Tuesday, January 12, 2016

မိန်းကလေးငယ်များ အား ပြည့်တန်ဆာအဖြစ်ခိုင်းစေ နေသည့် အမျိုးသမီးတစ်ဦးကို နိုင်ငံခြားသားတစ်ဦး၏ သတင်း ပေးမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး






မိန်းကလေးငယ်များ အား ပြည့်တန်ဆာအဖြစ်ခိုင်းစေ နေသည့် အမျိုးသမီးတစ်ဦးကို နိုင်ငံခြားသားတစ်ဦး၏ သတင်း ပေးမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့၊ တောင်ဥက္ကလာ ပမြို့နယ် (၅)ရပ်ကွက်နေ အ သက် (၂၅)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁၁ ရက်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ယင်းအမျိုးသမီးသည် အသက် ၁၃ နှစ်အရွယ်မိန်းက လေး တစ်ဦးအပါအ၀င် ၁၈ နှစ် အောက်မိန်းကလေး လေးဦးနှင့် ၁၈ နှစ်အထက် မိန်းကလေးနှစ် ဦးကို နိုင်ငံခြားသားများနှင့် ပြည့် တန်ဆာအဖြစ် ခိုင်းစေနေ ကြောင်း လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး ခင် မောင်လှက ပြောသည်။
‘‘နိုင်ငံခြားသားတစ်ယောက် က သတင်းပေးတာ။ သူ့နိုင်ငံနဲ့ သူ့အမည်ကိုမပြောဘူး။ဒီကလေး မလေးတွေကိုကယ်ချင်တာ။ အဲဒီ အိမ်ကနေ စုစုပေါင်း ခြောက် ယောက်ကယ်ထုတ်နိုင်ခဲ့တယ်။ သတင်းကတော့ ဒီဇင်ဘာလကုန် ပိုင်းလောက်ကတည်းက ရနေ တာ။ သေသေချာချာစိစစ်ပြီး ရန်ကုန်တိုင်း လူကုန်တားရဲတပ်ဖွဲ့ ကနေဦးဆောင်ပြီး ဖမ်းလိုက်တာ’’ ဟု ရဲမှူးကြီးခင်မောင်လှက ပြော သည်။

 အဆိုပါနိုင်ငံခြားသားက ကလေးသူ ငယ်အရေးဆောင်ရွက် နေသော INGO တစ်ခုဖြစ်သည့် Save The Children အဖွဲ့သို့ သတင်းပေးခဲ့ခြင်းဖြစ်ပြီး ထိုမှ တစ်ဆင့် ရဲတပ်ဖွဲ့နှင့်ချိတ်ဆက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိ သည်။ ပြည့်တန်ဆာအဖြစ် ခိုင်း စေသူအမျိုးသမီးကို ဖမ်းဆီးနိုင်ရန် နိုင်ငံခြားသားတစ်ဦးက မိန်းကလေးတစ်ဦးနှင့် ဟိုတယ်တွင် ပျော်ပါးလိုကြောင်း ဖုန်းဆက်ပြောခဲ့ပြီး အဆိုပါအမျိုးသမီးက (၁၃) နှစ်အရွယ် မိန်းကလေးတစ်ဦးအား စေလွှတ်လိုက်သောကြောင့် တာဝန်ရှိသူများက ပူးပေါင်း၍ နေအိမ်သို့ ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၆)မှ ရဲမှူးရဲဝင်းအောင်က ပြောသည်။ ထိုအမျိုးသမီးက ၎င်း၏ နေအိမ်တွင် မိန်းကလေး ခြောက်ဦးကို ခေါ်ယူထားပြီး ညဘက်၌ နိုက်ကလပ်များသို့ စေလွှတ်၍ နိုင်ငံခြားသားများနှင့် ချိတ်ဆက်ကာ အခကြေးငွေယူပြီး ပြည့်တန်ဆာအဖြစ်ခိုင်းစေနေကြောင်း ရဲမှူးရဲဝင်းအောင်က ရှင်းပြသည်။
‘‘ဒီကလေးတွေကို နိုက်က လပ်ပို့ပြီး နိုက်ကလပ်ကိုလာတဲ့ နိုင်ငံခြားသားတွေနဲ့ တွေ့ဆုံညှိ နှိုင်းပြီးမှ ဈေးစကားတွေ ညှိနှိုင်း ပြီးတော့မှ ဟိုတယ်တွေကိုခေါ် သွားတယ်။ အဲဒီကရတဲ့ပိုက်ဆံကို အဲဒီအမျိုးသမီးကို ပေးရတယ်။ သူကရတဲ့ပိုက်ဆံပေါ်မှာ ခေါင်းပုံဖြတ်တယ်ဆိုပြီးတော့မှ စိစစ်တွေ့ရတာပေါ့’’ဟု ၎င်းက ပြောသည်။
 ကယ်ထုတ်နိုင်ခဲ့သည့် မိန်ကလေးခြောက်ဦးကို ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၌ စောင့်ရှောက်ထားသည်။

7day

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.