Wednesday, January 13, 2016

လိပ်ကျွန်းတွင် အသတ်ခံရသည့် ဟန်နာ၏အစ်မ လော်ရာကို တရားစွဲရန် ထိုင်းရဲတပ်ဖွဲ့ စီစဉ်




လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဟန်နာ ၀ှစ်သာရစ်ရဲ့ အစ်မ လော်ရာက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာတွေအပေါ် ထိုင်းရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ အရေးယူရန် စဉ်းစားနေတယ်လို့ ဆိုပါတယ်။

လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားတဦး သေဆုံးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက်မှာ လော်ရာက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ မိသားစုဝင်တွေအပေါ် ဆက်ဆံမှုတွေကို ဝေဖန်ရေးသားခဲ့သလို လျော်ကြေးပေးဖို့ ကမ်းလှမ်းပြီး ခြိမ်းခြောက်ခံရတဲ့ ဖြစ်ရပ်တွေကို ရေးသားခဲ့ပါတယ်။

ဒီရေးသားချက်ကို ဗြိတိန်သတင်းတွေက ဖော်ပြခဲ့အပြီး ဇန်န၀ါရီ ၁၁ ရက်မှာတော့ လော်ရာက ရေးသားချက်ကို ပြန်လည်တည်းဖြတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ချပ်သစ်ချိုင်ဂျင်ဒါကတော့ နိုင်ငံတကာ မီဒီယာတွေ အကျယ်တ၀င့် ရေးသားဖော်ပြခဲ့တဲ့ လော်ရာရဲ့ စွဲဆိုချက် အပြစ်ရှိမရှိ သေချာစစ်ဆေးဖို့ သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားထားတယ်လို့ ဇန်န၀ါရီ ၁၃ ရက်မှာ မီဒီယာတွေကို ပြောဆိုခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။

ဇန်န၀ါရီ ၁၄ ရက်မှာတော့ လော်ရာဟာ တင်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်ကို ဖျက်သိမ်းလိုက်သလို သူ့ရဲ့ ဖေ့ဘွတ်စ်စာမျက်နှာဟာလည်း ရှာဖွေမရဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ထိုင်းတရားရုံးက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.