Tuesday, December 29, 2015

အကယ်ဒမီပေးပွဲ လာမည့် ဧပြီလဆန်းတွင် ကျင်းပနိုင်ဖွယ်ရှိ










အကယ်ဒမီပေးပွဲ လာမည့် ဧပြီလဆန်းတွင် ကျင်းပနိုင်ဖွယ်ရှိ
   (၂၀၁၄)ခုနစ်နဲ့ (၂၀၁၅) ခုနစ်အတွက် အကယ်ဒမီပေးပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဧပြီလဆန်းပိုင်းမှာ ကျင်းပနိုင်ဖို့ စိတ်ကူးထားပေမယ့် စပွန်ဆာပေးမယ့်ကုမ်္ပဏီတွေကတော့ ဘတ်ဂျတ်နှစ်မကူးခင် လုပ်စေချင်တာကြောင့် မတ်လကုန်ပိုင်းမှာ ကျင်းပဖွယ်လည်းရှိနေပါတယ်။ဒီနှစ်စီစစ်အကဲဖြတ်ရေးအဖွဲ့အနေနဲ့ ယခင်နှစ်ကလို ဆုရွေးချယ်မှုအပိုင်းမှာဆုတွေ မကျန်အောင် အလွှာအသီးသီးကပညာရှင် (၄၀)ဦးက သက်ဆိုင်အလွှာအလိုက်အဆင့်ဆင့် စိစစ်အကဲဖြတ်နေကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့(၂၀၁၄)ခုနှစ်အကယ်ဒမီ ပေးပွဲအတွက် ရုပ်ရှင်ဇာတ်ကား (၁၇)ကားကို စီစစ်အကဲဖြတ်လို့ ပြီးစီးသွားပြီး စာအိတ်အတွင်း ချိတ်ပိတ် သိမ်းဆည်းထားပြီး
 ဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၅)ခုနှစ် ရုပ်ရှင်ဇာတ်လမ်းတွေကိုတော့ လာမယ့်ဇန်န၀ါရီလ အတွင်းမှသာ စီစစ်သွားမယ်လို့သိရပါတယ်။ အကယ်ဒမီပေးပွဲနေရာ ရွေးချယ်မှုကိုတော့ ပြည်သူရင်ပြင်မှာကျင်းပဖို့စီစဉ်ထားပေမယ့် လာမယ့်အကယ်ဒမီပေးပွဲဟာ (၂) နှစ်စာ ပူးတွဲကျင်းပမှာဖြစ်ပြီး ကျင်းပချိန်စောမှာဖြစ်ကာ နေပူဒဏ်
ရှိနိုင်မှုကြောင့် ကျင်းပမယ့် နေရာကိုပါ ပြန်လည်ရွေးချယ်ဖို့လည်းရှိတယ်လို့သိရပါတယ်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.