Tuesday, December 29, 2015

အမေရိကန် ဒေါ်လာ ထီ ၁ သန်းဆုပေါက်သူတဦး ဝှေးစေ့ရွှေကွပ်ရာမှ သေဆုံး

အမေရိကန် ဒေါ်လာ ထီ ၁ သန်းဆုပေါက်သူတဦး
 ဝှေးစေ့ရွှေကွပ်ရာမှ သေဆုံး
Wednesday, December 30, 2015



Atlanta မှ အသက် ၂၈ နှစ်အရွယ် Bryan Silver သည် အမေရိကန်ဒေါ်လာ ထီ ၁ သန်းဆုပေါက်ပြီး
နောက် အိပ်မက်များ အမှန်တကယ် ဖြစ်လာခဲ့သည်။

ထို့နောက် သူသည် အလုပ်မှလည်းထွက်လိုက်သည်။
Silver သည် ၂၀၀၂ ခုနှစ် Gold finger ရုပ်ရှင်ဇာတ်ကားမှ ရွှေလူသားများ၏ စွမ်းအင်များကို စွဲလန်းနေသူတဦး ဖြစ်သည်။
မိသားစုဝင်များက Silver သည် ရွှေပြားလုပ်ငန်းများတွင် စုံစမ်းသော်လည်း အန္တရာယ်ရှိသဖြင့် တာမြစ်ခဲ့ကြ
ကြောင်း ပြောပါသည်။

ရွှေရောင်ဆေးများ သုတ်ပြီးနောက် စိတ်ကျေနပ်မှုမရသော Silver သည် ကားရွှေပြားတပ်ဆင်သူတဦးနှင့် ခွဲစိတ်ကာ ရွှေပြားထည့်သွင်းခဲ့သည်။
ခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၁၂ နာရီ အကြာတွင် Silver
 သေဆုံးသွားခဲ့သည်။

Emory University ဆေးရုံမှ ဒေါက်တာ William Rife က Silver သည် ရွှေထဲတွင်ပါဝင်သော ခဲဓာတ်
နှင့် ပြဒါးဓာတ်များကြောင့် အဆိပ်သင့် သေဆုံးရခြင်း
 ဖြစ်သည်ဟု ဆိုသည်။
ရွှေသည် လူ့ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်ကြောင်း၊ ပိုက်ဆံဖြင့် လူ့အသက်ကို ဝယ်ယူ၍ မရကြောင်း လည်းပြောသည်။

Source : သတင်းအတင်း မီဒီယာ

အကယ်ဒမီပေးပွဲ လာမည့် ဧပြီလဆန်းတွင် ကျင်းပနိုင်ဖွယ်ရှိ










အကယ်ဒမီပေးပွဲ လာမည့် ဧပြီလဆန်းတွင် ကျင်းပနိုင်ဖွယ်ရှိ
   (၂၀၁၄)ခုနစ်နဲ့ (၂၀၁၅) ခုနစ်အတွက် အကယ်ဒမီပေးပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဧပြီလဆန်းပိုင်းမှာ ကျင်းပနိုင်ဖို့ စိတ်ကူးထားပေမယ့် စပွန်ဆာပေးမယ့်ကုမ်္ပဏီတွေကတော့ ဘတ်ဂျတ်နှစ်မကူးခင် လုပ်စေချင်တာကြောင့် မတ်လကုန်ပိုင်းမှာ ကျင်းပဖွယ်လည်းရှိနေပါတယ်။ဒီနှစ်စီစစ်အကဲဖြတ်ရေးအဖွဲ့အနေနဲ့ ယခင်နှစ်ကလို ဆုရွေးချယ်မှုအပိုင်းမှာဆုတွေ မကျန်အောင် အလွှာအသီးသီးကပညာရှင် (၄၀)ဦးက သက်ဆိုင်အလွှာအလိုက်အဆင့်ဆင့် စိစစ်အကဲဖြတ်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့(၂၀၁၄)ခုနှစ်အကယ်ဒမီ ပေးပွဲအတွက် ရုပ်ရှင်ဇာတ်ကား (၁၇)ကားကို စီစစ်အကဲဖြတ်လို့ ပြီးစီးသွားပြီး စာအိတ်အတွင်း ချိတ်ပိတ် သိမ်းဆည်းထားပြီး
 ဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၅)ခုနှစ် ရုပ်ရှင်ဇာတ်လမ်းတွေကိုတော့ လာမယ့်ဇန်န၀ါရီလ အတွင်းမှသာ စီစစ်သွားမယ်လို့သိရပါတယ်။ အကယ်ဒမီပေးပွဲနေရာ ရွေးချယ်မှုကိုတော့ ပြည်သူရင်ပြင်မှာကျင်းပဖို့စီစဉ်ထားပေမယ့် လာမယ့်အကယ်ဒမီပေးပွဲဟာ (၂) နှစ်စာ ပူးတွဲကျင်းပမှာဖြစ်ပြီး ကျင်းပချိန်စောမှာဖြစ်ကာ နေပူဒဏ်
ရှိနိုင်မှုကြောင့် ကျင်းပမယ့် နေရာကိုပါ ပြန်လည်ရွေးချယ်ဖို့လည်းရှိတယ်လို့သိရပါတယ်။

အစားအစာ စားခြင်းနှင့်ပတ်သက်သော စကားအသုံးအနှုန်းအမျိုးမျိုး (အင်္ဂလိပ်ဘာသာ ဝေါ်ဟာရ သင်ခန်းစာ)

အစားအစာ စားခြင်းနှင့်ပတ်သက်သော စကားအသုံးအနှုန်းအမျိုးမျိုး (အင်္ဂလိပ်ဘာသာ ဝေါ်ဟာရ သင်ခန်းစာ)

ယနေ့သင်ခန်းစာမှာ Macmillandictionaryblog.com မှ Kerstin Johnson ရဲ့ အစားအစာစားတာတွေ နဲ့ပါတ်သက်ပြီး ပြောဆိုသုံးစွဲတဲ့ အင်္ဂလိပ်စာအသုံးအနှုံးတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။  ပုံမှန် နံနက်စာ/ နေ့လယ်စာ/ ညစာစားတာတွေ သုံးစွဲခေါ်ဝေါ်တာတွေအပြင် သရေစာစားတာ၊ အမြန်စားတာ၊ နည်းနည်းချင်းစားတာ၊ အသံမြည်အောင်စား နဲ့ အ၀အပြဲစားတာတွေကို ဘယ်လိုမှန်ကန်စွာသုံးနှုန်းရတယ်ဆိုတာကို ဖတ်ရှုချိန် (၅) မိနစ်အတွင်းမှာ လေ့လာနိုင်မှာပါ။ 
Have breakfast / lunch / dinner (နံနက်စာ / နေ့လယ်စာ / ညစာစားသည်)
အချိန်သတ်မှတ်ပြီးစားရသော အစားအစာကို စားခြင်းနှင့် ပတ်သက်၍ ပြောဆိုသောအခါ “have” ကို အသုံးပြုပါသည်။
  • Have you had breakfast yet? (ခင်ဗျားနံနက်စာ စားပြီးပြီလား?)
  • He phoned while we were having lunch. (ကျွန်တော်တို့ နေ့လယ်စာ စားနေတုန်း သူ ဖုန်းဆက်တယ်။)

Have something to eat (တစ်ခုခုစားသည်။)
စားစရာတစ်ခုခု (သို့) အစားတစ်နပ်စားသောအခါ အသုံးပြုပါသည်။
  • We’ll stop and have something to eatwhen we get to Newcastle. (နယူးကာဆယ်(လ်) ရောက်တဲ့အခါ ရပ်ပြီး တစ်ခုခုစားကြတာပေါ့။)

Snack / have a snack (အဆာပြေ / သရေစာစားသည်။)
အဓိက အစာစားချိန်တွေကြားမှာ အဆာပြေ/သရေစာ စားသောအခါတွင် အသုံးပြုပါသည်။
  • We usually have a drink and a snackaround 11. (၁၁ နာရီလောက်ဆိုရင် ကျွန်တော်တို့ သောက်စရာတစ်ခုခုနဲ့ အဆာပြေတစ်ခုခု စားလေ့ရှိတယ်။)
  • No snacking on the bus, kids! (ကလေးတို့ ဘတ်စကားပေါ်မှာ သရေစာ မစားရဘူး။)

Grab a bite (to eat) (စားစရာတစ်ခုခုကို အမြန်စားသည်။)
အချိန်မရသည့်အတွက် အဆာပြေတစ်ခုခု (သို့) ထမင်းနည်းနည်းကို အမြန်အချိန်လု စားသောအခါ အသုံးပြုပါသည်။
  • Maybe we could grab a bite at Charlie’s before the film. (ရုပ်ရှင်မစခင် ချာလီ့ဆိုင်မှ တစ်ခုခုကို မြန်မြန်စားကြတာပေါ့။)

Eat up (အကုန်စားပါ)
မိမိ ကျွေးထားသည့် အစားအသောက်ကို ကုန်အောင်စားစေလိုသည့်အခါ အသုံးပြုပါသည်။
  • Eat up! There’s plenty more. (စားသာစားပါ။ အများကြီး ကျန်ပါသေးတယ်။)

Nibble (at) (နည်းနည်းချင်း တစ်တိတစ်တိစားသည်။)အစားအစာကို နည်းနည်းချင်းစီ ကိုက်စားသည်။
  • She nibbled at her sandwich politely, waiting for the others to arrive. (သူဟာ တခြား သူတွေရဲ့ အလာကို စောင့်ရင်းနဲ့ အသားညှပ်ပေါင်မုန့်ကို တစ်တိတစ်တိစားနေသည်။)

Chew (on) (၀ါးစားသည်။)
Chew ၏ အဓိပ္ပါယ်သည် အစားအစာကို ၀ါးစားသည်ဟု ဖြစ်ပါသည်။
  • He was chewing on a piece of celery. (သူသည် တရုတ်နံနံပင်တစ်ပင်ကို ၀ါးစားနေသည်။)

Munch / munch at (အသံမြည်အောင်စားသည်။)
Munch / munch at သည် အစားအစာတစ်ခုခုကို အားရပါးရ အသံမြည်အောင် စားသည်ဟု အဓိပ္ပါယ်ရပါသည်။
  • The kids were munching crisps in front of the TV. (ကလေးတွဟာ TV ရှေ့မှာ အားလူး ကြော်ကို တကျွတ်ကျွတ်ဝါးစားနေကြတယ်။)

Stuff yourself (အ၀အပြဲစားခြင်း)
အရပ်သုံး(သို့) ရင်းနှီးသော အသုံးအနှုန်းဖြစ်သည်။ ရင်ပြည့်အောင်၊ နေမကောင်းဖြစ်အောင် အလွန် အကျူးစားခြင်းကို ဆိုလိုသည်။
  • I’m not surprised you feel sick, the way you stuffed yourself last night. (ညက မင်းအ၀အပြဲ စားပုံနဲ့ဆိုရင် မင်းနေမကောင်းဖြစ်တာ ငါမအံ့သြပါဘူး။)
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.