အချစ်စစ်နဲ့ အတ္တချစ်နှစ်မျိုးရဲ့ခြားနားချက်များ
ချစ်တဲ့နည်းက နှစ်မျိုးပဲရှိပါတယ်။ တကယ်မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တာနဲ့၊ မိမိအတ္တတစ်ခု
အတွက် ချစ်တာ ဒါလေးပါဘဲ။ အဲဒီနှစ်ခုကို ခွဲခြားသိနိုင်တဲ့ နည်းလမ်းလေး ရှိပါတယ်။ ကိုယ့်
ချစ်သူအပေါ်မှာ ချစ်ရတာဟာ ပူလောင်သလား၊ အေးချမ်းသလားဆိုတာ သင့်ဘာသာသင်ပဲ
ဆုံးဖြတ်ပေတော့။

1. အချစ်မှာ အတ္တမရှိ vs အတ္တလွန်ကဲတဲ့အချစ်မှာတော့ အတ္တတွေရှိတယ်။
သင်က ချစ်ပြီဆိုမှဖြင့် သင်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တဲ့ ရည်ရွယ်ချက်က ရှိနေပြီသားပါ။ သင့်
ချစ်သူ ပျော်နေဖို့ပဲ သင် အမြဲတမ်းတွေးနေတယ်။ တစ်ခါတလေ ကိုယ့်မှာ ၀မ်းနည်းစရာရှိရင်
တောင် ချစ်သူမသိအောင် မြိုသိပ်ပြီး သင့်ချစ်သူကို သင် မျက်နှာတစ်ချက် အပျက်မခံပါဘူး။
အတ္တလွန်ကဲတဲ့ အချစ်မှာတော့ ဒီလို မဟုတ်ပါဘူး။ သင် တစ်စုံတစ်ယောက်ကို ချစ်တယ်ဆို
တာက သူက သင့်အတွက် ပျော်စရာတွေ ယူဆောင်ပေးသူ၊ သင့်အကြိုက်လိုက်ပြီး အရှုံးပေး
သူ၊ သင်လိုချင်တာ ရအောင်ယူပေးသူ-စတဲ့သူတွေကိုမှ သင်က ချစ်မိတာပါ၊ ဒါဟာ မျှတတဲ့
နည်းမဟုတ်ပါဘူး။ ဒီလိုမှမဟုတ်ပဲ သင့်ချစ်သူက သင့်ကို အဲဒီလိုပဲ အနိုင်ယူတယ်၊ အလိုမကျ
ရင် စိတ်ဆိုးတယ် ဆိုတဲ့ ပုံစံနဲ့ဆိုရင်လည်း သင့်ချစ်သူဟာ အတ္တလွန်ကဲတဲ့အချစ်နဲ့ သင့်ကို
ချစ်တယ်၊ ဒီတော့ သင် ရင်ပူရမယ်ပေါ့။

2. အချစ်စစ်က လွတ်မြောက်စေတယ် vs အတ္တလွန်ကဲ့တဲ့အချစ်က ထိန်းချုပ်ဖို့ကြိုး
စားတယ်။
စားတယ်။
သင်က သူ့ကို ချစ်ပြီးဆိုရင် သူ့ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေး နေစေချင်မှာပါ။ သင့်
ချစ်သူဟာ ဘာပူပန်မှုမှ မရှိမှသာ ဒီလို အခြေအနေရှိနိုင်မှာမို့ သင့်ချစ်သူကို ပူပန်မှုကနေ ကင်း
ဝေးစေချင်တယ်။ အတ္တလွန်ကဲ့တဲ့အချစ်ကတော့ ဒီလိုမဟုတ်ပါဘူး။ ဟိုဟာလုပ်မယ်ဆိုရင် မလုပ်
နဲ့၊ ဒီနေရာသွားမယ်ဆို မသွားနဲ့၊ ကိုယ်သွားချင်တဲ့ နေရာကိုတော့ မရမက လိုက်ပို့ခိုင်းမယ်၊
ကိုယ့်လက်တွဲဖော် လုပ်ချင်တာတွေကျတော့ ဂရုမစိုက်တာ၊ အရေးမပေးတာ အလေးမထား
တာမျိုးပေါ့။

3. အချစ်စစ်က ရင့်ကျက်စေတယ် vs အတ္တလွန်ကဲ့တဲ့အချစ်က ၀န်ထုပ်ဝန်ပိုးဖြစ်စေ။
တူညီတဲ့အချစ်စစ်ကို ပိုင်ဆိုင်ထားသူတွေဟာ နားလည်မှုတွေ၊ စာနာမှုတွေ၊ ဖေးမကူညီမှုတွေနဲ့
တစ်ယောက်ကိုတစ်ယောက် လက်ရှိဘ၀ထက် ပိုပြီးရင့်ကျက်အောင် အချင်းချင်း သင်ပေးကြ
တယ်၊ သင်ယူကြတယ်၊ စိတ်ဓာတ်ပိုင်းမှာလည်း အလိုမကျမှု၊ ဒေါသတရား စတာတွေကို အချင်း
ချင်း ညှိနိုင်းပြီး တူညီတဲ့ ဘ၀ခရီးလမ်းကို လျှောက်ရတာပါ။ ဒါပေမယ့် အတ္တလွန်ကဲ့တဲ့အချစ်က
တော့ အပိုဝန်ထုတ်ဝန်းပိုး သဘောမျိုးနဲ့တူပါတယ်၊ ဘယ်နေရာသွားသွား နှောက်ယှက်ရမှာ၊
ဘာလုပ်လုပ် ဆူပူရမှ၊ ဘာပြောပြော ခွန်းကြီးခွန်းငယ် ဖြစ်ရမှ-ဆိုတဲ့ သဘောရှိပါတယ်။

4. အချစ်စစ်က ထာဝရ vs အတ္တလွန်အချစ်က တဒင်္ဂ
ဒါကတော့ မျက်မြင်ရှိကြမှာပါ။ ကျွန်တော့် မျက်မြင်အရမှာကိုက မင်္ဂလာဆောင်တာ တစ်ပတ်
လောက်ရှိသေး၊ ကွာရှင်း ပြီးကြပြီ။ စလည်ဝင်အိုး ဖင်မမဲခင် ရန်သူကြီးတွေလို ဖြစ်သွားကြတဲ့
စုံတွဲတွေလည်း မနည်းပါဘူး။ အချစ်စစ်ကတော့ အဲဒီလို မဟုတ်ပါဘူး။ ရိုးမြေကျ ပျော်ပျော်ရွှင်
ရွှင် ပေါင်းသင်းရတယ်။

5. အချစ်စစ်က အတ္တကို လျှော့ချပေးတယ် vs အတ္တလွန်အချစ်ကတော့ အတ္တတွေ
သာ တိုးပွားစေတယ်။
သာ တိုးပွားစေတယ်။
တတိယအချက်မှာ ရေးခဲ့သလိုပဲ တစ်ယောက်ကိုတစ်ယောက် နားလည်မှုနဲ့ တည်ဆောက်ခဲ့တဲ့
အချစ်ဆိုတာ အချင်းချင်း မျက်စိအောက်မှာပဲ တစ်ယောက်အလို တစ်ယောက်လိုက်ကြရင်းနဲ့
အတ္တဖြစ်ဖို့ အချိန်တောင် မရှိပါဘူး။ အတ္တလွန်အချစ်ကတော့ ကြာလေ တစ်ယောက်နဲ့တစ်ယောက်
မနာလို ၀န်တိုတာတွေ များလေ၊ ကြာလေ နီးနီးလေးနေပြီး ဝေးလေ၊ ကြာလေ တစ်ယောက်နဲ့တစ်
ယောက် မကျေနပ်ချက်တွေက များလေ၊ ကြာလေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရတာ
ပူလောင်လေပေါ့။

နတ်စည်တော် (Myanmar Online Media)

0 comments:
Post a Comment