Friday, January 29, 2016

မင်းပြားမြို့နယ်တွင် တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့်အမျိုးသမီးတစ်ဦး အမှုဖွင့်ခံရ


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် ဇန်န၀ါရီ ၂၆ ရက်နေ့က အမျိုးသမီးတစ်ဦး အမှုဖွင့်ခံရပြီး မင်းပြားရဲစခန်းတွင် ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။“သူ့တို့ အိမ်ထောင်ရေး အဆင်မပြေတာ ကြာပြီ။ ဒါကြောင့် ယောက်ျာလေးဘက်က အသွင်းပေးထားတဲ့ ငွေကြေးကိုခွဲဝေပြီး တရားဝင် ကွာရှင်းကြဖို့ ပြောပေမယ့် အဆင်မပြေခဲ့ဘူးလို့ သိရတယ်။ ဒါနဲ့ ငွေကြေး အခက်အခဲကြောင့် ယောက်ျားလုပ်သူက ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်တယ်။ ဒီကြားထဲ သူ့မိန်းမ နောက်ယောက်ျားရတယ် ဆိုတာကြားလို့ ထိုင်းကနေ ဆင်းလာပြီး ရဲစခန်းမှာ အမူဖွင့်ခဲ့တာလို့ သိရတယ်။ ရွာမှာတော့ မိန်ကလေးဘက်က အရမ်းဒုက္ခ မရောက်ရအောင် လူကြီးတွေ ၀ိုင်းညှိနေကြတယ်”ဟု မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာနေ ဒေါ်မေသန်းက ပြောသည်။တရားစွဲဆိုခံရသည့် အမျိုးသမီးသည် မင်းပြားမြို့နယ်ရှိ ကြမ်းတိုက်ကျေးရွာတွင် ၂၀၁၂ ခုနှစ်က ရခိုင်ရိုးရာ ထိမ်မြားခြင်း ဓလေ့အတိုင်း သတို့သားဖြစ်သူက သတို့သမီးအား အသွင်း(အနင်း)အဖြစ် ရွှေတစ်ကျပ်သားနှင့် လယ်မြေ ၁.၆ ဧကအား ပေးကာမိဖလူကြီးစုံလင်ဖြင့် လက်ထပ်ထားခဲ့ခြင်း ဖြစ်သည်။ငွေကြေးရှာဖွေရန် ယောက်ျားဖြစ်သူ ထိုင်းနိုင်ငံ သွားရောက် အလုပ်လုပ်ကိုင်နေစဉ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် အခြားအမျိုးသားတစ်ဦးနှင့် တရားဝင် ပေါင်းသင်းနေထိုင်သဖြင့် ယခင်အမျိုးသားက တရားလိုအဖြစ် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။“တရားခံ အမျိုးသမီးကို အာမခံပေးလို့ မရတာမို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ တစ်လင်တစ်မယား ဥပဒေအရ ထောင်ဒဏ် ခုနစ်နှစ် အထိ ကျခံနိုင်တယ်။ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် ပြစ်ဒဏ်လျော့ပေါ့ သွားနိုင်တယ်။ မင်းပြားမှာတော့ ဒီလိုအမှုဖြစ်တာ နှစ်ကြိမ် ရှိပါပြီ” ဟု မင်းပြားမြို့မ ရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်စိန်ထွန်းဦးက ပြောသည်။မင်းပြားမြို့မ ရဲစခန်းတွင် တရားလို၏ တိုင်ကြားချက်အရ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ အမှုဖွင့်ထားပြီး အဆိုပါ အမျိုးသမီးအားရဲစခန်းအချုပ်တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရသည်။သတင်း - MMKThe
 Ladies News Journal

ဟောက်ပြီးအိပ်စက်ခြင်းမှ ကင်းဝေးစေဖို့လုပ်ဆောင်သင့်တဲ့အချက်များ



အိပ်တဲ့အခါ ဟောက်သံဟာ တစ်ခြားသူတွေအတွက် စိတ်မနှစ်မြို့ဖွယ်ရာနဲ့ ရယ်စရာကောင်းတဲ့ အရာဖြစ်ပါတယ်။ အိပ်တဲ့သူကတော့ များသောအားဖြင့်ကိုယ် ဟောက်ပြီး အိပ်စက်တတ်တယ်ဆိုတာ မသိနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ကိုတစ်စုံတစ်ယောက်က သင်ဟာ ဟောက်ပြီး အိပ်စက်သူဖြစ်တဲ့အကြောင်း ပြောလာရင် ဟောက်ခြင်းပျောက်ကင်းဖို့ အလွယ်ဆုံးနည်းလမ်းလေးတွေ ရှိပါတယ်။ အောက်မှာဖော်ပြပေးလိုက်ပါတယ်။1. အိပ်ခန်းကို စိုထိုင်းမှုမရှိအောင်ထားပါ။စိုထှိုင်းမှုဟာ အဆုပ်ကို ပွစေပြီး လေပြွန်ထဲမှာ လေတွေကို ဖိအားပေးပါတယ်။ အဲဒီအခါ ပုံမှန်အားဖြင့် နှစ်ခေါင်းနှစ်ပေါက်ထဲနဲ့ အသက်ရှူရတာ မ၀တော့ဘဲ ပါးစပ်ကနေ ကူပြီးအသက်ရှုရပါတယ်။ ဒီတော့ ဟောက်သံ ထွက်လာရောပေါ့။2. နှာခေါင်းမပိတ်အောင် ဂရုစိုက်ပါ။အခြားနိုင်ငံများမှာတော့ နှာခေါင်းသန့်ဆေး၊ အဆုတ်သန့် မှုတ်ဆေးဆိုတာ ရှိပါတယ်။ ဆရာဝန်က ညွှန်ကြားရင် သုံးဆွဲနိုင်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အအေးမိနှာစေး မဖြစ်အောင်နေခြင်းကလည်း ညည အသက်ရှုကြပ်ပြီး ဟောက်အိပ်ခြင်းကနေ ကင်းဝေးစေမှာပါ။3. ပုံစံပြောင်းအိပ်ပါ။ဟောက်ပြီးအိပ်တဲ့သူတွေ တော်တော်များများဟာ ပတ်လက်အနေအထားနဲ့ အိပ်တဲ့အချိန်မှာအဟောက်ဆုံးဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အိပ်ယာမှ တစ်ခါနိုးတိုင်း အိပ်တဲ့ပုံစံကို ပြောင်းပေးခြင်းအားဖြင့် ဟောက်တဲ့ရောဂါကို သက်သာစေပါတယ်။4. အိပ်ယာမ၀င်ခင် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။အရက်ဟာ လူကို ထုံထိုင်းမူးဝေစေပါတယ်။ အဲဒီအခြေအနေမှာ အသက်ရှုအင်္ဂါရပ်တွေရဲ့ အလုပ်လုပ်ပုံတွေဟာလည်း သာမာန်အင်္ဂါအစိတ်အပိုင်းတွေလို လေးကန်သွားပါတယ်။ ဒီတော့ အိပ်တဲ့အခါမှာ ဟောက်တော့တာပါဘဲ။ ဒါကြောင့် အိပ်ယာမ၀င်ခင် အရက်သောက်တာကို ရှောင်ပါ။5. ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်သောက်ခြင်းဟာ အသက်ရှူလမ်းကြောင်းကို ဒုက္ခအပေးနိုင်ဆုံး အရာပါ။ နောက်ပြီးဟောက်ပြီးအိပ်တဲ့သူတွေမှာ (75%)က ဆေးလိပ်သောက်သူတွေ ဖြစ်ပြီး ကျန် (25%)ရာခိုင်နှုန်းက အသက်ရှုလမ်းကြောင်းမှာ ပြဿနာရှိနေသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်တာအကောင်းဆုံးပါ။ဟောက်ခြင်းကင်းဝေးနိုင်ကြပါစေနော်။

မယားငယ်ငယ်ကို သံသယမှုဖြစ်ပြီး ကွာရှင်း ရဲတင်းဖြင့် ထုရိုက်သတ်၍ လူသတ်မှုဖြစ်

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ဓါတ်ပုံ - Google Images

ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ နယ်ခွဲ ပြန်တိုးကျေးရွာချောင်းဖျား၌ ရေလုပ်သားများ ယာယီအနားယူ နေထိုင်ကြသောတဲအိမ်စု၌ အသက်အရွယ်ကွာလွန်းသည့် လင်မယား သံသယမှုဖြင့် ကွာရှင်းပြတ်စဲမှု ပြုလုပ်ရာက ဇနီးဖြစ်သူခမျာ ရဲတင်းနှင့်ထုရိုက်ခံရ၍ ခင်ပွန်း ဖြစ်သူ လူသတ်မှုဖြင့် ဖမ်းဆီးခံရကြောင်း သိရသည်။ဖြစ်စဉ်မှာ ယခုလ ၂၃ရက် နံနက် ၈ နာရီက ပုသိမ်မြို့နယ် ရွှေ သောင်ယံမြို့နယ်ခွဲ ပြန်တိုးကျေး ရွာချောင်းဖျား ၌ ရေလုပ်သားများ ယာယီနားခိုရာ တဲအိမ်စု၌ နေထိုင်ကြသော သန်းဌေး(ခ) ပြောင်ကြီး (၅၃နှစ်)နှင့်မရီရီလှ (၃၅နှစ်) (ဘ) ဦးကံမြင့်တို့နေအိမ်၌ လင်မယားချင်းသံသယစိတ်ဖြင့် ရန်ဖြစ်လွန်း ၍ ကွာရှင်းပြတ်စဲရန် ကျေးရွာရာ အိမ်မှူးနှင့် သက်သေလူကြီးများ ရောက်ရှိကြပြီး နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး၍ အိမ်ထောင် ပစ္စည်းများခွဲယူကြစဉ် အသိသက်သေရာ အိမ်မှူးနှင့် ရပ်မိရပ်ဖတို့မှာ ပြန်တိုးကျေးရွာသို့ သွားရောက် ၍ နံနက်စာ စားသောက်နေချိန်တွင် သန်းဌေး(ခ)ပြောင်ကြီးက နာကျင် ဒေါသထွက်ပြီး အိမ်ထဲရှိ ရဲတင်း နှင့်မရီရီလှ၏ဦးခေါင်းနောက်စေ့ကို ထုရိုက်လိုက်ရာနောက်စေ့ပေါက်ပြဲ ဒဏ်ရာရရှိသွားသည်။ ယင်းဖြစ် စဉ်ကို အနီးရှိတစ်ရွာတည်းနေသူ နော်ကလယ်မှူးက သိရှိရသဖြင့် မရီရီလှ၏ဖခင်ဦးကံမြင့်ထံ သွား ရောက်အကြောင်းကြားပြီး ဘောဓိ ကျေးရွာဆေးခန်းသို့ စက်လှေဖြင့် သွားရောက်စဉ်လမ်းခရီးအရောက် မွန်းလွဲ ၁နာရီခွဲတွင် မရီရီလှသည် ရရှိဒဏ်ရာဖြင့်သေဆုံးသွားသည်။ယင်းအမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ဖခင် ဦးကံမြင့်က ယခုလ ၂၄ ရက် နံနက် ၈နာရီကအခင်းဖြစ် ဒေသမှ ရွှေသောင်ယံမြို့နယ်ခွဲ နယ်မြေရဲစခန်းသို့ သွားရောက်တိုင် တန်းချက်အရ (ပ)၄/၂ဝ၁၆ ပြစ်မှု ပုဒ်မ ၃ဝ၂ဖြင့် အမှုဖွင့်ပြီး နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဆန်းဝင်းနှင့် နယ်ထိန်းခေါင်းဆောင်ရဲတပ်ကြပ်ကြီး လှထွေးတို့အဖွဲ့သည် သေဆုံးသူ မရီရီလှအလောင်းကို ရဲဆေးစာဖြင့် ရွှေသောင်ယံမြို့နယ်ခွဲဆေးရုံသို့ ပို့ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွား သူ သန်းဌေး(ခ) ပြောင်ကြီးအား လိုက်လံစုံစမ်းရှာဖွေရာ ယခုလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဖမ်းဆီး ရမိပြီးရဲလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန္ဒဝင်းဌေးThe Union Daily

မွေးရာပါ အသားပို ဒုက္ခကြောင့် လူတွေမောင်းထုတ်ခံရတဲ့ ဝိ


 ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့က အသက်(၃၄)နှစ်အရွယ် ဝိ ဆိုတဲ့ အိမ်ရာမဲ့တစ်ယောက်ဟာ မွေးကတည်းက ပါလာတဲ့ ဦးခေါင်းပေါ်မှ အသားပိုကြောင့် လူတွေက ကြောက်လန့်တကြား မောင်းထုတ်ခံရတဲ့ ဘဝကနေ လတ်တလောအွန်လိုင်းမှာ ကျော်ကြားသွားပါတယ်။
အသားပိုက အရိအရွဲတွေ ကျလာပြီး ညာဘက်မျက်လုံးနဲ့ နှာခေါင်းကို စားသွားတဲ့အတွက် ရုပ်ပျက် ဆင်းပျက်ဖြစ်နေတဲ့ ဝိ ကို လူတွေက ကြောက်ရွံ့ပြီး အနားမကပ်ရဲကြပါဘူး။ ဒါကြောင့် နေစရာအိမ်မရှိတဲ့ ဝိ မှာ အလုပ်အကိုင်လည်း မရှိဖြစ်နေတာပါ။ သူသွားလေရာမှာ လူတွေက ဆူဆဲပြီး ဝေးဝေး ရှောင်ခိုင်းတယ်လို့ သိရပါတယ်။

ဒုက္ခရောက်နေတဲ့ ဝိ ကို နိုင်ငံခြားသား လင်မယားနှစ်ယောက်က အမှတ်တမဲ့ တွေ့သွားရာကနေ သူတို့က ဝိ အကြောင်း အွန်လိုင်းမှာ တင်ပြလိုက်တာပါ။
ဝိ က အကူအညီ မတောင်းပေမဲ့ ဒီနိုင်ငံခြားသား လင်မယားနှစ်ယောက်က ကြိုးစားပြီး ကူညီပေးနိုင်ဖို့ သူတို့နဲ့အတူ ခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဝိ ကို ခေါ်သွားဖို့ရာမှာ သူတို့လည်း အခက်အခဲကြုံရပါတယ်။

သူနဲ့အတူ လမ်းလျှောက်လာရင် ဝိ က သူ့ကို ရွံရှာမှာစိုးတာကြောင့် သူတို့နှစ်ယောက်နား ကပ်ပြီး မလျှောက်ရဲပါဘူး။ ဒါပေမဲ့လည်း လူတွေက သူ့ကို အော်ဟစ်ဆဲဆို မောင်းထုတ်ကြပါတယ်။ သူတို့ ခေါ်လာမှန်းမသိတော့ တချို့လူတွေက ဟိုတယ်ထဲကို ပေးမဝင်ကြပါဘူး။
ဝိ မှာ မိသားစုလည်း မရှိတာကြောင့် အင်မတန်လည်း ဒုက္ခရောက်နေတာပါ။ သူဖြစ်နေတဲ့အကျိတ်က ကြည့်ရင် တအားလေးမယ်လို့ ထင်ရပေမဲ့ သူကတော့ အဲဒီလို မခံစားရဘဲ ခေါင်းလည်းမနာဘူးလို့ ဝိက ပြောပါတယ်။

နိုင်ငံခြားသား လင်မယားနှစ်ယောက်က သူ့ကို ခွဲစိတ်ကုသချင်လားလို့မေးတဲ့ အခါမှာတော့ သူချက်ချင်းဖြေတာက သူခွဲစိတ်ပြီးရင် မိန်းကလေးတွေက ပိုပြီးစိတ်ဝင်စားလာမယ်ထင်တယ် လို့ပြောပါတယ်။

နိုင်ငံခြားသား လင်မယားနှစ်ယောက်က ဝိ ကိုကူညီနိုင်မယ့် လူရှာဖို့အတွက် ဝိရဲ့ပုံကိုရိုက်ပြီး သူတို့ရဲ့ ကိုယ်ပိုင် facebook မှာတင်လိုက်ပြီးတော့ ခွဲစိတ်ကုသနိုင်ရန် ငွေထောက်ပံ့ပေးကြဖို့ လှုံ့ဆော်ပေးပါတယ်။

ဒီနောက်မှာတော့ စင်္ကာပူနိုင်ငံက ခွဲစိတ်ဆရာဝန်ရဲ့မိတ်ဆွေ စီးပွားရေးသမားတစ်ယောက်က ကူညီပေးမယ်လို့ ဆက်သွယ်လာတယ်။ အခုကတော့ ဝိကို ခွဲစိတ်ကုသဖို့ ဆောင်ရွက်နေပြီး ခွဲစိတ်မှုပြီးသွားရင်တော့ ဝိ လည်း သာမန်ဘဝအတိုင်း နေထိုင်ခွင့်ရသွားတော့မှာပါ။

ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref;John Nettleton
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.