Saturday, January 2, 2016

လာမည့်၁၀ရက်အတွင်းမှာကစားသမားတစ်ဦးလက်မှတ်ထိုးဖွယ်ရှိကြောင်း အာဆင်ဝင်းဂါးပြော







အာဆင်နယ်အသင်းမန်နေဂျာ Arsene Wenger ဟာအာဆင်နယ်အသင်းဟာလာမည့်10ရက်၌ကစားသမားသစ်တစ်ဦးကိုလက်မှတ်ထိုးခေါ်ယူရန်စီစဉ်လျက်ရှိ
ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ ပြင်သစ်မန်နေဂျာကArsenal အသင်းက နယူးကာဆယ်ကိုအနိုင်ရပြီး
နောက် ပွဲစဉ်တွေ့ဆုံမေးမြန်းခန်းစဉ်အတွင်ပြောခဲ့ပါ
တယ်။သို့သော်အာဆင်နယ်ဇန်နဝါရီလထဲမှာ
နှစ်ယောက်ထက်ပိုကစားသမားတွေဝယ်ဖို့စီစဉ်ရှိမှာမဟုတ်ကြောင်းလည်းပြောခဲ့ပါတယ်။ လက်ရှိ EPL ပွဲစဉ်မှာဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ
  £ 7 သန်းဝနးကျင်ဖြင့် FC ကဘေဆယ်မှအီဂျစ်အ    လယ်တန်းကစားသမားမိုဟာမက် Elneny ဝယ်ဖို့စီ
စဉ်လျက်ရှိကြောင်းကောလာဟလများရှိပါတယ်။
သို့သော်လည်းကစားသမားမှာWork Permitလိုအပ်ပါလိမ့်မည်။ တွေ့ဆုံမေးမြန်းခန်းစဉ်အတွင်ဝင်းဂါးက '' ကောလာဟလ နှင့် ပတ်သက်. မှတ်ချက်ပေးရန်ငြင်းဆိုသော်လည်း မြောက်လန်ဒန်ကလပ်ဟာဇန်နဝါရီလထဲမှာကစားသမားသစ်တစ်ယောက်ကိုလက်မှတ်ထိုး
ရန်စီစဉ်ကြောင်းဝန်ခံခဲ့သည်။ ထို့အပြင်" ကျွန်တော်တို့ဟာ Coquelin လည်းပြန်လာပါတော့မယ်။ဖေဖော်ဝါရီလအတွင်းမှCazorla  ရောကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ [Mikel] အာတီတာလည်းအဆင်သင့်
ဖြစ်ပါပြီ။ဒါကြောင့်အများဆုံးကစားသမားနှစ်ဦးသာလိုပါမယ်။   တံကောက်ကြောဒဏ်ရာရှိထားတဲ့အာဆင်နယ် စတား  Alexis Sanchez ဟာ ဒဏ်ရာကနေပြန်လည်သက်သာလာပါပြီ။ နောက်တစ်ပတ်မှာကစားမယ့် ဆန်းဒါးလန်းနှင့်FA ဖလားပွဲစဉ်မှာပြနိလာနိုင်ပါတယ်။

Source --livescoretv.com

ကိုယ်ဝန်ဆောင်ချိန်နှင့်ကိုယ်ဝန်ဆောင်ပြီးချိန်များအတွက်သိမှတ်စရာများ(၁၈နှစ်ပြည့်မှဖတ်ရန်)





ဘာကျန်းမာရေးချွတ်ယွင်းမှု မရှိသ၍ ကိုယ်ဝန်ဆောင်
စဉ် လိင်ဆက်ဆံတာ ပြသနာ မဟုတ်ဘူးလို့ ဆရာဝန်
တွေ ပြောကောင်းပြောပါလိမ့်မယ်။ ကလေးမွေးပြီး လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လို့ ပေးနေကျ အကြံက သား
ဖွားပြီး ၄ ပတ်ကနေ ၆ ပတ်ခန့်ဖြစ်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးနောက်ပိုင်း လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးများ သိချင်တဲ့ အချက်တချို့ရှိနေပါသေးတယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း

ကိုယ်ဝန်ဆောင်စဉ် oral sex လုပ်ပါက မွေးလမ်းကြောင်းသို့ လေမှုတ်သွင်းခြင်း အပြင်းအထန် တားမြစ်ထားပါတယ်။ ဗလုံစီက သွေးကြော ပိတ်ဆို့နိုင်ပြီး မိခင်နဲ့ကလေးနှစ်ဦးလုံး အသက်သေတဲ့အထိ ဖြစ်စေနိုင်တယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းကို ဘယ်လိုအချိန်မှာ တားမြစ်သလဲ

ကိုယ်ဝန်ဆောင်စဉ် သင်လိင်ဆက်ဆံခြင်းပြုမပြု ဆရာဝန်က စစ်ဆေး အကဲဖြတ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလ လိင်ဆက်ဆံခြင်းမှ သင့်ကို တွန့်ဆုတ်စေနိုင်မယ့် အချက်တချို့ရှိပါတယ်။ အဲ့ဒါတွေကတော့

သားလျှောခြင်း

အချင်း အရမ်းနိမ့်ဆင်းခြင်း

(၃၇) ပတ်မပြည့်မီ ကလေး စောမွေးခြင်း

သားအိမ်ခေါင်းပျော့ပြီး ကားထွက်လာခြင်း

မွေးလမ်းကြောင်းသွေးယိုပြီး သားလျောခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း

အမျိုးသမီးများ သွားဖွားပြီးနောက် ဟော်မုန်းပြောင်းလဲမှု ကြုံရပြီး မွေးလမ်းကြောင်း ခြောက်သွေ့မှု ဖြစ်စေပါတယ်။ ယင်းသို့ခြောက်သွေ့ရခြင်းနဲ့ မွေးလမ်းကြောင်းချောမွတ် မနေပဲ ဖြစ်ရတဲ့ နောက်အကြောင်းအရင်းတစ်ခုက ကလေးနို့တိုက်ရလို့ဖြစ်ပါတယ်။

အဲဒါက လိင်ဆက်ဆံတဲ့အခါ နာကျင်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ယင်းမသက်မသာဖြစ်မှုကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝတဲ့ ချောဆီကို အသုံးပြုနိုင်တယ်။ သားဖွားခြင်းကြောင့် မွေးလမ်းကြောင်းတစ်ရှူး ကျယ်လာပြီး နဂိုအတိုင်း ဘယ်တော့မှ ပြန်ဖြစ်မလာနိုင်ပေမယ့် ဒါက စိုးရိမ်စရာမရှိပါဘူး။ မွေးလမ်းကြောင်း တစ်ရှူးတွေက မွေးဖွားပြီး လအနည်းငယ်ကြာမှာ ပုံမှန်အတိုင်းပြန်ဖြစ်လာလေ့ ရှိပါတယ်။ မွေးလမ်းကြောင်းရှိ ကြွက်သားတောင့်တင်းမှု လျော့နည်းလာမယ်။ ဒါပေမယ့် အဲဒါက ယာယီသာဖြစ်ပါတယ်။

Source : Trend Myanmar

တောင်တက်လမ်းဖောက်လုပ်ရာ မှ ရှေးဟောင်းကျောက်ထွင်း လိုင်ဂူ နှင့်ဗုဒ္ဓဆင်းတုတော်အများ အပြားတွေ့ရှိ






စကြတောင် (ရှေးအ ခေါ် ကြက်ကျတောင်)ဒေသတွင် တောင်တက်လမ်းဖောက်လုပ်ရာ မှ ရှေးဟောင်းကျောက်ထွင်း လိုဏ်ဂူများ၊ နံရံဆေးရေးပန်းချီ များနှင့် ဗုဒ္ဓဆင်းတုတော်အများ အပြား ထွက်ပေါ်လာခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်း ရရှိသည်။

အဆိုပါကျောက်ထွင်းလိုဏ် ဂူများနှင့် ဗုဒ္ဓဆင်းတုတော်များ သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဘူး ကိုင်းကျေးရွာအုပ်စု၊ ခံစပ်ကုန်း အရှေ့ကုန်း၏ အနောက်မြောက် ဘက်တွင်တည်ရှိကာ ယခုမှ ပေါ် ထွန်းလာခြင်းမဟုတ်ဘဲ ယခင်က ပင် တစ်ဝက်တစ်ပျက်မြေပေါ်သို့ ပေါ်ထွက်ခဲ့ပြီး တောင်တက်လမ်း ဖောက်လုပ်ချိန်တွင် ဖုံးအုပ်နေ သော မြေများရှင်းလင်းရာမှ ပြည့် စုံစွာပေါ်ထွန်းလာခြင်းဖြစ်ကြောင်းယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၁၆ ဇန်န၀ါရီ ၁ ရက်က သတင်းထုတ် ပြန်သည်။

စကြတောင်အနီးတစ်ဝိုက် တွင် ကျောက်ထွင်းလိုဏ်ဂူများစွာ ရှိပြီး သစ်ပင်ချုံနွယ်များဖုံးအုပ်နေ သဖြင့် လေ့လာရန် မလွယ်ကူ ကြောင်း ၀န်ကြီးဌာနက ထုတ်ပြန် သည်။

တွေ့ရှိပြီးနောက် အနောက် ဘက်အစွန်းရှိ ကျောက်တုံးကြီး များကို ကျောက်ထွင်းလိုဏ်ဂူများ နေရာအမှတ် (၁) ဟု  သတ်မှတ် ကာ လမ်းဖောက်လုပ်ရန် ရှင်းလင်းဖော်ထုတ်ရာမှ ထွက်ပေါ် လာသော လိုဏ်ဂူများနေရာကို ကျောက်ထွင်းလိုဏ်ဂူများနေရာ အမှတ် (၂) ဟု သတ်မှတ်ထားသည်။

နေရာအမှတ် (၁) တွင် ကျောက်တုံးကြီးများ၏ ပတ်လည် လိုဏ်ဂူပေါင်း ၁၁ ဂူနှင့် မုခ်တံကဲ များ၊ ရုပ်တုများထွင်းထုထား သည့် ဗုဒ္ဓရုပ်ပွားဆင်းတုတော် (၉၆) ဆူ၊ ရဟန္တာ ရှစ်ပါး၊ သုမေ ဓာရှင်ရသေ့ပုံ တစ်ပါးနှင့် နံရံဆေးရေးပန်းချီများကို တွေ့ရပြီး လိုဏ် ဂူနေရာအမှတ် (၂) တွင် လိုဏ်ဂူ (၁၆) ဂူရှိပြီး ဗုဒ္ဓဆင်းတုတော် (၇၁)ဆူ၊ ဆင်းတုအကျိုးအပဲ့ ခုနစ်ဆူရှိပြီး သိမ်းဆည်းထားသည့် ဆင်းတုတော် လေးဆူ၊ ဦးခေါင်း တော် ရှစ်ဆူ၊ ၀သုနြေ္ဒနတ်သမီး ရုပ်တု နှစ်ရုပ်တို့ကို တွေ့ရှိရ ကြောင်း၊ စကြတောင်ဒေသရှိ ကျောက်ထွင်းလိုဏ်ဂူများ၊ ဗုဒ္ဓ ဆင်းတုတော်များနှင့် နံရံဆေး ရေး၊ ရွှေရေးပန်ချီလက်ရာများ သည် ညောင်ရမ်းခေတ်နှောင်းမှ ကုန်းဘောင်ခေတ်လက်ရာများ ဟု ယူဆရကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်သည်။

‘‘အဲဒီနေရာကို ပထမဦးဆုံး အဆင့်အနေနဲ့ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်အဆောက်အ အုံတည်ရှိရာနေရာဖြစ်သွားပြီ။ အဲဒီအတွက်ကြောင့် အဲဒီနေရာကိုမကျူးကျော်ဖို့ အဖျက်အဆီးမ လုပ်ဖို့ ဆေးသုတ်တာတို့၊ ထုံး သုတ်တာတို့ အဖျက်အဆီးလုပ် ငန်းတွေမလုပ်ဖို့ သတိပေးဆိုင်း ဘုတ်ထောင်ပြီးသွားပြီ။ ဗုဒ္ဓရုပ်ပွားတော်တွေကို ဓာတုဗေဒနည်းနဲ့ ထိန်းသိမ်းဖို့ စီစဉ် ဆောင်ရွက်နေတယ်’’ဟု ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြား ရေးမှူး ဦးညိုမြင့်ထွန်းက ပြော ကြားသည်။

စကြတောင်ဒေသ ရှေး ဟောင်းအဆောက်အအုံ ဂူအမှတ်(၂) ရှိ နံရံဆေးရေးပန်းချီများတွင် ၁၁၃၉ ခုနှစ်သက္ကရာဇ်ရေးထိုးပါ ရှိသဖြင့် ကုန်းဘောင်ခေတ်ဖြစ် ကြောင်း၊ အနုပညာတန်ဖိုး၊ ဗိသု ကာတန်ဖိုးအနည်းငယ်သာရှိ သော်လည်း သမိုင်းတန်ဖိုးကြီးမား ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းရရှိသည်။

Source : 7 Day Daily

ထိပ်တန်း ကွင်းလယ်ဖန်တီးရှင်များထဲမှတစ်ဦးဖြစ်တဲ့ အာဆင်နယ် ကွင်းလယ်ဖန်တီးရှင် အိုဇေး









ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းအဆင့် ကွင်းလယ်ဖန်တီးရှင် ကစားသမားပေါင်း များစွာ ပေါ်ထွန်းခဲ့ပါတယ်။ အဲ့ဒီကစားသမားတွေထဲမှာ လက်ရှိဘောလုံးကမ္ဘာက အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်ကိုလည်း တစ်ဦးအပါအဝင်အဖြစ် ထည့်သွင်း ရေတွက်ရပါလိ့မ်မယ်။ လူပုံစံက တောင့်တင်းခိုင်မာတဲ့ ပုံစံမျိုးမရှိပေမယ့် ကျွမ်းကျင်ပိုင်နိုင်လှတဲ့ ဘောလုံးစွမ်းရည်နဲ့ လှပသေသပ်တဲ့ သူ့ရဲ့ ကစားဟန်တွေနဲ့ ဘောလုံး ပရိသတ်တွေကို ရသတွေပေးစွမ်းနေပါတယ်။ ရောက်ရှိတဲ့ အသင်းတိုင်းမှာ အသင်းရဲ့ဟန်ချက်ကို ထိန်းသိမ်းကစားနိုင်ပြီး တိုက်စစ်မှူးတွေအတွက် ဖန်တီးမှု ကောင်းကောင်းပြုလုပ်ပေးနိုင်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်တဲ့ အိုဇေးလ်ရဲ့ ကစားပုံကို သဘောကျမိလို့ ဒီတစ်ပတ်မှာ နည်းနည်းရှာဖွေ ရေးသားလိုက်ပါတယ်။

တူရကီဖွား ဂျာမနီသား

အိုဇေးလ်ဆိုတဲ့ နာမည်က အခြားဂျာမနီ အသင်းဖော်တွေရဲ့ နာမည်နဲ့ ကွဲပြားနေတာကို အားလုံးပဲ သတိထားမိကြမှာပါ။ အိုဇေးလ်ကို ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ဘိုးဘေးတွေဟာ တူရကီနိုင်ငံ မြောက်ပိုင်းက ဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ဖခင်ဖြစ်သူ မူစတာဖီဟာ ၂နှစ်သားအရွယ်မှာ ဂျာမနီနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့လို့ အိုဇေးလ်ဟာ တတိယမျိုးဆက် ဂျာမနီနိုင်ငံသား ဖြစ်လာရတာပါ။ အိုဇေးလ်ဟာ တူရကီဘာသာစကားကို ကောင်းကောင်းမွန်မွန် ပြောဆိုနိုင်သူ ဖြစ်ပါတယ်။

မျောက်လှောင်အိမ်ထဲက ကမ္ဘာကျော်

အိုဇေးလ်ရဲ့ ဘောလုံးကျွမ်းကျင်မှုက အခြားကစားသမားအများစုထက် ထူးခြား ကောင်းမွန်နေတာ တကယ်တော့ မဆန်းလှပါဘူး။ သူဟာ ဘရာဇီး၊ အာဂျင်တီးနားနဲ့ တောင်အမေရိကတိုက်က ကမ္ဘာကျော်အများစုလိုပဲ လမ်းပေါ်မှာ ဘောလုံးကစားရင်း ကြီးပြင်းခဲ့သူပါ။ ဂျာမန်ကလပ်အသင်းကြီးတွေဆီကို မရောက်ခင် အိုဇေးလ်ဟာ Monkey Cage လို့ တင်စားခေါ်ကြတဲ့ လမ်းဘေးက သံဇကာခတ်ထားတဲ့ ကွင်းကျဉ်းကျဉ်းလေးတွေမှာ သူ့ရဲ့ ကျွမ်းကျင်မှုကို လေ့ကျင့်ယူခဲ့သူဖြစ်ပါတယ်။ ကွင်းကျဉ်းလေးထဲမှာပဲ အိုဇေးလ်က မြန်ဆန်တဲ့ ဆုံးဖြတ်ချက်၊ ကောင်းမွန်တဲ့ အထိန်းအသိမ်းနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဘောလုံးကို ထိန်းသိမ်း ကစားနိုင်ခဲ့သူဖြစ်ပါတယ်။

အာစင်ဝင်းဂါးနဲ့ ရွန်နီတို့ အလိုရှိခဲ့သူ

၂၀၁၀ ကမ္ဘာ့ဖလားအပြီးမှာ အိုဇေးလ်ကို ထိပ်တန်းကလပ် အများအပြားက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ အိုဇေးလ်ကို ဆက်သွယ်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်က အာစင်ဝင်းဂါးပဲဖြစ်ပါတယ်။ ဒါပေမဲ့ အိုဇေးလ်က ရီးယဲလ်ကို သွားချင်နေတာကြောင့် အာစင်ဝင်းဂါး လက်လျှော့ပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဝင်းဂါးက "အိုဇေးလ်နဲ့ ဖုန်းပြောခဲ့ပါတယ်။ နောက်ဆုံးမှာ သူပြောခဲ့တာက သူရီးယဲလ်ကို သွားချင်တယ်ဆိုတာပါပဲ။ ဒါကြောင့် သူ့ဆန္ဒကို အသိအမှတ်ပြု လိုက်လျောခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
အာစင်ဝင်းဂါးလိုပဲ အိုဇေးလ်ကို အလိုရှိခဲ့သူက ရွန်နီပါ။ ၂၀၁၀ ကမ္ဘာ့ဖလားအပြီးမှာ ရွန်နီက အိုဇေးလ်ကို ဝယ်ယူဖို့ နည်းပြကြီး ဖာဂူဆန်ကို အကြံပေးတိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဖာဂီက ရွန်နီရဲ့ အကြံပေးချက်ကို ပေါ့ပေါ့ဆဆနဲ့ အရေးမထားခဲ့ပါဘူး။

နီမို

အိုဇေးလ်ရဲ့ နာမည်ပြောင် ဖြစ်ပါတယ်။ ဒီနာမည်ကို ရီးယဲလ်အသင်းမှာ ကစားစဉ်တုန်းက ပထမဆုံးရာသီမှာပဲ ရရှိခဲ့တာဖြစ်ပါတယ်။ Disney က ရိုက်ကူးခဲ့တဲ့ Finding Nemo ဆိုတဲ့ဇာတ်ကားထဲက အဓိကဇာတ်ကောင် ငါးကလေး နီမိုလေးနဲ့ ခိုင်းနှိုင်းပြီး ခေါ်ဝေါ်ကြတာပါ။ အိုဇေးလ်ကလည်း ဒီနာမည်ပြောင်ကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။ အိုဇေးလ်ကို ဂျာမန်မက်ဆီ၊ ဂျာမန်ဇီဒန်းလို့ ခေါ်ဝေါ်ကြတာရှိသလို ဘရာဇီးကွင်းလယ်ဖန်တီးရှင် ဒီယေဂိုနဲ့လည်း ခိုင်းနှိုင်းခေါ်ဝေါ်ကြပါသေးတယ်။

၂၀ဝ၆ မှအစပြု၍

၂၀ဝ၆ ခုနှစ် အသက် ၁၈ နှစ်အရွယ်မှာ အိုဇေးလ်ဟာ ရှော်လ်ကေးအသင်းနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ကစားနေပြီဖြစ် ပါတယ်။ အဲ့ဒီအရွယ်နဲ့တင် ချန်ပီယံလိဂ်မှာ ခြေစွမ်းပြကစားနေပြီဖြစ်သလို ဂျာမနီ ယူ-၁၉ ရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်နေပြီဖြစ်ပါတယ်။ ၂၀ဝ၈ ခုနှစ်မှာ ဝါဒါဘရီမင်ကို ပြောင်းရွှေ့ခဲ့ပြီး ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို အဲ့ဒီနောက် ၂၀ဝ၉ ခုနှစ်မှာ ဂျာမနီ ယူ-၂၀ အသင်းနဲ့ အတူ ယူ-၂၁ ဥရောပဖလားကို ဗိုလ်စွဲခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ၂၀၁၀ မှာ ဂျာမနီအသင်းကြီးနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီး တတိယဆုရခဲ့ပြန်ပါတယ်။ တောက်လျှောက် ခြေစွမ်းတိုးတက်လာတဲ့ အိုဇေးလ်ဟာ ကမ္ဘာ့ထိပ်သီးကလပ် ရီးယဲလ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပါတယ်။

အောင်မြင်မှုနဲ့ တစ်ဦးချင်းထူးချွန်မှု

အိုဇေးလ်ရဲ့ ကစားသမားဘဝမှာ အသင်းနဲ့အတူ အောင်မြင်မှုဆုဖလားတွေ ရသင့်သလောက်တော့ ရရှိခဲ့ပါတယ်။ ဂျာမနီအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလား၊ ဂျာမနီ ယူ-၂၀ အသင်းနဲ့အတူ ယူ-၂၁ ဥရောပဖလား၊ ဝါဒါဘရီမင်နဲ့ ဂျာမန်ပိုကယ်ဖလား၊ ရီးယဲလ်နဲ့ လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလား၊ အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလားတွေကို ရရှိထားပါတယ်။
တစ်ဦးချင်းထူးချွန်မှုအနေနဲ့တော့ ၂၀ဝ၉-၁၀ မှာ ဘွန်ဒက်စ်လီဂါရဲ့ ဖန်တီးမှုအများဆုံး ကစားသမားဆု၊ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဖန်တီးမှု အများဆုံးကစားသမားဆု၊ ၂၀၁၀-၁၁ ချန်ပီယံလိဂ် ဖန်တီးမှုအများဆုံး ကစားသမားဆု၊ ၂၀၁၁-၁၂ လာလီဂါ ဖန်တီးမှုအများဆုံး ကစားသမားဆု၊ ၂၀၁၂ မှာ ဥရောပရဲ့ ဖန်တီးမှုအများဆုံး ကစားသမားဆုတွေကို ရရှိခဲ့ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်တာကြောင့် ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ သုံးနှစ်ဆက်တိုက် ဂျာမနီရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

ဘာသာတရား ကိုင်းရှိုင်းသူ

အိုဇေးလ်ဟာ ဘောလုံးကစားရာမှာ ထူးချွန်သလို ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ဘောလုံးပွဲ တစ်ပွဲ မကစားခင် ကွင်းထဲဝင်လာတဲ့အချိန်တွင်း ကုရ်အာန်ကျမ်းစာကို ရွတ်ဖတ်လေ့ရှိပါတယ်။ ဒီလိုရွတ်ဖတ်ခြင်းက သူ့ကို ပိုမိုယုံကြည်မှု ရရှိစေတယ်လို့လည်း အိုဇေးလ်က ဆိုပါတယ်။
အိုဇေးလ်ရဲ့အကြောင်းအရာနဲ့ အချက်အလက်ကတော့ ဒီလောက်ပါပဲ။ သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သူဖြစ်သလို သူမတူတဲ့ ဘောလုံးစွမ်းရည်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၂၇ နှစ်အရွယ်သာ ရှိသးလို့ အောင်မြင်မှုများစွာ ရရှိနိုင်သေး သူလည်းဖြစ်ပါတယ်။ အာစင်ဝင်းဂါးကတော့ ဘောလုံးအားကစားကို ကြိုက်နှစ်သက်သူတိုင်း အိုဇေးလ် ကစားတာကို ကြိုက်နှစ်သက်လိ့မ်မယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒီနှစ်မှာ အာဆင်နယ်အတွက် အိုဇေးလ် ခြေစွမ်းပြကစားနေလို့ နည်းပြကြီး ဝင်းဂါးလည်း ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို မက်နေပြီဖြစ်ပါတယ်။ အာဆင်နယ်နဲ့အတူ အိုဇေးလ် ဒီရာသီမှာ အောင်မြင်မှုရမလား ဆိုတာကတော့...

ဆီးအောင့်ထားခြင်း၏ အကျိုး ပြစ်များ

ဆီးအောင့်ထားခြင်းရဲ့ အကျိုးပြစ်များ





ထိုင်ရာက မထနိုင်လောက်အောင် အလုပ်တွေရှုပ်နေတဲ့အချိန်မှာ အပေါ့အပါးသွားချင်တာမျိုး ဖြစ်ဖူးပါသလား ? ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်မှုတွေအရ အပေါ့သွားချင်တာကို အောင့်ထားတာက သင့်ရဲ့စိတ်စွမ်းအားကို တိုးတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်စွမ်းနဲ့သက်ဆိုင်တယ်လို့ ပညာရှင်တွေက ရှင်းပြထားပါတယ်။ ဆီးသွားချင်နေပေမယ့် မသွားပဲအောင့်ထားတာက ရုတ်တရက်လှုံ့ဆော်မှုတွေကို ဆန့်ကျင်တဲ့ဦးနှောက် အစိတ်အပိုင်းကို လှုပ်ရှားစေပါတယ်။ ဒါ့ကြောင့် အခြားသောစိတ်လှုံ့ဆော်မှုတွေဖြစ်တဲ့ သွားရည်စာ စားချင်စိတ်တွေ၊ အပျင်းထူတာတွေကိုလည်း ဆန့်ကျင်နိုင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆီးသွားချင်စိတ်ကို ထိန်းနိုင်တာက အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ပိုကောင်းလာစေပါတယ်။ လေ့လာမှုတွေအရ ဆီးအိတ်ထဲမှာ ဆီးအပြည့်ရှိနေပြီး အပေါ့သွားချင်စိတ်ကို ထိန်းချုပ်ထားရသူတွေက စမ်းသပ်မေးခွန်းတွေကို အပြည့်အ၀အာရုံစိုက်နိုင်တယ်လို့ သိရပါတယ်။

ဒီလိုကောင်းကျိုးတွေရှိတယ်ဆိုပြီး ရေတွေအများကြီးသောက်၊ ဆီးသွားချင်တာကို စွတ်အတင်းထိန်းချုပ်ထားလို့တော့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆီးအောင့်ထားခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ ရှိလို့ဖြစ်ပါတယ်။ ဆီးကို အကြာကြီးအောင့်ထားမယ်ဆိုရင် အစပိုင်းမှာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေတိုးမြင့်လာနိုင်ပြီး ရေရှည်မှာဆိုရင်တော့ ဆီးအိမ်နံရံကို ထိခိုက်လာစေနိုင်ပါတယ်။

ဝမ်းဗိုက်အောက်ပိုင်းနဲ့ ခါးအောက်ပိုင်းတွေ နာကျင်လာသည်အထိ ဆီးကိုထိန်းမထားသင့်ပါဘူး။ ဒီလက္ခဏာတွေက ဆီးသွားချင်တာကို ခံနိုင်တာထက်ပိုပြီး ထိန်းချုပ်ထားလို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါ အရေးကြီးတဲ့အလုပ်တွေ အပြီးလုပ်ရမယ့်အချိန်မျိုးမှာ ဆီးသွားချင်စိတ်ကို အနည်းငယ်ထိန်းပြီး အောင့်ထားမယ်ဆိုရင် အလုပ်မှာအကောင်းဆုံးရလဒ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီအချက်က အနည်းငယ် ကြောင်တောင်တောင်နိုင်ပေမယ့် အလုပ်ဖြစ်တာကတော့ သေချာပါတယ်။

Source : Gentleman Magazine


ရိုဟင်ဂျာဆိုသူများ၏ စာတမ်းဖတ်ပွဲအားအစိုးရ တားမြစ်

ရိုဟင်ဂျာဆိုသူများ၏စာတမ်းဖတ်ပွဲအားအစိုးရတာမြစ်



ရိုဟင်ဂျာဆိုသူများ၏ မူလရင်းမြစ်နှင့် တိုင်းရင်းသားဖြစ်တည်မှုဆိုကာ စာတမ်းဖတ်ပွဲ ကျင်းပရန် စီစဉ်ခြင်းကို အစိုးရက တားမြစ်ပိတ်ပင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်တွင် အများဆုံးနေထိုင်သည့် ရိုဟင်ဂျာဆိုသူများအား မြန်မာနိုင်ငံက တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားခြင်းမရှိဘဲ နိုင်ငံသားဖြစ်ခွင့်ကို လက်မခံပေ။

ရန်ကုန်တွင် ကျင်းပရန်စီစဉ်သည့် ယင်းစာတမ်းဖတ်ပွဲကို ပြည်သူများကြား စိတ်ဆိုးဒေါသများ ထပ်မံပေါ်ပေါက်နိုင်သည့် စိုးရိမ်မှုကြောင့် အစိုးရက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက ဖော်ပြသည်။

"ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သမ္မတကလည်း လက်မခံပါ။ ရိုဟင်ဂျာလို့ ပြောသူများက အိမ်နီးချင်းနိုင်ငံမှ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဘင်္ဂလီများပဲဖြစ်တယ်ဆိုတာ သမ္မတကြီးက ပြောထားပြီးပါပြီ။ ဒါကြောင့် ဒီလို စာတမ်းဖတ်ပွဲက မလိုလားအပ်ပါဘူး။ လူတွေကြား စိတ်ဆိုးဒေါသတွေ ဖြစ်လာစေလိမ့်မှာဖြစ်တယ်။" တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာဟုဆိုကြသူ တစ်သန်းကျော်ထက်မနည်း ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားသည့် ပဋိပက္ခများကြား ရာပေါင်းများစွာ သေဆုံးခဲ့ကာ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ရသူပေါင်း ၁၄၀,၀၀၀ ကျော်ခန့်ရှိသည်။

ရိုဟင်ဂျာဆိုသူများအရေးတွင် တစ်ချို့လူအခွင့်အရေးအဖွဲ့များက ခွဲခြားဆက်ဆံခံရသည့် လူနည်းစုများဖြစ်သည်ဟု ပြောကြသော်လည်း  ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းများသာဖြစ်သည်ဟု မြန်မာနိုင်ငံက ပြန်လည်တုံ့ပြန်ထားသည်။

Source : Mizzima Daily

သူ၏ မိသားစုနှင့်ပတ်သတ်၍ အသရေပျက်မည့်အရေးသားများဆက်လက်ဖြန့်ဝေပါက အရေးယူမည်ဟု စိုးသူ သတိပေး


သရုပ်ဆောင် အဆိုတော်စိုးသူက လူမှုကွန်ရက်စာ မျက်နှာပေါ်၌ ၎င်းအပါအ၀င် ၎င်း၏ မိသားစုများကို အသရေပျက်စေသည့် အသုံးအနှုန်းများ ရေးသား၊ ဖြန့်ဝေပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ပြီး နိုင်ငံရပ်ခြားတွင်နေထိုင်သူ ဖြစ်ပါကလည်း သက်ဆိုင်ရာ မြန်မာသံရုံးများမှတစ်ဆင့် တရားရင်ဆိုင်ရန် ဆင့်ခေါ်မည်ဖြစ်ကြောင်း ရှေ့နေမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
  
အဆိုပါ အကြောင်းအရာကို ဦးစိုးသူလွင်(ခ)စိုးသူ၏ ရှေ့ နေမှတစ်ဆင့် ဇန်န၀ါရီ ၁ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ ကြေညာခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၄ ရက်က Daily Eleven သတင်းစာတွင် ကြေညာချက်(သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ ကြေညာချက်)ကို စိုးသူ၏ဇနီးဟောင်း ဒေါ်ခင်မြမြ၀တ်မှုံဆွေက ၎င်းနှင့် ပတ်သက်ခြင်းမရှိဘဲ ထိုကြေညာချက်ကို ဖေ့စ်ဘွတ်ခ်၌တင်၍ စိုးသူနှင့်အခြားသူများ နစ်နာထိခိုက်စေမည့် အများပြည်သူအထင်လွဲမှားစေနိုင်သော အကြောင်းအရာကို ရေးသားကာ ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာချက်၌ ရေးသားထားသည်။
  
စိုးသူနှင့် ဒေါ်ခင်မြမြ၀တ်မှုံဆွေတို့ ပတ်သက်မှုမရှိတော့သည့် အကြောင်းကိုလည်း ခုနစ်အလိုက် ရေးသားထားသည်။ ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြ၀တ်မှုံဆွေသည် ၂၀၀၁ တွင် လက်ထပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၌နေထိုင်ခဲ့ကာ ၂၀၀၆ ၌ သမီးတစ်ဦးထွန်းကားခဲ့သည်။ ထို့နောက် ၂၀၀၇ မှစတင်၍ အိမ်ထောင်ရေး အဆင်မပြေမှုများရှိခဲ့သော်လည်း သမီးဖြစ်သူ စိတ်မဆင်းရဲစေရန်နှင့် နှစ်ဖက်မိဘများ၏ မျက်နှာကိုထောက်ကာ ကွာရှင်းပြတ်စဲခြင်းအဆင့်သို့ မရောက်ခဲ့ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
  
သို့သော်လည်း ဒေါ်ခင်မြမြ၀တ်မှုံဆွေဘက်က လွတ်လပ်ခွင့်ပေးရန် တောင်းဆိုခဲ့၍ အချိန်တစ်ခုအထိ ကိုယ့်လမ်းကိုယ်လျှောက်ကြရန် သဘောတူညီခဲ့ကြပြီး ယင်းအချိန်မှစ၍ သမီးဖြစ်သူ၏ ကိစ္စမှလွဲ၍ ဒေါ်ခင်မြမြ၀တ်မှုံဆွေနှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှု မရှိခဲ့ဟုပါရှိသည်။ အမေရိကန်ပြည်ထောင်စုရှိ  စိုးသူ၏ပိုင်ဆိုင်မှုများကိုလည်း ဒေါ်ခင်မြမြ၀တ်မှုံဆွေကို အပြီးလွှဲပြောင်းပေးခဲ့ပြီး ရန်ကုန်မြို့တွင် ပညာသင်ကြားနေသော သမီးဖြစ်သူ၏ ကျောင်းစရိတ်ကိုလည်း လက်ရှိအထိ ဦးစိုးသူလွင်က တာဝန်ယူထားသည်ဟု ရေးသားထားသည်။
  
ထို့ပြင် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်ရှိ တရားရုံးတွင် ဒေါ်ခင်မြမြ၀တ်မှုံဆွေတစ်ဦးတည်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ၂၀၁၄ မတ်လ ၅ ရက်၌ အပြီးသတ် ကွာရှင်းပြတ်စဲခွင့်တောင်းခံခဲ့ပြီး တရားရုံးမှ ကွာရှင်းခွင့်ပေးခဲ့သည်ဟု ရေးသားထားသည်။ ဒေါ်ခင်မြမြ၀တ်မှုံဆွေအနေဖြင့် တစ်ဖက်သတ် ကွာရှင်းခွင့်တောင်းခံခဲ့ခြင်းဖြစ်၍ စိုးသူ၏ လူမှုရေး၊ စီးပွားရေးကိစ္စများတွင်ပါဝင်ပတ်သက်ခွင့်မရှိကြောင်း ရေးသားထားသည်။
  
စိုးသူသည် ၂၀၁၂ ကတည်းက မိခင်ဖြစ်သူ၏ ကျန်းမာရေးကိစ္စအတွက် သမီးဖြစ်သူ အိန်ဂျယ်စိုးသူလွင်နှင့်အတူ ပြန်လာခဲ့ပြီး လက်ရှိအထိ မြန်မာနိုင်ငံတွင်နေထိုင်၍ အနုပညာလုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။
  
ဒီဇင်ဘာ ၂၄ ရက်တွင် ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်နန္ဒာက လူမှုကွန်ရက်စာမျက်နှာများ၌ အသရေပျက်စေရန် စော်ကားပုတ်ခတ်ရေးသားသူများကို ဆက်သွယ်ရေးပုဒ်မအရ တိုင်ကြားအရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
  
အဆိုပါ ကြေညာချက်ကို စိုးသူ၏ ဇနီးဟောင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်တင်၍ တုံ့ပြန်ခဲ့ပြီး တစ်ပတ်ခန့်အကြာ၌ စိုးသူက အထက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

‘ထိုင်းသံရုံးရှေ့မှာလာပြီး ဆန္ဒပြတဲ့သူတွေကို အမှုဖွင့်အရေးယူသွားဖို့ မရှိပ







 မြန်မာလူငယ်နှစ်ဦးအ ရေးနှင့် ပတ်သက်၍ ထိုင်းသံရုံး ရှေ့သို့ လာရောက်ဆန္ဒပြတောင်း ဆိုခဲ့သူများကို အမှုဖွင့်အရေးယူ ရန် အစီအစဉ်မရှိကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး ကျော်ထွဋ်က ပြော ကြားသည်။

‘‘ထိုင်းသံရုံးရှေ့မှာလာပြီး ဆန္ဒပြတဲ့သူတွေကို အမှုဖွင့်အရေးယူသွားဖို့ မရှိပါဘူး။ လာရောက် ဆန္ဒထုတ်ဖော်သူတွေကလည်း များတော့ သူတို့ဘယ်မှာနေလဲဆို တာလည်း မသိဘူး။ သံရုံးလုံခြုံ ရေးကတော့ ပုံမှန်အတိုင်းယူပေး ထားပါတယ်’’ဟု ဒုရဲမှူးကြီးကျော် ထွဋ်က ပြောသည်။
မြန်မာလုပ်သားနှစ်ဦးအရေး ဆန္ဒပြတောင်းဆိုလိုပါက ဥပဒေ အရ ခွင့်ပြုမိန့်တောင်းခံပြီး ဟစ် တိုင်နေရာနှင့် ဗိုလ်စိန်မှန်ကွင်းနေ ရာများ၌ ခွင့်ပြုပေးမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ဆန္ဒဖော်ထုတ်ချင်တဲ့သူ တွေကို တရားဝင်ခွင့်ပြုပေးထား တဲ့ နေရာတွေရှိပါတယ်။ အများ ပြည်သူတွေ သွားလာရခက်တဲ့ နေရာတွေမှာတော့ ခွင့်မပြုဘူး။ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ပြည် သူတွေလည်း သွားလာရခက်ခဲတဲ့ အတွက်ပါ။ ခွင့်ပြုမိန့်ကို ငါးရက် ကြိုတင်ရင်ခွင့်ပြုပေးပါတယ်’’ဟု ၎င်းက ပြောသည်။
ဗြိတိန်နိုင်ငံသားခရီးသွားနှစ် ဦးအား သတ်ဖြတ်ခဲ့သည်ဆိုကာ မြန်မာလူငယ် နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ဒီဇင်ဘာ ၂၄ရက်၌ သေဒဏ်ချမှတ်ခဲ့သည့်အပေါ်  ကျေနပ်မှု မရှိ၍ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ နေ့စဉ် ဖြစ်ပေါ်လာခဲ့ သည်။
အထူးသဖြင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့သို့ လာရောက်ပြီး လမ်း ပိတ်ဆို့ဆန္ဒပြမှုများ ကြောင့် ထိုင်းသံရုံးကောင်စစ်ဝန် ဌာနကို ယာယီပိတ်ထားရပြီး ယင်းမှ အစပြုသည့် ဆန္ဒပြမှုများသည် နယ်စပ်ဒေသအထိ ပျံ့နှံ့လာ၍ မြန်မာအစိုးရက တားဆီးပေးစေလိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်က ပြောကြားခဲ့သည်။

သေပြီထင်ပြီးရေခဲတိုက်ထဲထားရာမှပြန်ထလာပြီးသူငယ်ချင်းများနှင့်အရက်သွားသောက်သော ရုရှားအမျိုးသား

သေရွာမှပြန်လာပြီး သူငယ်ချင်းများနှင့်အရက်သွားသောက်တဲ့ရုရှားအမျိုးသား




သေရွာမှ ပြန်လာပြီး ချက်ချင်းလိုလို သူငယ်ချင်းများနှင့် သွားရောက် အရက်သောက်သည့် အမျိုးသားတစ်ဦးသည် ရုရှားလူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် အထူးတလည် ရေပန်းစားလျက် ရှိသည်။
ယခုသီတင်းပတ် အစောပိုင်းက အမျိုးသားတစ်ဦးသည် မိတ်ဆွေ သူငယ်ချင်းများနှင့် အတူတကွ ဗော့ဒ်ကာအရက်သောက်နေရင်း အမူးလွန် ပြုတ်ကျသွားခဲ့သည်။ ထိုနေရာသို့ ရောက်ရှိလာသည့် ရှေးဦးသူနာပြုအဖွဲ့များက အဆိုပါ အမျိုးသားသေဆုံးသွားပြီဟု ဆုံးဖြတ်ပြီး ၎င်း၏ (အမှန်တကယ် မသေဆုံးသေးသော) ရုပ်အလောင်းကို ရေခဲတိုက်သို့ ပို့ဆောင်ခဲ့သည်။
သို့သော်လည်း ရေခဲတိုက်ထဲတွင် ၎င်းသည် ပြန်သတိလည်လာပြီး အစောင့်များကို လှမ်းခေါ်ကာ အပြင်ဖက်သို့ ပြန်ထွက်လာနိုင်ခဲ့သည်။ လူသေ အလောင်းများကြားတွင် နိုးထလာသဖြင့် အတန်ငယ် စိတ်ခြောက်ခြားသွားဟန် ရှိနေသည့် အမျိုးသားသည် ရေခဲတိုက်မှ ခပ်သုတ်သုတ် ပြန်လည်ထွက်ခွာသွားပြီး သူငယ်ချင်းများနှင့်အတူ ဆက်၍ အရက်သောက်ခဲ့ကြောင်း သိရသည်။
ရုရှားအရှေ့ပိုင်း ကမ်းခြေဒေသ တစ်ခုဖြစ်သည့် ပရိုင်မော်ယီတွင် ဖြစ်ပွားခဲ့သည့် သတင်းကို ရုရှားပုံနှိပ်မီဒီယာတစ်ခုဖြစ်သည့် NewsRU က စတင်ဖော်ပြခဲ့သည်။ ယင်းသတင်းသည် ရုရှားရှိ လူမှုကွန်ရက် အသုံးပြုသူများကြားတွင် ဟာသတစ်ခုသဖွယ် မျှဝေကြရာမှာ ရေပန်းစားနေခဲ့သည်။
အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် သေဆုံးသူတစ်ဦးကို ရင်ခွဲစစ်ဆေးရန် စီစဉ်ရာ ရင်မခွဲမီလေးတွင် ပြန်ရှင်လာခဲ့ဖူးသည်။ သို့သော်လည်း ချက်ချင်းလိုလိုပင် ၎င်းသည် ပြန်လည်လဲကျသေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့် နွေရာသီကမူ အသက် ၉၂ နှစ်အရွယ် အဖွားအိုတစ်ဦးသည် ရေခဲတိုက်ထဲရောက်မှ ပြန်နိုးလာသည့်အတွက် သူမကို သေဆုံးကြောင်းထောက်ခံချက်ပေးခဲ့သည့် ဆရာဝန်မှာ ပေါ့လျော့မှုဖြင့် တရားစွဲခံခဲ့ရသည်။ အဆိုပါအဖွားအိုသည် နောက် ၂ ရက် အကြာတွင် ပြန်လည်သေဆုံးသွားကြောင်း သိရသည်။

Ref: Daily Mail

လုံခြုံရေးတပ်ဖွဲ့များကို ဝင်တိုက်သည့် မော်တော်ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ပြောကြားခဲ့

လုံခြုံရေးကားအားဝင်တိုက်ခဲ့သောကားတစ်စီးအားပစ်ခတ်ခဲ




ဗလီတစ်လုံးအနီး နေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့များကို ဝင်တိုက်သည့် မော်တော်ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ဗလန်ဆေးမြို့တွင် လူတစ်ဦးက ဗလီတစ်လုံးအနီး နေရာယူထားသည့် ပြင်သစ်စစ်သားများကို ကားဖြင့် ဝင်တိုက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် စစ်သား ၄ ဦး ရှိနေရာ ၁ ဦး ဒဏ်ရာရသွားခဲ့သည်။

ထို့နောက်တွင် လုံခြုံရေးတပ်ဖွဲ့များက တုံ့ပြန်ပစ်ခတ်ရာ ယာဉ်မောင်း၏ ခြေထောက်နှင့် လက်မောင်းတို့တွင် ဒဏ်ရာများရသွားပြီး အရှင်ဖမ်းမိခဲ့သည်။ ၎င်းကို ဆေးရုံသို့ တင်ပို့ထားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမရှိဟု ရဲတပ်ဖွဲ့က ကြေညာသည်။

ပြင်သစ်တွင် နိုဝင်ဘာ ၁၃ ရက်၊ ပါရီတိုက်ခိုက်မှုကြီး ဖြစ်ပွားပြီးကတည်းက လုံခြုံရေးအဆင့်ကို တပ်လှန့် မြှင့်တင်ထားသည်။ ဇန်နဝါရီ ၁ ရက် ဖြစ်ရပ်တွင် လုံခြုံရေးများကို ကားဖြင့်ဝင်တိုက်ချိန်၌ ဗလီအနီးတွင် လာရောက်ဝတ်ပြုသူ အများအပြား ရှိနေခဲ့သည်။ ယာဉ်မောင်း၏ ရည်ရွယ်ချက်ကိုမူ အတိအကျ မသိရသေးဟု ဆိုသည်။

အဆိုပါ ယာဉ်မောင်းမှာ လိုင်ယွန်မြို့မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ လိုင်ယွန်နှင့် ဗလန်ဆေးတို့သည် ကားမောင်းသွားလျှင် တစ်နာရီမျှ အကွာအဝေး၌ တည်ရှိကြသည်။

လုံခြုံရေးများက မော်တော်ကားကို တုံ့ပြန်ပစ်ခတ်ရာ၌ လမ်းချော်လာသည့် ကျည်တစ်တောင့်သည် အနီးရှိ အဖိုးအိုတစ်ဦး၏ ခြေသလုံးကို မတော်တဆ ထိမှန်ခဲ့ကြောင်းလည်း သိရသည်။

ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဂျင်းယီဗက်စ် လီဒရိန်းနှင့် ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇန်နျူဗာတို့က စစ်သားများသည် မိမိကိုယ်ကို ကာကွယ်ရန် တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုသည်။ ဗလန်ဆေး မြို့တော်ဝန် နစ်ကိုလက်စ် ဒါရာဂွန်က လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် မိမိတို့ကို ရန်ပြုသူအပေါ် လိုအပ်သည်ထက် ပို၍ မတုံ့ပြန်ဘဲ ထိန်းချုပ်ထားနိုင်မှုအတွက် ချီးကျူးသင့်ကြောင်း မှတ်ချက်ပေးခဲ့သည်။

ယခုအခင်းဖြစ်ပွားရာ နေရာအနီးရှိ ဗလီသည် အစွန်းရောက် ဝါဒစွဲမျိုးမရှိဘဲ အလယ်အလတ် သဘောတရားကို လက်ကိုင်ထားကြောင်းလည်း ၎င်းက မီဒီယာများကို ပြောကြားခဲ့သည်။ လတ်တလောတွင် ပြင်သစ်၌ ပြဿနာ ဖြစ်နိုင်သည့် နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်သောင်းမျှကို ဖြန့်ကျက် နေရာချထားသည်။

Source : 7 Day Daily

ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်၍ လူသတ်မှုကို ၀န်ခံခိုင်းခဲ့ခြင်းဖြစ် ကြောင်း





ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုသူကို သတ် ဖြတ် အလောင်းဖျောက်သည်ဟု စွပ်စွဲခံထားရသူများအနက် မန် နေဂျာဖြစ်သူကို စစ်ဆေးရာ ၎င်း ကို ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်၍ လူသတ်မှုကို ၀န်ခံခိုင်းခဲ့ခြင်းဖြစ် ကြောင်း အနောက်ပိုင်းခရိုင်တ ရားရုံးတွင် ဒီဇင်ဘာ ၃၁ ရက်ရုံး ထုတ်စဉ် ထွက်ဆိုသည်။

 ၂၀၁၄ ဇူလိုင် ၂၁ ရက်က ကြည့်မြင်တိုင်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုသို့ လာရောက်တည်းခိုသည့် ကိုကျော်မျိုးထွန်းကို ဆူညံသည့် ကိစ္စနှင့်ပတ်သက်ပြီး အချေအတင်စကားများခဲ့ကြရာမှတည်းခိုခန်းမန်နေဂျာက ၀မ်းဗိုက်နှင့်လည်ပင်းကို ဓားဖြင့်ထိုးခဲ့သဖြင့် သေဆုံးခဲ့သည်ဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အလောင်းကို အင်းလျားကန်ပေါင်အတွင်းသို့ ပစ်ချဖျောက်ဖျက်ရာ၌ တည်းခိုခန်းပိုင်ရှင်က ပူးပေါင်းပါဝင်ခဲ့သဖြင့် အဆိုပါတည်းခိုခန်းမှ မန်နေဂျာဦးမောင်မောင်အပါအ၀င် ငါးဦးကို ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် လူသတ်မှု အလောင်းဖျောက်ဖျက်မှု ပုဒ်မ၊ ၃၀၂/၂၀၁/၁၁၄ ဖြင့် အမှုဖွင့် အ ရေးယူခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံး၌ တရားရင်ဆိုင်နေရ ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားခဲ့သည့် နေ့ တွင် တည်းခိုခန်း မန်နေဂျာသည် ည ၉ နာရီခွဲကျော်တွင် အိပ်ရာဝင်ခဲ့ပြီး လူသတ်မှုကို သိရှိခြင်းမရှိကြောင်း၊ တည်းခိုခန်းသို့ ရဲတပ်ဖွဲ့ဝင်များ  လာရောက်စစ်ဆေးသည့်အချိန်က သေဆုံးသူတည်းခိုခဲ့သည့် အခန်းအတွင်းသို့ သူဌေးဖြစ်သူ လိုက်ပါသွားသဖြင့် ၎င်းမှာ အခန်းဘက်တွင် စောင့်နေခဲ့ကြောင်း တည်းခိုခန်း မန်နေဂျာ ဦးမောင်မောင်က တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။
‘‘မန်နေဂျာတစ်ယောက်လုံး လုပ်နေပြီးတော့ ရဲတွေ လာစစ် တာ အခန်းထဲကို လိုက်မသွားဘဲ အပြင်မှာ ထိုင်စောင့်နေတယ်ဆို တာ ဖြစ်နိုင်မလား။ မန်နေဂျာဆို တာ သူဌေးပြီးရင် သူတာဝန်အရှိ ဆုံးပဲ။ သူလိမ်နေတာ’’ဟု သေ ဆုံးသူ၏အစ်ကို ဦးရန်နောင် ကျော်ကဆိုသည်။
ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ က အခင်းဖြစ်ပွားသည့် နေ့တွင် ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ အခင်း ဖြစ်ပွားပြီး သုံးရက်မြောက်ဇူလိုင် ၂၄ ရက် ည ၉ နာရီကျော်မှသာ ရဲတပ်ဖွဲ့က မေးစရာရှိသည်ဟု ဆိုကာ ဖုန်းဆက်ခေါ်သဖြင့် သွား ရောက်အစစ်ခံခဲ့ရာမှ လူသတ်မှု ပြုလုပ်သည်ဟု ရိုက်နှက်ဝန်ခံခိုင်း ခြင်းဖြစ်ကြောင်း ဦးမောင်မောင်က တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။
‘‘ကျွန်တော့်ကို အခန်းတစ် ခုတည်းကို ခေါ်သွားပြီး ရဲသုံး ယောက်က ၀န်ခံခိုင်းတယ်။ ကျွန် တော်က ကျွန်တော်သတ်တာ မ ဟုတ်ဘူးလို့ပြောတော့ ခါးကို နှစ် ချက်ကန်ပြီး ၀န်မခံရင် ဒီထက် နာမယ်ပြောလို့ကြောက်ပြီးဝန်ခံခဲ့ တာ’’ဟု ၎င်းက ထွက်ဆိုသည်။
ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံ ရသူများဘက်က ရဲစခန်းတွင် ကနဦးထွက်ဆိုခဲ့သည့် ဖြောင့် ချက်ကို ပြင်ဆင်လိုသည့်သဘော ဖြင့် တရားရုံးတွင် ယင်းသို့ ထွက် ဆိုခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သာမန်အပြစ်မရှိသူတစ်ဦးကို ဖမ်းဆီးပိုင်ခွင့်မရှိကြောင်း ဦးရန်နောင်ကျော်က ဆိုသည်။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.