Tuesday, June 14, 2016

ကလေးကို အနီးမှာထားပြီး မဖွယ်မရာ လုပ်နေသည့် စုံတွဲကို ရဲတပ်ဖွဲ့ စုံစမ်းနေ

ကလေးကို အနီးမှာထားပြီး မဖွယ်မရာ လုပ်နေသည့် စုံတွဲကို ရဲတပ်ဖွဲ့ စုံစမ်းနေ

မြစ်ကမ်းနံဘေး အများပြည်သူ အပန်းဖြေတဲ့ နေရာမှာ အဆိုပါစုံတွဲက ကလေးကိုအနားထားပြီး မဖွယ်မရာ လုပ်နေခဲ့ကြတာဖြစ်ပါတယ်။





ကလေးငယ်ကိုအနီးမှာ ထားရှိပြီး လူမြင်ကွင်းဖြစ်တဲ့ မြစ်နံဘေး မြက်ခင်းပြင်မှာ မဖွယ်မရာ ပြုလုပ်နေတဲ့ စုံတွဲကို အရေးယူဖို့ ပေါ်တူဂီ ရဲတပ်ဖွဲ့က စုံစမ်းနေပြီဖြစ်ပါတယ်။ အဆိုပါ စုံတွဲရဲ့ လုပ်ရပ်လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးနောက် ရဲတပ်ဖွဲ့က အရေးယူဖို့ စုံစမ်းနေတာပါ။



လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ပက်လက်အနေအထား လဲလျောင်းနေတဲ့ အမျိုးသားပေါ်မှာ အမျိုးသမီးက ထိုင်နေလျှက်ရှိပါတယ်။ အဆိုပါစုံတွဲရဲ့ လက်တကမ်းမှာပဲ မိသားစုဝင် သားသမီးလို့ယူဆရသူ ကလေးငယ်လေး ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ ကလေးငယ်ကို ဂရုမစိုက်ပဲ အဆိုပါစုံတွဲက အများအပန်းဖြေတဲ့ နေရာမှာ နေ့ခင်းကြောင်တောင် ချစ်တင်းနှောနေခဲ့တာဖြစ်ပါတယ်။
၁၁ မိနစ်ကြာမြင့်တဲ့ အဆိုပါဗီဒီယိုဖိုင်ထဲမှာ အမျိုးသမီးရဲ့ မျက်နှာကိုသာ သေသေချာချာ မြင်ရတာကြောင့် ရဲတပ်ဖွဲ့က သူတို့စုံတွဲ ဘယ်သူတွေဆိုတာ ဖော်ထုတ်ဖို့ အရင်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ အဆိုပါစုံတွဲအနေနဲ့ မိဘတွေဖြစ်ဖို့ မထိုက်တန်ကြောင်း လူမှုကွန်ယက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

Source : Mirror
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.