Tuesday, July 19, 2016

၁၄ နှစ်အရွယ် ကိုယ်ဝန်သည်ကို ယောကျာ်းဘက်ကအမျိုးတွေက အရှင်လတ်လတ်မီးရှို့သတ်



အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ အသက် ၁၄ နှစ်သာရှိသေးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်လေးဟာ ခင်ပွန်းဘက်ကအမျိုးတွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ဇာရာ့ရဲ့ဖခင်အပေါ် မကျေနပ်မှုတွေကို လက်စားချေလိုတဲ့အတွက် သူမကို ညှင်းပန်းနှိပ်စက်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က သူမရဲ့ဖခင် မိုဟာမက် အဇမ်းဟာ ဇာရာ့ခင်ပွန်းရဲ့ညီမဝမ်းကွဲကို ခိုးပြေးသွားတာကြောင့် သူမကို အမျိုးမျိုးညှင်းပန်းနှိပ်စက်ပြီး မီးနဲ့ပါရှို့ခဲ့ကြပါတယ်။ ဇာရာဟာ မီးရှို့နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ပဲ ကွယ်လွန်သွားခဲ့ရပါတယ်။
မိုဟာမက်အဇမ်းရဲ့ ပြောစကားအရတော့ သမီးခင်ပွန်းရဲ့ညီမဝမ်းကွဲကို ငွေကြေးသဘောတူညီချက်အရ ခေါ်ယူခဲ့တာဖြစ်ကြောင်း ထွက်ဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အကြွေးမပေးနိုင်ကြတဲ့အခါ ဇာရာ့ခင်ပွန်းရဲ့ ညီမဝမ်းကွဲကို လက်ထပ်ရင် အကြွေးကျေပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်မှသိလိုက်ရတာက အဆိုပါအမျိုးသမီးငယ်ကို အခြားယောက်ျားနဲ့လည်း ငွေကြေးအရ လက်ထပ်ဖို့ သဘောတူထားကြတာကိုပါပဲ။
သူ့ရဲ့စိတ်လိုက်မာန်ပါလုပ်ရပ်ဟာ သမီးငယ် ကိုယ်ဝန်သည်ကို ခုလိုသေဆုံးရဖို့ ဖြစ်လာခဲ့ပါတယ်။ Ghor ပြည်နယ်တရားရုံးကို သွားရောက်တိုင်တန်းထားပေမယ့် တရားမျှတမှုကိုတော့ မမျှော်လင့်ဘူးလို့ အဇမ်းက ပြောပါတယ်။ တနင်္လာနေ့မှာတော့ အဇမ်းတို့မိသားစုဝင်တွေအပါအဝင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ကဘူးလ်အနောက်ပိုင်းမှာ တရားမျှတမှုပေါ်ပေါက်ရေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
Source : Daily Mail
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.