Friday, January 29, 2016

မင်းပြားမြို့နယ်တွင် တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့်အမျိုးသမီးတစ်ဦး အမှုဖွင့်ခံရ


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် ဇန်န၀ါရီ ၂၆ ရက်နေ့က အမျိုးသမီးတစ်ဦး အမှုဖွင့်ခံရပြီး မင်းပြားရဲစခန်းတွင် ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။“သူ့တို့ အိမ်ထောင်ရေး အဆင်မပြေတာ ကြာပြီ။ ဒါကြောင့် ယောက်ျာလေးဘက်က အသွင်းပေးထားတဲ့ ငွေကြေးကိုခွဲဝေပြီး တရားဝင် ကွာရှင်းကြဖို့ ပြောပေမယ့် အဆင်မပြေခဲ့ဘူးလို့ သိရတယ်။ ဒါနဲ့ ငွေကြေး အခက်အခဲကြောင့် ယောက်ျားလုပ်သူက ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်တယ်။ ဒီကြားထဲ သူ့မိန်းမ နောက်ယောက်ျားရတယ် ဆိုတာကြားလို့ ထိုင်းကနေ ဆင်းလာပြီး ရဲစခန်းမှာ အမူဖွင့်ခဲ့တာလို့ သိရတယ်။ ရွာမှာတော့ မိန်ကလေးဘက်က အရမ်းဒုက္ခ မရောက်ရအောင် လူကြီးတွေ ၀ိုင်းညှိနေကြတယ်”ဟု မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာနေ ဒေါ်မေသန်းက ပြောသည်။တရားစွဲဆိုခံရသည့် အမျိုးသမီးသည် မင်းပြားမြို့နယ်ရှိ ကြမ်းတိုက်ကျေးရွာတွင် ၂၀၁၂ ခုနှစ်က ရခိုင်ရိုးရာ ထိမ်မြားခြင်း ဓလေ့အတိုင်း သတို့သားဖြစ်သူက သတို့သမီးအား အသွင်း(အနင်း)အဖြစ် ရွှေတစ်ကျပ်သားနှင့် လယ်မြေ ၁.၆ ဧကအား ပေးကာမိဖလူကြီးစုံလင်ဖြင့် လက်ထပ်ထားခဲ့ခြင်း ဖြစ်သည်။ငွေကြေးရှာဖွေရန် ယောက်ျားဖြစ်သူ ထိုင်းနိုင်ငံ သွားရောက် အလုပ်လုပ်ကိုင်နေစဉ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် အခြားအမျိုးသားတစ်ဦးနှင့် တရားဝင် ပေါင်းသင်းနေထိုင်သဖြင့် ယခင်အမျိုးသားက တရားလိုအဖြစ် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။“တရားခံ အမျိုးသမီးကို အာမခံပေးလို့ မရတာမို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ တစ်လင်တစ်မယား ဥပဒေအရ ထောင်ဒဏ် ခုနစ်နှစ် အထိ ကျခံနိုင်တယ်။ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် ပြစ်ဒဏ်လျော့ပေါ့ သွားနိုင်တယ်။ မင်းပြားမှာတော့ ဒီလိုအမှုဖြစ်တာ နှစ်ကြိမ် ရှိပါပြီ” ဟု မင်းပြားမြို့မ ရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်စိန်ထွန်းဦးက ပြောသည်။မင်းပြားမြို့မ ရဲစခန်းတွင် တရားလို၏ တိုင်ကြားချက်အရ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ အမှုဖွင့်ထားပြီး အဆိုပါ အမျိုးသမီးအားရဲစခန်းအချုပ်တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရသည်။သတင်း - MMKThe
 Ladies News Journal

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.