Wednesday, January 13, 2016

FMI City မှာ ဓါးထောက် အဓမ္မပြုကျင့် လုယက်သွားသူအား ဖမ်းဆီးရမိ



ဓါတ်ပုံ - Yangon Police (facebook)
ရန်ကုန်၊ ဇန်န၀ါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ဓါးထောက်ကာ သားမယားအဖြစ် ပြုကျင့်ပြီး လုယက်သွားသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၂၇)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန် လိုက်ပါသည်။

၁၂.၁.၂၀၁၆ ရက်နေ့ ၁၂၃၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ (၄)ရပ်ကွက်၊ FMI City (ပဒေသာပင်မြို့တော်)၊ ယမင်းရွှေဝါလမ်းရှိ နေအိမ်တွင် အိမ်ရှင်ဖြစ်သူမှာ ဆေးခန်းတွင်ရှိနေပြီး အိမ်အကူဖြစ်သူ မ---- မှာ နေအိမ်တွင် ရှိနေစဉ် အမည်မသိ၊ အသက်(၂၇)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး အိမ်အကူဖြစ်သူ မ---- အား ဓါးဖြင့်ထောက်ကာ ရတနာပစ္စည်းများ ထားသည့်နေရာ အား ခြိမ်းခြောက်မေးမြန်းခဲ့သဖြင့် အိမ်အကူမှကြောက်လန့်၍ မီးခံသေတ္တာအား ဖွင့်ပေးလိုက်ရကြောင်း၊ မီးခံသေတ္တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် မြန်မာငွေရောရာ စုစုပေါင်းတန်ဖိုး ကျပ်(၂၃၁၁၁၅၀၀)အား ယူဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူမှ အိမ်ဖော် မ---- အား သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် သားမယားအဖြစ်ပြုကျင့်ပြီး လုယက်သွားသူအား ဖော်ထုတ် အရေးယူပေးရန် ယင်းနေ့ ၂၁၄၀ အချိန်တွင် တိုင်တန်းခဲ့သဖြင့် လှိုင်သာယာ မြို့မရဲစခန်း(ပ)၆၅/၂၀၁၆၊ ပုဒ်မ-၃၈၆/၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
ခဲ့ပါသည်။

အဆိုပါ အမှုအား ဖော်ထုတ် ရရှိရေး အတွက် အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်သို့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ပြီး မသင်္ကာသူအား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ လှိုင်သာယာမြို့နယ်နေ သက်ယုဇော်၊ (၃၀)နှစ်အား ၁၄.၁.၂၀၁၆ ရက်နေ့ ၀၀၄၅ အချိန်တွင် ရန်ကုန်၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ပါဆုံးသွားသော သက်သေခံ ပစ္စည်းများနှင့် ပြစ်မှု ကျူးလွန်သူအား အမှုလာရောက်တိုင်တန်းပြီး (၂၇)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.