲပြီး အီရတ်နှင့် အမေရိ ကန်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ သော အယ်လ်ကိုင်ဒါအဖွဲ့၏ အ စွယ်အပွားအဖြစ် ၂၀၁၃ က ပေါ် ထွက်ခဲ့သည်။

ထိုအချိန်မှစ၍ အိုင်အက်စ် အဖွဲ့သည် ဆီးရီး

အိုင်အက်စ်အဖွဲ့အကြောင်း တစေ့တစောင်း

အိုင်အက်စ်အဖွဲ့ (ISIS, ISLLဟုလည်း လူသိများ)သည် အီရတ် နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး စစ်ပွဲဆင်နွှဲပြီး အီရတ်နှင့် အမေရိ ကန်တပ်ဖွဲ့များအား တိုက်ခိုက်ခဲ့ သော အယ်လ်ကိုင်ဒါအဖွဲ့၏ အ စွယ်အပွားအဖြစ် ၂၀၁၃ က ပေါ် ထွက်ခဲ့သည်။

ထိုအချိန်မှစ၍ အိုင်အက်စ် အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်နိုင်ငံမှ ဒေသအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မိမိတို့ ဘာသာပုံစံချ ထားသော ရှေးဟောင်း အစ္စလာမ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာခဲ့ပြီး အစွန်းရောက် အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှု များအတွက် လူသိများလာခဲ့ သည်။ ပါရီမြို့ တိုက်ခိုက်မှုများ သည်လည်း ၎င်းတို့လက်ချက်ဟု ပြောကြားထားသည်။

အိုင်အက်စ်အဖွဲ့အကြောင်း တစေ့တစောင်းလေ့လာမှုများကို ဖော်ပြပါသည်။

အီရတ်မှ ဆီးရီးယားသို့ ပြောင်းလဲရှင်သန်ခဲ့သော အဖွဲ့

အီရတ်နှင့် ဆီးရီးယားရှိ အိုင် အက်စ်အဖွဲ့ဟု ပထမဆုံး လူသိများလာခဲ့ပြီးနောက် အိုင်အက်စ် အဖွဲ့ဝင်များသည် ၂၀၀၆၊ ၂၀၀၇ တွင် အီရတ်ကို ပြည်တွင်းစစ်အ တွင်း တွန်းပို့ခဲ့သော လူမျိုးရေးပုန်ကန်မှု၌ အမေရိကန် တပ်ဖွဲ့ဝင် များအား အီရတ်နိုင်ငံရှိ အယ်လ်ကိုင်ဒါအဖွဲ့နှင့်အတူ တိုက်ခိုက်ခဲ့သည်။

လူမျိုးစု တိုက်ခိုက်ရေး သမားများနှင့် မဟာမိတ် တပ်ဖွဲ့တပ်ပေါင်းစုများ လက်ထဲတွင် အရှုံးကြီး ရှုံးနိမ့်ခဲ့သည်။ သို့သော် ၂၀၁၃၊ ၂၀၁၄ တွင် ဆီးရီးယားသမ္မတ အာဆတ်ကို ဆန့်ကျင် တိုက်ခိုက်ခဲ့သော သူပုန်များလက် ကျရောက်ခဲ့သည့် ဆီးရီးယား မြောက်ပိုင်းနှင့် အရှေ့ပိုင်း ကျယ်ပြန့်သော နိုင်ငံမဲ့ နယ်မြေများတွင် အိုင်အက်စ်အဖွဲ့များ ရှင်သန်ကြီးထွား လာခဲ့သည်။

အိုင်အက်စ်အဖွဲ့၏ အဆုံးစွန် ရက်စက်ကြမ်းကြုတ်မှု၊ ဆီးရီးယားရှိ အခြားအစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများကို လွှမ်းမိုးလိုသော ဆန္ဒတို့သည် အယ်လ်ကိုင်ဒါအဖွဲ့အတွက်ပင် သည်းမခံနိုင်စရာ ဖြစ်လာခဲ့ပြီး အယ်လ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင် အေမန်အယ်လ်ဇာ ၀ါဟရီက ၂၀၁၄ တွင် ယင်းအဖွဲ့အား ရှုတ်ချခဲ့သည်။

ဂျီဟတ်ဝါဒီတို့၏ မြို့တော် ရက်ကာ

သမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဆန့်ကျင်တိုက်ခိုက်နေသော သူပုန်အုပ်စု အများအပြားက ဆီးရီးယားမြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ရက်ကာမြို့ကို ၂၀၁၃ မတ်လက သိမ်းပိုက်ခဲ့သည်။

ဘာသာရေး စစ်ပွဲဆင်နွှဲသူ ဂျီဟတ်များက ယင်းမြို့ကို ထိန်းချုပ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မကြာမီမှာပင် အမျိုးသမီးများအား စကားပြောခြင်း (သို့ မဟုတ်) ၀ိုင်သောက်ခြင်းများကို အကြောင်းရှာ၍ အခြားသူပုန် အဖွဲ့များအား ဖယ်ရှားပစ်ခဲ့သည်။ ၂၀၁၄ နွေရာသီ ရောက်လာသော အခါ ရက်ကာမြို့သည် အိုင်အက်စ်အဖွဲ့၏ တရားဝင် မဟုတ်သော မြို့တော်ဖြစ်လာခဲ့သည်။ ရှာရီးယား တရားရုံးများနှင့် ဘာသာရေးကျောင်းများ ဖွင့်လှစ် ခဲ့သည်။ မြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း သုံးကျောင်းကို ပိတ်ပစ်လိုက်ပြီး ၎င်းတို့ကို ဝေဖန်သူများ၊ ရာဇ၀တ်မှု ကျူးလွန်သူများအား လူထုရှေ့ မှောက်သုတ်သင်မှုများ ပြုလုပ်ခဲ့သည်။

အီရတ်သို့ ပြန်လာသော အိုင်အက်စ်

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းအား အခိုင်အမာ ထိန်းချုပ်ပြီးနောက် အိုင်အက်စ် တိုက်ခိုက်ရေးသမားများသည် နယ်စပ်ကို ဖြတ် ၍ အီရတ်နိုင်ငံတွင်းသို့ အလုံးအရင်း ၀င်ရောက်လာခဲ့ကာ အီရတ် ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုဆူးလ်မြို့မှ အီရတ်တပ်ဖွဲ့များ ကို တိုက်ထုတ်ပစ်ခဲ့သည်။

အကျဉ်းသား ထောင်ပေါင်းများစွာကို လွှတ်ပေးခဲ့ကာ ရဲစခန်း များ၊ စစ်တပ်အခြေစိုက်စခန်းများကို လွှဲပြောင်းရယူခဲ့ပြီး ယင်း မြို့ဘဏ်များမှ ဒေါ်လာသန်း ပေါင်းများစွာကို ရယူခဲ့သည်။ အဖွဲ့၏ အနက်ရောင်အလံကို အစိုးရ အဆောက်အအုံများ ပေါ်တွင် လွှင့်တင်ခဲ့ပြီး စစ်သားများ၊ ရဲတပ်ဖွဲ့ ၀င်များနှင့် အရပ်သားများ၏ အလောင်းများကို လမ်းမများပေါ် ဖြန့်ကြဲထားခဲ့သည်။

နှစ်ရက် အတွင်းမှာပင် ပြင်းထန်သော ရှာရီးယား ဥပဒေကို ချမှတ်ခဲ့ပြီး ရဲတပ်ဖွဲ့ အရာရှိများနှင့် အစိုးရ၀န်ထမ်းအချို့ကို ခြုံငုံ အပြစ်ပေး သုတ်သင်ခဲ့သည်။

အစ္စလာမ်မစ်နိုင်ငံတော်သစ်နှင့် နေရာတိုင်းမှ မွတ်စလင်များ၏ ခေါင်းဆောင်

အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် အဘူဘာကာအယ်လ်ဘာ ဒါဒီက အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေများကို ‘‘ကာလီ ဖိတ်’’(သို့မဟုတ်) အစ္စလာမ်ဥပဒေဖြင့် အုပ်ချုပ်သော နိုင်ငံတော်သစ် အဖြစ် ကြေညာခဲ့သည်။

နှစ်ပေါင်းများစွာ လူထုများကြား မမြင်ခဲ့ရသော မစ္စတာ အယ်လ်ဘာဒါဒီသည် ၂၀၁၄ ဇူလိုင်က မိုဆူးလ်မြို့ ဗလီတစ်ခု၌ တရားဟောခဲ့ပြီး ကာလီဖိတ်တွင်  ၎င်း၏ အခန်းကဏ္ဍကို အခိုင်အမာ ပြောကြားခဲ့သည်။

ကာလီဖိတ်ထူထောင်ကြောင်း ကြေညာပြီးနောက် အိုင်အက်စ်အဖွဲ့က မစ္စတာ အယ်လ်ဘာဒါဒီမှာ နေရာတိုင်းမှ မွတ်စလင်များ၏ ခေါင်းဆောင်ဟု ပြော ကြားခဲ့ပြီး ကမ္ဘာတစ်ဝန်း မွတ်စလင် အများစု၏ အမျက်ဒေါသ၊ တုန်လှုပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ခေါင်းဖြတ်သတ်ခြင်း

ဆီးရီးယားနိုင်ငံတွင် အင်အား ကြီးမားလာခဲ့ပြီးနောက် အိုင်အက်စ် အဖွဲ့သည် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အနောက်တိုင်းသား အနည်းဆုံး ၂၃ ဦးကို ဓားစာခံများ အဖြစ် ဖမ်းဆီး ထားခဲ့သည်။ ဓားစာခံများအား ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခဲ့ပြီး ၎င်းတို့၏ ၀ါဒဖြန့်လုပ်ငန်းများတွင် နယ်ရုပ် များအဖြစ် အသုံးချခဲ့သည်။

၂၀၁၂ နိုဝင်ဘာက အကျဉ်းသားအဖြစ် ဖမ်းဆီးခဲ့သော အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖော်လေအား စတင်ခေါင်းဖြတ်သတ်မှု အပါအ၀င် ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအများအပြားကို အိုင်အက်စ် အဖွဲ့က ဖြန့်ချိခဲ့သည်။

လိင်ကျေးကျွန်ပြုခြင်း

အိုင်အက်စ်အဖွဲ့သည် ၎င်းတို့ လက်အောက်ရှိ နယ်မြေများတွင် လိင်ကျေးကျွန်ပြုခြင်းနှင့် မုဒိမ်းကျင့်မှုအတွေးအခေါ်များကို ချမှတ်ကျင့်သုံးသည်။ အမျိုးသမီး များနှင့် မိန်းမငယ်လေးများကို လိင်ကျွန်ပြုခဲ့ကြပြီး အထူးသဖြင့် ယာဇီဒီ ဘာသာရေး လူနည်းစု အမျိုးသမီးများကို အသုံးချခဲ့ သည်။

အိုင်အက်စ်အဖွဲ့တွင်းနှင့် အစွန်းရောက် အတွေးအခေါ်တွင် လိင်အကြမ်းဖက်မှုမှာ နက်ရှိုင်းစွာ ပါဝင်နေသည်။ လိင်ကျွန်အမျိုး သမီးများအား ထိန်းသိမ်းရေး၊ ကြည့်ရှုစစ်ဆေးရေး၊ ရောင်းချရေး  အခန်းများ ကွန်ရက်တို့ တည်ထောင် ထားသည်။ ၎င်းတို့ကို ပို့ဆောင်ရန် အထူးဘတ်စ်ကားများ ထားရှိသည်။

ယင်းကိုလည်း စည်းရုံးသိမ်း သွင်းရေးလက်နက်အဖြစ် အသုံး ချသည်။

လက်တံရှည်သောအဖွဲ့

အိုင်အက်စ်အဖွဲ့သည် ကမ္ဘာ တစ်ဝန်း လက်တံရှည်ကြောင်း ပြသခဲ့သည်။ လူမှုမီဒီယာကို အသုံးချ၍ တိုက်ခိုက်ရေး သမားများနှင့် ထောက်ခံသူများကို စုဆောင်းသည်။ အထူးသဖြင့် ကမ္ဘာတစ်ဝန်းမှ လူငယ်လူရွယ်များ ဖြစ်သည်။ ထို့အပြင်  အနည်းဆုံးနိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဂျီဟတ်အဖွဲ့ သုံးဒါဇင်ခန့်ထံမှ ထောက်ခံ ကြောင်း(သို့မဟုတ်) ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း သန္နိဋ္ဌာန်များ ရရှိခဲ့သည်။

အီဂျစ်နိုင်ငံ အပန်းဖြေစခန်း မြို့ရှမ်အယ်ရှိတ်မှ ထွက်ခွာလာသော ရုရှားခရီးသည်တင်လေ ယာဉ်ပျက်ကျမှုမှာ ၎င်းတို့လက် ချက်ဟု အိုင်အက်စ်အဖွဲ့က ပြော ကြားခဲ့သည်။ ယင်းတွင် လူပေါင်း ၂၂၄ ဦးသေဆုံးခဲ့သည်။ ပါရီမြို့ တွင် လူပေါင်း ၁၃၀ ကျော်သေဆုံးခဲ့သော တိုက်ခိုက်မှုနှင့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် လူပေါင်း၄၃ ဦးသေဆုံးခဲ့သော တိုက်ခိုက် မှုများမှာလည်း ၎င်းတို့အဖွဲ့လက်ချက်ဖြစ်သည်။

လစ်ဗျားနိုင်ငံသည် ပြည်တွင်းစစ်ဖြစ်နေပြီး အစိုးရမဲ့နေသော အနေအထားကြောင့် စစ်သွေးကြွများ၏ အဓိက လေ့ကျင့်ရေးဌာနကြီး ဖြစ်လာသည်ဟု အနောက်တိုင်း အရာရှိများက ပြောကြားသည်။ ၂၀၁၅ ဖေဖော်ဝါရီတွင် လစ်ဗျားနိုင်ငံ ဆပ်ကမ်းခြေတွင် အီဂျစ်ခရစ်ယာန်အနည်းဆုံး ၁၂ ဦးအား တစ်ပြိုင်နက်တည်း ခေါင်း ဖြတ်နေသော ဗီဒီယိုကို အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အမေရိကန် ပါဝင်လာခဲ့သော်လည်း လမ်းလွဲခဲ့

အိုင်အက်စ်အဖွဲ့ ကျယ်ပြန့် လာမှုနှင့် အမေရိကန်ဓားစာခံများအား ခေါင်းဖြတ်သတ်သော ဗီဒီယို များအပေါ် ထိတ်လန့်တုန်လှုပ်မှု များနှင့်အတူ ၂၀၁၄ စက်တင်ဘာ တွင် အီရတ်ရှိ အိုင်အက်စ်အဖွဲ့ အပေါ် အမေရိကန်နိုင်ငံက စစ် ဆင်ရေးများ စတင်ခဲ့သည်။

ကနဦး အစီအစဉ်မှာ အာဆတ်အစိုးရကို မဟုတ်ဘဲ အိုင်အက်စ်အဖွဲ့ကို ချေမှုန်းရေး စိတ်ပိုင်းဖြတ်ထားသော ဆီးရီးယားရှိ အလယ်အလတ်ဝါဒီသူပုန်များ အား လေ့ကျင့်ပေးရေး ကန်ဒေါ် လာ သန်း ၅၀၀ သုံးစွဲရန် ဖြစ်သည်။

ယင်းမဟာဗျူဟာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီး နောက်ဆုံးတွင်လည်း ကျရှုံးခဲ့ သည်။ ဆီးရီးယားသူပုန်အနည်း ငယ်ကိုသာ လေ့ကျင့်ပေးနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ အချို့သည် အမေရိကန်က ထောက်ပံ့ပေးလိုက်သော လက်နက်များကို အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ တစ်ခုဖြစ်သော နူဆာရာ တပ်ဦးထံ အပ်နှံခဲ့သည်ဟု ဆိုသည်။ ယင်းအစီအစဉ်ကို ရပ်ဆိုင်းတော့မည်  ဟု အိုဘားမားအစိုးရက ကြေညာခဲ့ရသည်။

ရုရှားလည်း စစ်ပွဲတွင် ပါဝင်လာ

ဆီးရီးယားသမ္မတ ဘာရှား အယ်လ်အာဆတ်၏ အားကောင်းသော မဟာမိတ်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ခန့်မှန်း၍ မရသော ကမ္ဘာ့အင်အားကြီး ရုရှား နိုင်ငံသည် စက်တင်ဘာတွင် စစ်ပွဲတွင် ပါဝင်လာခဲ့ပြီး ရှုပ်ထွေးသော ပဋိပက္ခတွင် အန္တရာယ်ရှိ သော အခြင်းအရာ တစ်ခုအဖြစ် ပါဝင်လာခဲ့သည်။

ဆီးရီးယားနိုင်ငံ လာတာကီယမြို့အနီး လေတပ်အခြေစိုက် စခန်းသို့ တပ်ဖွဲ့များနှင့် ပစ္စည်းကိရိယာအမြောက်အမြား ရုရှားက ပေးပို့စေလွှတ်ခဲ့သည်။

သူပုန်တိုက်ခိုက်ရေး သမားများကို လေကြောင်းမှ ထိုးစစ်များ စတင်ခဲ့သည်။ အမေရိကန်က လေ့ကျင့်ပေးသော သူပုန်များကို လည်း တိုက်ခိုက်ခဲ့သည်။

ရုရှား၏ ကြားဝင်ဖြေရှင်းမှုမှာ အခြေခံအားဖြင့် အိုင်အက်စ်နှင့် အလွမ်းမသင့်သော သူပုန်များကိုလည်း ပစ်မှတ်ထားခဲ့ရာ ယခင် ၎င်းသူပုန်များ ထိန်းချုပ်ထားသော နယ်မြေများ၌ အိုင်အက်စ်အဖွဲ့က ထိန်းချုပ် လာနိုင်ခဲ့သည်။
နောက်ပိုင်းတွင်မူ ရုရှားက အလယ်အလတ်သူပုန်များအား လေကြောင်း အကာအကွယ်ပေး၍ အိုင်အက်စ် အဖွဲ့ကို အဓိကထား တိုက်ခိုက်မည်ဟု ဆိုလာခဲ့သည်။

ပါရီမြို့တွင် လူပေါင်း ၁၃၀ သေဆုံးသော တိုက်ခိုက်မှုများသည် ၎င်းတို့ လက်ချက်ဟု အိုင်အက်စ်အဖွဲ့က ပြောကြားပြီး နောက်တွင် ပြင်သစ်ကလည်း အုံနှင့် ကျင်းနှင့် တိုက်ခိုက်မှုများ စတင်ကာ အိုင်အက်စ်မြို့တော်ဟု နာမည်ထွက်နေသော ရက်ကာမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ဆင်ရေးလုပ်ငန်း များအတွက် ပြင်သစ်နိုင်ငံ၏ အကောင်းဆုံး ချားလ်စ်ဒီဂေါလ် လေယာဉ်တင် သင်္ဘောကြီးကို အရှေ့အလယ်ပိုင်းဒေသ သို့ စေလွှတ်ခဲ့သည်။

—Ref:How ISIS Expanede its Threat.By; NY. Times

Source : 7 Day Daily
င့် အီရတ်နိုင်ငံမှ ဒေသအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မိမိတို့ ဘာသာပုံစံချ ထားသော ရှေးဟောင်း အစ္စလာမ် နိုင်ငံတော် ထူထောင်ကြောင်း ကြေညာခဲ့ပြီး အစွန်းရောက် အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှု များအတွက် လူသိများလာခဲ့ သည်။ ပါရီမြို့ တိုက်ခိုက်မှုများ သည်လည်း ၎င်းတို့လက်ချက်ဟု ပြောကြားထားသည်။

ဝတ်လစ်စလစ် sexy ပုံများနဲ့ မြန်မာအမျိုးသမီးများရဲ့အနာဂတ်

ဝတ်လစ်စလစ် sexy ပုံများနဲ့ မြန်မာအမျိုးသမီးများရဲ့အနာဂတ်

ယခုတလော လူမှု့ကွန်ယက် စာမျက်နှာထက်မှာ မြင်တွေ့နေရတဲ့ ပုံတွေမှာ မြန်မာနိုင်ငံရဲ့ sexy model တစ်ယောက်ရဲ့ ပုံတွေက လူတွေအတော်များများကို ဆွဲဆောင်ထားသလို မြန်မာနိုင်ငံရဲ့ ပွင့်လင်း မြင်သာလာတဲ့ ပုံရိပ်တစ်ချို့ကိုလည်း ထင်ဟပ်ပြသထားသလိုမျိုး ထင်သာမြင်သာ ရှိလွန်းလှပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ဒီမိုကရေစီစနစ် တစ်ကယ် ထွန်းကားနေပြီလား ဆိုတာနဲ့ ဒီမိုကရေစီ တစ်ကယ်ရ မရဆိုတာ မသေချာပေမယ့် ပွင့်လင်းမြင်သာမှုတွေကတော့ မြန်မာ မိန်းကလေးများရဲ့ မော်ဒယ် လောကမှာ တော်တော်လေးကို ထင်ထင်ရှားရှား သိသာလာပါတယ်၊ယခုလည်း sexy ပုံရိပ်တွေကိုသာ တစ်စိုက်မတ်မတ် ရိုက်ကူးလေ့ရှိတဲ့ မော်ဒယ်မလေး တစ်ယောက်ရဲ့ ပုံရိပ်တွေက ယခုလို စာရေးဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။ လူမှုကွန်ယက် စာမျက်နှာမှာ ယခင်က မြင်ဖူးတွေ့ဖူးတဲ့ သူမရဲ့ ပုံတွေမှာ အ၀တ်စားတွေ ပါပေမယ့် ယခုလပိုင်းမှာ တင်လာတဲ့ သူမရဲ့ ပုံတွေမှာတော့ ၀တ်လစ်စလစ်ပုံတွေ အများဆုံး ဖြစ်လာတာကို တွေ့လာရပါတယ်၊ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာက ပုံတွေက အပြစ် ပြောသူတွေကလည်း သေသေချာချာ ကြည့်ပြီး၊ မြင်ပြီးမှ အပြစ်ပြောကြတာ ဖြစ်သလို တစ်ချို့ကတော့ မြှောက်ပင့် ရေးသားထားတာတွေကို မြင်တွေ့နေရပါတယ်၊အများစုကတော့ ညစ်ညမ်း ကြမ်းတမ်းတဲ့ စာစုတွေနဲ့ အရသာခံကာ ရေးသားထားကြတဲ့ ယောင်္ကျားများရဲ့ စာတွေကိုသာ မြင်တွေ့ရပါတယ်။ နောက်တစ်ချက်က အပြစ်ပြောသူများကလည်း နောက်တစ်ကြိမ်ထပ် ၀င်မကြည့်ပဲ ပြောတာမဟုတ်ပဲ ပုံအသစ် တင်တိုင်း အသစ်တွေကို ပြောနေကို အမြဲမပြတ် သတိပြု ပြောဆိုနေတာမို့ ဒီလို အပြစ် ပြောသူများဟာလည်း သူမရဲ့ အ၀တ်စလစ် ပုံတွေကို အချိန်ပြည့် စောင့်ကြည့်နေသူတွေ ဆိုတာ လုံးဝ သေချာနေပါတယ်။ ဒီနိုင်ငံသာ မြန်မာနိုင်ငံ မဟုတ်ဘူး ဆိုရင်တော့ သူမရဲ့ အ၀တ်စလစ်ပုံတွေ အတွက် ဘာမှ အပြစ်ဆိုစရာ မရှိပေမယ့် မြန်မာ အမျိုးသမီး တစ်ယောက်လို့ သုံးနှုန်း လိုက်တာနဲ့ မြန်မာ အမျိုးသမီး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေက သူ့အနောက်မှာ ကပ်ပါလာတာမို့ ပြောစရာ တစ်ချို့ ဖြစ်လာရတာပါပဲ၊ ဒီလို အ၀တ်စလစ် ပုံများဟာ မော်ဒယ်ပြသူ တစ်ယောက်တည်းရဲ့ စိတ်ကူး မဖြစ်နိုင်သလို သူမကို လမ်းညွန်ပေးပြီး ရိုက်ကူးနေတဲ့ ဓာတ်ပုံဆရာရဲ့ အတွေးမြင်ကိုလည်း ထင်ဟပ် ပြနေပါတယ်၊ သူမကို ဓါတ်ပုံ ရိုက်နေသူဟာ ဘယ်လို စိတ်ထားမျိုးနဲ့ ယခုလို ပုံတွေကို ပို့စ် အမျိုးမျိုးနဲ့ ရိုက်ကူးနေတယ်ဆိုတာ တွေးလို့မရသလို၊ ယခုလို အ၀တ်စလစ်ပုံများဟာ သူမရဲ့ ညီအကို မောင်နှမ မိဘ ဆွေမျိုးများရဲ့ အလယ်မှာ၊ သူငယ်ချင်း အပေါင်းသင်းများရဲ့ အလယ်မှာ  ပေါင်းသင်း ဆက်ဆံရေးနဲ့၊ တန်ဖိုးထား အလေးပေးမှု အပိုင်းမှာ လူမှုရေး အခက်များ မဖြစ်နိုင်ဘူးလား ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်၊ ဒါတွေဟာ သူမ တစ်ယောက်ကိုပဲ အပြစ်ပြောတာ မဟုတ်ပါဘူး၊ သူမလိုပဲ များစွာ များစွာသော မြန်မာ မိန်းကလေးငယ်တွေဟာ သူမတို့ရဲ့ နာမည်ကြီးချင် စိတ်တစ်ခုကြောင့် ယောင်္ကျား တစ်ကာရဲ့ ပါးစပ်ဖျားမှာ အသားယူ ခံနေရတာကို စိတ်မကောင်းစွာ မြင်တွေ့ နေရလို့ပါ။ လူတိုင်းမှာ သူ့ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေးတွေ ရှိပါတယ်၊အဲ့ဒီ လူ့အခွင့်ရေး ဆိုတာကလည်း နိုင်ငံ တစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအောက်မှာ အမြဲတမ်း အငြင်းပွားစရာတွေ ရှိနေပါတယ်၊ ဒီလို အခြေနေမှာ နာမည်ကြီးချင်လို့ ရိုက်သူက ရိုက်တယ်၊ အရိုက်ခံသူက ခံတယ်၊ အသားယူက ယူတယ်၊ အပြစ် ပြောသူကလည်း အပြစ်တွေကို မရိုးနိုင်အောင် ပြောနေကြတယ်၊ နာမည်ကြီးဖို့ တစ်ခု အတွက်နဲ့ မိန်းကလေး တစ်ယောက်ဟာ သူ့အရှက်နဲ့ သူ့သိက္ခာကို လဲလှယ် နေတာဟာ ဖြစ်သင့်ရဲ့လား၊ သူမလို မိန်းကလေးတွေကို အခြား နည်းလမ်းတွေနဲ့ နာမည်ကြီးအောင် လမ်းပြနိုင်မယ့် သူတွေ ရုပ်ရှင်လောကမှာ မရှိကြတော့ဘူးလား၊ ဒါမှမဟုတ် ကြည့်ကောင်းလို့ပဲ လွှတ်ထားကြတာလား ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုရှိတဲ့ ဗုဒ္ဓဘာသာ နိုင်ငံမှန်း နိုင်ငံတကာက သိနေပါတယ်၊ နိုင်ငံတိုင်းမှာ ယခုလို  sexy modelတွေ များစွာ ရှိကြပါတယ်၊ ဒါပေမယ့်လည်း မြန်မာနိုင်ငံ၊ မြန်မာ အမျိုးသမီးဆိုတဲ့ ခေါင်းစဉ် အောက်မှာ လူမျိုးဂုဏ်သိက္ခာ ထိခိုက်စေလောက်အောင်တော့ မဖြစ်စေချင်တာပါ။ မြန်မာ မိန်းကလေးတွေဟာ အ၀တ်စလစ်နဲ့ ဓာတ်ပုံ ရိုက်ရတာကို နာမည်ကြီးဖို့ အတွက်လို့ပဲလို့ ယူဆပြီး ဆက်ပြီး ပျော်မွေ့နေမယ်၊ ပြီးတော့ မြန်မာ့ သမီးပျိုလေးတွေဟာ ကိုယ့်ရဲ့ ဖုံးဖိထားသင့်တဲ့ တန်ဖိုး ထားသင့်တဲ့ အရာမှန်သမျှကို နိုင်ငံတကာက လူတကာရှေ့မှာ၊ မိဘ မောင်ဖွားတို့ရဲ့ အရှေ့မှာ ပါတယ် ဆိုရုံသာရှိတဲ့ အတွင်းခံလေးတွေနဲ့ လှစ်ဟပြသရတာကို ဂုဏ်ယူစရာလို့ ထင်နေမယ်၊ ဒီလို ပြသရတာကိုပဲ ကျေနပ်ပြီး ပျော်မွေ့နေမယ်၊ နိုင်ငံတကာ အဆင့်မှီမယ်လို့ ယူဆထားမယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မြန်မာ သမီးပျိုများရဲ့ အနာဂတ်ဟာ အင်မတန်မှကို အပေါစားဆန်ပြီး ရင်လေးစရာ ကောင်းနေလိမ့်မယ်လို့ ယူဆရင်းနဲ့ပဲ ယခု ဆောင်းပါးကို အဆုံးသတ်လိုက် ရပါတယ်။     နော်ရာမောင်

Copy the BEST Traders and Make Money : http://bit.ly/fxzulu

သားသမီးရတနာ ထွန်းကားနိုင်စေမည့် လင်မယား ဆက်ဆံနည်းများ ( ၁၈ နှစ်ပြည့်မှဖတ်ရန် )

သားသမီးရတနာ ထွန်းကားနိုင်စေမည့် လင်မယား ဆက်ဆံနည်းများ ( ၁၈ နှစ်ပြည့်မှဖတ်ရန် )
Friday, January 01, 2016

အိမ်ထောင်ထူထောင်ကြပြီဆိုရင် မိမိတို့မျိုးဆက်သားသမီးကို လိုချင်ကြတာပဲ။ တချို့စုံတွဲတွေမှာ ချို့ယွင်းချက်ကြောင့် ကိုယ်ဝန်မရကြပေမယ့် အများစုကတော့ လိင်ဆက်ဆံတဲ့ အနေအထား ပုံစံမမှန်တာကြောင့် ကိုယ်ဝန် မနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိဖို့ ဆိုတာက တချို့ စုံတွဲတွေ အတွက် လွယ်ကူကောင်း လွယ်ကူနေနိုင်ပေမယ့် တချို့တွေ အတွက် ကတော့ ကလေး တယောက်ရဖို့ကို သူများထက်ပိုပြီး ခက်ခဲတာ၊ အားထုတ်ရတာတွေလည်း ရှိနေတတ်ပါတယ်။

ကိုယ်ဝန်ရှိနိုင်ဖို့ အတွက် လင်မယားစုံတွဲတွေဟာသားသမီးရတနာ ထွန်းကားနိုင်စေမည့် လင်မယား ဆက်ဆံနည်းများ ( ၁၈ နှစ်ပြည့်မှဖတ်ရန် )မျိုးဥဆင်းတာကို စောင့်ကြည့်ရတာမျိုးကနေပြီးတော့ ကိုယ်ဝန်ရဖို့ အထောက်အကူ ရအောင်လို့ လိင်ဆက်ဆံတဲ့နည်းလမ်း ပုံစံတွေ အမျိုးမျိုး ပြောင်းပြီး ကြိုးစားကြည့်ကြရတာမျိုးတွေအထိ အလုပ်ရှုပ်ကြ ရပါတယ်။ ဘယ်လိုပုံစံက ကိုယ်ဝန်ရဖို့ အတွက် အထောက်အကူ ဖြစ်တယ် တချို့ ကတော့ မဖြစ်ဘူး ဆိုတာမျိုးကလည်း အမြဲလို အငြင်းပွားစရာ ခေါင်းစဉ်တခုပါပဲ။ ဒါကြောင့် ကိုယ်ဝန်ရဖို့ အကောင်းဆုံး ပုံစံလို့ ဆိုကြတဲ့ နည်းလမ်းတချို့ အကြောင်းကို ဒီတပတ် လိင်ပညာပေးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

Missionary position

လှေကြီးထိုးလို့ ခေါ်ကြတဲ့ Missionary position က ကိုယ်ဝန်ရရှိဖို့ အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဒီနည်းက အမျိုးသား က အမျိုးသမီးရဲ့ အပေါ်မှာနေတဲ့ နည်းဖြစ်ပါတယ်။ ယောက်ျားရဲ့ သုတ်ပိုးတွေက မမျိုးဥ နဲ့ လွယ်လွယ်ကူကူ မြန်မြန်ဆန် ဆန် ထိတွေ့နိုင်တယ်လို့ သိရပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံစဉ်မှာ အမျိုးသမီးရဲ့တင်ပါးအောက်မှာ ခေါင်းအုံးတလုံးခုပေး ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေပိုများတယ်လို့လည်းသိရပါတယ်။ အမျိုးသားသုက်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ခေါင်းနဲ့ အနီးဆုံးပို့ဆောင်ပေးနိုင်တဲ့ နည်းလို့လည်း ဆိုကြပါတယ်။

Rear entry style

ဒီနည်းကိုတော့ doggy style လို့ အသိများပါတယ်။ အမျိုးသမီးက လေးဘက်ထောက်အနေအထားမှာ ရှိနေပြီးတော့ အမျိုးသား က နောက်ကနေ ထိုးသွင်းဆက်ဆံရတာဖြစ်ပါတယ်။ ကိုယ်ဝန်ရရှိစေနဲ့တဲ့ အခွင့်အလမ်းများတဲ့ နည်းလို့လည်း သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းကလည်း အမျိုးသားရဲ့ သုက်ရည်ကို အမျိုးသမီးရဲ့ သားအိမ်ခေါင်း နားကို အနီးဆုံးအထိရောက်အောင် ပို့ဆောင်ပေးနိုင်လို့ ဖြစ်ပါတယ်။

Side by side style

ကိုယ်ဝန်ရစေဖို့ အထောက်အကူ ဖြစ်တဲ့ နောက် တနည်းကတော့ အမျိုးသားနဲ့ အမျိုးသမီး မျက်နှာချင်းဆိုင် တစောင်း လှဲပြီး ဆက်ဆံတဲ့ ပုံစံဖြစ်ပါ တယ်။ ဒီလိုဆက်ဆံခြင်းအားဖြင့် အမျိုးသမီး၏ သားအိမ်ခေါင်းဆီကို သုက်ပိုးတွေ ပိုပြီး ချဉ်း ကပ်လာနိုင်စေတယ်လို့ သိရပါတယ်။

သုံးသပ်ချက်

ကိုယ်ဝန်ရစေနိုင်တဲ့ အခွင့်အလမ်း ပိုများလာစေဖို့အတွက် ဘယ်လို ပုံစံနဲ့ပဲ ဆက်ဆံသည်ဖြစ်စေ အရေး အကြီးဆုံး က တော့ လိင်ဆက်ဆံမှုပြီးတဲ့အခါမှာ အမျိုးသားရဲ့ သုက်ပိုးတွေက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ဆက်ပြီး ရှိနေစေဖို့ ဖြစ် ပါ တယ်။ ဒါကြောင့် အမျိုးသမီး အနေနဲ့ ဆက်ဆံမှုပြီး တာနဲ့ ချက်ချင်း ထလာတာမျိုး မလုပ်သင့်ပါဘူး။ ဘယ်အချိန်မှာ သုတ် ပိုးနဲ့ မမျိုးဥ တွေ့ဆုံပြီး သန္ဓေတည်သွားနိုင်မယ်ဆိုတာက မသိနိုင်တဲ့ အတွက် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိ ဆက်ပြီး လဲလျောင်းနေသင့်ပါတယ်။ နောက်ထပ် အရေးကြီးတာ တခုကတော့ ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင် မမျိုးဥ ထွက်လာနိုင်တဲ့ အချိန်ကို မှန်းဆနိုင်ဖို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီလာပြီး နောက် ၁၄ ရက်ကြာရင် မျိုးဥ စပြီးဆင်းပါ တယ်။ အဲဒီအချိန်ဟာ သန္ဓေတည်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပြီးတော့ အဲဒီအချိန်မှာ လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ် မျိုးရနိုင်ပါတယ်။ အမျိုးသမီး အနေနဲ့ မ မျိုးဥ ထွက်လာတဲ့ အချိန်မှာ မိမိရဲ့ ကိုယ်ခန္ဓာမှာ ဘယ်လို အရိပ်အယောင်ဖြစ် တတ် တယ်ဆိုတာကိုလည်း သိထားရပါမယ်။ မမျိုးဥဆင်းချိန်မှာ အမျိုးသမီးတွေ ကိုယ်အပူချိန်တက် လာလေ့ရှိတဲ့အတွက် မနက်အိပ်ယာက နိုးနိုးချင်းမှာ ကိုယ်ပူချိန်တိုင်းပြီး မှတ်သားထားမယ်ဆိုရင် မမျိုးဥဆင်းလာတဲ့ ရက် ကို သိနိုင်မှာ ဖြစ်ပါတယ်။

By အေးမင်း
သက်ရှည်ကျန်းမာ

Source : New Myanmar News

အရမ်းကြိုက်လို့ ကြက်ကြော်တွေ စားရင်းက ရင်သားတွေဆူလာတဲ့ အမျိုးသား

အေးမြတ်သူ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံရိုက်ရတဲ့ အကြောင်းရင်း

အေးမြတ်သူ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံရိုက်ရတဲ့ အကြောင်းရင်း

ဓာတ်ပုံ-နစ်ကီ
 ခပ်ဟော့ဟော့ ဓာတ်ပုံ များ မရိုက်ဖြစ်သည်မှာ နှစ်အ တန်ကြာပြီဖြစ်ပြီး ယခုနှစ်တွင်မူ ကျန်းမာရေးလေ့ကျင့်ခန်းများ ပြန်လုပ်နေသောကြောင့် ရေကူးဝတ်စုံဖြင့် ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်ကြောင်း အေးမြတ်သူက ပြောသည်။
‘‘အေးမြတ်သူကိုချစ်လို့ သေ ချာစောင့်ကြည့်တဲ့သူတွေဆိုရင် သိမှာပါ။ အေးမြတ်သူ ခြောက် နှစ်၊ ခုနစ်နှစ်လောက်ရှိပါပြီ။ အဲဒီ လို ဟော့ဟော့ရမ်းရမ်းပုံတွေ မရိုက်တာ။ အသက်အရွယ်အရ လည်း ထိန်းသိမ်းနေတယ်။ ကိုယ့် ပရိသတ်တွေအတွက်ကြောင့် လည်း ပါပါတယ်။ ဒီနှစ်မှာတော့ အေးမြတ်သူ Gym ဆော့ထား တယ်။ အဲဒီတော့ ကျန်းမာရေး လိုက်စားလို့ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အချိုးအစားရလာ တယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ် မှုက အရာထင်လာတယ်။ အဲဒါ ကို အသိပေးချင်တယ်’’ဟု ရေ ကူးဝတ်စုံဖြင့်ရိုက်ဖြစ်သည့်အ ကြောင်းရင်းကို ပြောသည်။
ထို့အပြင် အဆိုပါပြက္ခဒိန် ရိုက်ကူးသည့် ကုမ္ပဏီနှင့် ရင်းနှီး နေသောကြောင့် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ယင်းပြက္ခဒိန်သည် ရောင်း တမ်းအနေဖြင့် ထုတ်ခြင်းလည်း မဟုတ်ဟု ၎င်းက ဆိုသည်။
‘‘တချို့ကလှတယ်။ ကြိုက် တယ်လို့ ပြောကြတယ်။ သူတို့က အေးမြတ်သူကို ချစ်တဲ့စိတ်နဲ့ အလိုလိုက်တာ။ အဲဒီလို ခံယူထားတယ်။ အဲဒီအတွက်လည်း အရမ်း ကျေးဇူးတင်ပါတယ်။ မကြိုက် ဘူး။ ဒါတွေ မရိုက်သင့်ဘူးဆိုတဲ့ လူတွေကိုတော့ အေးမြတ်သူ တောင်းပန်တယ်။ နောက်ကို မလုပ်ဘူးလို့တော့ အာမမခံဘူး။ ဆင်ခြင်ပါ့မယ်’’ဟု ယင်းဓာတ်ပုံ ရိုက်ကူးသည့်အပေါ် ဝေဖန်မှုများ နှင့်ပတ်သက်၍ အေးမြတ်သူက ပြောကြားသည်။
ထို့အပြင် ယခင်က ဆွဲ ဆောင်မှုရှိသည့် ဓာတ်ပုံများ ရိုက် ကူးဖြစ်သော်လည်း ရေကူးဝတ်စုံ ဖြင့် ရိုက်ကူးခဲ့ဖူးခြင်းမရှိဟု ၎င်းက ဆိုသည်။
‘‘အေးမြတ်သူက ဆွဲဆောင် မှုရှိတဲ့ပုံတွေ ရိုက်တော့ရိုက်တယ်။ ရေကူးဝတ်စုံနဲ့ ရိုက်တာတော့မရှိ ဘူး။ ဒီလိုဓာတ်ပုံရိုက်တာ ပထမ ဆုံးပါ။ လည်ပင်းဟိုက်တာတွေ၊ ဘောင်းဘီတိုတွေ ဝတ်ပေမယ့် ဒီလိုတော့ မဝတ်ဖြစ်ဘူး’’ဟု အေး မြတ်သူက ပြောသည်။
ယခုနှစ်အတွင်း အနုပညာ လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ် ဖြစ်လာကာ ယခုရက်ပိုင်းတွင် လည်း ကျော်သူ၊ လူမင်းတို့နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ် ဖွားနှင့် မြိုင်ရာဇာတာတေ ရုပ်ရှင် ဇာတ်ကား၌ ခင်ခင်စိန်ဆိုသည့် ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင် နေကြောင်း ၎င်းက ပြောသည်။
‘‘ဆွဲဆောင်မှုရှိတယ်၊ မြာ ပွေတတ်တယ်။ အကျင့်စာရိတ္တ မကောင်းတဲ့၊  အမှောင်စိတ်ဖုံးနေ တဲ့ မိန်းမတစ်ယောက်နေရာက သရုပ်ဆောင်ရမှာပါ’’ဟု ခင်ခင် စိန် ဇာတ်ရုပ်နှင့်ပတ်သက်၍ အေးမြတ်သူက ပြောသည်။

လန်ဒန်တွင် ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် ဂျီဟတ်ဇနီးမောင်နှံ ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရ

လန်ဒန်တွင် ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သည့် ဂျီဟတ်ဇနီးမောင်နှံ ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရ

လန်ဒန်၊ ဒီဇင်ဘာ - ၃၁ ။          ။ ၂၀၀၅ ခုနှစ် လန်ဒန်အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်နေ့တွင် ကုန်တိုက်တစ်ခု (သို့မဟုတ်) မြေအောက် ရထားတစ်စင်းပေါ်တွင် ဗုံးခွဲရန်ကြံစည်မှုဖြင့် ပြစ်မှု ထင်ရှားသောကြောင့် ဇနီးမောင်နှံနှစ်ဦးကို ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
မိုဟမ္မတ် ရာမန်း (၂၅နှစ်)နှင့် ၄င်း၏ဇနီးဖြစ်သူ ဆာနာ အာမတ် ခန်း (၂၄နှစ်)တို့နှစ်ဦးကို ဒီဇင်ဘာ ၂၉ရက်နေ့တွင် အပြစ်ရှိကြောင်း စီရင်ဆုံးဖြတ်ခဲ့ပြီး ဒီဇင်ဘာ ၃၀ရက်နေ့တွင် ထောင်တစ်သက် ပြစ်ဒဏ် များ အသီးသီးချမှတ်ခဲ့သည်။ ရာမန်းအနေဖြင့် ထောင်သက် ၂၅နှစ်နောက်ပိုင်းတွင် ခံဝန်ဖြင့် လွတ်မြောက်ခွင့်ရမည်ဖြစ်ပြီး၊ ခန်းမှာလည်း ၂၅နှစ်နောက်ပိုင်းတွင် အလားတူ ခံဝန်ဖြင့် လွတ်လပ်ခွင့် ရမည်ဖြစ် သည်။ ခန်းမှာ ဗြိတိန်သမိုင်းတွင် အရှည်ကြာဆုံး ထောင်ဒဏ်ချမှတ်ခံရသည့် ပထမဆုံးသော အမျိုးသမီးအကြမ်းဖက်သမားပင် ဖြစ်သည်။
ရာမန်းနှင့် ခန်းတို့ ဇနီးမောင်နှံမှာ ၂၀၀၅ခုနှစ်၊ ဇူလိုင်၇ရက် လန်ဒန်ဗုံးခွဲမှုများ၏ ၁၀နှစ်မြောက်အထိမ်းအမှတ်အဖြစ် အရပ်သားများကို တိုက်ခိုက်ရန် စီစဉ်ထားသည်ဟု အစိုးရရှေ့နေများက ပြောကြား ခဲ့သည်။
ရာမန်းကို ကြီးမားသော ဗုံးတစ်လုံးကို ဖောက်ခွဲလုနီးနီးအချိန်တွင် ရဲက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရာမန်းတစ်ယောက် အိမ်နောက်ဖေးတွင် ကိရိယာငယ်တစ်ခုကို ဖောက်ခွဲနေပုံ ဗွီဒီယိုကို ရဲက တွေ့ရှိခဲ့သည်။
ရာမန်းနှင့်ခန်း ဇနီးမောင်နှံက အသံတိတ်ဗုံးခွဲသမားဟူသော နာမည်ဝှက်ဖြင့် ပစ်မှတ်ကို ကူညီရွေးချယ်ပေးကြရန်ပင် တွစ်တာအသုံးပြုသူများထံမှ အကြံပြုချက်များ တောင်းခံခဲ့သေးသည်ဟု ဆိုသည်။
၂၀၀၅ခုနှစ် တိုက်ခိုက်မှုတွင် အသေခံဗုံးခွဲသမားများက မြေအောက်ရထားများနှင့် ဘတ်စ်ကားတစ်စင်းပေါ်တွင် လူပေါင်း ၅၂ယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်။
ရုံးတော်သို့ တင်သွင်းသည့် သက်သေခံချက်များအရ မေလက ၄င်းကို ဖမ်းဆီးစဉ် ရာမန်းက သူ့မှာ မူးယစ်ဆေးစွဲနေသောကြောင့် ဆေးဖြတ်ရန် ထောင်ထဲတွင် နေလိုသောကြောင့် ဖမ်းဆီးမှုကို ကြိုဆိုကြောင်း ရဲကို ပြောကြားခဲ့သည်ဟု ဆိုသည်။
သူ့ကို ထောင်ကျစေမည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်လိုနေသော်လည်း အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုသောဆန္ဒ မရှိကြောင်း ရာမန်းက ရဲကို ပြောကြားခဲ့သည်ဟု ဆိုသည်။ ၄င်းမှာ ဆေးခြာက်နှင့် ကိုကိန်းကို အလွန်အကျွံသုံးစွဲသူတစ်ယောက် ဖြစ်ကြောင်းလည်း ရာမန်းက ရဲကို ပြောကြားခဲ့သည်။
 ‘ကျနော် ပုံမှန်ဘ၀ကို ရချင်တယ်။ ဒါပေမယ့်လည်း မူးယစ်ဆေးနွံထဲက ရုန်းမထွက်နိုင်ဘူး ဖြစ်နေတယ်။ ရုန်းထွက်ဖို့ တစ်ခုတည်းသောနည်းလမ်းက ထောင်ကျသွားတာပါပဲ။ ကျနော်ဟာ ဆေးသမား ဆိုပေမယ့်လည်း ဆေးစွဲနေတဲ့ဘ၀ကို မကြိုက်ဘူး။ မုန်းတယ်’ဟု ရာမန်းက ရဲကို ပြောကြားခဲ့သည်ဟု ဆိုသည်။
ဆက်လက်ပြီးရာမန်းက အိုင်အက်စ်အကြမ်းဖက်အုပ်စုကို အထင်ကြီးမိပြီး၊ YouTubeမှ အုပ်စု၏ ဗွီဒီယိုများကို ကြည့်လေ့ရှိသော်လည်း အုပ်စုက လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများကိုမူ သဘောမတူကြောင်း၊ ပေါက်ကွဲပစ္စည်းများ စိတ်ဝင်စားသော်လည်း ကိရိယာများကို တီထွင်ပြီး အပျော်ဖောက်ခွဲကြည့်ရုံသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ပြစ်ဒဏ်ကျ မြန်မာနှစ်ဦးနှင့်ပတ်သက်၍ ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့ ဆန္ဒပြမှုများကို ဖမ်းဆီးအရေးယူမည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူပြော

ပြစ်ဒဏ်ကျ မြန်မာနှစ်ဦးနှင့်ပတ်သက်၍ ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့ ဆန္ဒပြမှုများကို ဖမ်းဆီးအရေးယူမည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူပြော

မြန်မာနှစ်ဦးအရေးဆန္ဒပြမှုများကို ဟစ်တိုင်နှင့် ဗိုလ်စိန်မှန်ကွင်းတို့တွင်သာ ခွင့်ပြုမည်
လုပ်သားနှစ်ဦး လွတ်မြောက်ရေးအတွက် ဒီဇင်ဘာ ၂၅ ရက်က ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြနေသူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 မြန်မာလူငယ်နှစ်ဦးအ ရေးနှင့် ပတ်သက်၍ ထိုင်းသံရုံး ရှေ့သို့ လာရောက်ဆန္ဒပြတောင်း ဆိုမှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ဥပဒေအရ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ရန် ကုန်တိုင်း အနောက်ပိုင်းခရိုင် ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ထွဋ် က ပြောကြားသည်။

‘‘ထိုင်းသံရုံး ရှေ့တည့်တည့် ကြီးလာပြီး ဆန္ဒပြလို့မရတော့ ဘူး။ သံရုံးရှေ့လည်း ဖြစ်တဲ့အ တွက် လုံခြုံရေးအရပေါ့။ သံရုံးရဲ့ လုံခြုံရေးအရ ဘယ်လိုမှ ခွင့်ပြု ပေးလို့ မသင့်တော်ဘူး။ နောက် တစ်ခုက လမ်းကြောင်း။ လမ်း ပိတ်ဆို့မှုတွေလည်း အဓိကဖြစ် တယ်လေ။ လုံခြုံရေးအရပေါ့။ အဲ ဒီနားကလည်း သံရုံးတွေက ဆက် နေတော့ သွားထိခိုက်လို့ရှိရင် ကျွန်တော်တို့က လုံခြုံရေးကို အ တိအကျ လုပ်ပေးရမှာပေါ့။ အဲဒီ အတွက်ကြောင့် အဲဒီနေရာတွေ ကိုတော့ ခွင့်ပြုပေးလို့မရပါဘူး’’ ဟု ဒုရဲမှူးကြီးကျော်ထွဋ်က ပြော သည်။
မြန်မာလုပ်သားနှစ်ဦးအရေး ဆန္ဒပြတောင်းဆိုလိုပါက ဥပဒေ အရ ခွင့်ပြုမိန့်တောင်းခံပြီး ဟစ် တိုင်နေရာနှင့် ဗိုလ်စိန်မှန်ကွင်း နေရာများ၌ ခွင့်ပြုပေးမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။
 ‘‘အရင်ရက်တွေကလည်း ခွင့်ပြုမိန့်မတောင်းဘူး။ သူတို့က လည်း အေးအေးဆေးဆေးပဲပြော ကြတာဆိုတော့ ခွင့်ပြုပေးတာ ပေါ့’’ဟု ဒုရဲမှူးကြီးကျော်ထွဋ်က ပြောသည်။
ဗြိတိန်နိုင်ငံသားခရီးသွားနှစ် ဦးကို သတ်ဖြတ်မှုဖြင့် မြန်မာလူ ငယ်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက ဒီဇင်ဘာ ၂၄ ရက်၌ သေဒဏ်ချမှတ်ခဲ့သည်။ ယင်းကို ကျေနပ်မှုမရှိ၍  မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ် လာခဲ့သည်။
အထူးသဖြင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့သို့ လာရောက်ပြီး လမ်းကို ပိတ်ဆို့ဆန္ဒပြကန့်ကွက် နေကာ အဆိုပါ ဆန္ဒပြမှုများကြောင့် ထိုင်းသံရုံးကောင်စစ်ဝန်ဌာနကိုလည်း ယာယီပိတ်ထားရ သည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့မှ အစပြုသည့် ဆန္ဒပြမှုများသည် နယ်စပ်ဒေသအထိ ပျံ့နှံ့လာသည့် အပေါ် မြန်မာအစိုးရက တားဆီး ပေးစေလိုကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်က ပြောကြားထားသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ထိုင်းနှင့် မြန်မာနယ်စပ်ရှိ ကန်ချနာဘူရီ ခရိုင်အနီးတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာရာ ထိန်းသိမ်းပေးရန် ထိုင်းဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုင်း ပြည်သူများအနေဖြင့် မြန်မာလုပ် သားနှစ်ဦးအပေါ် ထောက်ခံမှုရှိ နေပြီး ကရုဏာသက်ရောက်နေ ကြောင်းနှင့် မြန်မာပြည်သူများ ဆန္ဒထုတ်ဖော်ရာတွင် လူမျိုးရေး မုန်းတီးမှု၊ အကြမ်းဖက်မှုများ ဖြစ် မလာစေရန်လိုအပ်ကြောင်း၊ အ ကယ်၍ ဖြစ်လာပါက ထိုင်းလူမျိုး များ၏ ထောက်ခံမှုလျော့ကျသွား နိုင်ကြောင်း သေဒဏ်ကျခံမြန်မာ လုပ်သားနှစ်ဦးအရေး ကူညီဆောင် ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်ကပြော သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က လူသတ်မှုနှင့်ပတ်သက်၍ ပြန်လည်စစ်ဆေးသုံး သပ်ပေးရန် တောင်းဆိုထားမှုကို ဒွန်က ယင်းအမှုကို ဆက်လက်၍ အယူခံဝင်ခွင့် ပေးထားပြီးဖြစ် ကြောင်း သတင်းစာရှင်းလင်းပွဲ တွင် တုံ့ပြန်မှတ်ချက်ပေးခဲ့သည်။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.