Tuesday, January 12, 2016

သမ္မတဦးသိန်းစိန် သမ္မတအိမ်တော်မှ ပြောင်းရွှေ့




သမ္မတဦးသိန်းစိန်သည် လက်ရှိသမ္မတသက်တမ်းအတွင်း ၎င်းနေထိုင်လျက်ရှိသည့် နေပြည် တော်ရှိ သမ္မတအိမ်တော်မှ ကိုယ် ပိုင်နေအိမ်သို့ ဇန်န၀ါရီ ၈ ရက် တွင် စတင်ပြောင်းရွှေ့ခဲ့ပြီး တက် ရောက်လာမည့် သမ္မတသစ် အတွက် နေအိမ်အသင့်ဖြစ်နေ ပြီဟု သတင်းရရှိသည်။
‘‘သမ္မတကြီး ဇန်န၀ါရီ ၈ ရက်က အိမ်ပြောင်းသွားပြီ။ သမ္မတအိမ်တော်က နောက် သမ္မတအတွက် အသင့်ဖြစ်နေပါ ပြီ။ နေပြည်တော်က သူ့ကိုယ် ပိုင်အိမ်ကို ပြောင်းရွှေ့နေထိုင်နေ ပါပြီ’’ဟု နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ သမ္မတသက် တမ်းသည် ငါးနှစ်တစ်ကြိမ်ဖြစ်ပြီး လက်ရှိသမ္မတ ဦးသိန်းစိန်မှာ မတ်လ ၃၀ ရက်တွင် သမ္မတ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ နေ ပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတသက်တမ်း ကုန်ဆုံးရန် ၂၃ ရက်အလို၌ သမ္မတအိမ်တော်မှ နေပြည်တော် ရှိ ၎င်း၏ကိုယ်ပိုင်နေအိမ်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။
ထို့ပြင် အစိုးရအဖွဲ့အတွင်းရှိ ၀န်ကြီးအများစုသည်လည်း ဇန်န၀ါရီလဆန်းမှစတင်၍ ၎င်းတို့ နေထိုင်ရာ ၀န်ကြီးနေအိမ်များမှ ပြောင်းရွှေ့မှုများ စတင်ပြုလုပ် နေကြောင်း အစိုးရအသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။
‘‘၀န်ကြီးတွေကတော့ တော် တော်များများ ပြောင်းနေပြီ။ နေ ပြည်တော်မှာ အိမ်ရှိတဲ့သူတွေ၊ မိသားစုလိုက်ရှိတဲ့သူတွေက တော့ နေပြည်တော်မှာ ခဏနေနေကြတယ်’’ဟု အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းသည်လည်း ဇန်န၀ါရီ ၁၅ ရက်တွင် ၎င်း၏ လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ပြောင်းရွှေ့မည်ဖြစ်သည်။
လက်ရှိ သမ္မတဦးသိန်းစိန် ၏ အစိုးရအဖွဲ့သက်တမ်းသည် မတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ် ပြီး အစိုးရသစ်က ဧပြီ ၁ ရက်တွင် တာဝန်စတင်ထမ်းဆောင်ရမည် ဖြစ်သည်။ လွှတ်တော်များလည်း ဇန်န၀ါရီ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး  အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ် စားလှယ် အများစုတက်ရောက် ရမည့် လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည်ဖြစ် သည်။
နိုင်ငံတော် အကြီးအကဲ တာ ၀န်လွှဲပြောင်းခြင်းနှင့်ပတ်သက်၍ လက်ရှိအစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ဒီချုပ်ကိုယ်စားလှယ်များ ဆွေးနွေးမှုအရ သမ္မတရာထူးလွှဲ ပြောင်းခြင်း အခမ်းအနားကို နေ ပြည်တော်ရှိ သမ္မတအိမ်တော်၌ ပြုလုပ်မည်ဟု အဆိုပါအဖွဲ့ နှစ်ဖွဲ့ တွေ့ဆုံမှုအပြီးတွင် သတင်းထုတ်ပြန်ထားသည်။
7day

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.