Friday, March 4, 2016

ရက်ခ်ျဖို့ဒ်ကို အင်္ဂလန်အတွက်ခေါ်ယူရန် ဝေခွဲမရဖြစ်နေကြောင်း နည်းပြရွိုင်းဟော့ဆန်ဖွင့်ဟ


ရက်ခ်ျဖို့ဒ်ကို အင်္ဂလန်အတွက်ခေါ်ယူရန် ဝေခွဲမရဖြစ်နေကြောင်း နည်းပြရွိုင်းဟော့ဆန်ဖွင့်ဟ
================================================
Photo: မန်ယူအတွက် နောက်ဆုံးထွက်ပေါ်လာသည့် လူငယ်ကြယ်ပွင့် ရက်ခ်ျဖို့ဒ် (Getty Images)
==============================================
အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်သည် မန်ယူလူငယ်ကစားသမား မားကပ်စ်ရက်ခ်ျဖို့ဒ်ကို ယူရို ၂၀၁၆ တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် အင်္ဂလန်အသင်းအတွက် ခေါ်ယူရန်စဉ်းစားနေသော်လည်း ဝေခွဲမရသေးကြောင်း ဖွင့်ဟသွားခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ထိုတိုက်စစ်မှူးသည် မစ်ဂျေလန်း၊ အာဆင်နယ်တို့နှင့်ပွဲစဉ်များတွင် မန်ယူအတွက် ၂ ဂိုးစီသွင်းယူပေးနိုင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင်ကစားခဲ့သော ၀က်ဖို့ဒ်နှင့်ပွဲစဉ်တွင်မူ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ချေ။

"သူ့ကိုကျွန်တော်ခေါ်ရမလား၊ ချန်ခဲ့ရမလားဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။ သူကောင်းကောင်းကစားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ရက်ခ်ျဖို့ဒ်ကစားတာကို ၂ နှစ်လောက် တွေ့ပြီးသားဖြစ်နေလို့ သူ့အကြောင်းသိတယ်လို့ပြောလို့ရပါတယ်"ဟု ဟော့ဆန်က ဖွင့်ဟသွားခဲ့သည်။

မန်ယူပွဲထွက်စာလူစာရင်းတွင် ရက်ခ်ျဖို့ပွဲထွက်ခွင့်ရနေခဲ့သည့်အတွက်လည်း ၀မ်းသာကြောင်း ဟော့ဆန်ကပြောကြားခဲ့ပြီး "၃ ပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့တာက ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပါ။ အဲဒါကို သူဆက်ထိန်းထားနိုင်မယ်ဆိုရင် မန်ယူနဲ့အင်္ဂလန်အတွက် အလားအလာအရမ်းကောင်းပါတယ်။ ဒါပေမဲ့ သူ့ကိုဖိအားတွေ အများကြီးမပေးမိဖို့တော့ လိုပါလိမ့်မယ်"ဟု သတိပေးသွားခဲ့သည်။
Credit - mm goal


.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.