Wednesday, January 13, 2016

မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးတွင် တပ်ဆင်ထားသည့် အလိုအလျောက် မီးငြှိမ်းသတ်စက်မှာ အစစ် မဟုတ်ကြောင်း၊ မီးသတ်မှ အကြံပြု၍ တပ်ဆင်ထားသည့် ကိရိယာ မဟုတ်ကြောင်း ပြောကြား



မင်္ဂလာဈေး မီးလောင်မှုအား ဇန်န၀ါရီ ၉ ရက် နံနက် အစောပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးတွင် တပ်ဆင်ထားသည့် အလိုအလျောက် မီးငြှိမ်းသတ်စက် Water Sprinkler မှာ အစစ်မဟုတ်ဘဲ မီးသတ်မှ အကြံပြု၍ တပ်ဆင်ထားသည့် Water Sprinkler မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောကြားသည်။

“မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်ပြီး စုံခုံဖွဲ့ပြီးတော့ စစ်ဆေးနေပါတယ်။ မီးလောင်မှု အကြောင်းရင်းနဲ့ ဆုံးရှုံးမှု တန်ဖိုးကို စစ်ဆေးနေပါတယ်။ စစ်တာက အကုန်စစ်ရမှာပါ။ ဈေးမှာတပ်ဆင်ထားတဲ့ မီးလောင်ရင် ငြှိမ်းသတ်တဲ့ Water Sprinkler က လယ်တွေမှာ ရေဖျန်းတဲ့ဟာကို ဇောက်ထိုးတွေ ဆွဲထားတာ။ တကယ့် Sprinkler တော့ မဟုတ်ပါဘူး။ Sprinkler ဆိုတာက အလိုအလျောက် ရေဖျန်းတဲ့ စနစ်နဲ့ပါ။ မီးလောင်ရင် အလိုလို ငြှိမ်းသတ်တဲ့ ကိရိယာပါ။ အခု တပ်ဆင်ထားတာက ရေလွှတ်ပေးမှ ပက်ဖျန်းရတဲ့ ကိရိယာပါ။ မီးသတ်က အကြံပြု တပ်ဆင်ထားတဲ့ Sprinkler မဟုတ်ပါဘူး” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောကြားသည်။

မင်္ဂလာဈေး မီးလောင်မှုနှင့် ပတ်သက်၍ စုံခုံဖွဲ့၍ စစ်ဆေးနေပြီး ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးမှ ဥက္ကဋ္ဌ၊ မီးသတ်အရာရှိများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများဖြင့် တိကျစွာ ဖော်ပြရန် စစ်ဆေးလျက်ရှိပြီး ယင်းနှင့်ပတ်သက်၍ အစီရင်ခံစာကို ဇန်န၀ါရီ ၁၈ ရက်နောက်ဆုံးထား၍ တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။

အလိုအလျောက် ရေဖျန်းစနစ် တပ်ဆင်ရေးမှာ မီးသတ်ဦးစီးဌာနမှ အကြံပေးလို့သာ ရခြင်းကြောင့် တပ်ဆင်ခြင်း ရှိ၊ မရှိ အပိုင်းမှာ ဆောက်လုပ်ရေးနှင့် ဈေးအပိုင်းသာ ဖြစ်ကြောင်း သိရသည်။ ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီခွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့် အနီးရှိ အဆင့်မြင့် မင်္ဂလာဈေး မီးလောင်မှု ဖြစ်ခဲ့ပြီး မီးလောင်မှုအား မီးသတ်ယာဉ်ထွက် Level-5 အဖြစ် သတ်မှတ်ကာ မြို့နယ်အသီးသီးမှ မီးသတ်ကား ၅၉ စီး၊ ရေသယ်ယာဉ် ၂၇ စီး၊ လှေကားတင်ယာဉ် လေးစီး၊ Water Tower နှစ်စီး၊ အထောက်အကူပြုယာဉ် ခုနစ်စီးနှင့် လူနာတင်ကား ၁၉ စီးဖြင့် ပါဝင် ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် မင်္ဂလာဈေး တတိယထပ်ရှိ ဆိုင်ခန်း ၇၉၁ ခန်း၊ စတုတ္ထထပ်ရှိ ၇၉၇ ခန်းနှင့် ပဉ္စမထပ်ရှိ ဆိုင်ခန်း ၄၈ ခန်း မီးလောင်ကျွမ်းခဲ့ကာ စုစုပေါင်း ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။   Ref - Eleven news

Writer:
အောင်ထက်ခိုင်

အထီးကျန်ဘဝကိုအဆုံးသတ်စေရန် ကော်ရုပ်နဲ့ လက်ထပ်တဲ့အမျိုးသား







အသက်(၄၀)နှစ်အရွယ် ဆိုရင် အတော်များများက နွေးထွေးတဲ့ မိသားစုနဲ့အတူ ပြည့်စုံတဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပြီ ဖြစ်ပါတယ်။


ဒါပေမဲ့ အသက် (၄၀)အရွယ် မီစတာဒက် အတွက်တော့ ကွဲပြားခြားနားသွားပါတယ်။ သူ့ဘဝတစ်လျှောက် လက်တွဲဖော်ဟာ အများသူငါလို လူတစ်ယောက် မဟုတ်ဘဲ အသက်မဲ့တဲ့ ကော်ရုပ်တစ်ရုပ်ဖြစ်နေလို့ပါ။

မီစတာဒက်ဟာ အရင်ကတော့ မိန်းကလေးတစ်ယောက်နဲ့ မင်္ဂလာဆောင်ပြီး ကလေး ရှိခဲ့ဖူးပေမဲ့ အဲဒီ အမျိုးသမီးနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာတော့ သူဟာ အဖော်မဲ့အထီးကျန်ဘဝကို ဖြတ်သန်းနေရတာပါ။


သူ့အနေနဲ့ အထီးကျန်ဆန်တဲ့ ဘဝကို ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် လူတစ်ယောက် အရွယ်အစားရှိပြီး အလေးချိန် (၅၀)ကီလိုရှိတဲ့ ကော်ရုပ်တစ်ရုပ်ကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီအရုပ်မလေးကို ကြယ်နီလို့ နာမည်ပေးထားပြီးတော့ လူသားတစ်ယောက်လိုပဲ ဆက်ဆံတယ်လို့ ဆိုပါတယ်။

ကြယ်နီဟာ သူ့ဘဝရဲ့ အရာရာ အားလုံး ပိုင်ဆိုင်သူဖြစ်လာပြီး သူအခန်းထဲမှာ နေတဲ့အချိန် ထိုင်နေတာပဲ ဖြစ်ဖြစ် အိပ်နေတာပဲ ဖြစ်ဖြစ် ကြယ်နီကို အနားမှာ အမြဲထားတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့တိုင်း ရေချိုးပေးတာက ကြယ်နီရဲ့အသားအရေကို ပိုပြီး နူးညံ့စေတယ်လို့ ဒက်က ဆိုပါတယ်။

နောက်ဆုံးမှာတော့ ဒက်ဟာ ကြယ်နီကို မင်္ဂလာဆောင် ဆွဲကြိုးပေးပြီး မင်္ဂလာဆောင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

(၄)နှစ်ကြာ အတူလက်တွဲနေခဲ့ပြီးတဲ့နောက် မီစတာဒက်က ဂျာမန်လူမျိုး ဆန်တာဟွန်ဆိုတဲ့ ဓာတ်ပုံဆရာကို လူနဲ့ကော်ရုပ် ချစ်သူဘဝရဲ့ နေ့စဉ်နေထိုင်တဲ့ ပုံစံကို သူ့မျက်နှာ မဖော်ပြဘဲ ဓာတ်ပုံ ရိုက်ကူးခွင့် ပြုခဲ့ပါတယ်။

ဒီဓာတ်ပုံတွေအရ ဒက်က ကြယ်နီကို သူ့အချစ်ဆုံး မိန်းကလေးလို ပြုမူတာကို တွေ့ရပါတယ်။ ကြယ်နီကို ဒက်က အလှပြင်ပေးတာ၊ ရေချိုး အဝတ်အစား လဲပေးတာနဲ့ ပွေ့ဖက်ခြင်းကို ချစ်သူတစ်ယောက်လိုပဲ ကြင်ကြင်နာနာ ပြုမူတာကို တွေ့ရပါတယ်။


ဒက်က လူတွေအနေနဲ့ သူတို့သံယောဇဉ်ကို နားလည်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တခြား စုံတွဲတွေနဲ့ မခြား ဒက်က ကြယ်နီကို ချစ်သလို ကြယ်နီကလည်း သူ့ကိုချစ်တဲ့ အသက်ဝိဥာဉ်ရှိတဲ့ လူတစ်ယောက်လိုပဲ ခံစားရတယ်လို့ ဆိုထားပါတယ်။

ဘာသာပြန်။  ။ နန်းမောက်ကွမ်

လိပ်ကျွန်းတွင် အသတ်ခံရသည့် ဟန်နာ၏အစ်မ လော်ရာကို တရားစွဲရန် ထိုင်းရဲတပ်ဖွဲ့ စီစဉ်




လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဟန်နာ ၀ှစ်သာရစ်ရဲ့ အစ်မ လော်ရာက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေအပေါ် ထိုင်းရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ အရေးယူရန် စဉ်းစားနေတယ်လို့ ဆိုပါတယ်။

လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားတဦး သေဆုံးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက်မှာ လော်ရာက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ မိသားစုဝင်တွေအပေါ် ဆက်ဆံမှုတွေကို ဝေဖန်ရေးသားခဲ့သလို လျော်ကြေးပေးဖို့ ကမ်းလှမ်းပြီး ခြိမ်းခြောက်ခံရတဲ့ ဖြစ်ရပ်တွေကို ရေးသားခဲ့ပါတယ်။

ဒီရေးသားချက်ကို ဗြိတိန်သတင်းတွေက ဖော်ပြခဲ့အပြီး ဇန်န၀ါရီ ၁၁ ရက်မှာတော့ လော်ရာက ရေးသားချက်ကို ပြန်လည်တည်းဖြတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ချပ်သစ်ချိုင်ဂျင်ဒါကတော့ နိုင်ငံတကာ မီဒီယာတွေ အကျယ်တ၀င့် ရေးသားဖော်ပြခဲ့တဲ့ လော်ရာရဲ့ စွဲဆိုချက် အပြစ်ရှိမရှိ သေချာစစ်ဆေးဖို့ သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားထားတယ်လို့ ဇန်န၀ါရီ ၁၃ ရက်မှာ မီဒီယာတွေကို ပြောဆိုခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။

ဇန်န၀ါရီ ၁၄ ရက်မှာတော့ လော်ရာဟာ တင်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်ကို ဖျက်သိမ်းလိုက်သလို သူ့ရဲ့ ဖေ့ဘွတ်စ်စာမျက်နှာဟာလည်း ရှာဖွေမရဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။

FMI City မှာ ဓါးထောက် အဓမ္မပြုကျင့် လုယက်သွားသူအား ဖမ်းဆီးရမိ



ဓါတ်ပုံ - Yangon Police (facebook)
ရန်ကုန်၊ ဇန်န၀ါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ဓါးထောက်ကာ သားမယားအဖြစ် ပြုကျင့်ပြီး လုယက်သွားသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၂၇)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန် လိုက်ပါသည်။

၁၂.၁.၂၀၁၆ ရက်နေ့ ၁၂၃၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ (၄)ရပ်ကွက်၊ FMI City (ပဒေသာပင်မြို့တော်)၊ ယမင်းရွှေဝါလမ်းရှိ နေအိမ်တွင် အိမ်ရှင်ဖြစ်သူမှာ ဆေးခန်းတွင်ရှိနေပြီး အိမ်အကူဖြစ်သူ မ---- မှာ နေအိမ်တွင် ရှိနေစဉ် အမည်မသိ၊ အသက်(၂၇)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး အိမ်အကူဖြစ်သူ မ---- အား ဓါးဖြင့်ထောက်ကာ ရတနာပစ္စည်းများ ထားသည့်နေရာ အား ခြိမ်းခြောက်မေးမြန်းခဲ့သဖြင့် အိမ်အကူမှကြောက်လန့်၍ မီးခံသေတ္တာအား ဖွင့်ပေးလိုက်ရကြောင်း၊ မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် မြန်မာငွေရောရာ စုစုပေါင်းတန်ဖိုး ကျပ်(၂၃၁၁၁၅၀၀)အား ယူဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူမှ အိမ်ဖော် မ---- အား သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် သားမယားအဖြစ်ပြုကျင့်ပြီး လုယက်သွားသူအား ဖော်ထုတ် အရေးယူပေးရန် ယင်းနေ့ ၂၁၄၀ အချိန်တွင် တိုင်တန်းခဲ့သဖြင့် လှိုင်သာယာ မြို့မရဲစခန်း(ပ)၆၅/၂၀၁၆၊ ပုဒ်မ-၃၈၆/၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
ခဲ့ပါသည်။

အဆိုပါ အမှုအား ဖော်ထုတ် ရရှိရေး အတွက် အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်သို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ပြီး မသင်္ကာသူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ လှိုင်သာယာမြို့နယ်နေ သက်ယုဇော်၊ (၃၀)နှစ်အား ၁၄.၁.၂၀၁၆ ရက်နေ့ ၀၀၄၅ အချိန်တွင် ရန်ကုန်၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ပါဆုံးသွားသော သက်သေခံ ပစ္စည်းများနှင့် ပြစ်မှု ကျူးလွန်သူအား အမှုလာရောက်တိုင်တန်းပြီး (၂၇)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

မိုဘိုင်းဖုန်းသုံးခြင်းကြောင်ဖြစ်ပေါ်နိုင်တဲ့ရောဂါများ




သူတို့အိတ်ကပ်ထဲက မိုဘိုင်းလ်ဖုန်း vibrate ဖြစ်တယ်လို့ ထင်မှတ်မှားစေတဲ့ 'phantom vibration symdrome' ရောဂါ ခံစားကြတယ်လို့ ဆိုပါတယ်။

Georgia Institute of Technology မှ အတွေးအခေါ်ပညာရှင်နဲ့ လက်ထောက် ပါမောက္ခ Dr Robert Rosenberger က ဒီအဖြစ်ဟာ ကိုယ်ခန္ဓာ အလေ့အကျင့်အစွဲများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဖုန်းကို အိတ်ကပ်ထဲ ထည့်သိမ်းထားခြင်းဟာ မျက်မှန်တပ်နေရသလို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။ ဒါ့ကြောင့် ရှိလို့ရှိမှန်းမသိဘဲ အရမ်းမေ့တတ်ကြတယ်လို့ သုတေသနက ဖော်ပြထားပါတယ်။

မိုဘိုင်းလ်ဖုန်း တုန်ခါမှုကို အဝတ်အစားနဲ့ အသား ပွတ်တိုက်မိသလိုမျိုး လူတွေ ထင်မှတ်ကြတော့တယ်။ ဒါပေမယ့် အဲဒါဟာ စိတ်အာရုံချောက်ချားမှု တစ်ခု ဖြစ်နေတယ်လို့ ယင်းပါမောက္ခက ပြောဆိုခဲ့ပါတယ်။

ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ သူက ဘွဲ့မရသေးသော တက္ကသိုလ်ကျောင်းသူ/သားများအား လေ့လာမှုပြုရာ ၉၀% က phantom vibration ခံစားကြတယ်လို့ ဆိုပါတယ်။

အီးမေးလ်နဲ့ စာတိုပေးပို့ခြင်းများကအပါအဝင် နည်းပညာအမျိုးမျိုးတို့ကြောင့် အခုခေတ်မှာ လူတွေ စိုးရိမ်မှုများ အရမ်းများပြီး စိတ်ဂနာမငြိမ် ပိုဖြစ်ကြတယ်လို့ Dr Rosenberger က ဆိုပါတယ်။

မိန်းမတွေနဲ့ပတ်သတ်ပြီးစိတ်ရှုပ်စရာ(၇)ချက်






၁။ မိန်းမတွေဟာ ပိုက်ဆံစုဖို့ကို ယုံကြည်တယ်။

- ၂။ ပိုက်ဆံစုဖို့ယုံပေမယ့် ဈေးကြီးတဲ့အ၀တ်အစားတွေဝယ်တယ်။

- ၃။ ဈေးကြီးတဲ့အ၀တ်အစားတွေ ၀ယ်ထားပေမယ့်လည်း ၀တ်စရာရယ်လို့ ဘယ်တော့မှ မရှိပြန်ဘူး။

- ၄။ ၀တ်စရာမရှိဘူးဆိုပေမယ့်လည်း အမြဲတမ်း လှလှပပ၀တ်ကြပြန်ရော။

- ၅။ အမြဲတမ်း လှလှပပ၀တ်ထားပေမယ့်လည်း ဘယ်တော့မှ စိတ်ကျေနပ်တယ် မရှိပြန်ဘူး။

- ၆။ စိတ်ကျေနပ်မှုမရှိပေမယ့်လည်း ယောင်္ကျားတွေချီးမွမ်းတာကို ခံယူချင်တယ်။

- ၇။ ယောင်္ကျားတွေချီးမွှမ်းတာကို နှစ်သက်ပေမယ့်လည်း ချီးမွှမ်းလိုက်ရင် မယုံပြန်ဘူး။
- ရှုပ်ရှက်ကိုခတ်နေတာပါပဲ။

Credit: ထူးခြားဖြစ်စဉ်

အသွင်မတူ အိမ်သူမဖြစ်




အသွင်မတူတဲ့ သူနှစ်ဦးဟာ ပေါင်းစပ်လို့မရဘူးတဲ့ ရှေးစကားကြားဖူးတယ်။ အသွင်မတူရင် ရေရှည်မမြဲဘဲ ကွဲကြတာပါပဲ။ ရည်းစားဘဝမှာ ကွဲရင်ကွဲ ၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ဘက်တွေဖြစ်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အကြောင်းပိုသိလေ ရေရှည်ရှေ့ဆက်ဖို့ ညှိနှိုင်းဆက်ယှက်လို့မရတော့ဘဲ လမ်းခွဲကြတာပါပဲ။ ဘယ်အချိန်မှာဘဲ လမ်းခွဲရပါစေ ချစ်လက်စမကုန်သေးရင်တော့ ချစ်နေသူတွေဟာ ချစ်အရိပ်တွေ လွမ်းဆွတ်သတိရပြီး ကြေကွဲဝမ်းနည်းကြရတာပေါ့။

ခံစားမှုတွေ နုနယ်သေးတဲ့ ဆယ်ကျော်သက် ၊ နှစ်ဆယ်ကျော်အရွယ်လေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲရတဲ့အခါ ဘာမှမလုပ်ချင် ၊ မကိုင်ချင် ၊ စားမဝင်လောက်အောင် အသည်းကွဲဝေဒနာကို ခံစားကြရတယ်။ သုံးဆယ်ကျော် ၊ လေးဆယ် အရွယ်အတိုင်အောင် ချစ်တတ်တဲ့သူတွေက ခံစားမှုတွေ ပြင်းထန်လေ့ရှိပါတယ်။ ဒီလိုအချိန်တွေဟာ ကုန်ဆုံးဖြတ်သန်းဖို့ အတော်ခက်ခဲတဲ့အချိန်တွေပါပဲ။ အချိန်က ကုစားသွားလိမ့်မယ်ဆိုတဲ့တိုင် အဲဒီအချိန်တွေဟာ မျက်ရည်တွေအဖော်ပြုနေတဲ့အချိန်တွေပါပဲ။

အသွင်မတူ အိမ်သူမဖြစ်ဆိုတာကို တွေးကြည့်လိုက်မယ်ဆိုရင် သူနဲ့ကိုယ် ဖူးစာမပါလို့ ၊ ကြောင်းကျိုး မတိုက်ဆိုင်လို့ အခုလမ်းခွဲလိုက်တာဟာ ဇတ်မြောကြီးအတိုင်း မပျော်မရွှင် သွားနေရတာထက် ပိုသာပါတယ်။ အနည်းဆုံးတော့ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးခွင့်ရှိသေးတယ်လေ။ ရည်းစားနဲ့ပြတ်လို့ အသည်းကွဲနေရင် ကိုယ့်အပေါ် တကယ်ချစ်ပြီးကြင်နာတဲ့သူ ၊ အခုခွဲလိုက်ရတဲ့ ရည်းစားဟောင်းထက် ပိုသာတဲ့သူ ရနိုင်ဖို့ အခွင့်အရေးရှိသေးပါလားလို့ အကောင်းဘက်က မြင်ကြည့်လိုက်ပါ။ လောကမှာ ယောက်ျားဆိုလို့ သူတစ်ယောက်တည်းရှိတာမှ မဟုတ်ပဲနော်။

အိမ်ထောင်ပြတ်စဲတယ်ဆိုတာ လုံးဝ သည်းမခံနိုင်လွန်းမှသာ တည်ထားတဲ့အိမ်ထောင်က ရုန်းထွက်ပြတ်စဲပြီး သူ့လမ်းသူလျှောက် ၊ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။ အိမ်ထောင်ကွဲတဲ့အမျိုးသမီးတွေ မိဘဆွေမျိုး ၊ မောင်နှမသားချင်း ၊ မိတ်ဆွေသူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်ဝန်းအကြည့်တွေ ၊ လိုသလို မလိုသလို အပြောတွေ ၊ အပြုအမူတွေကို ရင်ဆိုင်နိုင်ဖို့ ခွန်အားမွေးရဦးမယ်။ သားသမီးတွေရှိနေရင် သားသမီးတွေ မျက်နှာမငယ်ဖို့ ကြိုးစားရဦးမယ်။ ကိုယ့်ခံစားချက်ကတမျိုး ၊ အားငယ်စိတ်ကတဖုံ ၊ ဘေးပယောဂတွေဒဏ် ရင်ဆိုင်နိုင်ဖို့ မာန်တင်းရတာနဲ့ စိတ်ရော ၊ လူပါ ပင်ပန်းလှပါတယ်။ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့။ ကိုယ်ဟာ မီးဖိုပေါ်က ဖားသူငယ်ထက်တော့ အများကြီးသာတယ်လေ။

မီးဖိုပေါ်မှာ ရေထည့်ထားတဲ့အိုးထဲကို ဖားအရှင်တွေထည့်ကြည့် ၊ ပထမရေအေးအေးလေးနဲ့မို့ သူတို့ဟာ မီးဖိုပေါ် ရောက်နေကြမှန်းမသိဘူး။ မီးအရှိန်ကြောင့် ရေအေးကနေ နွေးနွေးလေးဖြစ်လာလည်း သူတို့ဟာ မီးမြှိုက်ခံနေရတယ်ဆိုတာကို နားမလည်နိုင်သေးဘူး။ ဒီလိုနဲ့ရေဟာ ပူသထက်ပူလာပြီး လုံးဝမခံနိုင်လောက်တဲ့ အပူချိန်ရောက်မှ ရေနွေးအိုးထဲမှာ သူတို့ မီးမြှိုက်ခံနေရတယ်ဆိုတာကို သိရချိန် အရာရာ နောက်ကျသွားခဲ့ပြီလေ။ အရှင်လတ်လတ် အပြုတ်ခံလိုက်ရတာပေါ့။ ဒါဟာ မှားယွင်းတဲ့ အိမ်ထောင်ရေးထဲက အိမ်ထောင်သည်တွေအတွက် နမူနာယူစရာပါပဲ။

လူဆိုတာ ကိုယ့်အခြေအနေကို အမြဲသုံးသပ်တတ်ဖို့လိုတယ်။ အေးရာက ပူလာရင် ပူလာတဲ့အကြောင်းကို ဆန်းစစ် အဖြေရှာသင့်တယ်။ ပူသထက်ပူလာပြီ ၊ ထပ်အေးသွားဖို့ မရှိဘူးဆိုရင် ပွက်ပွက်ဆူတဲ့အထိ မစောင့်နေသင့်ဘူး။ ဘယ်အချိန်မှာ မီးဖိုပေါ်တင်ထားတဲ့ အိုးထဲက ခုန်ထွက်သင့်တယ်လို့ အမြဲချိန်ဆသင့်တယ်။ ကိုယ့်ခံနိုင်ရည်ထက် ကျော်လွန်လာသည့်တိုင် ရုန်းထွက်မှုမလုပ်ရင် မီးဖိုပေါ်ကဖားလို အရှင်လတ်လတ် အပြုတ်ခံရသလိုမျိုး ဒီတဘဝတာမှာ ဒီလိုစိတ်ဆင်းရဲမှုတွေနဲ့ (တိုးပြီးတော့လည်း စိတ်ဆင်းရဲနိုင်သေးတယ်) ရှေ့ဆက် စခန်းသွားရပေဦးမှာပေါ့။

ကိုယ်တွေရဲ့ဆက်ဆံရေးဟာ အရင်လို သာသာယာယာမဟုတ်တော့ဘဲ တကျက်တကျက်ဖြစ်တဲ့အကြိမ်အရေအတွက်ဟာ အပတ်စဉ်ကနေ နေ့စဉ် နောက် မျက်နှာချင်းဆိုင်တာနဲ့ စကားများရန်ဖြစ် သာယာမှုတွေ မရှိတော့ဘူးဆိုရင် ဒီလိုလူနဲ့ ကျန်နေသေးတဲ့ ကိုယ့်သက်တမ်းတလျှောက် နေ့စဉ်နဲ့အမျှ အတူနေထိုင်သွားမှာလားလို့ ရေရှည်ကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒီလိုစဉ်းစားတဲ့နေရာမှာ တနေ့ပဲဖြစ်ဖြစ် ၊ တလပဲဖြစ်ဖြစ် ၊ တနှစ်ပဲဖြစ်ဖြစ် စောရင်စောသလောက် ကိုယ့်အတွက် ကံကောင်းနေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ပြန်ရှာဖွေခွင့် ခပ်စောစောလေး ရနိုင်မှာမို့လို့ဖြစ်ပါတယ်။ နောက်လူထားမှာတွေ ၊ နောက်လူယူမှာတွေကို လောလောဆယ်မစဉ်းစားဘဲနဲ့ ကိုယ့်ပျော်ရွှင်မှု ကိုယ်ရယူနိုင်သေးတယ်လို့တွေးပါ။ လွတ်လပ်စွာ ပျံသန်းနိုင်သေးတယ်။ အနည်းဆုံးတော့ နေ့တဓူဝ စိတ်ဆင်းရဲမှုတွေ ပေးတဲ့သူနဲ့ မဆက်ဆံရတော့ဘူးလေ။

တိုးတက်တဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုခံစားနေရတဲ့ မိန်းမသားတွေကို ကာကွယ်မှု အပြည့်အဝပေးကြတယ်။ အကြောင်းအချက်အလက်ခိုင်လှုံရင် အမျိုးသမီးကို ကိုယ်စိတ်ဆင်းရဲအောင် ခြောက်လှန့်တတ်တဲ့အမျိုးသား ၊ ပြုမူတတ်တဲ့အမျိုးသား (ရည်းစား သို့မဟုတ် ခင်ပွန်း)ကို အဲဒီအမျိုးသမီးရဲ့ ဘယ်လောက်အကွာအဝေးအထိ မလာရဘူးလို့ ကာလအတိုင်းအတာအထိ ခံဝန်လက်မှတ်ထိုးခိုင်းတယ်။ ဒါကိုချိုးဖောက်ရင် ထောင်ဒဏ် ၊ ငွေဒဏ်ကျခံရတယ်။ ဆိုလိုတာက အမျိုးသမီးတွေဘက်ကနေ ဥပဒေက ရပ်တည်မှုပေးတယ်။

မြန်မာနိုင်ငံမှာကျတော့ ဆိုးတဲ့အမျိုးသားကို ရည်းစားတော်မိရင် ၊ ခင်ပွန်းတော်မိရင် တဘဝစာ ကြောက်နေရသလို ဘဝသေသွားတတ်တယ်နော်။ တကယ်ဥပဒေကျူးလွန်နေတဲ့ ထင်ထင်ရှားရှားပြစ်မှုရှိနေသူတွေတောင် ပြစ်ဒဏ်ချဖို့ကို လိုတမျိုး ၊ မလိုတမျိုးတွေအပြင် လွတ်ငြိမ်းချမ်းသာခွင့်တွေက လိုရင်လိုသလိုပေးနေတော့ ဥပဒေက အမျိုးသမီးတွေကို အပြည့်အဝ အကာအကွယ်မပေးနိုင်သေးတဲ့ ကာလတလျောက်လုံး ကိုယ့်အန္တရာယ်ကိုယ် သတိရှိရှိ ၊ ဥာဏ်ရှိရှိနဲ့ ဆုံးဖြတ်နေထိုင်ရမှာပဲပေါ့။

နင်နဲ့ နင့်မိသားစုကို ဘာလုပ်လိုက်မယ် ၊ ဘာဖြစ်သွားမလဲ စောင့်ကြည့်လိုက်ဆိုတဲ့စကားက ဒီဘဝကြီးကနေ ရုန်းမထွက်နိုင်အောင် ၊ သူ့စိတ်တိုင်းကျ ကိုယ့်ကို လုပ်ချင်သလိုလုပ်ခွင့်ရအောင် တဘဝလုံး ပေးဆပ်လိုက်ရမလိုကြီးနော်။ အမျိုးသမီးတွေဟာ ရည်းစား ၊ ခင်ပွန်းအဖြစ် စဉ်းစားမယ့် အမျိုးသားကို ကြောက်လို့လည်း ခေါင်းမငြိမ့်ပါနဲ့ ၊ မလွန်ဆန်နိုင်လို့လည်း ခေါင်းမငြိမ့်ပါနဲ့။ လက်မှတ်တခုနဲ့ ၊ သဘောတူညီမှုတခုဟာ ကိုယ့်တဘဝလုံးကို ဝါးမြိုသွားနိုင်တယ်လေ။

တခါတလေကျတော့ အမျိုးသားတွေက မခြိမ်းခြောက်လိုသည့်တိုင် အမျိုးသမီးတွေက “အပြစ်မမြင်ပါဘူး ….. ချစ်ချင်တာပဲသိတဲ့နောက်မှာ …. ဖြစ်သမျှဟာအကောင်းပဲပေါ့” ဆိုတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းစာသားထဲကလို သူဘယ်လောက်ဆိုးဆိုး ၊ မကြင်နာပစေ ၊ ပစ်ခါပစေ အပြစ်မမြင်ဘူး ချစ်မြဲချစ်လျက် ချစ်ချင်နေတုန်း ၊ ဘဝကို နှစ်ယောက်အတူ တည်ဆောက်လိုဆဲပဲ ဆိုသူတွေလည်း ရှိတတ်ပါတယ်။ သူများတွေကိုတင် ပြောနေတာမဟုတ်ဘူး။ ကိုယ်ဖြစ်ခဲ့ဖူးတာကို ကိုယ်ပြောတာ။ အဲဒီအချိန်တုန်းက အသည်းအသန်ခံစားခဲ့ရတဲ့ အကြောင်းတွေ အခုများပြန်တွေးရင် ရယ်စရာကြီးကို ဖြစ်နေတော့တာပေါ့။

ကျွန်မအခု အိမ်ထောင်ရေးသာယာတယ်။ ခင်ပွန်းကောင်းကိုရထားတယ်။ ဇနီးကောင်း ၊ မိခင်ကောင်းဘဝမှာကျေနပ်တယ်။ ဒါတွေမတိုင်ခင်က ကျွန်မကိုယ်တိုင်လည်း (ယခု ကျွန်မခင်ပွန်းမဟုတ်သူအတွက်) ပြင်းပြင်းထန်ထန် ဆယ်စုနှစ်တခုလောက် အသည်းကွဲဖူးတယ်ဆိုရင် အံ့သြသွားကြမလား။ ကျွန်မက ကျွန်မကိုယ်ကျွန်မနဲ့ယှဉ်ပြီး အတွေ့အကြုံနုနယ်သေးတဲ့ မိန်းကလေးတွေ ဘဝမနစ်မွန်းဖို့ အကြံပေးချင်တာပါ။ လက်ခံတာ ၊ လက်မခံတာကတော့ သူ့အပိုင်းပေါ့လေ။

အချစ်ဆိုတာ လိုက်လေ ပြေးလေတဲ့။ ဒီအတိုင်းပဲ ကိုယ်ကအလျှော့ပေးချစ်လေ တဖက်က ကိုယ့်အချစ်ကို တန်ဖိုးမထား အနိုင်ယူလေပဲ။ လွယ်လွယ်မြင်အောင်ပြောမယ်ဆို ရှားပါးတဲ့ပစ္စည်းပေးသည့်တိုင် ပေါပေါလေးရနေတော့ တန်ဖိုးမထားတတ်တာမျိုးလိုပေါ့။ ငွေတွေ ပေါချင်းသောချင်း မလိုချင်လောက်အောင်ရနေတော့ ရနေတဲ့ငွေအပေါ် တန်ဖိုးထားမှုသိပ်မရှိတော့ဘဲ ပေါ့ပေါ့လေးသုံး ၊ မလိုရင် ပစ်ထားလိုက်တာမျိုးပေါ့။

ကိုယ်က တကယ့်အချစ်စစ် ၊ အချစ်မှန်နဲ့ ချစ်မြတ်နိုးပြီး ပေးဆပ်နေသည့်တိုင် တန်ဖိုးမထားတတ်သူတွေက ကိုယ့်အချစ်ကိုလည်း တန်ဖိုးမထား ၊ ကိုယ့်ကိုလည်း တန်ဖိုးမထား ၊ ကိုယ့်ပေးဆပ်မှုဆိုတာတွေလည်း မျက်ကွယ်ပြုလို့ ဒီ့ထက်ဆိုးတဲ့အခြေအနေမှာ အပြစ်တွေတင် ၊ မကျေမနပ်တွေဖြစ် ၊ နှစ်ဦးစကားဆုံတိုင်းရန်ဖြစ်ကြရတာ ဘာကြောင့်များလဲကွယ်။ သူဟာ ကိုယ့်ကိုတန်ဖိုးမထားလို့ပေါ့။

လူ့သဘာဝအရ လူဟာ ကိုယ့်ကိုယ်ကိုအချစ်ဆုံးပါ။ ကိုယ်ပေးဆပ်သလောက်ပြန်မရလေ ဒီဘဝကြီးကို စိတ်နာလေ ၊ ဒီလူကိုစိတ်နာလေ ဒီလူနဲ့လည်းမခွဲနိုင် ၊ ရနေတဲ့ဘဝကြီးကိုလည်းမကျေနပ်နဲ့ မီးဖိုပေါ်က ဖားသူငယ်တွေလို တဘဝလုံးထိုးအပ်လို့ ပေးဆပ်လိုက်တော့မှာလား။ ဒါကတော့ ကိုယ့်ဆုံးဖြတ်ချက်ပေါ့။ သည်းမခံနိုင်တဲ့အဆုံးမှာ လမ်းခွဲလိုက်ပါ။ ခံတော့ ခံစားရမှာပေါ့။ ဒီခံစားမှုတွေကို အချိန်က ကုစားသွားပါလိမ့်မယ်။

သူနဲ့ရှေ့ဆက်လျှောက်မယ့် ဘဝခရီးကို စိတ်ကူးယဉ်ထားနှင့်သူမို့ သူနဲ့လမ်းခွဲလိုက်တဲ့အခါ (ကွဲကွာသွားတဲ့အခါ)မှာ သူမပါတဲ့ ကိုယ့်ဘဝကြီးထဲ ကိုယ့်ဘာသာနေပျော်ဖို့ ကျင့်ယူလိုက်ပါ။ အိမ်ထောင်ကွဲလို့ သားသမီးတွေကျန်ခဲ့ရင် မိဘတွေအဆင်မပြေကြလို့ စိတ်ဒဏ်ရာနဲ့ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေမဖြစ်လာတာပဲ ကျေးဇူးတင်ရမှာပေါ့။ အဖေ့နေရာကနေတိုးလို့ ဂရုစိုက်ရုံရှိတာပေါ့။ စိတ်လေနေတဲ့အချိန် ၊ စိတ်ဓါတ်ကျနေတာတွေ နည်းသထက်နည်းနိုင်အောင် အာရုံလွှဲနိုင်အောင်ကြိုးစားပါ။ အာရုံမစိုက်နိုင်လည်း ကိုယ့်ကျွမ်းကျင်ရာ ၊ ဝါသနာပါရာတွေကို အဆင့်မြှင့်တင်နိုင်ဖို့ လေ့လာရင်း အချိန်ကုန်ဆုံးစေပါ။ ဒီအခါ ဝမ်းနည်းတဲ့ ခံစားမှုကြီးနဲ့ ၊ ကြွေကွဲနေတဲ့စိတ်တွေဟာ ပါးလာတာ ၊ ဖြေလျော့လာတာတွေ အချိန်နဲ့အမျှ သတိထားမိမှာပါ။ ဝမ်းနည်းကြေကွဲစိတ်ကိုပဲ အလေးပေးနေရင် ဒါနဲ့ပဲ အချိန်တွေကုန်ပြီး ကိုယ့်ဘဝအတွက် အရည်အသွေးမြှင့်တင်ဖို့ အာရုံမထ

အချစ်စစ်ဟာ အချိန်အလိုက် ပြောင်းလဲသွားရိုး ထုံးစံမရှိပေမယ့် အချိန်က အချစ်ကိုပြောင်းလဲလိုက်တာပါ။ ငယ်ငယ်တုန်းက ငယ်နုတဲ့အတွေ့အကြုံနဲ့ ဒီအချစ်ဆိုတာကို ရူးရူးမူးမူးခံစားခဲ့ပေမယ့် အချိန်တွေပြောင်းလဲလို့ အသက်တွေရလာတဲ့အခါမှာ ရင့်ကျက်လာတဲ့အတွေ့အကြုံတွေက ရင့်ကျက်မှုပေးတဲ့အချစ် ၊ နားလည်မှုပေးနိုင်တဲ့သူကိုပဲ လိုအပ် တောင့်တလာပါတယ်။ ဟိုတချိန်က အသည်းကွဲဒဏ်ရာကို နည်းအမျိုးမျိုးနဲ့ ဆယ်စုနှစ်လောက် ကုစားခဲ့ရတဲ့ကျွန်မ အခုလို သာယာတဲ့အိမ်ထောင်ရေးကိုရနေချိန်မှာ ငါဟိုတစ်ယောက်နဲ့ အိမ်ထောင်မကျတာ (လမ်းခွဲခဲ့ရတာ) အတော်ကံကောင်းပါလား ။ ငါ့ဆုံးဖြတ်ချက်မှန်ကန်လှပါလားလို့ အမြဲကျေနပ်မိတယ်။

ဖန်ဆင်းရှင်တစ်ဦးက အတိတ်ကိုပြန်ပြင်ပေးမယ်ပြောသည့်တိုင် ကျွန်မဟာ ကျွန်မအတိတ်ကို ဒီအတိုင်းမပြောင်းမလဲရှိစေမှာပါ။ လူဆိုတာ ခါးသည်းမှုဆိုတာကိုလည်း ရင့်ကျက်တဲ့အတွေ့အကြုံရှိဖို့ လိုအပ်တယ်လေ။ ဒီလိုခါးသည်းမှုတွေ ၊ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်မှ ရင့်ကျက်တဲ့အသိဥာဏ်နဲ့ အတွေးအခေါ်တွေကို ရလာတာမဟုတ်လား။

ဟိုအရင်အချိန်ကိုပြန်သွားရင် အဲဒီအရွယ်တုန်းက အဲဒီလူကို အဲဒီခံစားမှုအတိုင်း ပြန်ခံစားနေဦးမှာဖြစ်ပေမယ့် ဒီလူ အခုအချိန်မှာ ကျွန်မရှေ့ပေါ်လာရင်တောင် အချိန်တွေပြောင်းလဲသွားခဲ့ပြီမို့ ဘာမှခံစားရတော့မှာမဟုတ်ဘူး။ လူချင်းတော့ အတူတူပဲနော်။ ခံစားမှုတွေကို အချိန်ကပြောင်းလဲလိုက်တာပါ။ ဆယ်ကျော်သက်ခံစားမှုနဲ့ ဘဝအတွေ့အကြုံ ၊ လောကဓံတွေဟာ ရင့်ကျက်လာတဲ့အရွယ်မှာ ခံစားရတဲ့ ခံစားချက်ချင်း မတူနိုင်တော့ဘူး။ မတူသင့်တော့ဘူး။ အချိန်တွေပြောင်းလဲလာတာနဲ့အမျှ ရင့်ကိုရင့်ကျက်လာရမှာလေ။

အတွေ့အကြုံနဲ့ ခံစားချက်တွေ ၊ အတွေးအခေါ်တွေ ရင့်ကျက်လာတဲ့အခါ ကိုယ့်ကို စိတ်ဒဏ်ရာပေးခဲ့တဲ့သူကိုတောင် သူ့ကြောင့် ဒီခံစားမှုတွေရခဲ့ပါလား ၊ ဒီကနေသင်ယူခွင့်ရခဲ့ပါလားလို့ သူ့ကို ကျေးဇူးတောင်တင်မိတယ်။ ဒီလိုလူမျိုးနဲ့ကြုံဖူးမှ ဒီလိုလူမျိုးနဲ့နောက်မကြုံဖို့ သတိထားတတ်လာမှာပေါ့။ မီးဟာပူမှန်းသိရက်နဲ့ အချစ်လူစွမ်းကောင်းလုပ်ပြီး မီးပုံထဲခုန်ချမယ်ဆိုရင်တော့ တဘဝစာပေးဆပ်လိုက်ပေါ့။

ကျွန်မကတော့လေ အချိန်ရဲ့ကုစားမှုတွေနဲ့ ရင့်ကျက်လာတဲ့ အတွေးအခေါ်တွေ ရရှိလာချိန်မှာ တချိန်က ကိုယ့်ကိုအပြင်းအထန်ခံစားစေခဲ့တဲ့သူကို ကျေးဇူးတင်တယ်။ သူ့ကြောင့်မှမဟုတ်ရင် ကျွန်မရဲ့ခံစားချက်တွေဟာ ရင့်ကျက်လာဦးမှာမဟုတ်ဘူးလေ။ အချစ်ဦးနဲ့လွဲခဲ့ပေမယ့် အချစ်စစ်နဲ့ချစ်တတ်အောင် သင်ပေးခဲ့တဲ့သူကို ကျေးဇူးတင်တယ်။ သူ့ကြောင့်မှမဟုတ်ရင် စည်းနဲ့ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း နားလည်မှုပေး ချစ်တတ်ဖို့ဆိုတာကို ကျွန်မဘယ်သိနိုင်ဦးမလဲ။ နောက်ဆုံးမှာ ကိုယ့်ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့်သာမဟုတ်ရင် ဒီစိတ်ဒဏ်ရာကို ဘယ်လိုစိတ်ထားနဲ့ ကျော်ဖြတ်ရမယ်လို့ ကျွန်မသိနိုင်ဦးမှာမဟုတ်ဘူးလေ။

အချစ်ရေးအဆင်မပြေတဲ့ အမျိုးသမီးတွေ ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတွေ အရှင်လတ်လတ် မီးမြှိုက်ခံရတဲ့ဖားသူငယ်လို ကိုယ့်ဘဝကိုယ် မနစ်မွန်းပါစေနဲ့နော်။ အသက်ရှင်နေသမျှ ပျော်ရွှင်ခွင့်ရှိသင့်ပါတယ်။ နေ့စဉ်နဲ့အမျှ သူနဲ့ဆက်ဆံရေးမှာ ၊ သူနဲ့လက်တွဲနေတဲ့အချိန်တွေမှာ မပျော်နိုင်ဘူးဆိုရင် မပျော်အောင်လုပ်နေသူတွေနဲ့ ဝေးဝေးခွါခွါနေနိုင်အောင်ကြိုးစားပါ။ ကိုယ့်ဘာသာ အရင်ပျော်နိုင်ဖို့ ပြန်လေ့ကျင့်ပါ။ မိမိစိတ်ဝင်စားသေးရင်တော့ နောက်တဆင့်မှာ ကိုယ့်ကိုတကယ်နားလည် တန်ဖိုးထားပြီး ပျော်ရွှင်မှုပေးနိုင်တဲ့သူနဲ့သာ ဘဝတခု အတူတည်ဆောက်ပါ။ အသွင်တူမှ အိမ်သူဖြစ်တာပါ။ အကြိုက်ချင်းမတူတောင် ခံစားချက်ချင်းဝေမျှ တူညီနိုင်ရမယ် ၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြန်အလှန်ပေးနိုင်ရမယ် ၊ အနည်းဆုံး အချစ်ချင်းတော့ တူညီနေရမယ်လေ။ ဒါမှလည်း အိမ်ထောင်တခုဟာ ပျော်ရွှင်စွာ မြဲမြံနေနိုင်မှာပေါ့။

ရတု (Burmesehearts.com)

လှိုင်သာယာ FMI CITY အိမ်ရာ၌ အိမ်အကူအား ဓားထောက်ခြိမ်းခြောက် သားမယားပြုကျင့်ကာ မီးခံသေတ္တာထဲမှ ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရတနာပစ္စည်းများ အပါအ၀င် ဒေါ်လာများ ယူဆောင်သွားမှု ဖြစ်ပွား



အခင်းဖြစ်ပွားခဲ့သော နေအိမ်အား ဇန်န၀ါရီ ၁၃ ရက်က တွေ့ရစဉ်


လှိုင်သာယာမြို့နယ် FMI City အိမ်ရာ၌ အိမ်အကူ မိန်းကလေးအား ဓားထောက် ခြိမ်းခြောက်၍ သားမယား ပြုကျင့်ကာ မီးခံသေတ္တာထဲမှ ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရတနာ ပစ္စည်းများနှင့် ဒေါ်လာများ ယူဆောင်သွားမှု ဇန်န၀ါရီ ၁၂ ရက် နံနက် ၁၁ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လှိုင်သာယာမြို့နယ် (၄)ရပ်ကွက် FMI City အိမ်ရာ ယမင်းရွှေဝါလမ်းရှိ အမှတ် O/173 နေ ဒေါက်တာ ဒေါ်.... (၅၇)နှစ်သည် ရွှေဘုံသာလမ်းတွင် ဖွင့်လှစ်ထားသည့် သဇင်ဆေးခန်း၌ ရှိနေစဉ် ၎င်း၏ အသက် ၉၂ နှစ်အရွယ် အမေဖြစ်သူနှင့် အိမ်အကူဖြစ်သည့် မ....... (၂၀) နှစ်တို့မှာ နေအိမ်တွင် ရှိနေခဲ့ကြောင်း၊ ထိုအချိန်တွင် အသက် ၂၇ အရွယ်ခန့်ရှိသည့် အမျိုးသားတစ်ဦး အိမ်ထဲသို့ ရောက်ရှိလာကာ ရေချိုးပြီး အိမ်ထဲသို့ ၀င်လာသည့် အိမ်အကူဖြစ်သူ မ.....အား ဓားဖြင့်ထောက်ကာ ရတနာပစ္စည်း ထားသည့်နေရာအား မေးမြန်းခဲ့ကြောင်း သိရသည်။

အိမ်အကူဖြစ်သူ မ...မှာ ကြောက်လန့်ပြီး အိမ်ရှင်ဖြစ်သူ ဒေါက်တာ၏ အိပ်ခန်းအတွင်းမှ မီးခံသေတ္တာအား ပြလိုက်ကြောင်း သိရသည်။

“အန်တီက အဲဒီလိုဖြစ်တဲ့ အချိန်မှာ ဆေးခန်းမှာ ရှိနေတာပါ။ အိမ်အကူ ကောင်မလေးက အိမ်မှာပြဿနာတက်နေတယ်လို့ ဖုန်းဆက် အကြောင်းကြားတယ်။ အဲဒါကြောင့် သက်ဆိုင်ရာကို အန်တီက ဆေးခန်းကပဲ ဖုန်းနဲ့အကြောင်းကြားပြီး အိမ်ကို လိုက်သွားခဲ့တယ်။ အိမ်ကိုရောက်ရှိတဲ့ အချိန်မှာ ရဲတွေ ရောက်နေတာ တွေ့ရတယ်။ အန်တီ့ အခန်းထဲက မီးခံသေတ္တာကို ရိုက်ဖွင့်ထားတဲ့ပုံစံ တွေ့ရပြီး အထဲမှာရှိတဲ့ ရတနာပစ္စည်းတွေ မရှိတော့ဘူး” ဟု အိမ်ရှင်ဖြစ်သူက ပြောကြားခဲ့သည်။

အဆိုပါ အိမ်ထဲသို့ ၀င်ရောက်ပြီး အိမ်အကူအား ခြိမ်းခြောက်ပြီး ရတနာပစ္စည်းများ ပြခိုင်းခဲ့သော အမျိုးသားမှာ မီးခံသေတ္တာထဲမှ စုစုပေါင်း ကျပ်သိန်း ၂၃၀ ကျော် တန်ဖိုးရှိ ရတနာပစ္စည်း ၂၃ မျိုးအပြင် အမေရိကန် ဒေါ်လာ ၆၀၀၀ နှင့် ငွေစက္ကူများ ယူဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ရတနာပစ္စည်းများ ယူဆောင်ပြီးနောက် အိမ်အကူဖြစ်သူ မ....ကို အိပ်ခန်း တစ်ခန်းထဲသို့ ခေါ်ဆောင်၍ သားမယားတစ်ကြိမ် ပြုကျင့်ကာ ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ သိရသည်။

ဆက်လက်၍ အိမ်ရှင်ဖြစ်သူက “အန်တီက ဒီအိမ်ရာထဲမှာ ၂၀၀၆ ခုနှစ်ကတည်းက စနေတာပါ။ အခု အိမ်အကူ ကောင်မလေးက ရောက်တာ ခြောက်လလောက် ရှိပါပြီ။ အန်တီ နေတဲ့အိမ်က ထောင့်စွန်းမှာ ရှိတဲ့အတွက် အခင်းဖြစ်ပွားတဲ့ အချိန်မှာ လူသွားလူလာ ပြတ်လေ့ မရှိပါဘူး” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက “အိမ်အကူ ကောင်မလေးကို မနေ့က အင်းစိန်ဆေးရုံမှာ ဆေးစစ်ထားတယ်။ လက်ရှိမှာ ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ)၆၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆/၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယခု နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ  မြို့နယ်အသီးသီး၌ ဖောက်ထွင်းမှု အကြိမ် ၂၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Writer:
အောင်မျိုးသန့်၊ သန့်ဇင်ကျော်

ဖားကန့်တွင် မြေစာပုံ ထပ်မံပြိုကျ၍ ၃ ဦး သေဆုံး





ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကန်ခန်တောင်အနီးတွင် ဇန်န၀ါရီ ၁၂ ရက် ည ၁၀ နာရီခန့်က မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

လက်ရှိအချိန်အထိ ပျောက်ဆုံးသည့်လူဦးရေ အရေအတွက်ကို တိတိကျကျ မသိရှိရသေးကြောင်းနှင့် သေဆုံးသူဦးရေ ထပ်မံ တိုး လာ နိုင်ကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးလော်ရော်က ဧရာဝတီကို ပြောသည်။

“ရေမဆေးကျောက် ရှာဖွေတဲ့သူတွေက နေ့ရောညရော လုပ်နေကြတာ။ အသေအပျောက် စာရင်းက လူပျောက်လာရှာမှ သိရမယ်။ ဘယ်နှစ်ယောက် ပျောက်သွားလဲဆိုတာကို သူတို့မိသားစု၊ သူတို့အဖော်တွေပြောမှ သိနိုင်မယ်”ဟုလည်း ဦးလော်ရော်က ဆိုသည်။

ကန်ခန်တောင် မြေစာပုံသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပထမအကြိမ်ပြိုကျခဲ့ရာတွင် လူဦးရေ ၁၀၀ ကျော် သေဆုံးခဲ့ သည်ဟု သိရသည်။

ထို့အတူ ကန်ခန်တောင်အနီးရှိ မြေစာပုံသည် ထပ်မံပြိုကျရန် အလားအလာ ရှိနေပြီး ကုမ္ပဏီများက မြေစာပုံများ လာရောက်စွန့်ပစ် ရာတွင် စည်းကမ်းမဲ့စွာ ပုံချကြကြောင်း၊ မြေစာတင်သည့် ကားများသည် လက်ရှိအချိန်အထိ များစွာ ဝင်လာစွန့်ပစ်နေသည်ကို တွေ့ရကြောင်း ဦးလော်ရော်က ပြောသည်။

လာမည့် အစိုးရသစ်သည် အပြောင်းအလဲများစွာ ပြုလုပ်ပေးနိုင်မည်ဟု မျှော်လင့်သော်လည်း လက်ရှိ ဖြစ်နေသည့် ဖားကန့်ဒေသ ကျောက်စိမ်း တူးဖော်မှုများနှင့်ပတ်သက်၍ မည်သို့ဖြေရှင်းမည်ကို သံသယဖြစ်နေကြသည်ဟု ဖားကန့်ဒေသခံများက ပြောဆိုကြ သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံ ပြိုကျ၍ သေဆုံးသူများ အရေးနှင့် ပတ်သက်ပြီး ပြည်သူတို့၏ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်ငန်းများကို လုံးဝပိတ်သိမ်းခြင်း၊ ရဲတပ်ဖွဲ့က ထိန်းသိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်၍ လုပ်ငန်းဆက်လက် လုပ်ကိုင်ခြင်း စသည့် နည်းလမ်း ၃ လမ်း စီစဉ်ထားသည်ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးသိန်းသန်းထွန်း က ဒီဇင်ဘာ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

ဖားကန့်မြို့၌ ကုမ္ပဏီ ၆၂၇ ခုကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်၊ ကုမ္ပဏီ ၂၃၀ ခုကို အစိုးရနှင့် အကျိုးတူလုပ်ကွက် ၃၁၁ ကွက်ပေး၍ ကျောက်စိမ်းတူးဖော်ခွင့် ပြုထားကြောင်း သတ္တုတွင်းဝန်ကြီးဋ္ဌာနက ထုတ်ပြန်ထားသည်။

ရွှေအတုံးအတစ်လိုက်ဆင်မြန်းပြီး တန်ဖိုးကြီး ဇိမ်ခံကားတွေနဲ့ ကျင်းပတဲ့ မင်္ဂလာပွဲ





အံ့သြတုန်လှုပ်စရာကောင်းလောက်အောင် ချမ်းသာကြွယ်ဝလှတဲ့ စုံတွဲတတွဲရဲ့ မင်္ဂလာအခမ်းအနားပွဲတခုကို တရုတ်ပြည် အရှေ့တောင်ပိုင်း Guangdong ဒေသမှာရှိတဲ့ Zhongshan မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီမှာ ထူးခြားတာက  မင်္ဂလာသတို့သမီးဟာ သူ့ လည်ပင်းထက်မှာ ရွှေလက်ဝတ်လက်စားများ အသုံးအဆောင် ပစ္စည်းများကို အတုံးလိုက်အတစ်လိုက် ၀တ်ဆင်ထားခြင်းပါ။
ဒါကိုကြည့်ခြင်းအားဖြင့် အဆိုပါ မင်္ဂလာ သတို့သားနဲ့ သတို့သမီး တို့ဟာ တော်ရုံတန်ရုံချမ်းသာတဲ့ အဆင့်တော့ မဟုတ်လောက်ထူးထင်ပါရဲ့။
ဒါ့အပြင် အလွန်တန်ဖိုးကြီးမားလှတဲ့ ဇိမ်ခံကားအမျိုးအစားတွေဖြစ်တဲ့ Ferrari နဲ့ Porsche လိုမျိုး ကားတန်းကြီးကို ဘေးဘယ်ဝဲယာ ခြံရံစီတန်းပြီး မင်္ဂလာပွဲကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ မင်္ဂလာပွဲကို ကြည့်ပြီး တချိန်က မြန်မာပြည်မှာ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့ဖူးတဲ့ နိုင်ငံခေါင်းဆောင်ကြီးရဲ့သမီး မင်္ဂလာဆောင်ကိုတောင် သွားသတိရမိပါသေးတယ်။
အဲ့ဒီမင်္ဂလာပွဲဟာလည်း ရွှေတွေ စိန်တွေ အတုံးလိုက်အတစ်လိုက် ဆင်မြန်းပြီး မင်္ဂလာခဲဖိုးတွေကို အုပ်လိုက် ပြန်ပေးခဲ့ကာ လက်ဖွဲ့အဖြစ် ကားသော့တွေ ရွှေတွေ စိန်တွေ ပြန်ရတဲ့ “စိန်စီသောည” ဆိုသော မင်္ဂလာ အခမ်းအနားကိုတော့ အားလုံးမှတ်မိကြဦးမယ်ထင်ပါရဲ့။
Ref:People’s daily china

တရုတ်အမျိုးသားနှင့် လက်ထပ် ရန် ရောင်းစားခံခဲ့ရသူ မကွေးမြို့မှ အမျိုးသမီးငယ် နှစ်ဦးမှာ တရုတ်ရဲစခန်း၌ အကူ အညီ တောင်းခံနိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ






မန္တလေးမြို့တွင် အလုပ်ရမည်ဟုဆို၍ တရုတ်နိုင်ငံမှ တရုတ်အမျိုးသားနှင့် လက်ထပ်
ရန် ရောင်းစားခံခဲ့ရသူ မကွေးမြို့မှ အမျိုးသမီးငယ် နှစ်ဦးမှာ တရုတ်ရဲစခန်း၌ အကူ
အညီ တောင်းခံနိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မကွေးမြို့ ဗိုလ်ချုပ်လမ်းရှိ “ဟန်ဟေရို” အလှပြင်ဆိုင်တွင် အလုပ်သင်အဖြစ်
လုပ်ကိုင်နေသူ မကွေးမြို့ သိင်္ဂါဂီရိ ရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ်ရှိ
အမျိုးသမီးသည် ဆိုင်သို့ မကြာခဏ လာရောက်တတ်သည့် မမိဆောင်း ဆိုသူက
မန္တလေးမြို့ရှိ အလှပြင်ဆိုင်တွင် အလုပ်သွင်းပေးမည်ဟု ပြောဆိုခဲ့သဖြင့် လိုက်ပါ
သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် တစ်လလျှင် ကျပ်ရှစ်သောင်းဖြင့် အလုပ်သွင်းပေးမည်ဟု ဆိုသဖြင့်
အလှပြင်ဆိုင်မှ အမျိုးသမီးက ၎င်းနှင့်အတူ သူငယ်ချင်းဖြစ်သူပါ ၂၀၁၅ ခုနှစ်
နိုဝင်ဘာ ၃၀ ရက်တွင် လိုက်ပါသွားခဲ့ကြခြင်း ဖြစ်သည်။

“မကွေးကနေ အောင်လံကို ခေါ်ဆောင်သွားပြီး အောင်လံမြို့ ရထားဝန်းမှာနေတဲ့
ဒေါ်ခင်စန်းဝင်း ဆိုသူနဲ့ မမိဆောင်းရဲ့ခင်ပွန်းဆိုသူတို့ကို ဝင်ခေါ်ပြီး မန္တလေးကို
ဆက်သွားခဲ့ကြတာပါ။ မန္တလေးရောက်တဲ့ အခါမှာလည်း ပြင်ဦးလွင်မှာ ပစ္စည်းဝယ်ဖို့
ငွေကျပ်သိန်း ၂၀ သွားယူရမယ်ဆိုပြီး ဆက်ခေါ်သွားရာက မူဆယ်ကို ရောက်သွား
တာပါ” ဟု လူကုန်ကူးခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

မူဆယ်သို့ ရောက်သည့်အခါ အသင့်စောင့်ကြိုနေသည့် မင်းထိုက် (ခ) ကျားကြီး
ဆိုသူက တရုတ်နိုင်ငံ ရွှေလီမြို့သို့ ထပ်မံခေါ်ဆောင်သွားခြင်းကို ခံခဲ့ရကာ
မမိဆောင်း၊ ဒေါ်ခင်စန်းဝင်းနှင့် မင်းထိုက် (ခ) ကျားကြီးတို့က မကွေးမြို့မှ
ခေါ်ဆောင်လာသည့် အမျိုးသမီးနှစ်ဦးကို တရုတ်ယောက်ျားနှင့် ယူရမည်ဟု
ခြိမ်းခြောက် ပြောဆိုမှ ၎င်းတို့ လူကုန်ကူးခံရခြင်း ဖြစ်ကြောင်း သိခဲ့ရသည်ဟု
လူကုန်ကူးခံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“နောက်တစ်နေ့မှာ မင်းထိုက်ရဲ့ဇနီး မမွန်မွန်ဆိုသူက ကျွန်မတို့ကို မြန်မာငွေ ၇ သိန်း
လောက် တန်ဖိုးရှိတဲ့ ရွှေဆွဲကြိုးတစ်ကုံးစီနဲ့ ရွှေလက်စွပ် တစ်ကွင်းစီပေးပြီး
တရုတ်အမျိုးသား ပွဲစားဆီမှာ အရောင်းခံလိုက် ရတာပါပဲ” ဟု လူကုန်ကူးခံရသည့်
အမျိုးသမီးက ပြောသည်။

တရုတ်ပွဲစားကလည်း ၎င်းတို့အား တရုတ်နိုင်ငံ ဟဲနမ်ပြည်နယ် ချွမ်းတာမြို့သို့
ခြောက်ညအိပ် ခရီးကို ကားဖြင့် ထပ်မံခေါ်ဆောင်ခဲ့ပြီး တရုတ် အမျိုးသားတစ်ဦးနှင့်
ပေါင်းသင်းစေခဲ့သဖြင့် လူကုန်ကူးခံရသူ အမျိုးသမီးတစ်ဦးက မိမိလက်ကောက်ဝတ်
အား လက်သည်းညှပ်မှ ဓားဖြင့် လှီးဖြတ်ခဲ့သဖြင့် ဆေးခန်းရောက်ရာမှ အကူအညီ
ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲလို ဒဏ်ရာရသွားလို့ မြန်မာအမျိုးသမီး တစ်ဦးရဲ့အကူအညီနဲ့ ဆေးခန်းတစ်ခုကို
သွားပြပြီး အနီးမှာရှိနေတဲ့ တရုတ်ရဲစခန်းတစ်ခုဆီကို ထွက်ပြေးပြီး အကူအညီ
တောင်းခံ ခဲ့တာကြောင့် ကျန်နေတဲ့ ကျွန်မရဲ့ သူငယ်ချင်း ကိုပါ တရုတ်ရဲတွေရဲ့
ကူညီကယ်တင်မှုနဲ့ မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုဆီကို ဇန်နဝါရီ
၆ ရက်မှာ လွှဲပြောင်းပေးခဲ့ပြီး ဇန်နဝါရီ ၉ ရက်မှာ မကွေးမြို့ကို ပြန်လည် ရောက်ရှိခဲ့
တာပါ” ဟု လူကုန်ကူးခံရသည့် အမျိုးသမီးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူကုန်ကူးသူ မမိဆောင်း အပါအ၀င် ၅ ဦးတို့အား
ဥပဒေအရ အရေးယူပေးရန် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် မကွေးမြို့မ ရဲစခန်းမှ
(ပ)၁၂/၂၀၁၆၊ ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄၊ ၃၂
ဖြင့် အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မကွေးမြို့မ ရဲစခန်းမှ
သိရသည်။

သတင်း - MMK
The Ladies News Journal

လိပ်ကျွန်း လူသတ်မှုနှင့် ဆက်စပ်လျက် ထိုင်းတရားရေး ဝက်ဘ်ဆိုက် ၃၀၀ ကို ဟက်ကာများ ပိတ်ပစ်






Anonymous ဟု အမည်ပေးထားသည့် ဟက်ကာအဖွဲ့နှင့်အတူ အခြားဟက်ကာများက လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်စီရင်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် ထိုင်းနိုင်ငံက တရားရေးဌာနများနှင့် အစိုးရ ဝက်ဘ်ဆိုက်ပေါင်း ၃၀၀ နီးပါးကို ဟက်ကာ တိုက်ခိုက်ကာ ပိတ်ပစ်ခဲ့သည်။

ထိုင်းရဲဌာန ဝက်ဘ်ဆိုက်များကို ဇန်နဝါရီ ၅ ရက်က တိုက်ခိုက်ခဲ့သည့် မြန်မာနိုင်ငံမှ ဖြစ်ဖွယ်ရှိသော ဟက်ကာအုပ်စု Anonymous ၏ ဖေ့ဘုတ်ပို့စ်တွင် လိပ်ကျွန်းစီရင်ချက်ကို ကန့်ကွက်သည့် အနေဖြင့် ထိုင်းတရားရေး ဝက်ဘ်ဆိုက်အားလုံးကို ပိတ်ပစ်ခဲ့ကြောင်း ရေးသားထားသည်။

ထို့အပြင် အဆိုပါ ဖေ့ဘုတ်ပို့စ်တွင် ထိုင်းရဲများက နိုင်ငံခြားသားခရီးသည်များ အပါအဝင် စုံစမ်းစစ်ဆေးမှုများကို ပြန်လည် လုပ်ကိုင်ဆောင်ရွက်သည့် အချိန်အထိ ထိုင်းနိုင်ငံသို့ မသွားကြရန် ကမ္ဘာလှည့်ခရီးသွားများကို တိုက်တွန်းရေးသားထားသည်။

ပို့စ်တွင် "Blink Hackers Group"ဟု စာတမ်းရေးထိုးထားပြီး ထိုင်းအလံပေါ်တွင် လက်ခလယ်ထောင်ပြထားသည့် ဂရပ်ဖစ်ပုံကိုပါ တင်ခဲ့သည်။ ဟက်ကာတိုက်ခိုက်ခဲ့သည့် ဝက်ဘ်ဆိုက်ပေါင်း ၂၉၄ ခုကိုလည်း ဖော်ပြထားသည်။ အဆိုပါ ဝက်ဘ်ဆိုက်များက နေ့လည် ၁ နာရီခွဲအထိ ဝင်မရဖြစ်နေသည်။

တိုက်ခိုက်သည့် ဝက်ဘ်ဆိုက်စာရင်းများတွင် တရားရေးဌာန ဝက်ဘ်ဆိုက် အားလုံးပါဝင်ပြီး ချင်းမိုင်ခရီးသွား ဧည်သည့် ကာကွယ်ပေးရေး ဝက်ဘ်ဆိုက်လည်း ပါဝင်ကြောင်း သိရသည်။

Blink Hacker Group က ခရစ္စမတ်အကြိုတွင် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ကော့စမွီတရားရုံးက သေဒဏ်စီရင်လိုက်ခြင်းအပေါ် အွန်လိုင်းပေါ်တွင် ရှေ့တန်းမှ ဆန့်ကျင်နေသည့် အဖွဲ့ဖြစ်သည်။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.