Saturday, January 2, 2016

လုံခြုံရေးတပ်ဖွဲ့များကို ဝင်တိုက်သည့် မော်တော်ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ပြောကြားခဲ့

လုံခြုံရေးကားအားဝင်တိုက်ခဲ့သောကားတစ်စီးအားပစ်ခတ်ခဲ




ဗလီတစ်လုံးအနီး နေရာယူထားသည့် လုံခြုံရေးတပ်ဖွဲ့များကို ဝင်တိုက်သည့် မော်တော်ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ဗလန်ဆေးမြို့တွင် လူတစ်ဦးက ဗလီတစ်လုံးအနီး နေရာယူထားသည့် ပြင်သစ်စစ်သားများကို ကားဖြင့် ဝင်တိုက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် စစ်သား ၄ ဦး ရှိနေရာ ၁ ဦး ဒဏ်ရာရသွားခဲ့သည်။

ထို့နောက်တွင် လုံခြုံရေးတပ်ဖွဲ့များက တုံ့ပြန်ပစ်ခတ်ရာ ယာဉ်မောင်း၏ ခြေထောက်နှင့် လက်မောင်းတို့တွင် ဒဏ်ရာများရသွားပြီး အရှင်ဖမ်းမိခဲ့သည်။ ၎င်းကို ဆေးရုံသို့ တင်ပို့ထားပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမရှိဟု ရဲတပ်ဖွဲ့က ကြေညာသည်။

ပြင်သစ်တွင် နိုဝင်ဘာ ၁၃ ရက်၊ ပါရီတိုက်ခိုက်မှုကြီး ဖြစ်ပွားပြီးကတည်းက လုံခြုံရေးအဆင့်ကို တပ်လှန့် မြှင့်တင်ထားသည်။ ဇန်နဝါရီ ၁ ရက် ဖြစ်ရပ်တွင် လုံခြုံရေးများကို ကားဖြင့်ဝင်တိုက်ချိန်၌ ဗလီအနီးတွင် လာရောက်ဝတ်ပြုသူ အများအပြား ရှိနေခဲ့သည်။ ယာဉ်မောင်း၏ ရည်ရွယ်ချက်ကိုမူ အတိအကျ မသိရသေးဟု ဆိုသည်။

အဆိုပါ ယာဉ်မောင်းမှာ လိုင်ယွန်မြို့မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ လိုင်ယွန်နှင့် ဗလန်ဆေးတို့သည် ကားမောင်းသွားလျှင် တစ်နာရီမျှ အကွာအဝေး၌ တည်ရှိကြသည်။

လုံခြုံရေးများက မော်တော်ကားကို တုံ့ပြန်ပစ်ခတ်ရာ၌ လမ်းချော်လာသည့် ကျည်တစ်တောင့်သည် အနီးရှိ အဖိုးအိုတစ်ဦး၏ ခြေသလုံးကို မတော်တဆ ထိမှန်ခဲ့ကြောင်းလည်း သိရသည်။

ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဂျင်းယီဗက်စ် လီဒရိန်းနှင့် ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇန်နျူဗာတို့က စစ်သားများသည် မိမိကိုယ်ကို ကာကွယ်ရန် တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုသည်။ ဗလန်ဆေး မြို့တော်ဝန် နစ်ကိုလက်စ် ဒါရာဂွန်က လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် မိမိတို့ကို ရန်ပြုသူအပေါ် လိုအပ်သည်ထက် ပို၍ မတုံ့ပြန်ဘဲ ထိန်းချုပ်ထားနိုင်မှုအတွက် ချီးကျူးသင့်ကြောင်း မှတ်ချက်ပေးခဲ့သည်။

ယခုအခင်းဖြစ်ပွားရာ နေရာအနီးရှိ ဗလီသည် အစွန်းရောက် ဝါဒစွဲမျိုးမရှိဘဲ အလယ်အလတ် သဘောတရားကို လက်ကိုင်ထားကြောင်းလည်း ၎င်းက မီဒီယာများကို ပြောကြားခဲ့သည်။ လတ်တလောတွင် ပြင်သစ်၌ ပြဿနာ ဖြစ်နိုင်သည့် နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်သောင်းမျှကို ဖြန့်ကျက် နေရာချထားသည်။

Source : 7 Day Daily

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.