Tuesday, January 12, 2016

မိန်းကလေးငယ်များ အား ပြည့်တန်ဆာအဖြစ်ခိုင်းစေ နေသည့် အမျိုးသမီးတစ်ဦးကို နိုင်ငံခြားသားတစ်ဦး၏ သတင်း ပေးမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး






မိန်းကလေးငယ်များ အား ပြည့်တန်ဆာအဖြစ်ခိုင်းစေ နေသည့် အမျိုးသမီးတစ်ဦးကို နိုင်ငံခြားသားတစ်ဦး၏ သတင်း ပေးမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ တောင်ဥက္ကလာ ပမြို့နယ် (၅)ရပ်ကွက်နေ အ သက် (၂၅)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁၁ ရက်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ယင်းအမျိုးသမီးသည် အသက် ၁၃ နှစ်အရွယ်မိန်းက လေး တစ်ဦးအပါအ၀င် ၁၈ နှစ် အောက်မိန်းကလေး လေးဦးနှင့် ၁၈ နှစ်အထက် မိန်းကလေးနှစ် ဦးကို နိုင်ငံခြားသားများနှင့် ပြည့် တန်ဆာအဖြစ် ခိုင်းစေနေ ကြောင်း လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ခင် မောင်လှက ပြောသည်။
‘‘နိုင်ငံခြားသားတစ်ယောက် က သတင်းပေးတာ။ သူ့နိုင်ငံနဲ့ သူ့အမည်ကိုမပြောဘူး။ဒီကလေး မလေးတွေကိုကယ်ချင်တာ။ အဲဒီ အိမ်ကနေ စုစုပေါင်း ခြောက် ယောက်ကယ်ထုတ်နိုင်ခဲ့တယ်။ သတင်းကတော့ ဒီဇင်ဘာလကုန် ပိုင်းလောက်ကတည်းက ရနေ တာ။ သေသေချာချာစိစစ်ပြီး ရန်ကုန်တိုင်း လူကုန်တားရဲတပ်ဖွဲ့ ကနေဦးဆောင်ပြီး ဖမ်းလိုက်တာ’’ ဟု ရဲမှူးကြီးခင်မောင်လှက ပြော သည်။

 အဆိုပါနိုင်ငံခြားသားက ကလေးသူ ငယ်အရေးဆောင်ရွက် နေသော INGO တစ်ခုဖြစ်သည့် Save The Children အဖွဲ့သို့ သတင်းပေးခဲ့ခြင်းဖြစ်ပြီး ထိုမှ တစ်ဆင့် ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ သည်။ ပြည့်တန်ဆာအဖြစ် ခိုင်း စေသူအမျိုးသမီးကို ဖမ်းဆီးနိုင်ရန် နိုင်ငံခြားသားတစ်ဦးက မိန်းကလေးတစ်ဦးနှင့် ဟိုတယ်တွင် ပျော်ပါးလိုကြောင်း ဖုန်းဆက်ပြောခဲ့ပြီး အဆိုပါအမျိုးသမီးက (၁၃) နှစ်အရွယ် မိန်းကလေးတစ်ဦးအား စေလွှတ်လိုက်သောကြောင့် တာဝန်ရှိသူများက ပူးပေါင်း၍ နေအိမ်သို့ ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၆)မှ ရဲမှူးရဲဝင်းအောင်က ပြောသည်။ ထိုအမျိုးသမီးက ၎င်း၏ နေအိမ်တွင် မိန်းကလေး ခြောက်ဦးကို ခေါ်ယူထားပြီး ညဘက်၌ နိုက်ကလပ်များသို့ စေလွှတ်၍ နိုင်ငံခြားသားများနှင့် ချိတ်ဆက်ကာ အခကြေးငွေယူပြီး ပြည့်တန်ဆာအဖြစ်ခိုင်းစေနေကြောင်း ရဲမှူးရဲဝင်းအောင်က ရှင်းပြသည်။
‘‘ဒီကလေးတွေကို နိုက်က လပ်ပို့ပြီး နိုက်ကလပ်ကိုလာတဲ့ နိုင်ငံခြားသားတွေနဲ့ တွေ့ဆုံညှိ နှိုင်းပြီးမှ ဈေးစကားတွေ ညှိနှိုင်း ပြီးတော့မှ ဟိုတယ်တွေကိုခေါ် သွားတယ်။ အဲဒီကရတဲ့ပိုက်ဆံကို အဲဒီအမျိုးသမီးကို ပေးရတယ်။ သူကရတဲ့ပိုက်ဆံပေါ်မှာ ခေါင်းပုံဖြတ်တယ်ဆိုပြီးတော့မှ စိစစ်တွေ့ရတာပေါ့’’ဟု ၎င်းက ပြောသည်။
 ကယ်ထုတ်နိုင်ခဲ့သည့် မိန်ကလေးခြောက်ဦးကို ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၌ စောင့်ရှောက်ထားသည်။

7day

သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်မှ ပြောင်းရွှေ့




သမ္မတဦးသိန်းစိန်သည် လက်ရှိသမ္မတသက်တမ်းအတွင်း ၎င်းနေထိုင်လျက်ရှိသည့် နေပြည် တော်ရှိ သမ္မတအိမ်တော်မှ ကိုယ် ပိုင်နေအိမ်သို့ ဇန်န၀ါရီ ၈ ရက် တွင် စတင်ပြောင်းရွှေ့ခဲ့ပြီး တက် ရောက်လာမည့် သမ္မတသစ် အတွက် နေအိမ်အသင့်ဖြစ်နေ ပြီဟု သတင်းရရှိသည်။
‘‘သမ္မတကြီး ဇန်န၀ါရီ ၈ ရက်က အိမ်ပြောင်းသွားပြီ။ သမ္မတအိမ်တော်က နောက် သမ္မတအတွက် အသင့်ဖြစ်နေပါ ပြီ။ နေပြည်တော်က သူ့ကိုယ် ပိုင်အိမ်ကို ပြောင်းရွှေ့နေထိုင်နေ ပါပြီ’’ဟု နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ သမ္မတသက် တမ်းသည် ငါးနှစ်တစ်ကြိမ်ဖြစ်ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်မှာ မတ်လ ၃၀ ရက်တွင် သမ္မတ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ နေ ပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတသက်တမ်း ကုန်ဆုံးရန် ၂၃ ရက်အလို၌ သမ္မတအိမ်တော်မှ နေပြည်တော် ရှိ ၎င်း၏ကိုယ်ပိုင်နေအိမ်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။
ထို့ပြင် အစိုးရအဖွဲ့အတွင်းရှိ ၀န်ကြီးအများစုသည်လည်း ဇန်န၀ါရီလဆန်းမှစတင်၍ ၎င်းတို့ နေထိုင်ရာ ၀န်ကြီးနေအိမ်များမှ ပြောင်းရွှေ့မှုများ စတင်ပြုလုပ် နေကြောင်း အစိုးရအသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။
‘‘၀န်ကြီးတွေကတော့ တော် တော်များများ ပြောင်းနေပြီ။ နေ ပြည်တော်မှာ အိမ်ရှိတဲ့သူတွေ၊ မိသားစုလိုက်ရှိတဲ့သူတွေက တော့ နေပြည်တော်မှာ ခဏနေနေကြတယ်’’ဟု အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းသည်လည်း ဇန်န၀ါရီ ၁၅ ရက်တွင် ၎င်း၏ လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ပြောင်းရွှေ့မည်ဖြစ်သည်။
လက်ရှိ သမ္မတဦးသိန်းစိန် ၏ အစိုးရအဖွဲ့သက်တမ်းသည် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ် ပြီး အစိုးရသစ်က ဧပြီ ၁ ရက်တွင် တာဝန်စတင်ထမ်းဆောင်ရမည် ဖြစ်သည်။ လွှတ်တော်များလည်း ဇန်န၀ါရီ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး  အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားလှယ် အများစုတက်ရောက် ရမည့် လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည်ဖြစ် သည်။
နိုင်ငံတော် အကြီးအကဲ တာ ၀န်လွှဲပြောင်းခြင်းနှင့်ပတ်သက်၍ လက်ရှိအစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ဒီချုပ်ကိုယ်စားလှယ်များ ဆွေးနွေးမှုအရ သမ္မတရာထူးလွှဲ ပြောင်းခြင်း အခမ်းအနားကို နေ ပြည်တော်ရှိ သမ္မတအိမ်တော်၌ ပြုလုပ်မည်ဟု အဆိုပါအဖွဲ့ နှစ်ဖွဲ့ တွေ့ဆုံမှုအပြီးတွင် သတင်းထုတ်ပြန်ထားသည်။
7day

အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်တို့ ဇနီးမောင်နှံသည် ကမ္ဘောဒီးယားနိုင်ငံမှ ဆင်းရဲသော မိသားစုတွင် ပေါက်ဖွားလာသော ယောင်္ကျားလေးတစ်ဦးကို မွေးစားရန် လျို့ဝှက် စီစဉ်လျက်ရှိ





ဟောလီးဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်တို့ ဇနီးမောင်နှံသည် ကမ္ဘောဒီးယားနိုင်ငံမှ ဆင်းရဲသော မိသားစုတွင် ပေါက်ဖွားလာသော ယောင်္ကျားလေးတစ်ဦးကို မွေးစားရန် လျို့ဝှက် စီစဉ်လျက်ရှိကြောင်း  Radar အွန်လိုင်းတွင် ဖော်ပြထားသည်။

ဘရက်ဒ်ပစ်နှင့် အိန်ဂျလီနာဂျိုလီတို့တွင် လက်ရှိအချိန်တွင် သားသမီးခြောက်ယောက် ရှိကြောင်းနှင့် ဂျိုလီသည် လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌  “First They Killed My Father” ဇာတ်ကားကို ဒါရိုက်တာလုပ် ရိုက်ကူးလျက် ရှိသည်။

ဂျိုလီသည် ကမ္ဘာဒီးယားနိုင်ငံ ဆီအမ်ရက်ပ်မြို့တွင်  Allouy Shoun နဲ့ ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး  Allouy Shoun တွင် ညီအစ်ကို မောင်နှမ ဆယ်နှစ်ယောက်ရှိကာ မိဘများမှာလည်း ဆင်းရဲကြသည်။

ကလေးငယ်များသည် အသက် ၆ လမှ ၂၃ နှစ်ကြားရှိပြီး မိဘများနှင့်အတူ နေထိုင်ကြောင်းနှင့် ဖခင်ဖြစ်သူသည် အသက် ၄၀ အရွယ်သာ ရှိသေးပြီး အလုပ်အကိုင် အဆင်ပြေပုံမရပေ။
ဘရက်ဒ်ပစ်နှင့် ဂျိုလီတို့၏ သမီးများဖြစ်သော  အသက်ကိုးနှစ်အရွယ် ရှီလော့်ရှ်နှင့် အသက် ၁၀ နှစ်အရွယ် ဇာဟာရာတို့နှင့် Shoun သည် အသက်သိပ်မကွာကြောင်းနှင့် ဂျိုလီသည် Shoun ကို မွေးစားရန် စဉ်းစားလျက် ရှိသည်။

“ဂျိုလီဟာ Shoun တို့မိသားစုကို အမေရိကန်ဒေါ်လာ တစ်သန်း အကူညီပေးဖို့ ကတိပြုထား တယ်။ Shoun ကိုလည်း မွေးစားဖို့ ကတိပေးထားတယ်” ဟု Radar အွန်လိုင်းက ပြောကြားသည်။

ဂျိုလီတို့ ဇနီးမောင်နှံသည် Shouns တို့ မိသားစုကို အမေရိကန်ဒေါ်လာ ၂၀၀ တန်ဖိုးရှိသော အဝတ်အထည်၊ စက်ဘီးသစ်များကို ထောက်ပံ့ပေးခဲ့ပြီး Angkor ဈေးဝယ်စင်တာတွင် ကျွေးမွေးပြုစုခဲ့ သည်။ အသက် ၁၆ နှစ်အရွယ်ရှိ Leida Shouns က ဖခင်ဖြစ်သူ မန်ဆာရက် ခွင့်ပြုချက်ဖြင့် Radar အွန်လိုင်းနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“ကျွန်မတို့မိသားစုမှာ အရင်က စက်ဘီးတစ်စီးပဲ ရှိတယ်။ အဲ့စက်ဘီကိုလည်း ရောင်းခဲ့ရတယ်။ အခုတော့ ဂျိုလီတို့ ဇနီးမောင်နှံပေးတဲ့ အထောက်အပံ့တွေဟာ ကျွန်မတို့ မိသားစုအတွက် အံသြဖွယ် လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ရှီလော့်ရှ်၊ ဇာဟာနဲ့ သူတို့ မိသားစုဝင်တွေဟာ အရမ်းကို ကောင်းတဲ့ သူတွေပါ” ဟု Leidaက  Radr အွန်လိုင်းကို ပြောကြားခဲ့သည်။

“ကျွန်မတို့ ဂျိုလီတို့နဲ့ သိတာ မကြာသေးပါဘူး။ သူတို့က ကျွန်မတို့ကို ထောက်ပံ့မှုတွေ ပေးတယ်။ ကျွန်မ ရှီလော့ရှ်နဲ့ ဇာဟာရာတို့နဲ့ ကစားရတာ ပျော်တယ်။သူတို့နဲ့ ကျွန်မတို့ ဆီအမ်ရက်ပ် မြို့မှာ တွေ့ဆုံခဲ့တယ်။ သူတို့က ကျွန်မတို့ကို  Angkor ဈေးဝယ်စင်တာကိုလည်း ခေါ်သွားတယ်” ဟု Leida က ပြောကြားသည်။

ဂျိုလီတို့ ဇနီးမောင်နှံတွင် အသက် ၁၄ နှစ်အရွယ်ရှိ မက်ဒေါ့ဇ်၊ အသက် ၁၀ နှစ်အရွယ်ရှိ ဇာဟာရာ၊ အသက် ကိုးနှစ်အရွယ်ရှိ ရှီလော့်ရှ်၊ အသက် ၁၂ နှစ်အရွယ်ရှိ ပက်ဇ်၊ အသက် ခြောက်နှစ် အရွယ်ရှိ နော့ဇ်နှင့် အသက် ၆ နှစ်အရွယ်ရှိ ဗီဗီအန်နီ သားသမီးခြောက်ယောက် ရှိသည်။

Facebook Messenger မှာစစ်တုရင်ကစားနည်း





Facebook Messenger အသုံးပြု သူများအတွက် Facebook Messenger မှာ စစ်တုရင်ကစားခြင်းကို command များအသုံးပြုပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။ Facebook Messenger ကနေ စစ်တုရင် ကစားမယ်ဆိုရင် ကိုယ်နဲ့ကစားမယ့်ကိုယ့်ရဲ့ Facebook ကသူငယ်ချင်း အကောင့်ကို @fbchess play ဆိုတဲ့ Command ကိုရိုက်ထည့်ပေးရပါမယ်။

ဒါဆိုရင် Chess Game ကိုစတင်ပြီဖြစ်ပြီး ဘယ်သူက ဘယ်အရောင်ဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ်က မိမိစိတ်ကြိုက် အရောင်ရွေးချယ် မယ်ဆိုရင် @fbchess play white/black နှစ်သက်ရာ အရောင်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။

ကစားသူဟာ Pawn ကိုစရွှေ့မယ်ဆိုရင် @fbchess P ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ P ဆိုတာ Pawn ကို ကိုယ်စားပြုတဲ့ command ဖြစ်ပါတယ်။ အကွက်ရွှေ့မယ်ဆိုရင်တော့ အက္ခရာ a ကနေ h အထိပေးထားပြီး ဒေါင်လိုက်အနေနဲ့ နံပါတ် ၁ ကနေ ၈ အထိ ပေးထားပါတယ်။ ဒါကတော့ ကိုယ်ဘယ်အက္ခရာလိုင်းက Chess  အကောင်ကို ဘယ်နံပါတ်ကိုရွှေ့မယ်ဆိုတာကို သတ်မှတ်နိုင်ရန်အတွက် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဥပမာ သင်ဟာ ဘုရင်အပေါ်က Pawn ကိုရွှေ့မယ်ဆိုရင် @fbchess Pe3 ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။ အကယ်၍ အလွယ်တကူ command ကိုအသုံးပြုမယ်ဆိုရင် @fbchess e3 ဆိုတဲ့ command နဲ့ ဘုရင်အပေါ်ဘက်က Pawn ကို အပေါ်တစ်ကွက် ရွှေ့နိုင်ပါတယ်။

နောက်တစ်ခုကတော့ Knight ကိုရွှေ့မယ်ဆိုရင် အသုံးပြုရမယ့် Command ကတော့ @fbchess N ကိုအသုံးပြုရပါမယ်။ ဥပမာအနေနဲ့ အနက်ရောင်ဘက်က Knight ကို အကွက် C နံပါတ် ၆ နေရာကို ရွှေ့မှာဖြစ်တဲ့အတွက် @fbchess Nbc6 ဆိုတဲ့ command နဲ့ Knight ကိုရွှေ့နိုင်မှာ ဖြစ်ပါတယ်။ ပုံမှာပြထားတဲ့ အတိုင်းဆိုရင် Knight ဟာ Pawn ကို စားနိုင်တဲ့အကွက်ထဲ ရောက်နေပြီဖြစ်ပါတယ်။ ဒီတော့ Knight ဟာ Pawn က စားမှာဖြစ်တဲ့အတွက် Knight ကိုယ်စားပြုတဲ့ command ကိုအရှေ့မှာ ထားပေးပါ။ ပြီးသွားရင် အကွက် C မှာရှိတဲ့အတွက် C ကိုထည့်သွင်းပေးရပါမယ်။ ကိုယ်စားမယ့် Pawn ဟာ d4 မှာရှိတဲ့အတွက် d4 ဆိုတာကို ထည့်သွင်းပေးရပါမယ်။ ဒီနေရာမှာ Pawn ကိုစားမှာ ဖြစ်တဲ့အတွက် Knight ရဲ့နေရာနဲ့ စားမယ့်နေရာရဲ့ကြားထဲမှာ X ကိုထည့်သွင်းပေးရပါမယ်။ ဥပမာအနေနဲ့ @fbchess Ncxd4 ဆိုတဲ့ com-mand ကိုအသုံးပြုရပါမယ်။

နောက်ထပ် Bishop ကို အသုံးပြုမယ်ဆိုရင် ရိုက်ထည့်ပေးရမယ့် command က B ဖြစ်ပါတယ်။ ဥပမာ @fbchess Bd3 ဒါကတော့ Bishop ကို အကွက် D နံပါတ် ၃ ကိုရွှေ့မှာ ဖြစ်တဲ့အတွက် ဥပမာပေးတဲ့ command ပဲဖြစ်ပါတယ်။ သင့်ရဲ့ Pawn ဟာ ပြိုင်ဘက်ရဲ့ အထက်ဘက်ကို ရောက်သွားတဲ့အခါမှာ Pawn ကို Promote လုပ်ဖို့ အတွက် = ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ Castle နဲ့ King ကို နေရာချိန်းချင်ရင်တော့ @fbchess O-O ဆိုတဲ့ Command ကိုအသုံးပြုနိုင်ပါတယ်။

အကယ်၍  သင်ဟာကစားပွဲက ထွက်လိုတယ်ဆိုရင် @fbchess resign ကိုရိုက်ထည့်ပြီး ကစားပွဲကနေ ထွက်ခွာနိုင်ပါတယ်။ ကစားနေရင်း Facebook Messenger မှာစကားပြောနေတယ်ဆိုရင် @fbchess continue ဆိုတဲ့ command ကိုအသုံးပြုနိုင်မှာဖြစ်ပြီး၊ ကိုယ်နဲ့ကစားတဲ့ ကစားဖော်ရဲ့ ပွဲရလဒ်တွေကို ကြည့်ချင်ရင်တော့ @fbchess stats ဆိုပြီး ကြည့်ရှုနိုင်ပါတယ်။ ကစားနေရင်းနဲ့ ကစားတဲ့အခါမှာ အသုံးပြုတဲ့ command တွေကို သိချင်ရင်တော့ @fbchess help ဆိုတဲ့ command ကို အသုံးပြုနိုင်ပါတယ်။
Ref -Internet journal

ယောင်္ကျားတို့မပြစ်မှားထိုက်သော မိန်းမ အမျိုး(၂၀) နှင့်ကာမေသုမိစ္ဆာစာရကံအကျိုး -




(၁) မာတု ရက္ခတ- အမိအုပ်ထိန်းသော မိန်းမ၊
(၂) ပိတု ရက္ခိတ- အဘ အုပ်ထိန်းသောမိန်းမ၊
(၃) မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
(၄) ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
 (၅) ဘဂိနိ ရက္ခိတ- အစ်မကြီး အစ်မငယ်အုပ်ထိန်းသောမိန်းမ၊
(၆) ဥတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ
(၇) ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
(၈) ဓမ္မရက္ခိတ- သီတင်းသုံးဖေါ် စောင့်ရှောက်အုပ်ထိန်းသောမိန်းမ။
 မှတ်ချက်။ ။၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူ ယောက်ျားများ မှာသာ ကံထိုက်သည်ဟူ၏။
(၉) သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ “လက်ထပ်ပြီးသူ” လင်အုပ်ထိန်းသောမိန်းမ၊
(၁၀)သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
(၁၁) ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီသဘောတူအလိုတူ၍ညားနေသောမိန်းမ၊
(၁၃) ဘောဂ ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖေါ်သောမိန်းမ၊
(၁၄) ပဋ၀ါသိနီ- ပုဆိုးပေး၍ ““ပုဆိုး တန်းတင်””ပြုနေသောမိန်းမ၊
(၁၅) သြဒ ပတ္တကိနီ ရေခွက်က လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
(၁၆) သြဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍လင်မယားအဖြစ်နေသော မိန်းမ၊
(၁၇) ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သောမိန်းမ၊
(၁၈) ကမ္ဗကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
(၁၉)ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
(၂၀) မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖေါ်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။

ကာမေသုမိစ္ဆာစာရကံအကျိုး --------------------------------

၁။ အပါယ်ဘုံသို့ ရောက်ရခြင်း။
၂။ လူဖြစ်လျှင် မိန်းမ(သို့) အခြောက်ဖြစ်ရခြင်း။
၃။ အများက မုန်းတီးရွံရှာခြင်း။
၎။ ရန်သူများခြင်း။
၅။ စိုးရိမ်ကြောင့်ကြများခြင်း။
၇။ ချမ်းချမ်းသာသာ မနေရခြင်း။
၈။ ချစ်သူနဲ့ခွဲရခြင်း၊ အိမ်ထောင်မမြဲခြင်း။
၉။ မျက်နှာမကြည်လင်ခြင်း။
၁၀။ အင်္ဂါလက္ခဏာ သေးသိမ်ခြင်း။
မှတ်ချက်။ ။ ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောက်ျားပါနှစ်ဦးစလုံးကံထိုက်သည်ဟူ၏။

http://wikitharlarwaddy.blogspot.com/ မှ ကူးယူဖော်ပြပါသည်။

ငြိမ်းချမ်းရေးစာချုပ်မချုပ်ပါက နောက်ထပ်နျူစမ်းသပ်မှုများ ဆက်လုပ်မည်ဟု မြောက်ကိုရီးယားပြော





ပေကျင်း၊ ဇန်န၀ါရီ ၁၂ ။             ။ မြောက်ကိုရီးယားသည် ကိုရီးယားစစ်ပွဲကို တရားဝင်အဆုံးသတ်ရန် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် ငြိမ်းချမ်းရေးစာချုပ်တစ်ခုချုပ်ဆိုရန် လိုလားနေပြီး စာချုပ်မချုပ်သရွေ့ နျူကလီးယားစမ်းသပ်မှုများ ရပ်တန့်မည်မဟုတ်ကြောင်း မြောက်ကိုရီးယားမှ တရုတ်သို့ သတင်းစကားယူဆောင်လာသူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

၂၀၀၆ ခုနှစ်နောက်ပိုင်း ၄င်း၏ စတုတ္ထမြောက်နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့သည်ဟု မြောက်ကိုရီးယားက ဇန်န၀ါရီ ၆တွင် ကြေညာလိုက်ရာ နောက်ထပ်အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

သို့သော်လည်း အမေရိကန်နှင့် လက်နက်ကျွမ်းကျင်သူများကမူ ဟိုက်ဒရိုဂျင်ဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲသည်ဆိုသည့် မြောက်ကိုရီးယား၏ ပြောကြားချက်ကို သံသယဖြစ်နေသည်။ စမ်းသပ်သည်ဆိုသည့် သတင်းကြောင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်များ ရပ်တန့်ရေး မည်သို့လုပ်ဆောင်နိုင်မည်နှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား မေးခွန်းများပေါ်ထွက်လာသည်။

စာချုပ်တစ်ခုအတွက် မြောက်ကိုရီးယား၏ တောင်းဆိုချက်မပြည့်ဝမချင်း စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု မြောက်ကိုရီးယား၏မြို့တော် ပြုံယမ်းတွင် အဆက်အသွယ်များရှိပြီး ၂၀၀၆ခုနှစ်က ပထမဆုံးအကြိမ်နျူစမ်းသပ်မှုအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်သည့် သီးသန့်အသေးစိတ် အချက်အလက်များပေးခဲ့သော အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးရန် တရုတ်နှင့် အမေရိကန်တို့က မလိုလားသရွေ့ မြောက်ကိုရီးယားသည် စမ်းသပ်မှုကို အဆုံးစွန်လုပ်ဆောင်သွားမည်ဟု အမည်မဖော်သော ယင်းသတင်း ရင်းမြစ်က ဆိုသည်။

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲမှာ ငြိမ်းချမ်းရေးစာချုပ်တစ်ခုဖြင့်မဟုတ်ဘဲ စစ်ရပ်ဆိုင်းရေးသဘောတူညီချက်တစ်ခုဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂတပ်ဖွဲ့ဝင်များကို ကိုယ်စားပြုသော အမေရိကန်၊ မြောက်ကိုရီးယားစစ်တပ်နှင့် တရုတ်စစ်တပ်တို့က လက်မှတ်ရေးထိုးခဲ့သည်။ ယခုအခါ မြောက်ကိုရီးယားက အထက်ပါသုံးနိုင်ငံနှင့် တောင်ကိုရီးယားတို့ပါဝင်သော ငြိမ်းချမ်းရေး စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးရန် ဆန္ဒရှိနေသည်။

မြောက်ကိုရီးယား၏ ယခုစမ်းသပ်မှုက စစ်ပွဲအဆုံးသတ်ရေး လေးနိုင်ငံညိနှိုင်းဆွေးနွေးပွဲသို့ အမေရိကန်ပါဝင်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး သို့မှသာ ကိုရီးယားကျွန်းဆွယ်တွင် ထာဝရငြိမ်းချမ်းရေး ရှိနိုင်မည်ဟု ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ စမ်းသပ်မှုပြီးလျင်ပြီးချင်း တရုတ်ခေါင်းဆောင်ပိုင်းထံသို့ ယင်းသတင်းစကားကို သယ်ဆောင်လာခြင်းဖြစ်သည်ဟု ယင်းသတင်းရင်းမြစ်ကဆိုသည်။ စေ့စပ်ညိနှိုင်းမှုများ မလုပ်မီ မြောက်ကိုရီးယားအနေဖြင့် ၄င်း၏နျူအစီအစဉ်ကို လက်လျှော့ရမည်ဟု အမေရိကန်က တောင်းဆိုထားရာ တရုတ်အနေဖြင့် အမေရိကန်၏ နောက်သို့ မလိုက်သင့်ကြောင်းလည်း ၄င်းကပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးဝန်ထမ်းအား မတ်တပ်ရပ်ဒဏ်ပေးခဲ့သည့် တရုတ်အရာရှိအမှု စစ်ဆေးမည်


မုံရွာ၊ ဇန်နဝါရီ ၁၂ ။              ။ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းလုပ်ကိုင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးအား မတ်တပ်ရပ်ဒဏ်ပေးခဲ့သည့် တရုတ်အရာရှိအား တရားရုံးတွင် ဦးတိုက်လျှောက်ထားတရားစွဲဆိုသည့်အမှုအား ဇန်နဝါရီ ၁၄ ရက်နေ့တွင် စတင် စစ်ဆေးမည်ဖြစ်ကြောင်း ကာယကံရှင် မကြည်ကြည်မေ ကပြောကြားသည်။

ကုမ္ပဏီ၏ ညစာစားပွဲမတက်ရောက်သဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီစားဖိုဆောင်တွင် ခုံပေါ်တက်ကာ မတ်တပ်ရပ်ခိုင်းခဲ့ခြင်း ဖြစ်ပြီး၊ ယင်းသို့ ပြစ်ဒဏ်ပေးခဲ့မှုနှင့် ပတ်သက်၍ ကုမ္ပဏီက စစ်ဆေးခဲ့သော်လည်း ထူးခြားမှု မရှိသည့်အတွက် ဇန်နဝါရီ ၅ရက်နေ့တွင် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

" အပြစ်မရှိပါဘူး ဆိုတာကို အတင်းအဓမ္မ ပြစ်ဒဏ်ပေးခဲ့တာပါ။ မခံမရပ်နိုင်တဲ့ အတွက် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးမှာပါ။ တရားလိုကို စစ်ဆေးမယ်လို့ သိရပါတယ်။" ဟု ကာယကံရှင် မကြည်ကြည်မေကပြောသည်။

 တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုနှင့် ပက်သက်၍  ရာကြီးအမှတ်(၇/၂၀၁၆) ဖြင့် အမှုလက်ခံထားကြောင်း ဆားလင်းကြီးမြို့နယ် တရားရုံးမှ သိရသည်။

မလေးရှားကလေးငယ် ရှစ်ဦးကို အိုက်အက်စ် တိုက်ခိုက်ရေးသမားများဖြစ်လာရန် အိုင်အက်စ်တို့က လေ့ကျင့်ပေးလျက်ရှိကြောင်း ထောက်လှမ်းရေး အာဏာပိုင်များက ထုတ်ဖော်ပြောဆို


ကွာလာလမ်ပူ၊ ဇန်န၀ါရီ ၁၂ ။           ။ မလေးရှားကလေးငယ် ရှစ်ဦးကို အိုက်အက်စ် တိုက်ခိုက်ရေးသမားများဖြစ်လာရန် အိုင်အက်စ်တို့က လေ့ကျင့်ပေးလျက်ရှိကြောင်း ထောက်လှမ်းရေး အာဏာပိုင်များက ထုတ်ဖော်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဇန်န၀ါရီ ၁၂က ဖော်ပြခဲ့သည်။

ဆီးရီးယားနှင့် အီရတ်တွင် ရှိမည်ဟု ယုံကြည်ရသော လေ့ကျင့်ရေးစခန်းများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိရန် စုံးစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု ဘူကစ်အာမန်အထူးစုံစမ်းစစ်ဆေးရေးဋ္ဌာန၏ ညွှန်ကြားရေးမှူး မိုဟာမက်ဖူဇီဟာရန်က ကွာလာလမ်ပူတွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဒီကလေးတွေကို သူတို့ရဲ့မိဘတွေက စစ်ဒဏ်သင့် နိုင်ငံတွေဆီ ခေါ်သွားခဲ့ကြပြီး ကလေးတွေကို အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေဖြစ်အောင် ပျိုးထောင်နေကြပါတယ်"ဟု ၄င်း၏ပြောကြားချက်ကို ကိုးကား၍ သည်စတားက ဖော်ပြခဲ့သည်။

အမျိုးသမီး ၁၂ ဦးအပါအ၀င် မလေးရှားလူမျိုး ၄၇ ဦးသည် အိုင်အက်စ်အဖွဲ့သို့ ၀င်ရောက်ခဲ့ကြပြီး ၄င်းတို့အား အိမ်ပြန်ခေါ်ရန် အာဏာပိုင်တို့က တက်ကြွစွာကြိုးပမ်းနေသည်ဟုလည်း ၄င်းကထပ်မံပြော ကြားခဲ့သည်။ "ဒါပေမဲ့ သူတို့က ပြန်လာဖို့ ငြင်းဆိုထားပါတယ်။ သူတို့ရဲ့အဆုံးစွန်ရည်မှန်းချက်က တိုက်ခိုက်မှုတွေလုပ်ပြီး အာဇာနည်အဖြစ်နဲ့ သေဆုံးဖို့ပါ"ဟု ၄င်းကပြောသည်။

နှစ်နှစ်ထိငယ်ရွယ်သော ကလေးများမှစ၍ ကလေးများကို မျိုးဆက်သစ်အကြမ်းဖက်သမားများဖြစ်လာရန် ပင်လယ်ရပ်ခြားတွင် လေ့ကျင့်ပေးနေကြောင်း လွန်ခဲ့သည့်လက မလေးရှားရဲတပ်ဖွဲ့က သတိပေးခဲ့သည်။

စစ်သင်တန်းတက်နေသောကလေးများ၊ အိုင်အက်စ်အဖွဲ့နှင့် ခေါင်းဆောင်အပေါ် သစ္စာစောင့်သိမည့်အကြောင်း ကလေးများက ကျိမ်ဆိုနေပုံများကို ရိုက်ကူးထားသော ဗီဒီယိုကိုလည်း ပြသခဲ့သည်။

အလားတူ သင်တန်းစခန်းများ ဆောက်လာမည်ကို စိုးရိမ်ကြောင်း ထိုအချိန်က အကြမ်းဖက်မှုတိုက်ဖျက်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အယ်နီနိုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြေလတ်ပိုင်းတွင် ရေရှားပါးမှုနှင့် ကျန်းမာရေး ပြဿနာများ ကြုံရနိုင်

ဇန်န၀ါရီလ ၁၂ ရက် ။          ။ ယခုနှစ်ဇန်န၀ါရီလမှ ဇွန်လအထိ သက်ရောက်မည့် အယ်နီနိုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြေလတ်ပိုင်းတွင် ရေရှားပါးမှုနှင့် ကျန်းမာရေး ပြဿနာများ ကြုံရနိုင်သည်ဟု မြ၀တီသတင်းက ဖော်ပြသည်။

"အယ်နီနိုသက်ရောက်မှုက အလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသတွေမှာ အဓိကခံစားရနိုင်တယ်။ တခြားဒေသတွေမှာလည်း သွယ်ဝိုက်တဲ့နည်းနဲ့ သက်ရောက်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ မေလဆိုရင် ပိုပြီး သတိပြုဖို့လိုပါတယ်။" ဟု မိုး/ဇလ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

အယ်နီနိုသည် ပင်လယ်ရေမျက်နှာအပူချိန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်တတ်ပြီး ၃-၄ နှစ် သို့မဟုတ် ၇ နှစ် တစ်ကြိမ်ဖြစ်ပေါ်သည်ဟု သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အယ်နီနိုအားသည် မှတ်တမ်းများအရ အားအကောင်းဆုံးဖြစ်ခဲ့သည့် ၁၉၉၇-၉၈ ခု အယ်နီနိုဖြစ်စဉ်နှင့်တူနေပြီး အငိအား ၂ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်ရှိသည်ဟုလည်း မြ၀တီက သတင်းကဆိုသည်။

အယ်နီနိုကြောင့် ယခုနှစ်တွင် ပုံမှန်ထက်အပူချိန်မြင့်ခြင်း၊ မိုးနည်းခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ က ခန့်မှန်းထားသည်။

Ref; Myawady

ပစ်မှုကျူလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူအား သွားရောက်ဖမ်းဆီးစဉ် ဓားမကိုင်ဆောင်၍ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး






၃၀.၁၁.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ဒလမြို့နယ်၊ တုံးတင်ဂံကျေးရွာနေ အန်းကူ(ခ)ကိုသန်းမောင်သည် နေအိမ်တွင်ရှိနေစဉ် လယ်သူရင်းငှားဖြစ်သူ ဆာမိမှ နေအိမ်ပေါ်သို့ ပြေးတက်လာပြီး ဆံရှည်မှ
တံစဉ်နှင့် လိုက်ခုတ်နေကြောင်း အော်ဟစ် အကူအညီ တောင်းခံသဖြင့် ၎င်းမှတားမြစ်ရာ ဆံရှည်မှ ညစ်ညမ်းစွာဆဲဆိုပြီး “မင်းကိုပါသတ်ပစ်မယ်”ဟု ခြိမ်းခြောက်၍ တံစဉ်ဖြင့် ထိုးခုတ်ရန်ပြုလုပ်ခဲ့သဖြင့် ဆံရှည်အား
အရေးယူပေးရန်တိုင်တန်းချက်အရ ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးနယ်မြေ ရဲစခန်း(ပ)၁၇၈/၂၀၁၅၊ ပြစ်မှုပုဒ်မ-၄၅၂/၂၉၄/၅၀၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ တုံးတင်ဂံကျေးရွာနေ ဆံရှည်(ခ)ဟန်တင်၊ (၂၀)နှစ်မှာ အခင်းဖြစ်ပွားခဲ့သည့်နေ့မှစတင်၍ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေစဉ် ၎င်းမှာ နေအိမ်၌
ပြန်လည်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်၊ ပျော်ဘွယ်ကြီး နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ၈.၁.၂၀၁၆ ရက်နေ့ ၂၂၃၅ အချိန်တွင် ဆံရှည်(ခ)ဟန်တင်၏နေအိမ်သို့ သက်သေများနှင့်အတူသွားရောက် ဖမ်းဆီးခဲ့ပါသည်။

ထိုသို့သွားရောက်ဖမ်းဆီးစဉ် ဆံရှည်(ခ)ဟန်တင်နှင့် ၎င်း၏မိခင်ဖြစ်သူဒေါ်ပါကျွန်း၊ (၄၇)နှစ်တို့မှ နေအိမ်တံခါးအား ဖွင့်ပေးခြင်း မရှိဘဲ ရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုခဲ့ကြပြီး ဆံရှည်(ခ)ဟန်တင်မှ နေအိမ်အတွင်းမှနေ၍ ဓားမအားကိုင်ဆောင်ကာ ဖမ်းဆီးပါက ဓားဖြင့်ခုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ဥပဒေအတိုင်းရင်ဆိုင်ဖြေရှင်းရန် အချိန်(၂)နာရီခန့်ကြာသည်အထိ ဖြောင်းဖြပြောဆိုခဲ့သော်လည်း လိုက်နာခြင်းမရှိ၍ ဥပဒေနှင့်အညီ နေအိမ်တံခါးအား ချိုးဖျက်ဝင်ရောက် ဖမ်းဆီးစဉ် ဆံရှည်(ခ)ဟန်တင်မှ ဓားမ(၂)ချောင်းကိုင်ဆောင်ပြီး ပြန်လည် ခုခံခဲ့သဖြင့် (၁၂)ဗို့ Pump Action သေနတ်ဖြင့် ဆံရှည်(ခ)ဟန်တင်၏ခြေထောက်အနီးသို့ ခြောက်လှန့်ပစ်ဖောက်ခဲ့ရာ ၎င်းမှာ နေအိမ်ပေါ်သို့ပြန်လည် တက်ပြေးခဲ့သဖြင့် ၉.၁.၂၀၁၆ ရက်နေ့ ၀၀၃၀ အချိန်တွင် နေအိမ် အတွင်းမှ ဖမ်းဆီးရမိခဲ့ပါသည်။

ဆံရှည်(ခ)ဟန်တင်အားဖမ်းဆီးစဉ် သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်မှုကြောင့် ၎င်း၏၀ဲဘက်ခြေမျက်စိတွင် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ဒလမြို့နယ်ဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရ
ပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူ ဆံရှည်(ခ)ဟန်တင်အား ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း(ပ)၁၇၈/၂၀၁၅၊ ပြစ်မှုပုဒ်မ-၄၅၂/၂၉၄/၅၀၆ အမှုဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိပြီး သွားရောက်ဖမ်းဆီးစဉ် တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းအား နှောက်ယှက်ဟန့်တား၍ ညစ်ညမ်းစွာ ဆဲဆိုခြိမ်းခြောက် ခဲ့သဖြင့် ဆံရှည်(ခ)ဟန်တင်နှင့် ၎င်း၏မိခင် ဒေါ်ပါကျွန်းတို့အား ပျော်ဘွယ်ကြီးနယ်မြေရဲစခန်း (ပ)၄/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၅၃/၂၉၄/၁၁၄/၅၀၆ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အမေရိကန်လေတပ်က အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ငွေကြေးသိုလှောင်ရာ လျှို့ဝှက်နေရာ တစ်ခုကို ဗုံးကြဲတိုက်ခိုက်






အမေရိကန်လေတပ်က အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ငွေကြေးသိုလှောင်ရာ လျှို့ဝှက်နေရာ တစ်ခုကို ဗုံးကြဲတိုက်ခိုက်ကာ ဒေါ်လာသန်းနှင့်ချီ တန်ဖိုးရှိသည့် ငွေစက္ကူများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။


ပုံမှန်မဟုတ်သည့် စစ်ဆင်ရေး တစ်ရပ်အဖြစ် ဇန်နဝါရီ ၁၀ ရက်တွင် မိုဆူးလ်မြို့လယ်ရှိ ကုန်လှောင်ရုံ တစ်ခုကို အမေရိကန် တိုက်လေယာဉ်များက ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့သည်။ ပေါင် ၂၀၀၀ ဗုံးနှစ်လုံးကြောင့် အဆိုပါ
  နေရာသည် ပြားပြားဝပ် ပျက်စီးသွားပြီး အိုင်အက်စ်တို့အတွက် ရေရှည် ထိခိုက်မှုမှာ ပိုမိုဆိုးရွားလိမ့်မည်ဟု အမေရိကန်စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုနေရာတွင် သိမ်းဆည်းထားသည့် ငွေကြေးများ၏ ပမာဏကို တိတိကျကျ မထုတ်ပြန်နိုင်သော်လည်း ဒေါ်လာ သန်းပေါင်းများစွာ ရှိလိမ့်မည်ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။ အိုင်အက်စ်တို့သည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်ကာ နိုင်ငံတစ်ခုသဖွယ် အုပ်ချုပ်နေပြီး တပ်ဖွဲ့ဝင်များကို လစာငွေကြေး ထောက်ပံ့ရန် ငွေကြေးရင်းမြစ်များ ရှာဖွေထားသည်။ အမေရိကန်နှင့် မဟာမိတ် လေတပ်များကလည်း နောက်ပိုင်းတွင် အိုင်အက်စ်တို့၏ ငွေရပေါက်ရလမ်းများကို အဓိက ပစ်မှတ်ထား ချေမှုန်းလာခဲ့သည်။

အမေရိကန် လေတပ်က မိုဆူးလ်တွင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုသည် အထိခိုက် အတိမ်းအစောင်း မခံနိုင်သည့် စစ်ဆင်ရေး တစ်ရပ်အဖြစ် သတိထား လုပ်ဆောင်ခဲ့သည်။ အဆိုပါ နေရာအနီးတွင် လူနေရပ်ကွက်များ ရှိနေရာ ပစ်မှတ်ချော်ပြီး အရပ်သားများ သေဆုံးမှု မရှိအောင် အထူးဂရုပြုခဲ့ကြောင်း အမေရိကန် စစ်ဘက်က ဆိုသည်။ ထိုနေရာတွင် နေ့ဖက်၌ အရပ်သားများ လှုပ်ရှားသွားလာနေတတ်ပြီး ညပိုင်းရောက်မှသာ အိုင်အက်စ် တပ်ဖွဲ့ဝင်
များက လှုပ်ရှားလေ့ရှိကြောင်းလည်း သိရသည်။

Ref: CNN



.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.