Thursday, January 7, 2016

အင်ပင်ရဲတပ်ဖွဲ့စခန်းအတွင်းမှာ တရားခံတဦး ရဲတပ်ကြပ်တဦးကို ပေါက်တူးနဲ့ ခုတ်ပြီး ထွက်ပြေးမှု



မြန်အောင်မြို့နယ် အင်ပင်ရဲတပ်ဖွဲ့စခန်းအတွင်းမှာ တရားခံတဦး ရဲတပ်ကြပ်တဦးကို ဒီနေ့ မနက် ၁၀ နာရီလောက်က ပေါက်တူးနဲ့ ခုတ်ပြီး ထွက်ပြေးမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ တောင်ရိုးတိုက်နယ်မှာ မူးယစ်ရမ်းကားလို့ ခေါ်ယူထိန်းသိမ်းထားတဲ့ တရားခံနဲ့ မှန်တန်းရွာက တရားခံတို့ကို အင်ပင်ရဲတပ်ဖွဲ့စခန်းရှေ့ ရဲသက်သာစိုက်ခင်းမှာ အလုပ်ခိုင်းစေစဉ် ရဲတပ်ကြပ်နဲ့ မှန်တန်းက တရားခံတဦးကို ပေါက်တူးနဲ့ ခုတ်ပြီး ထွက်ပြေးသွားခဲ့တာလို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ ပေါက်တူးနဲ့အခုတ်ခံရတဲ့ ရဲတပ်ကြပ်ဟာ ဒဏ်ရာပြင်းထန်ပြီး  စိုးရိမ်ရတာကြောင့် အင်ပင်တိုက်နယ်ဆေးရုံကနေ အရေးပေါ် လူနာတင်ကားနဲ့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း သိရပါတယ်။ 
သတင်းဓာတ်ပုံ – သန်းထိုက်မြင့် 
DVB

ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ အနီးနှင့် တောင်တန်းများပေါ်တွင် သစ်ခုတ်နေမှုကြောင့် ရေထွက်ပေါက်များနှင့် တောင်ပေါ်ရေကန်များ ရေခန်းခြောက်





လွိုင်ကော်မြို့နယ် ဘီလူးချောင်း ရေအားလျှပ်စစ် စက်ရုံများအနီးနှင့် မြောက်ဘက်ပိုင်းရှိ တောင်တန်းများပေါ်တွင် သစ်ခုတ်လုပ်နေမှုများ ရှိနေပြီး ရေထွက်ပေါက်များနှင့် တောင်ပေါ်ရေကန်များ ရေခန်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံရွာသားများနှင့် ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ထံမှ သိရသည်။
တောင်ယာလုပ်ငန်း သိမ်းချိန်ဖြစ်သော ဇန်န၀ါရီလမှ စတင်၍ သစ်ခုတ်လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာကြပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ရွာသားများအား တစ်ဆင့်ခုတ်ခိုင်းကာ ပြန်လည် ၀ယ်ယူနေကြောင်း၊ ရွာသားများမှလည်း ၎င်းတို့ စားဝတ်နေရေးအတွက် သစ်ခုတ်လုပ်ငန်းအား လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် မိုက်ကန်းကျေးရွာရှိ ဒေသခံတစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ မိုက်ကန်းရွာအနီးက အင်းတောင်ဆိုရင် သစ်တောက မြင်တဲ့ အတိုင်းပဲ တော်တော်ကုန်နေပါပြီ။ အရင်က လက်နက်ကိုင်အဖွဲ့တွေ လွှစက်တွေကို တောထဲထိ ယူလာခုတ်ကတည်းက သစ်ကောင်းတွေ အားလုံး ကုန်သွားတာကြာပါပြီ။ အခုကျန်တဲ့ သစ်မာပင်တွေလောက် ရွာသားက ခုတ်တယ်။ အိမ်အတွက် ဖြစ်သလို ရောင်းစားရင်လည်း တစ်သောင်းနှစ်သောင်း ရကြတာပဲရှိပါတယ်။ ရေထွက်ပေါက်တွေကတော့ လုံးဝခမ်းသွားတဲ့ နေရာတွေရှိသလို နည်းနည်းပဲ ထွက်တဲ့ နေရာတွေလည်းရှိတယ်။ အရင်ကဆို သင်္ကြန်ခါနီးမှ ခန်းတတ်တာပါ။ အင်းတောင်ထိပ် ကန်ပတ်လည်က သစ်ပင်ကြီးတွေဆို တစ်ပင်မှမရှိတော့ဘူး။ ရေကန်လည်း ရေခန်းတာမျိုးတစ်ခါမှ မတွေ့ဖူးဘူး”ဟု မိုက်ကန်းကျေးရွာ ဒေသခံက  ဆက်လက်ပြောကြားသည်။
ထို့အပြင် ဘီလူးချောင်းအမှတ် (၃) အနီးရှိ ပွန်ချောင်းအရှေ့ဘက်ကမ်း သစ်တောမှလည်း သစ်များကို ခုတ်ယူလျက်ရှိရာ သဘာ၀၀န်းကျင် ပျက်စီးမည်ကို စိုးရိမ်နေကြရကြောင်း၊ KNPP မှလည်း ရွာသားများအိမ်ဆောက်ရန် တစ်ပိုင်တစ်နိုင် ခုတ်ယူသည်ကို ခွင့်ပြုနိုင်သော်လည်း ကုမ္ပဏီမှ တစ်ဆင့်ခုတ်ခိုင်းပါက ရွာသားများ နစ်နာမည်ကိုစိုးရိမ်ကြောင်း KNPP ဖွံ့ဖြိုးရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ရွာသားတွေအနေနဲ့ တောင်ယာလုပ်ငန်းပြီးတော့ စားဝတ်နေရေးအတွက် လုပ်ဆောင်နေရတာကို တွေ့ရသလို သစ်တောကို ထိန်းသိမ်းရကောင်းမှန်းလည်း မသိဘူး။ ပညာပေးမှု အပိုင်းတွေအများကြီး လိုတယ်။ သူတို့ ကိုပညာပေးတာ တစ်ခုတည်းနဲ့လည်း မရဘူး စားဝတ်နေရေးအတွက် ဘယ်လိုကူညီနိုင်မလဲ ဆိုတာလည်း စဉ်းစားပေးရမယ်။ သစ်တောထိန်းဖို့ဆိုတာ အစိုးရပေါ်မှာလည်း မူတည်တယ်။ ရွာသားတွေစိတ်ထဲမှာတော့ အလကားရတယ်ဆိုပြီး ခုတ်နေကြတယ်။ ဒါကို သစ်ပင်ဟာ အလကားမဟုတ်ဘူးဆိုတာ သိအောင် ပညာပေးရမယ်။ ရေကန်ဆိုရင်လည်း တန်ဖိုးရှိတယ်။ သဘာဝရေကန် တစ်ခုလည်း ဖြစ်နေတယ်။ သစ်ထုတ်ရင် ရေခန်းမယ်ဆိုတာ ရွာသားက မသိဘူး”ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ခူးတူရယ်က ပြောကြားသည်။
ကယားပြည်နယ်အတွင်း ဆိုးရွားသည့် သဘာဝဘေးဒဏ် ကျရောက်မည့် အန္တရာယ်ကို တားဆီးလိုသဖြင့် ကျန်ရှိသည့် ကျွန်းသစ်နှင့် သစ်မာများအား အသစ်ထပ်မံခုတ်လှဲခြင်း၊ စီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းများအား လုံးဝတားဆီးပိတ်ပင်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီက ၂၀၁၅ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်သော လပတ် ဗဟိုပုံမှန် အစည်းအဝေးမှ ထုတ်ပြန်ကြေညာထား ကြောင်း လွိုင်ကော် KNPP ဆက်ဆံရေးရုံးမှ သိရသည်။                                             
Writer: 
မခိုင်

သာမာန်ချစ်သူစုံတွဲတွေနဲ့ သူငယ်ချင်းကနေ ချစ်သူဖြစ်လာတဲ့ စုံတွဲတွေကြားမှာ ကွဲပြားခြားနားမှုတွေ ရှိနေ



သာမာန်ချစ်သူစုံတွဲတွေနဲ့ သူငယ်ချင်းကနေ ချစ်သူဖြစ်လာတဲ့ စုံတွဲတွေကြားမှာ ကွဲပြားခြားနားမှုတွေ ရှိနေတတ်ပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိ၊ စနောက်ရင်းနဲ့ သူငယ်ချင်း သံယောဇဉ်ကနေ ချစ်သူတွေ ဖြစ်သွားကြတဲ့ စုံတွဲတွေမှာ သင်တို့မသိနိုင်တဲ့ အရာတွေ ဖြစ်ပျက်ပိုင်ဆိုင်နေကြပါတယ်။ အဲ့ဒီအရာလေးတွေက ဘာတွေများ ဖြစ်လိမ့်မလဲ။

၁။ သူတို့ဟာ အချိန်တိုင်းလိုလို တစ်ယောက်ဘာတွေးနေသလဲ ဆိုတာ တစ်ယောက်က သိနေကြတယ်။

သူငယ်ချင်းဘ၀ကနေ ချစ်သူတွေ ဖြစ်သွားကြတဲ့အခါ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ပြီးသား ဖြစ်နေပါပြီ။ ဒီတော့ တစ်ယောက်က တစ်ခုခုတွေးလိုက်တာနဲ့ ဘာတွေးနေတာမလားလို့ တန်းပြောလို့ရအောင်ကို သူတို့တွေက တစ်ယောက်စိတ်ကို တစ်ယောက်သိနေကြပါတယ်။

၂။ အတူနေတဲ့အခါ အစပိုင်းမှာ ဟာသဖြစ်နေပါတယ်။

ချစ်တင်းနှီးနှောကြတဲ့အခါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိနေပါလိမ့်မယ်။ ဒါဟာ အစပိုင်းအချိန်တွေသာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆင်ပြေသွားကြတာချည်းပါပဲ။

၃။တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်နေကြမှာပါ။

သူငယ်ချင်းဘ၀က တစ်ယောက်ရဲ့ ငယ်ကျိုးငယ်နာ တစ်ယောက်ဖော်နေကြဆိုရင် ခုရည်းစားဖြစ်တဲ့အခါမှာလည်း စနောက်နေကြဦးမှာပါပဲ။

၎။သူ့ကိုဆုံးရှုံးရင် သူငယ်ချင်းတစ်ယောက်ကိုပါ ဆုံးရှုံးသွားမှာမို့ အဲ့ဒီအကြောက်တရားလည်း ရှိနေတတ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ပြသနာတွေ တက်ကြတဲ့အခါ အရင်တုန်းကလို ဖွင့်ဟတိုင်ပင်နေကျလူ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အရင်က ဖွင့်ဟတိုင်ပင်ခဲ့တဲ့သူက ခုပြသနာတက်နေတဲ့ သင့်ချစ်သူ ဖြစ်နေတာကြောင့်ပါ။ ဒီတော့ တစ်ခုခုကြောင့် သင်တို့လမ်းခွဲလိုက်ရမယ်ဆိုရင် ချစ်သူကိုရော၊ သူငယ်ချင်းပါ ဆုံးရှုံးသွားရမယ်ဆိုတဲ့ အသိကြောင့် သင့်စိတ်ထဲ ကြောက်နေတာမျိုး ရှိတတ်ပါတယ်။


၅။အပြင်ထွက်လည်ပတ်စားသောက်တဲ့အခါ စီစဉ်ရတာ လွယ်ကူပါတယ်။

နှစ်ယောက်သား သူငယ်ချင်းဘ၀က စားဖူးတဲ့ ဆိုင်လေးပဲ သွားမလား၊ အရင်လိုပဲ ဘေလ်ကို တစ်ယောက်တစ်ဝက်ရှင်းမလား။ အထူးပြောနေစရာ မလိုတော့ပါဘူး။

၆။ပြသနာ၊ ဒေါသကိုတော့ မျိုသိပ်ထားတာထက် ပေါက်ကွဲတာ ပိုများပါလိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက် ရေငုံနှုတ်ပိတ်ပြီး နေစရာမလိုဘူးဆိုတဲ့ အသိက ပြသနာတစ်ခုခုဆိုရင် ဒေါသပေါက်ကွဲလွယ်အောင် တွန်းပို့ပေးသလို ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သူဘာကို စိတ်မကောင်းဖြစ်တတ်တယ်၊ ဘယ်အချက်ကိုတော့ သည်းမခံနိုင်ဘူးဆိုတာ သိထားတဲ့အတွက် ပြသနာတက်တာနဲ့ အပြန်အလှန်ပြောဆိုဖို့လည်း တွန့်ဆုတ်နေကြမှာ မဟုတ်ပါဘူး။ ဒီအချက်တွေကတော့ ချစ်သူစုံတွဲတွေ ပြန်ညှိုနှိုင်းသင့်တဲ့ အချက်ပါပဲ။

၇။တကယ်လို့သာ နားလည်မှုရှိပြီး သံယောဇဉ်ကြိုး ခိုင်မာသွားမယ်ဆိုရင် ဒီအချစ်ရေးဟာ တကယ်ကိုထူးခြားပါတယ်။

အပေါ်မှာ ပြောခဲ့သလို တစ်ယောက်နဲ့တစ်ယောက် သည်းမခံပဲ ပြသနာတက်တိုင်း ၀ုန်းဒိုင်းကြဲနေမယ်ဆိုရင်တော့ သင်တို့နှစ်ဦးဟာ တွဲပြီးမကြာခင်မှာပဲ ပြတ်သွားပါလိမ့်မယ်။  အဲ့ဒီအချိန် ချစ်သူရော၊ သူငယ်ချင်းကိုပါ ဆုံးရှုံးသွားတာမို့ သင်ပိုခံစားရပါလိမ့်မယ်။ အဲ့ဒီလို မဟုတ်ပဲ သင်ဟာ နားလည်မှုရှိရှိ ဒီအချစ်ရေးကို တည်ဆောက်သွားမယ်ဆိုရင် သင်တို့နှစ်ဦးရဲ့အချစ်ရေးဟာ တကယ်ကို ထူးခြားပြီး ပျော်စရာအချိန်တွေကို ပိုင်ဆိုင်သွားမှာပါ။

Source : Trend Myanmar

နာမည်ကျော်များ၏ အတုယောင်ပုံအသုံးပြုလာတဲ့ လိင်ဒုစရိုက်လုပ်ငန်း








တရုတ်နိုင်ငံမှာ ဝေဘိုနဲ့ ၀ီချက်တို့လို လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကတဆင့် နာမည်ကျော် မင်းသမီး၊ သရုပ်ဆောင်၊ ကိုယ်ဟန်ပြမယ်တွေရဲ့ အတုအယောင်ပုံတွေ၊ ရုပ်သံဗွီဒီယိုတွေ အသုံးပြုလာတဲ့ လိင်မှု ဒုစရိုက်လုပ်ငန်းတွေ များပြားလာတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရှန့်ဇန်ရဲတွေအနေနဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ အမျိုးသမီးသရုပ်ဆောင်နဲ့ ကိုယ်ဟန် ပြမယ် အတုအယောင်ပုံရိပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့ လိင်မှုဒုစရိုက်လုပ် ငန်းတွေကို ဖမ်းဆီးခဲ့ရတယ်လို့ ပြောပါတယ်။ လိင်အပျော်မယ်တွေဟာ နာမည်ကျော်တွေရဲ့ အွန်လိုင်းမှတ်ပုံတင်အတုတွေ အသုံးပြုကာ ကိုယ်နေဟန်ထားအမျိုးမျိုးနဲ့ ဟန်ပြထားတဲ့ပုံတွေနဲ့အတူ ဆွဲဆောင်လာခဲ့ကြတာ ပါ။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ကျောက်ရှန်ရီအမည်နဲ့ နာမည်ကျော်ဖက်ရှင်မော်ဒယ်နဲ့ အလှဘုရင်မအမည်ခံထားတဲ့ လိင်အပျော်မယ်ရဲ့ရာနဲ့ချီတဲ့ပုံတွေနဲ့ သတင်း ဆောင်းပါးတွေကို အွန်လိုင်းအင်တာနက်စာမျက်နှာတွေပေါ်မှာ အလွယ်တကူ တွေ့နိုင်မှာပါ။ အဲဒီဆောင်းပါးတွေမှာ အလှမယ်ဘွဲ့ရရှိခဲ့ပုံ အသေးစိတ်ကို လှည့်ကွက်အဖြစ် လိမ်လည်ရေးသားထားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ လိင်အပျော်မယ်တွေဟာ နာမည်ကျော်တွေကဲ့သို့ အတုအယောင်မှတ်ပုံတင်ရ ရှိနိုင်ဖို့ ဗွီဒီယိုရိုက်ကွင်းတွေ၊ ဖက်ရှင်အလှဓာတ်ပုံတွေအတွက် မော်ဒယ်အေဂျင်စီတွေကို ယွမ်ငွေ ၂၀၀၀ နဲ့ ၃၀၀၀၀ ကြား အခကြေးငွေပေးပြီး ပြင်ဆင်ကြတာပါ။ ရှန့်ဇန်ခရိုင်လုံခြုံရေးဗျူရိုမှ ရဲအရာရှိ ဇူးခွန်က “အဲဒီနာမည်ကျော်ပုံစံတုပထားတဲ့ ၀က်ဘ်ဆိုဒ်တွေမှာ (လိင်အပျော်မယ်တွေရဲ့) ကိုယ်ရေးအချက်အလက်ဖိုင်တွေကို မြှင့် တင်လေ့မရှိကြဘူး” လို့ စီစီတီဗွီသတင်းကို ပြောပါတယ်။ တချို့ လိင်အပျော်မယ်တွေဟာ အတုအယောင် အွန်လိုင်းစတားတွေဖြစ်လာစေဖို့ ငွေကြေးပမာဏ မြောက်မြားစွာအသုံးပြုပြီး ခွဲစိတ်ပြုပြင်တာတွေကို လုပ်ကြလေ့ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 
သတင်းဓာတ်ပုံ – စီစီတီဗွီ DVB 

လတ်တလော ဖေ့ဘုတ်စာမျက်နှာထက်တွင် သရုပ်ဆောင် အဆိုတော် စိုးသူရဲ့ရှေ့နေက ကြေညာချက်တစောင် နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ကြေညာ






လတ်တလော ဖေ့ဘုတ်စာမျက်နှာထက်တွင် သရုပ်ဆောင် အဆိုတော် စိုးသူရဲ့ရှေ့နေမှ သူ့အမှုသည်နဲ့ ပတ်သက်လို့ ကြေညာချက်တစောင်ကို ဇန်န၀ါရီ ၁ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ အဲ့ဒီကြေညာချက်စာတမ်းဟာ ဖေ့ဘုတ်စာမျက်နှာထက်မှာ ပျံ့နှံ့နေပါတယ်။ ဧရာဝတီပရိတ်သတ်တွေ ဖတ်ရှုနိုင်ဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ “ကျွန်ုပ်၏အမှုသည် ဦးစိုးသူလွင်သည် မိခင်၏ကျန်းမာရေးအတွက် ၂၀၁၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ သမီးဖြစ်သူ အိန်ဂျယ်စိုးသူလွင်နှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဦးစိုးသူလွင်သည် မြန်မာနိုင်ငံတွင် ယခုထိအခြေချနေထိုင်၍ မူလ အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ ကျွန်ုပ်၏(၂၄-၁၂-၂၀၁၅)ရက်နေ့ထုတ် Daily Eleven သတင်းစာကြေငြာချက်အပေါ် ဦးစိုသူလွင်၏ ဇနီးဟောင်းဖြစ်သူ – ဒေါ်ခင်မြမြ၀တ်မှုံဆွေ(Khin M Swe) သည် ၎င်းကြေငြာချက်နှင့် တစုံတရာ ပတ်သက်မှုမရှိဘဲ ထိုကြေငြာချက်အား Post တင်၍ ဦးစိုးသူလွင်နှင့် အခြားသူများအားနစ်နာထိခိုက်စေမည့် အများပြည်သူအထင်လွဲမှားစေနိုင်သော Status ကို သူမ၏ Facebook တွင် သူမ၏အမည်ရှင်းဖော်ပြ၍ ရေးသားခဲ့သည်။ မီဒီယာများအကြား ပျံ့နှံ့စေခဲ့သည်။ ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြ၀တ်မှုံဆွေတို့သည်(၂၆-၉-၂၀၀၁)တွင် လက်ထပ်ခဲ့ပြီး ယင်းနေ့တွင်ပင် ဦးစိုးသူလွင်သည် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာခဲ့သည်။ ဒေါ်ခင်မြမြ၀တ်မှုံဆွေသည် ၂၀၀၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးစိုးသူလွင်ရှိရာ အမေရိကန် ပြည်ထောင်စုသို့ လိုက်လာခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သမီးတဦးထွန်းကားခဲ့သည်။ ဦးစိုးသူလွင်နှင့် ဒေါ်ခင်မြမြ၀တ်မှုံဆွေ၏ အိမ်ထောင်ရေးအခြေအနေသည် ၂၀၀၇ ခုနှစ်မှစ၍ လူသိရှင်ကြားမဖြစ်ခဲ့သော်လည်း အဆင်မပြေမှုများစွာရှိခဲ့သည်ကို ကာယကံရှင်များသာ အသိဆုံးဖြစ်သည်။ အရွယ်မရောက်သေးသော သမီးငယ်စိတ်ဆင်းရဲမှုမဖြစ်စေရန်နှင့် နှစ်ဖက်မိဘတို့အား ထောက်ထား၍ ကွာရှင်းပြတ်စဲခြင်းအဆင့်သို့ မရောက်ရှိခဲ့သော်လည်း သူမအား လွတ်လပ်ခွင့်ပေးရန်တောင်းဆိုခဲ့သောကြောင့် အချိန်တခုထိ ကိုယ့်လမ်းကိုယ်လျှောက်ကြရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်။ သို့အတွက်လည်း ဦးစိုးသူလွင်သည် အိမ်ထောင်အတွင်းရေး အဆင်မပြေမှုများကို ဖော်ထုတ်ပြောဆိုခဲ့ခြင်းမပြုခဲ့ဘဲ ထိုအချိန်မှစ၍ သမီးလေး၏ ကိစ္စများမှအပ ဒေါ်ခင်မြမြ၀တ်မှုံဆွေနှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်ခြင်းမပြုကြတောပါ။ အမေရိကန်ပြည်ထောင်စုတွင်ရှိသော မိမိနှင့် ပိုင်ဆိုင်မှုများအား သူမလိုသလိုအသုံးပြုနိုင်ရန် ဒေါ်ခင်မြမြ၀တ်မှုံဆွေအား အပြီးလွှဲပြောင်းပေးခဲ့ပြီးလည်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ပညာသင်ကြားနေသော သမီးဖြစ်သူ၏ ကျောင်းစရိတ်အား ယခုထိတိုင် ဦးစိုးသူလွင်မှ အပြည့်အ၀တာဝန်ယူထားပါသည်။”  








Irrawaddy 

အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်






ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ အ၀ရွာအုပ်စုတွင် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်
တိုင်ကြားထားကြောင်း သိရှိရသည်။

ဇန်န၀ါရီ ၅ ရက် ညနေ ၄း၀၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးဘက်မှ မိသားစုသည် မင်းပြားမြို့မ ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ အ၀ရွာကျေးရွာအုပ်စု၊ မင်းရွာကျေးရွာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးက ဘိတ်လှတောင်ပေါ်တွင် ဟင်းသီးဟင်းရွက် ခူးနေစဉ် တစ်ရွာတည်းနေ အသက် ၅၅ နှစ်အရွယ် ဦးမောင်ကျော်အေးက ရောက်လာပြီး သားမယား အဖြစ် ပြုကျင့်ခဲ့ပြီး မိခင်နှင့် ဆွေမျိုးများအား အသိပေး ပြောကြားပါက ဓားဖြင့်
ထိုးသတ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် ရဲစခန်းတွင် အဆိုပါ အမျိုးသမီး၏ မိသားစုက အမှုဖွင့်လိုက်ခြင်းဟု မင်းပြားမြို့ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် စိန်ထွန်းဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးမောင်ကျော်အေးအား မင်းပြားမြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး တိုင်ကြားခံရသူမှာ ထွက်ပြေးနေသဖြင့် ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

Bitcoin ဆိုတာဘာလဲ?










Bitcoin ဆိုတာဘာလဲ....? မသိရင် www.youtube.com/watch?v=U3i2yR0A5m4 မှာဝင်

ကည့်နိုင်ပါတယ်။ Bitcoin ဆိုတာအွန်လိုင်းမှာသုံးတဲ့ငွေကြေးတစ်မျိုးပါ။ မြန်မာကျပ်ငွေ၊ ဂျပန်ယန်းငွေ၊ အမေရိကန်ဒေါ်လာ လိုမျိုး ငွေတစ်မျိုးပဲ ဖြစ်ပါတယ်။ ကွာခြားတာက Bitcoin ကို Internet ပေါ်မှာပဲ Internet ငွေကြေးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ပြင်ပလောက မှာ ငွေသားအနေနဲ့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Money Exchanger ဆိုတဲ့ ငွေလဲဌာန တွေမှာ US Dollar နဲ့ လဲယူနိုင်သလို Bitcoin ကို အသုံးပြုတဲ့ ဆိုက်တွေက တိုက်ရိုက်ဝယ်ယူတာတွေလဲလုပ်နိုင်ပါတယ်။ နောက်ကွာခြားတာတစ်ခုက Bitcoin က Decentralized Currency ဖြစ်ပါတယ်။  ဥပမာ မြန်မာကျပ်ငွေဆိုရင် မြန်မာဗဟိုဘဏ်က တာဝန်ယူထုတ်လုပ် တဲ့ ငွေကြေးဖြစ်ပါတယ်။ ဆိုလိုတာ က Bitcoin တွေကို အဓိကပိုင်တဲ့ပိုင်ရှင်ဆိုတာ မရှိပါဘူး။ Bitcoin ဆိုတာ Virtual Currency တစ်ခုဖြစ်ပြီး အင်တာနက်ကနေ လူတစ်ယောက်နဲ့တစ်ယောက် (peer to peer )တိုက်ရိုက် ငွေလွှဲပို့  လက်ခံ လို့ရပါတယ်။ Paypal လို Payment Processor တွေမလို အပ်တဲ့အတွက် ငွေလွှဲ ခလည်းကုန်ကျခြင်းမရှိပါဘူး။ အင်တာနက်မှာ Bitcoin တွေဝယ်လို့ ရောင်းလို့ရတဲ့နေရာတွေရှိပါတယ်။ Bitcoin တွေရှာလို့ရတဲ့ ဝက်ဆိုက်တွေလည်းရှိပါတယ်။ သင့်ကွန်ပြူတာ ကနေလည်း Bitcoin တွေထုတ်လုပ်နိုင်ပါသေးတယ်။ သင့်ကွန်ပြူတာကနေ ငွေရှာနိုင်တဲ့သဘောပါပဲ။ Bitcoin တွေ များများထုတ်နိုင်အောင် Hardware တွေကို Upgrade လုပ်နိုင်ပါတယ်။ အဲ့ဒီလို Hardware တွေကို Bitcoin Miner လို့ခေါ်ပါတယ်။ ဒီပို့စ်ကတော့လက်ရှိကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး၊ အဆင်ပြေဆုံး အရများဆုံးဖြစ်တဲ့ အွန်လိုင်းငွေရှာဆိုက်တစ်ခုဖြစ်တဲ့ MMM Global အတွက် Bitcoin အကြောင်းကိုအရင်ပြောပြတဲ့သဘောပါ။ ဘာလို့လဲဆိုတော့ MMM Global မှာကျွန်တော်တို့ ငွေအသွင်းအထုတ်လုပ်ဖို့ အခုပြောနေတဲ့ဒီ Bitcoin(BTC) အသုံးပြုကြရမှာပါ။ ဒါကြောင့်ဒီ Bitcoin အကြောင်းလေးတွေကို ရှာဖွေစုဆောင်းပြီးတင်ပေးလိုက်တာပါ။ အင်တာနက်မှာ Bitcoin တွေအသုံးပြုလို့ရတဲ့ ဝက်ဆိုက်တွေတော်တော်များများရှိပြီး WordPress , OK Cupid, Online Shopping တို့မှာလည်း အသုံးပြုနိုင်ပါတယ်။ Bitcoin အသုံးပြုလို့ရတဲ့ ဝက်ဆိုက်တွေကို https://en.bitcoin.it/wiki/Trade မှာလေ့လာပါ။ Bitcoin ကနေ တကယ့်ငွေကိုလွှဲပြောင်းထုတ်ယူနိုင်မယ့် Bitcoin ATM စက်တွေလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိနေပါပြီ... အာဆီယံနိုင်ငံတွေမှာလည်း Bitcoin ATM တွေရှိနေပါပြီ... ဒီပို့စ်ကတော့ ဘစ်ကွိုင်နဲ့ လုံးလုံးမှ မရင်းနှီး မနီးစပ်သေးတဲ့ သူတွေအတွက်ပါနားလည်လာအောင်ရေးသားထားပေးပါတယ်။ ဘစ်ကွိုင်ဆိုတဲ့ အွန်လိုင်း ဒစ်ဂျစ်တယ် ကာရန်စီကိုနိုင်ငံခြားအနောက်နိုင်ငံက ကုန်သည်တွေ ငွေပေးချေမှုမှာလွယ်ကူသည့်အတွက် တော်တော်များများ အသုံးပြုကြပါတယ် ဘစ်ကွိုင်ကိုလဲ အွန်လိုင်းမှ ရှာဖွေစုဆောင်းသူများလဲ အမြောက်အများ ရှိကြပါတယ် ဘစ်ကွိုင်ကို အမျိုးမျိုးသောရှာဖွေနည်းမျိုးစုံနဲ့ ရှာဖွေ စုကြပါတယ်.....ဥပမာ ဘစ်ကွိုင်ဖရီး စတိုရှီအနည်းစီပေးတဲ့ ဆိုဒ်များ..ပီတီစီ ဆိုဒ်များ...မိုင်းတွင်းတူးသည့် Miner Pool များ ...ဂိမ်းဆော့ပြီးရှာဖွေနိုင်သည့်ဆိုဒ်များ.... Inverstmet ရင်းနှီးမြုပ်နှံမှုလုပ်သည့် ဆိုဒ်များ... ဘစ်ကွိုင် ဝယ်ရောင်း buy/sell သည့် Trade ဆိုဒ်များ ...အမျိုးစားမျိုးစုံနဲ့ ရှာဖွေစုကြပါတယ်... မိမိမှာ ကွန်ပြူတာ၁လုံးသို့မဟုတ် ဖုန်း၁လုံးရှိတာနဲ့ ဘစ်ကွိုင်စုဆောင်းတာကို လုပ်နိုင်ပါတယ်....ကျနော်တို့နိုင်ငံမှာလဲဘစ်ကွိုင်စုဆောင်းသူတွေ တဖြေးဖြေးများပြားလာပါပြီ.....ဘစ်ကွိုင်ကဘယ်လိုငွေချေမှုမှာအသုံးဝင်ခဲ့လဲဆိုတာ အောက်မှာဆက်လက်ဖတ်ရှု့နိုင်ပါသည်ခင်ဗျာ... ဘစ်ကွိုင် Bitcoin ဆိုတာ(online digital currency) အမျိုးစားတစ်ခုဖြစ်ပါတယ် ဘစ်ကွိုင်ကို Nakamoto က  (6.11.2008) ခုနှစ်မှာ စတိုရှီနဲ့ ငွေပေးချေမှုကိုစတင်တီထွင်ခဲ့ပါတယ် 2009 ခုနှစ်စပိုင်းမှာ open source system နဲ့ ငွေပေးချေမှုကိုလူတစ်ဦးနဲ့တစ်ဦး  ကြားခံမလိုဘဲ တိုက်ရိုက် peer to peer စနစ်ဖြင့်စတင်အသုံးပြုနိုင်ခဲ့ကြပါတယ်.... အဆို ပါ ဘစ်ကွိုင် ကိုင်ပိုင်ငွေချေမှုစနစ်Virtual ငွေကြေးကိုအသုံးပြုချင်းဖြင့် အမေရိကန် ဘဏ္ဍာရေးစနစ်မှာ အုပ်ချုပ်ရေးမှူးမလိုအပ်ဘဲနဲ့ အလုပ်ဖြစ်စေခဲ့ပြီး မြန်ဆန်တွင်ကျယ်လာခဲ့ပါတယ် Bitcoin ကိုပထမဆုံးသော cryptocurrency ဟုစတင်ခေါ်ဝေါ်သုံးစွဲခဲ့ကြလေတယ်.... ထိုသို့ အစောပိုင်းတွင် ဘစ်ကွိုင်ကို ငွေပေးချေမှု တစ်ခုထဲတွင် ကုန်သည်များတွင်တွင်ကျယ်ကျယ် အသုံးများသထက် များပြားလာခဲ့တယ်....ဥရောပမှာ အကြွေးဝယ်ကဒ်နဲ့ ဝယ်တာတွေထက်ကို မက်လုံးပေးပြီးတော့ 3% 4% ဒစ်စကောင့်အသုံးပြုကာ ဘစ်ကွိုင်နဲ့ ငွေချေတာကိုကုန်သည်တွေအသုံးပြုလာကြတယ်.... ဘစ်ကွိုင်ကို ကုန်သည်များအရေတွက် များပြားစွာ လက်ခံလာသည့်အတွက် ဘစ်ကွိုင်ရဲ့ cryptocurrency လက်လီလက်ကားဝယ်ယူမှုကြောင့် နေ့စဉ် ဈေးအတက်ကျများ ဟုန်တိုးပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ် ဥရောပ ဘဏ် အာဏာပိုင်အဖွဲစည်းကတော့ bitcoin အသုံးပြုသူများကို လူအခွင့်အရေး သို့မဟုတ် chargebacks နဲ့ကာကွယ်ထားသည်မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်... ဘစ်ကွိုင်နဲ့ပက်သက်လို့ ငြင်းခုံမှုတွေ အမြောက်များ ပေါ်ပေါက်ခဲ့ပါတယ်။ နောက်ပိုင်းတွင် ဘစ်ကွိုင်အသုံးပြုသူများပြားစွာပေါ်ပေါက်လာတော့ မီဒီယာတွေနဲ့ ဘဏ္ဍာရေးစနစ် အားပြိုင်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံး Bitcoin ကို အမေရိကန် ဘဏ္ဍာရေးစနစ်မှာ တရားဝင် ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ် Bitcoin ရဲ့ Unit ကို BTC လို့သုံးပါတယ်။ အဲ့သည် BTC Unit ရဲ့အောက်မှာ mBTC / uBTC / kBTC ဆိုပြီးလက်ခွဲလေးတွေရှိတယ်ဗျ.. အဲ့သည်ထဲမှာမှ Full Stop (.)BTC Unit ကတော့အကြီးဆုံးပေါ့ဗျာ... နောက်ထပ် Unit တွေထပ်ခွဲရင်ရသေးတယ်ဗျ... ဒါပေမယ့်ရှုပ်ကုန်မှာစိုးလို့ မပြောပြတော့ပါဘူး... ဒီလောက်သိထားရင်လုံလောက်ပါပြီ... ( Satoshi ) Satoshi 0.00000001 Bitcoin ဘစ်ကွိုင်ရဲ့ တစ်ရာသန်းကို ကိုယ်စားပြုတဲ့ အသေးငယ်ဆုံးပမာဏ ကိုဖော်ပြတဲ့ ဟာပါ စတိုရှီဆိုတာကတော့............. 2014 ခု အောက်တိုဘာလ 7 ၇က်နေ့မှာ bitcoin ဖောင်ဒေးရှင်းကို ထောင်ပြီးတော့ ISO 4217 နဲ့ဖြန့်ချိပြီး ဘစ်ကွိုင်မှ ငွေကြေးကို ကုဒ်တွေ evouncher တွေနဲ့အသုံးပြုပြီး BTC ,XBT ကို ဖန်တီးသတ်မှတ်ခဲ့ကြပါတယ်....... Bitcoin ကိုအွန်လိုင်းမှ payment တွေတော်တော်များများ ချေလို့ရပါတယ် ဘစ်ကွိုင်နဲ့တခြား ကာရန်စီ အမျိုးစားများကိုလဲ လဲလှယ် exchange လုပ်လို့ရပါတယ် ဥပမာ bitcoin to perfect money , bitcoin to paypay ,bitcoin to Giftcard itune Giftcard တွေ Playstore Giftcard တွေ website domain တို့ တခြား ဂစ်ကဒ်ပေါင်းစုံ လဲဝယ်ယူလို့ရပါတယ် နိုင်ငံခြား အွန်လိုင်း e-Commerce ဆိုဒ်တွေမှာ ဘစ်ကွိုင်ကိုတော်တော်များများ ငွေချေဖို့ လက်ခံထားပါတယ် စသည်ဖြင့်ပေါ့ကျနော်ကတော့ ကျနော်တို့ဆီမှာ အသုံးများတဲ့ဟာတွေလောက်ဘဲ ရေးပြသွားတာပါ တခြားနိုင်ငံတွေမှာသုံးတဲ့ ကာရန်စီ မျိုးစုံကိုလဲ ဘစ်ကွိုင်မှ လဲလှယ်လို့ရပါတယ် ရွှေလိုမျိုးပေါ့ ကြိုက်တဲ့ဟာနဲ့ လိုက်လဲလို့ရပါတယ် ဒေါ်လာ ယူရို ပေါင် စသည်ဖြင့်ကျွန်တော်အကြမ်းဖျင်းလောက် ပြောပြတာပါ။ We accept Bitcoin Here လို့ ဘစ်ကွိုင်ပုံလေးနဲ့ပြထားရင် ဘစ်ကွိုင်နဲ့ငွေချေပေးလိုက်ယုံပါဘဲ အရမ်းလွယ်ကူတဲ့ ငွေချေစနစ်ပါ သူတို့ သူတို့ အကောင့်ရဲ့ QR code ကုဒ်လေး ကို ပြပေးထားပါလိမ့်မယ် ကျနော်တို့က အကောင့်ထဲကနေ မိုဘိုင်းဖြင့် ကုဒ်စကန်နာနဲ့ဖတ်ပြီးတော့ တန်းပို့လိုက်ယုံနဲ့ ငွေပေးချေမှုပြီးဆုံးပါတယ် seller အတွက်လဲ ငွေပေးချေမှုကိုလက်ခံဖို့ QR code သို့မဟုတ် ဘစ်ကွိုင်လိပ်စာ တစ်ခုဘဲလိုပါတယ် Buyer အနေနဲ့လဲ စကမ်ဖတ်ပေးပြီးငွေပေးချေမှုကို လွယ်ကူစွာ လုပ်ဆောင်ယုံပါဘဲ။ အွန်လိုင်းမှာငွေချေဖို့အတွက် တခြား ကာရန်စီ တွေကိုသုံးရင် မြန်မာနိုင်ငံကို ခွင့်ပြုထားတဲ့ကာရန်စီ အမျိုးစားတွေက နည်းပါတယ် အကောင့်တွေ ဗယ်ရီဖိုင်းဖြစ်ဖို့လဲ တော်တော်လေး လက်ဝင်အောင်ခက်ခက်ခဲခဲ ပြုလုပ်ရပါတယ် ဖိစ်ခ fees တွေ ဈေးကြီးပါတယ်။ ဘစ်ကွိုင်ကတော့ ဘယ်လောက်များများနည်းနည်း အထွက် ဖိစ်ခ က satoshi 20000 အပြင်မကျပါဘူး အကောင့်ဖွင့်ရလွယ်ကူပြီးတော့ သုံးရတာလဲ လွယ်ကူလွန်းပါတယ် မြန်မာနိုင်ငံမှာလဲ ဘစ်ကွိုင်ကို မြန်မာ အိတ်ချိန်းဆိုဒ်မှာ မြန်မာငွေနဲ့ တရားဝင်ဝယ်ရောင်းပေးလုပ်ထားပါတယ်။ ဒါပေမယ့်မြန်မာနိုင်ငံမှာတော့လက်ရှိအချိန်ထိ Bitcoin ဝယ်ဖို့ရောင်းဖို့ ဘဏ်တွေနဲ့ချိတ်ဆက်အသုံးမပြုနိုင်သေးပါ။ လာမယ့်အစိုးရသစ်လက်ထက်မှာတော့ အဆင်ပြေလာလိမ့်မယ်လို့မျှော်လင့်ကြရတာပေါ့... ယခုလက်ရှိကျွန်တော်ဒီစာကိုရေးနေချိန်1 BTC = 355.6 USD ပေါက်ဈေးရှိပါတယ်။ သူလဲရွှေလိုပါဘဲ နေ့တိုင်းဈေးအတက်ကျရှိပါတယ်။ BTC ဈေးအတက်အကျတွေကို http://preev.com/ မှာကြည့်နိုင်ပါတယ်။ ယခင်က ဘစ်ကွိုင် 1BTC ကို 1100 USD ကျော်ထိရောက်ခဲ့ဖူးပါတယ်... ဒါကြောင့်ကျွန်တော်တို့ BTC တွေဈေးကျနေချိန်မှာဝယ်ထားပြီး ဈေးတက်တဲ့အချိန်ပြန်ရောင်းရင် အမြတ်ရနိုင်ပါတယ်။ ဘစ်ကွိုင်ရဲ့ငွေကြေးတည်ငြိမ်မှုမရှိခြင်း အွန်လိုင်းလောင်းကစား များပေါ်ပေါက်လာခြင်း Web မှတဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနဲ့ဒုစရိုက်မှုများတွင် ဘစ်ကွိုင်နဲ့အွန်လိုင်းငွေပေးချေမှုများကြောင့် တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းမှုတွေနဲ့ ဘဏ္ဍာရေး ပြသနာများပေါ်လာပြီး အမေရိကန်ရဲ့ ရွှေဈေး ခေါင်ခိုက်အောင်တက်သွားချိန်တွင် ကုန်ကျစရိတ်များစွာနဲ့ဘစ်ကွိုင် မိုင်းတူးသည့်ကုပ္ပဏီများ စိတ်ဓါတ်တွေကျကာ မျှော်လင့်ချက်တွေ အရောင်မှိန်ခဲ့ပါတယ်။ 2015 နွေဦးပေါက်အချိန်တွင် ဘစ်ကွိုင်ဈေးဟာ တဟုန်ထိုး ထိုးကျသွားခဲ့တာပါ မိုင်းတွင်းတူးတဲ့ ကုပ္ပဏီများ အကျိုးမြတ်များစွာ ဆုံးရှုံးခဲ့ကြပါတယ်.... Web black market များ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ဘစ်ကွိုင်ဖြင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများကို အမေရိကန်အာဏာပိုင်များ လိုက်လံ ပိတ်ပစ်ပါတယ်။ ဘစ်ကွိုင်နဲ့ ငွေချေမှုပြုလုပ်များတဲ့ ဆိုဒ်တွေကို အင်တာနက်ဖောင်ဒေးရှင်း ဖွဲ့ကာ ဘလက်မားကတ်များကို အမေရိကန် အာဏာပိုင်များက စောင့်ကြည့်ခဲ့ပါတယ် သတင်းဆိုးများစွာဖြင့် ဘစ်ကွိုင်ဈေးထိုးကျမှုကြောင့် သုံးစွဲသူအများပြား ကြောက်လန့်ကာ အတင်းထိုးရောင်းမှုကြောင့် ဘစ်ကွိုင် ဈေးအဆမတန်ထိုးကျသွားခဲ့ပါတယ်... ဝယ်သူနည်းပြီး ရောင်းချသူအမြောက်များကြောင့် ဈေးကွက်မတည်ငြိမ်မှုပေါ်ပေါက်ခဲ့တာပါ ၂၀၁၅ ဇန်နဝါရီ လမှာ Business Value ကို IBM ၏Institute မှ network ချိတ်ဆက်ပြီး BitTorrent , Telehash နှင့် Bitcoin အပါဝင် လွတ်လပ်စွာရရှိသောနည်းပညာကိုအသုံးပြုမှု အင်တာနက်ပေါ်ရှိ Device များ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဗဟိုချုပ်ကိုင်မှုလျော့ချ မှု peer-to -peer Telemetry ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ် မေလေ 2015 ခုနှစ် မှာ NASDAQ OMX Group က Nasdaq ပုဂ္ဓလိကဈေးကွက် Pre- IPO ကုန်သွယ်ရှယ်များကို ကိုယ်စားပြုလွဲပြောင်း ရန်နဲ့ ရောင်စုံ ဒင်္ဂါးခေါ်ဘစ်ကွိုင်တန်ဖိုးကို အသုံးပြုမဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်...အခုလက်ရှိမှာ ဘစ်ကွိုင်ဈေးကျနေတာပါ ဒါပေမဲ့ အခု ၂၀၁၅ မှာ $240 ကနေ $320 ဝန်းကျင်ကို တက်လိုက်ကျလိုက်သွားနေပါတယ် တနေ့ထဲ ထိုးမကျပါဘူး အများကြီးနဲ့ တိုးလဲမတက်ပါဘူး ၁ ဘီတီစီကို $5 မှ $10 ကြား နေ့စဉ်ပြောင်းလဲရှိနေပါတယ် ဘစ်ကွိုင်ကိုများသောအားဖြင့် ရိုးရှင်းစွာဈေးတက်ရင်ရောင်းထုတ်ပြီး ဈေးနည်းနည်းပြန်ကျရင် ဝယ်စုတဲ့လူ များပါတယ် buy and sell လုပ်ကြပါတယ် ထရိတ်လုပ်တာရဲ့အခြေခံပေါ့... ဒီနေ့ $ 240 နဲဝယ်ထားရင် မနက်ဖြန် $250 ထိတက်သွားတယ်ဆို $10 လာမြတ်ပါမယ် မြန်မာငွေနဲ့ဆို ၁၀ ဒေါ်လာကို ၁၄၀၀၀ ကျော်မြတ်နိုင်ပါတယ် .... အကယ်လို့ 2btc ဝယ်စုထားတဲ့သူဆိုရင် ၂၆၀၀၀ မြတ်ပါမယ် ဈေးအတက်ကျကတော့ မနက်ပိုင်းအစောပိုင်းတွေမှာ ကျတက်ပြီးတော့ ညပိုင်းလောက်မှာ ဘစ်ကွိုင်ဈေး ပြန်တက်လေ့ရှိပါတယ် မြန်မာနိုင်ငံရဲ့အချိန်အရပြောပြတာပါ.... ဘစ်ကွိုင်အကြောင်းကတော့ ဆက်ရေးရင်တော်တော်ရှည်သွားမယ်ခင်မျ smile emoticon အားလုံး ဘဲဒီလောက်ဆို ဘစ်ကွိုင်လာလဲဆိုတာ အကြမ်းဖျင်းလောက် သိလောက်ပြီထင်ပါတယ်ခင်မျ......လိုရင်းလေးရောက်ရင်ဘဲရေးပေးလိုက်တာပါ..... အခုလောလောဆယ် ဘစ်ကွိုင်ကို စုဖို့အတွက် Wallet ၁ ခုလိုအပ်ကြောင်းဆက်ပြောမှာပါ အကြမ်းဖျင်းပေါ့။ နောက်ပြီးရင် ဘစ်ကွိုင်ကို အွန်လိုင်းပေါ်ဘယ်လိုရှာဖွေရမလဲ ဆိုတာဆက်ရေးပြပေးပါ့မယ်။ သင်ဘစ်ကွိုင် ရှာဖွေစုဖို့အတွက်ဘစ်ကွိုင် Wallet တစ်ခုတော့ ရှိရပါမယ်ကိုယ်က Wallet ကို web ကနေအသုံးများမှာလား ဒါမှမဟုတ် Application ကဘဲသုံးမှာလား ဆိုတာခွဲခြားပါ။ တကယ်တော့ ၂ ခုလုံးသုံးလို့ရပါတယ် ကိုယ့်စိတ်ကြိုက်အားသန်ရာပေါ့ ရွေးပြီးတော့ Wallet ၁ခု အကောင့်ဖွင့်လိုက်ပါ။ ဒါပေမယ့် App ကနေသုံးတာက ကိုယ့်အကောင့်အဟက်ခံရဖို့အရမ်းလွယ်ကူပါတယ်။ ဒါကြောင့်ဘရောက်ဆာကနေ သုံးတာကပိုကောင်းပါတယ်။ ဘစ်ကွိုင် Wallet ၁ခုအကောင့်ဖွင့်ပြီးရင် ဘစ်ကွိုင် လိပ်စာ ၁ခုရပါမယ် အဲ့လိပ်စာကိုမှတ်ထားရမှာပါပြီးရင်ငွေထုတ်သွင်းကို အဲ့လိပ်စာ နဲ့လုပ်ရပါတယ် ကိုယ့်ဆီ ကို ဘစ်ကွိုင် ပို့မယ်ဆိုရင် ကိုယ့်လိပ်စာ BTC Address ပေးထည့်ပေးရပါတယ်။ ဒါမှကိုယ့် Wallet ထဲကိုရောက်လာမှာပါ။ ဒါမှကိုယ်စုလို့ရမဲ့ ဘစ်ကွိုင်တွေကို ကိုယ့်ဝေါလက်ထဲမှာ သိမ်းထားလို့ရမှာပါ.... တစ်နည်းပြောရင် Bitcoin Wallet ဆိုတာ အွန်လိုင်းပိုက်ဆံအိတ် တမျိုးဆိုတာမျိုးပါ.... မိမိပိုက်ဆံတွေကို အွန်လိုင်းမှာသိမ်းထားရတဲ့ ပုံစံမျိုးပေါ့.. ပုံထဲက ဝေါလက်ကတော့ Coinbase Wallet ပါ လူသုံးလဲများပါတယ် လုံခြုံရေးပိုင်းလဲကောင်းပါတယ်။ ကျွန်တော်လည်းလက်ရှိ Coinbase ကိုသုံးနေပါတယ်။ Coinbase မှာမြန်မာနိုင်ငံကိုဘဏ်နဲ့ချိတ်ပြီးတော့အသုံးပြုခွင့်မပေးထားပါဘူး။ ထုတ်သွင်းတော့အကုန်သုံးလို့ရပါတယ် အထဲမှာတင် buy and sell ရောင်းဝယ်လို့မရသေးတာပါ။ ထိုင်းနိုင်ငံလည်း Coinbase ကနေ BTC တွေကိုတိုက်ရိုက်ဝယ်/ရောင်းလို့မရသေးပါ။ ဘစ်ကွိုင် wellet တွေမျိုးစုံ ထွက်ပါတယ် တခုနဲ့တစ်ခု အပြိုင်ဆိုင်ဝန်ဆောင်မှုတွေမတူအောင်ပေးထားကြပါတယ် ကိုယ်အသုံးတည့်မဲ့ အသုံးများမဲ့ ဟာကို ရွေးပြီးတော့ အသုံးပြုနိုင်ပါတယ် ဒီပို့စ်မှာတော်တော်ရှည်သွားပြီခင်မျ..... Walletအသုံးပြုနည်းနဲ့ အကောင့်ဖွင့်နည်းကို နောက်၁ပို့စ်မှာပြည့်ပြည့်စုံစုံ ရေးသားပေးပါ့မယ်... ပြီးရင် MMM Global အကြောင်းကိုလည်း ဆက်လက်ရေးသားပေးသွားပါမယ်...

Copy the BEST Traders and Make Money : http://bit.ly/fxzulu

မေတ္တာတရားနှင့် ချစ်ခြင်းမှသည် သစ္စာတရားနှင့်ချစ်ခြင်းသို့







မေတ္တာတရားနဲ့ချစ်ခြင်းဆိုတာ လက်တွဲဖော်နှစ်ဦးကြား ရမက်မပြယ်ခင် ၊ အချစ်မပြယ်ခင် ကာလတွေမှာချစ်ခြင်းမျိုးပေါ့။ သစ္စာတရားနဲ့ချစ်ခြင်းကတော့ လက်တွဲဖော်နှစ်ဦးကြားမှာ ရမက်တွေပါးလာတာမျိုး ၊ အဆင်မပြေမှုတွေဝင်လာတာမျိုး ၊ ထိန်းချုပ်ရမယ့်အနေအထားမျိုးတွေ ဖြစ်လာမယ့်အချိန်တွေမှာ အသိတရားနဲ့ချစ်တာပါ။
မေတ္တာတရားနဲ့ချစ်ခြင်းက ရမက်တွေပါနေတော့ ပူလောင်တယ်။ သစ္စာတရားနဲ့ချစ်ခြင်းကျတော့ အေးမြပြီး ကိုယ်တိုင်လည်း သိက္ခာရှိရှိစိတ်လုံ ၊ လက်တွဲဖော်လည်း ယုံကြည်စိတ်ချလို့ ငြိမ်းချမ်းရ ၊ စောင့်သိသင့်တာတွေ စောင့်သိတာမို့ လူကျင့်ဝတ်နဲ့အညီနေထိုင်ခြင်းပေါ့။
မေတ္တာတရားနဲ့ချစ်ခြင်းဟာ ငယ်ရွယ်ကျန်းမာ သန်စွမ်းတဲ့ လက်တွဲဖော်နှစ်ဦး (သမီးရည်းစားနဲ့အိမ်ထောင်ဦး)တွေ ခံစားတတ်ကြတာဖြစ်ပြီး သစ္စာတရားနဲ့ချစ်ခြင်းကျတော့ အားနည်းမှုရှိတဲ့လက်တွဲဖော်ကို ဆက် လက်တွဲတဲ့သူတွေ ၊ အိုမင်းလာတဲ့စုံတွဲတွေ ၊ လက်တွဲဖော်နှစ်ဦးမှာ တစ်ဦးက သာမာန်ကျန်းမာရေးအခြေအနေမျိုး မဟုတ်တော့တဲ့ အချိန်တွေမှာ ကာလရှည်ကြာစွာ သေကွဲကွဲတဲ့အထိ သစ္စာတရားနဲ့ချစ်တတ်တာပါ။
အခုခေတ်မှာ ခေတ်မီအောင် ဖောက်ပြန်နေကြတာလားမသိဘူးနော်။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ ဖောက်ပြန်တဲ့သူတွေဆိုတာ လက်ချိုးရေလို့ရတယ်။ တစ်လမ်းလုံးနေလို့ တစ်ယောက်ရှိခဲတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက ဖောက်ပြန်တဲ့သူတွေဟာ မိန်းမအရွယ်ကျသွားလို့ ၊ အိမ်ထောင်ဖက်က ကျန်းမာရေးချို့တဲ့သွားလို့ ၊ မိန်းမကိုယ်ဝန်ဆောင်နေလို့ ၊ မိန်းမဟာ စိတ်ကြမ်းလူကြမ်းနဲ့ အပျိုတုန်းကလို ကိုကို မောင်မောင် ချိုချိုသာသာ ပြင်ပြင်ဆင်ဆင် ဆွဲဆောင်မှုတွေ မရှိတော့လို့ ၊ အိမ်ထောင်ရေးအဆင်မပြေလို့ ၊ တပါးသူနဲ့ စိတ်ကွယ်ရာအချိန်တွေ ၊ နေရာတွေမှာ အနေနီးစပ်သွားကြလို့ ၊ အိမ်ထောင်ဖက်နဲ့ ကာလအတော်ကြာ အမြဲခွဲနေရလို့ စသဖြင့်သော အကြောင်းတွေကြောင့် ဖြစ်ပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက ဖောက်ပြန်တဲ့သူတွေဟာ အမျိုးသားတွေ အများစုဖြစ်ကြပြီး မိန်းမပျက်နဲ့ ငွေပေးလို့ အတူသွားနေတာကိုကအစ ဖောက်ပြန်တယ်လို့ သတ်မှတ်ကြတာပါ။ မယားငယ်ပေါ်တင်ထားတာ ၊ အပျော်တွဲတွေ ထည်လဲတွဲနေတာမျိုး အတော့်ကို ရှားလှပါတယ်။ ကျွန်မအပျိုဖော်ဝင်စတုန်းက ကျွန်မတို့မောင်နှမတွေကို အဖေက အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမှာစကားပြောဖူးတယ်။ အိမ်ထောင်ဘက်ကို ဆင်းရဲချမ်းသာမရွေး ရွေးချယ်နိုင်တယ်တဲ့။ အိမ်ထောင်ရှိသူကိုယူပြီး သူများအိမ်ထောင်ကို မဖျက်စီးရဘူးတဲ့။ ကာမပိုင်ရှိတဲ့သူနဲ့ မပတ်သက်ရဘူးတဲ့။ မသိလို့ ပတ်သက်မိရင် သိတဲ့အချိန်မှာ ချက်ချင်းရုန်းထွက်ရမယ်တဲ့။ ဆက်မမိုက်ရဘူးတဲ့။ မိမိကိုးကွယ်တဲ့ဘာသာကိုလည်း မျိုးရိုးစဉ်ဆက် ထိန်းသိမ်းသွားရမယ်တဲ့။ အဲဒီတုန်းက အပျိုဖော်ဝင်စဆိုတော့ အဖေ ဘာတွေပြောနေမှန်းမသိပေမယ့် ရှားရှားပါးပါး တခါတည်းပြောခဲ့ဖူးတာမို့ မှတ်မိနေတာပါ။
အမေကကျတော့ ပြတ်တယ်။ ရှင်းတယ်။ ဘယ်ယောက်ျားယူယူ ဒီဟာက မလွဲမသွေပါမှာပဲတဲ့။ ဒီတော့ ကိုယ့်နဲ့ထိုက်တန်တာကို ကိုယ့်ဘာသာရွေးချယ် စဉ်းစားပြီးယူကြတဲ့။ သူတို့ အမှာစားပြော ဆိုဆုံးမချိန်တုန်းက ကိုယ်ဟာ ဆယ်ကျော်သက်စွန်းစွန်း အပျိုဖော်ဝင်စဆိုတော့လေ ဘာမှကို နားမလည်တာပါ။
ကိုယ့်မိဘက ဒီလိုသင်ခဲ့တော့ ကိုယ်ဟာ မိဘစကားကို တသွေမတိမ်းနားထောင်ခဲ့ပါတယ်။ အခုခေတ်မှာ မိဘတွေက ဒီလိုမဆုံးမကြဖူးလားလို့ ကျွန်မတွေးမိတယ်။ ဒါတောင် ကျွန်မအဖေက ကျွန်မ ဆယ့်သုံးနှစ်သမီးမှာ ဆုံးပါးသွားခဲ့တာနော်။ ကျွန်မတို့ကို ထပ်မဆုံးမနိုင်တော့ပေမယ့် တကြိမ်တခါ ဆိုဆုံးမ ၊ မှာကြားခဲ့တာတွေကို ကျွန်မတို့ဟာ လိုက်နာထိန်းသိမ်းခဲ့ပါတယ်။ ဒါဟာ မိမိဂုဏ်နဲ့ မိဘဂုဏ်တက်စေတဲ့ လုပ်ရပ်တခုမဟုတ်လား။
အိမ်ထောင်ရှင်တွေ ဖောက်ပြန်တဲ့အခါ သူ့ကိုယ်သူ သနားစရာလို့ တဘက်လူ မသနား သနားလာအောင် ပြောတတ်ကြတယ်။ အနေလည်းနီးစပ်မယ် ၊ သနားစိတ်လေးလည်း ဝင်လာပြီဆိုရင် နောက်တဆင့်က ဖောက်ပြန်ဖို့ဖြစ်လာတာပေါ့။ မသိလို့ခြေလှမ်းကျွံ ဖောက်ပြန်မိတာက မသိလို့ဆိုပြီး ခွင့်လွှတ်ပေးလို့ရသေးတယ်။ သိရက်နဲ့ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ အတော့်ကို ကိုယ်ချင်းစာတရားမဲ့သွားပြီ။ ကိုယ်တယုတယပျိုးထားတဲ့အပင်လေးကို အသီးအပွင့်ပြည့်စုံမယ်ကြံရုံရှိသေး တပါးသူက အပိုင်သိမ်းသွားတယ်ဆို ဘယ်လိုခံစားရမလဲ။ အချစ်ဟာ ပျိုးပင်တစ်ခုမဟုတ်သလို ဘဝဟာ အပင်တစ်ခုမဟုတ်ဘူးလေ။
သိရက်နဲ့ဖောက်ပြန်တယ်ဆိုရင် ကိုယ်ပြုတဲ့ကံကိုယ့်ထံပြန်လာဦးမှာမို့ ကိုယ်ဟာလည်း ဒီလိုခံစားမှုမျိုး ၊ ဒီလိုစိုးရိမ်ပူပင်မှုမျိုးကို ပိုက်ပြီးနေရလိမ့်ဦးမယ်။ တချိန် ကိုယ့်နောက်ကွယ်မှာ သူဖောက်ပြန်လေဦးမလားပေါ့။ ခြံခုန်တဲ့နွားကလေ ခြံကိုခုန်တာ ၊ စားနေကျကြောင်ပါးက ဘယ်လိုအကွက်ချောင်းစားသောက်ရမယ်လို့ သိပ်ပါးနပ်တာ။ တပါးသူလှည့်စားခဲ့လို့ ကာမပိုင်ရှိမှန်းမသိဘဲဖောက်ပြန်မိရင် သိတဲ့အချိန်မှာ ရပ်တန်းကရပ်ပြီး ဆက်မမိုက်ကြဖို့ပါ။ ကျွန်မအမေ ဆုံးမခဲ့ဖူးသလို ဘယ်ယောကျာ်းယူယူ ဒါပါမှာပဲလေ။ အဲဒီတုန်းက ဒါဆိုတဲ့အဓိပ္ပါယ် မသိသေးပေမယ့် အရွယ်ရောက်လာလို့ ဒါနဲ့ပတ်သက်မိရင် ဒါဟာဘာလဲလို့ နားလည်သဘောပေါက်လာမှာပါ။
ဘယ်ယောက်ျားယူယူ ဒါပါလာမယ့်ကိစ္စကို သူများပိုင်ပစ္စည်းမှ တမ်းတမ်းစွဲနေရလောက်အောင် ကိုယ်ဟာ သူများအကျပဲ (စားကြွင်းစားကျန်နဲ့ပဲ) တန်သူလား။ ကိုယ့်တန်ဖိုးဟာ ဒါလား။ ကိုယ့်သိက္ခာသူများချလို့ သိက္ခာရှိနေတဲ့သူတစ်ယောက်ဟာ သိက္ခာမကျသွားနိုင်ဘူး။ ကိုယ့်လုပ်ရပ်ကသာ ကိုယ့်ကို သိက္ခာကျသွားစေတာ ၊ တန်ဖိုးကျသွားစေတာဖြစ်ပါတယ်။ ကိုယ့်တန်ဖိုးကို ကိုယ့်ဘာသာ မြှင့်တင်ရတာပါ။ ဒီရုပ်ရည်ဟာလည်း တန်ဖိုးမဟုတ်ဘူး။ အရွယ်ရလာတာနဲ့ ပျက်စီးသွားမယ့်အလှ။ အိုလာတာနဲ့ ရွဲသွားမယ့် ကိုယ်ပြင်ပကအရာပါ။ လူ့တန်ဖိုးဆိုတာ အသိတရား ၊ ပညာရွှေအိုး လူမခိုးတဲ့ ။
ပညာဆိုတာအတန်းပညာလို့ချည်းမမှတ်ပါနဲ့။ စဉ်းစားတွေးခေါ်တတ်တာလည်း ပညာဖြစ်သလို ကိုယ့်ဘဝကို မြင့်သထက်မြင့်အောင် ကိုယ့်အသိဥာဏ် ၊ ကိုယ်ကျင့်တရား ၊ ကြိုးစားအားထုတ်မှုတွေနဲ့ တဆင့်ထက်တဆင့် တက်သွားနိုင်တာမှ တကယ်ကို မြင့်မြတ်တဲ့ အသိဥာဏ်ပညာပါ။ ငယ်စဉ်မှာ ဘဝအဆင့်အတန်းမြင့်အောင် ကိုယ်ကျင့်တရားလုံလုံနဲ့ကြိုးစားအားထုတ်ရမယ်။ ကောင်းကောင်းနားလည်သိတတ်လာချိန်မှာ ဥာဏ်အဆင့်အတန်းမြင့်အောင် သံသရာအတွက် ကြိုးစားအားထုတ်နိုင်ရမယ်။
ဇနီးကိုကြင်နာတတ်တဲ့ခင်ပွန်း ၊ ငွေဝင်ဖြောင့်တဲ့သူ ၊ အနာဂါတ်ခိုင်မာမှု ပေးနိုင်တဲ့သူဟာ သူတို့ပိုင်ဖြစ်လာမလားလို့ ကြောင်တောင်နှိုက်အမျိုးသမီးတွေက ပထမ မျက်လုံးအထာနဲ့ပေးမယ်။ အမျိုးသားဟာ Welcome ဆိုတဲ့အထာပြန်ပေးရင် ခပ်တည်တည်နဲ့ သူများအိမ်ထောင် ကိုယ့်အိမ်ထောင်လုပ်ယူချင်ကြသူတွေ ရှိပါတယ်။ အမျိုးသားက ဘာသိဘာသာမသိယောင်ဆောင်သည့်တိုင် တဆင့်တိုးလို့ သူတို့မှာလည်း ဒါပါကြောင်း ဟိုဖော် ၊ ဒီဖော်လုပ်ပြမယ်။ စကားအရာနဲ့ ဆွဲညုမယ်။ အတွေ့အထိတွေနဲ့ သိမ်းသွင်းမယ်။ သူတို့က ကျလောက်တဲ့အောက်လုံးတွေ ထုတ်သုံးမှာပေါ့။ သူတို့ဟာ ဒီလိုနည်းတွေနဲ့ပဲ သူတို့တန်ဖိုးဆိုတာကို မြှင့်တင်ဖို့ ကြိုးစားကြပါလားလို့ ကရုဏာသက်မိတယ်။ သူတို့ဦးနှောက်က ဒီလောက်ပဲ အသိတရားရှိတာကိုး။
ခင်ပွန်းကိုဂရုစိုက်တတ်တဲ့ အမျိုးသမီးတွေ ၊ ငွေသုံးနိုင်တဲ့ အမျိုးသမီးတွေကိုကျတော့ ကြာကူလီယောက်ျားတွေက အချောင်ရမလား ဝင်လုံးကြတာတွေလည်းရှိပါတယ်။ ခင်ပွန်းလုပ်သူက ဇနီးကို ငွေပေးရင်တာဝန်ကျေပြီလို့ ယူဆတဲ့စုံတွဲတွေမှာ ဒီလိုဖောက်ပြန်မှုမျိုးကို ပိုတွေ့ရတယ်။ ခင်ပွန်းဆီကကြင်နာမှု ၊ နားလည်မှု ၊ သာယာမှုမရတော့ ဒါတွေပေးနိုင်တဲ့သူဘက်ကို ပါလာပြီး မလုပ်သင့်တာတွေ လုပ်ဖြစ်တာ ရေရှည် မစဉ်းစားတတ်တဲ့အမျိုးသမီးတွေပေါ့။
ဒီလိုကြာကူလီအမျိုးသား ၊ အမျိုးသမီးတွေရဲ့ အောက်လုံးဆွဲဆောင်မှုတွေကို ခံနိုင်ရည်ရှိဖို့ဆိုတာ အိမ်ထောင်သည်နှစ်ဦးစလုံးရဲ့ ဆက်ဆံရေး ပွင့်လင်းခိုင်မာဖို့လိုတယ်။ အပြန်အလှန် နားလည်ပေးနိုင်မှုလည်းလိုတယ်။ အကြောင်းအကျိုး ကောင်းကောင်းဆွေးနွေးပြနိုင်ဖို့လည်းလိုတယ်။ တခါတလေ မြွေမြွေချင်း ခြေပိုမြင်သလို မိန်းမအထာကို မိန်းမချင်းပိုသိတယ်။ ယောကျာ်းအထာကိုလည်း ယောကျာ်းချင်းပိုသိတယ်။ ဒါကိုယုံကြည်ဖို့လိုတယ်။ တစ်ဦးကပြောရင် တစ်ဦးကလက်ခံနိုင်ရမယ်။ အန္တရာယ်ကိုရှောင်ရှားနိုင်ရမယ်။
ကြောင်တောင်နှိုက်တွေက အောက်ကွက်တွေ အမျိုးမျိုးသုံးတတ်တယ်။ ဒီမိသားစုလေးကို အားကျတယ်ဆိုတာမျိုး ၊ ဒီလူမျိုးရတာ အရမ်းကံကောင်းတယ်ဆိုတာမျိုး ၊ ဒီလူမျိုးနဲ့ ဖူးစာဆုံချင်လိုက်တာမျိုးတွေကို ထမင်းစားရေသောက်ပြောရင်း လမ်းကြောင်းတတ်တယ်။ စမ်းသပ်တတ်တယ်။ မသိရင်ခံလေ။ ရိုးတဲ့သူ ၊ သူတို့အထာမနပ်တဲ့သူက သူတို့လှည့်ကွက်ထဲသက်ဆင်းပြီး နားဖားကြိုးတပ်တာ ခံလိုက်ဦးပေါ့။

၇ ရက်သားသမီးများ၏ ဇန်နဝါရီလအတွက်ကံကြမ္မာ ဗေဒင်ဟောစာတမ်း









တိုင်းရင်းသားကျေးရွာမှ စိတ်ဝင်စားစရာ အလုံပိတ်တဲများ



ရန်ကုန်မြို့ သာကေတမြို့နယ်မှာရှိသည့် တိုင်းရင်းသားကျေးရွာထဲမှာလည်း အလုံပိတ်တဲလေးတွေရှိတယ်ဆိုတာ ကိုယ်တိုင်မြင်လိုက်ရသခိုက် အရမ်း ကို အံ့သြမှင်တက်မိခဲ့ပါသည်။ စားသောက်ဆိုင်နောက်ဘက်နား ချောင်ကျကျနေရာလေးတွေမှာ မှုန်ကုပ်ကုပ် တဲလေးတွေက ခန့်မှန်းခြေ အလုံးငါးဆယ်ကျော် လောက်ရှိနေတာကို တွေ့ရတော့ ဒီတဲလေးတွေက ဘယ်လိုဝန်ဆောင်မှုတွေ ပေးလို့နေသလဲဆိုတာကို စိတ်ဝင်စားမိပါသည်။ ဘယ်အတွက်ဆောက်ထားတဲ့ တဲ အိမ်လေးတွေလဲ၊ ဘယ်သူတွေအတွက် ရည်ရွယ်ဆောက်လုပ်ထားသလဲဆိုတဲ့ မေးခွန်းတွေကလည်း ခေါင်းထဲမှာ စီရီလို့နေပေသည်။ သည်နေရာတွေကို သင်တွေ့ဖို့တော့ မလွယ်ကူလှပါ။ သို့သော်လည်း စားသောက်ဆိုင်ဝန်ဆောင်မှုအတွက် စက်ဘီးနဲ့ လူခေါ်နေသော ကလေးငယ် လေးများကို သင်မေးလျှင်တော့ ထိုနေရာကို သင့်အား လိုက်ပို့ပေလိမ့်မည်။ စားသောက်ဆိုင်အမည်ခံဆိုပြီး ဖွင့်ထားတဲ့ တဲလေးတွေမှာ သင်ထိုင်ချင်ရင်တော့ သာမန်ထက် ဈေးပိုကျသင့်မှာပဲ ဖြစ်သည်။ ဆိုင်အနီးပတ်ဝန်းကျင်မှာတော့ ခေတ်ဆန်ဆန်ဝတ်ဆင်ထားတဲ့ အမျိုးသမီးငယ်လေးများ ဥဒဟိုသွားလာနေကြတာ ကိုလည်း မြင်တွေ့နေရပါသည်။ အချို့သောစုံတွဲများကတော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ားအေးပါးအေး နေချင်ပါသည်ဟုဆိုကာ တကူးတက လာရောက်ကြကြောင်းကိုလည်း သိခဲ့ရသည်။ ''ကျွန်တော်ကတော့ ဒီကို တစ်ခေါက်မှ မရောက်ဖူးပါဘူး။ ကျွန်တော့် ကောင်မလေး က တိုင်းရင်းသားကျေးရွာ သွားလည်ချင်တယ်ဆိုလို့ လာလည်ရင်း နဲ့ စားသောက်ဆိုင်က လာခေါ်နေတဲ့ ကောင်လေးတွေ လိုက်ပြလို့ သိတာ။ တခြားအတွဲတွေ၊ တခြားလူငယ်မိန်းကလေး အဖွဲ့လိုက် လာတာကိုလဲ တွေ့ခဲ့တယ်။ အများဆုံးကတော့ ကျောင်းသား၊ ကျောင်းသူ တွေပဲများပါတယ်''ဟု တိုင်းရင်းသားကျေးရွာသို့ လာရောက်လည်ပတ်ခဲ့သူ ကိုဝေယံ(အမည်လွှဲ)က ပြောပြခဲ့သည်။ နားအေးပါးအေး အနားယူလိုသည့် စုံတွဲများအတွက် အဆင်ပြေသည်ဟု ဆိုသော်လည်း မိသားစုနှင့်အဖွဲ့လိုက် လာလျှင်သော်လည်းကောင်း၊ မိန်း ကလေးသူငယ်ချင်းများ လာလျှင်သော်လည်းကောင်း ထိုနေရာတွေက သင့်တော်မှုမရှိပါဟုလည်း ¤င်းက ဆက်လက်ပြောပြခဲ့ပါသေးသည်။ ထိုတဲအိမ်များ၏ပုံစံမှာ လေးဖက်လေးတန် ဓနိမိုးထရံကာ အလုံပိတ်တဲလေး များဖြစ်ပြီး ဝင်ပေါက်ဝကို ပုဆိုး(သို့မဟုတ်) စောင်များနှင့်ကာရံထားပြီး တချို့တဲလေးများတွင် တာပေါ်လင်စများနှင့် ကာရံထားသည့် ပုံစံဖြစ်သည်။ အထဲတွင်တော့ ခေါက်စားပွဲတစ်လုံး ပလတ်စတစ်ထိုင်ခုံနှစ်ခုံ ခန့်ရှိပြီး အနည်းဆုံး လူငါးယောက်၊ ခြောက် ယောက်ခန့် ကျယ်ကျယ်ဝန်းဝန်း နေလို့ရသည့် အနေအထားမျိုးဖြစ်သည်။ သို့သော်လည်း ထိုတဲအိမ်လေးများ သို့ ဝင်ရောက်သွားသူများမှာ များသောအားဖြင့် စုံတွဲများ ကိုသာတွေ့ရပြီး အများစုမှာ ကျောင်းသားကျောင်းသူများဖြစ်နေသည်ကိုတွေ့ခဲ့ရသည်။ အရက်၊ ဘီယာ၊ အမြည်းစုံရရှိသည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်းကို လည်း စေ့ငု မိသလောက် လူငယ်များကဆိုသည်။ ''ဆိုင်ထဲကို ကောင်လေးတစ်ယောက်တည်း ဝင်သွားတယ်။ နောက်အ တော်ကြာ မှ ကောင်မလေးတစ်ယောက်က လိုက်ဝင်သွား တာမျိုးလဲ ရှိတယ်။ သွားလာနေရင်းနဲ့ကို လာ မေးတာမျိုးလဲ ကိုယ်တိုင်ကြုံခဲ့ရတယ်။ ဒီတော့ ကျွန်တော်ကတော့ ကျွန်တော့်နှမ၊ အစ်မတွေ ကို ဒီကိုမလာစေချင် ဘူး။ ဘာနဲ့ခွဲခြားတာမှတ် လို့၊ ဒီလိုတွေရှိနေတာဟာ အန္တရာယ်မွေးနေ သလိုပါပဲ''ဟု ဇန်နဝါရီ ၅ရက်က ကိုယ်တိုင် လာရောက်လည်ပတ်ခဲ့သူ တာဝကျောင်းသား ကိုထွဋ်(အမည်လွှဲ)က ပြောသည်။ အခြားသော ရင်ပူစရာမြင်ကွင်းများလည်း တွေ့ခဲ့ရပြန်ပါသည်။ မိန်းကလေးငယ်များ အုပ်စုလိုက်အရက်မှာသောက်ပြီး ဟေးလားဝါးလား မြင်ကွင်း များပင်ဖြစ်သည်။ ဆိတ်ငြိမ်ရာအရပ်တွင် အရက်သေစာ သောက်စား မူးယစ်ပြီး အမှားများကျူးလွန်မိကြလျှင်ဆိုသည့် အတွေးတို့က လည်း နေအပူနှင့်အတူ ရင်ကို လာရောက်ပူလောင်စေပါသည်။ သည်တဲအိမ်တွေနဲ့ပတ်သက်လို့ ပြည် ထောင်စုတိုင်းရင်းသားကျေးရွာ၏ တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးဇော်ဦးကို မေးမြန်းဖြစ်ခဲ့ရာမှာ ¤င်းက ''ကျွန်တော် ဒါတွေကို ရှင်းခိုင်းထားပါတယ်။ အခုထပ်ပြီး သွားကြည့်ပါဦးမယ်။ ဒါမျိုးတွေတွေ့ရင် သတင်းပေးပို့ပေးပါ။ အရေးယူပေးပါ မယ်''လို့ ပြောခဲ့ ပြန်ပါသည်။ တာဝန်ရှိသူတွေက တွေ့ရှိပါက သတင်း ပေးပါလို့သာ ပြောကြပါသည်။ တကယ်တမ်း ရှစ်ပေပတ်လည်အလုံပိတ်တဲလေးများ တိုင်း ရင်းသားရွာထဲမှာ အလုံးပေါင်းရာဂဏန်းကျော် ရှိနေသည်ကို သတိမမူမိ၊ မမြင်မိဘူးဆိုတာ ကတော့ ယုံရခက်ခက်ဖြစ်နေပါသည်။ ကျွန်တော့်ကိုယ်တွေ့ကို ပြောပြပါဦးမည်။ အဲဒီအလုံပိတ်အခန်းတွေနားက စားသောက် ဆိုင်တန်းနား မရောက်ခင်မှာ ဆယ်နှစ်ဝန်း ကျင်လောက်ရှိတဲ့ ကလေးတစ်ဦး စက်ဘီးနဲ့ ရောက်လာပြီး ''ကျွန်တော်တို့ဆိုင်မှာအကုန် ရပါတယ်။ အေးအေးဆေးဆေးလဲ နေလို့ရ ပါတယ်''ဆိုပြီး ခေါ်ပါတယ်။ ကျွန်တော်လည်း စားသောက်ဆိုင်ရွေးနေရမယ့်အတူတူ အေးအေးဆေးဆေး နေလို့ရမယ်ဆိုတဲ့ စကားကြောင့် အဲဒီကလေးနောက်ကို လိုက်ခဲ့ပါတော့တယ်။ ဒီနေရာမှာ အကုန်ရ ပါတယ်ဆိုတဲ့ စကားလုံးကို ကျွန်တော်ရှင်းပြနေဖို့ လိုအပ်တော့မယ်မထင်ပါ။ ဆိုင်ရှေ့ရောက်တော့ ဆိုင်ရဲ့မြင်ကွင်း ကြောင့် ကျွန်တော် လှည့်ပြန်ချင်စိတ်ပေါက် သွားပါသည်။ အကြောင်းကတော့ မသိရင် တောအရက်ရောင်းတဲ့ဆိုင်ပုံပေါက်နေပြီး ဆိုင်း ဘုတ်ကလည်း ခပ်ပေပေ၊ ထိုင်ခုံတွေကလည်း ကျိုးတိုးကျဲတဲနဲ့မို့ တော်တော်စိတ်ညစ်သွား ခဲ့သည်။ ကျွန်တော် လှည့်ပြန်မယ်လုပ်တော့ အသက်နှစ်ဆယ်ကျော်လောက်ရှိမယ့် လူငယ်တစ်ဦး ကျွန်တော့်အနားရောက်လာကာ ''ဆိုင် က အနောက်ဘက်မှာပါအစ်ကို''ဆိုပြီး ကျွန်တော့်လက်ကို အတင်း ဆွဲခေါ်ပါတော့တယ်။ ကျွန်တော်လည်း ပြန်မယ်လုပ်ပြီးမှ သူ့စကား ကြောင့် စိတ်ဝင်စားပြီး သူခေါ်တဲ့နောက်ကို လိုက်လာခဲ့သည်။ ဆိုင်အနောက်လည်းရောက်ရော မြင်လိုက်ရတာတွေက ရှစ်ပေပတ်လည်လောက် ရှိတဲ့ ဓနိမိုး၊ ဓနိကာတဲလေးတွေ အများကြီးပါလား။ ကျွန်တော့်စိတ်ထင် အလုံးငါးဆယ် လောက်ရှိမည်ထင်သည်။ တဲလေးတွေက ပတ်ပတ်လည် ဓနိမိုး၊ ဓနိကာထားပြီး လူဝင်ပေါက် နေရာကို တာပေါ်လင်စတို့၊ စောင်တို့နဲ့ကာထားတယ်။ တဲတစ်လုံးနဲ့တစ်လုံးက ငါးပေ ခြောက်ပေလောက်ပဲ ကွာလိမ့်မယ်။ ဒါ့အပြင် ခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာလည်း ဒီတဲလေးအတိုင်း ဆောက်ထားတဲ့ အခြားဆိုင်တစ်ဆိုင်ကိုလည်းတွေ့ခဲ့ရပါသည်။ အခုနကလူရွယ်က ''အကို ဘယ်တဲကို ယူမလဲ''လို့ဆိုတော့ ကျွန်တော်လည်း တဲတစ်လုံးကို လက်ညှိုးထိုးပြီး ဘီယာနဲ့ စားသောက်စရာတချို့ကို မှာလိုက် တယ်။ တဲရှေ့က လူဝင်ပေါက်ကိုကာထားတဲ့ စောင်လေးကိုလှပ်ပြီး တဲအတွင်းထဲကိုဝင်လိုက်တော့ ခေါက်စားပွဲတစ်လုံး၊ နောက်မှီပလတ်စတစ်ခုံ နှစ်လုံးပဲတွေ့ တယ်။ သိပ်မကြာခင်မှာ ကျွန်တော်မှာ ထားတာတွေရောက်ပြီး စားသောက်ကာ အနားယူခဲ့တယ်။ စားသောက်ပြီးတော့ ဘေလ်ရှင်းဖို့ခေါ်လိုက်တော့ ကလေး တစ်ယောက် ရောက်လာပြီး ကျွန်တော်စားထားတာတွေကို နှုတ်တွက် တွက်လိုက်တာ ကျပ်တစ်သောင်းနှစ်ထောင်ဆိုလို့ ကျွန်တော် အောင့်သက်သက်နဲ့ ရှင်းပေး လိုက်ရသည်။ အဲဒီနေရာက ကျွန်တော်ပြန်လာပြီး မလှမ်းမကမ်းရောက်တော့ ကျွန်တော့်အရွယ် လူငယ်တစ်ယောက်ကိုတွေ့တော့ ဒီဆိုင်တွေအကြောင်း ကို စုံစမ်း ကြည့်ပါတယ်။ သန်လျင်မှာရှိတဲ့ တက္ကသိုလ်တစ်ခုက ကျောင်းသား တစ်ဦးဖြစ်တဲ့ ကိုဝေလင်း(အမည်လွှဲ)က ဆိုပါတယ်။ သူက ယခုလိုပြောပြ ပါတယ်။ ''ကျွန်တော်လဲ ရည်းစားရှိပါတယ်။ တိုင်းရင်းသားကျေးရွာကိုလဲ ခဏခဏရောက်ပါတယ်။ အဲဒီနေရာရှိမှန်း မသိပါဘူး။ စားသောက်ဆိုင် တန်းရှိ နေတာပဲသိတယ်။ ရှိတယ်ဆိုရင်တော့ သွားကြည့်ချင်တယ်။ ရှိတာတော့ မကောင်းဘူးပေါ့ဗျာ။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တာဝန်ရှိတဲ့လူတွေက ဖြေရှင်း ပေးစေချင်ပါတယ်''လို့ ဆိုပါသည်။ ကိုဝေလင်းကိုမေးပြီး မကြာခင် အနားကို ရောက်လာတဲ့ စုံတွဲတစ်တွဲကို လည်း ကျွန်တော် အရဲစွန့်ပြီး မေးကြည့်လိုက်ပါသေးသည်။ သူတို့အတွဲက တော့ အဲနေရာကို ဗိုက်ဆာလို့ စားသောက်တန်းကိုသွားရင်း အဲဒီတဲတွေကို တော့ တွေ့ခဲ့တယ်လို့ ဆိုပါသည်။ မည်သို့ပင်ဖြစ်ဖြစ် ဒီနေရာက ပြည်သူ လူထု အပန်းဖြေနေရာလည်းဖြစ်၊ ကျောင်းသားကျောင်းသူတွေအတွက် လေ့လာစရာနေရာတစ်ခု လည်းဖြစ်သည့် အတွက် ယခုကဲ့သို့ မကောင်းမှုတစ်ခုခု ကျူးလွန်နိုင်အောင် ဆိတ်ကွယ်ရာ ဖန်တီးပေးထားသည့် အလုံပိတ်တဲလေးများကို မရှိစေချင် သည်မှာ ဗုဒ္ဓဘာသာနိုင်ငံထဲက ပြည်သူတစ်ယောက်၏ ရင်ထဲက ဆန္ဒတစ်ခု ပင်ဖြစ်ပါတော့သည်။ (Yangon Times Journal, 12-1) ဓာတ်ပုံ - ဖြိုး(ဘူမိ) ‪#‎Yangon‬ Media Group

မင်းကင်းမြို့မှာ အသုံးပြုလျှက်ရှိတဲ့ MPT 2G စနစ် အလိုမရှိကြောင်း မင်းကင်းမြို့နေ ပြည်သူတွေ ဇန်န၀ါရီ ၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော်




စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့မှာ အသုံးပြုလျှက်ရှိတဲ့ MPT 2G စနစ် အလိုမရှိကြောင်း မင်းကင်းမြို့နေ ပြည်သူတွေ ဇန်န၀ါရီ ၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။ MPT 2G အလိုမရှိ၊ ရှေ့သို့လှမ်းချီ ဘေနှုတ်သည်၊ နောက်သို့ပြန်ကြည့် တိုင်မရှိ ဆိုတဲ့ ပိုစတာ ကြွေးကြော်သံတွနဲ့ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဒေသခံ လူအင်အား ၁၀၀ ၀န်းကျင်က လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။ လက်ရှိကာလ မင်းကင်းမြို့ MPT မိုဘိုင်း ဆက်သွယ်မှုတွေအနေနဲ့ မြို့တွင်း အချင်းချင်း ဆက်သွယ်မှု ခက်ခဲတာ နယ်ခြားသို့အထွက် Call သာ ရရှိပြီး အဝင် Call ခက်ခဲတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းဒေသ MPT မိုဘိုင်းဖုန်းလိုင်းကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပါတယ်။ တာဝန်ရှိသူတွေကတော့ အဆင့်မြှင့်ပေးဖို့ အဆင့်ဆင့်တင်ပြထားပြီး လုပ်ဆောင်ပေးတော့မယ်လို့ ပြောပါတယ်။
မင်းကင်းမြို့ပေါ်မှာ MPT မိုဘိုင်းလိုင်းများ ကောင်းမွန်မှုမရှိခြင်းကြောင့် မြို့ပေါ်နေ လူငယ်တချို့အနေနဲ့ မင်းကင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ သင်္ဘောတောင်ကုန်းနဲ့ မင်းကင်းနဲ့ ၁၅ မိုင်ကျော်ဝေးတဲ့ မြင်းလန်တောင်ကုန်းနေရာများထိ ဆိုင်ကယ်များနဲ့ လူစုပြီး သွားရောက်ကာ MEC CDMA 800 ဖုန်းကတ်များအသုံးပြုပြီး အင်တာနက် သုံးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုက်ကူး – မင်းရဲစစ်နိုင်
DVB TV – 07.01.2016

ပဋ္ဌာန်းရွတ်ရင်ခိုက်တယ်ဆိုတာဟုတ်ပါသလား(ဗုဒ္ဓဘာသာဝင်တိုင်းဖတ်သင့်ပါတယ်)







ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊ အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။ ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။ မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။ အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့ မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့ ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။ http://www.buddhismbeams.com/2012/11/blog-post_27.html
 ( မနာပဒါယီ အရှင်ဝိစိတ္တ )

နင်အပျိုစစ်ရဲ့လား ဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ မ၀ံ့မရဲတဲ့ ဖြစ်စဉ်တွေ အတော်များများ ဖြစ်လာနေပါပြီ…






မှော်ဘီ၌ဆေးခန်းလာပြတဲ့လူနာအမျိုးသမီးအား အိပ်ဆေးထိုး၍အဓမ္မပြုကျင့်








 နေမကောင်းလို့ ဆေးခန်းလာပြသူ လူနာအမျိုးသမီးကို အိပ်ဆေးပေးပြီး အဓ္ဓမကျင့်ခဲ့တဲ့ ဆေးကုသသူကို မုဒိန်းမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။ မှောဘီမြို့နယ်၊ သာယာကုန်းကျေးရွာမှာ ဆေးခန်းသွားပြစဉ် ဒီဖြစ်ရပ် ဖြစ်ပွားသွားခဲ့တာပါ။ ခေါင်းမူးဝေဒနာခံစားနေရတဲ့အတွက် အဆိုပါအမျိုးသမီးက ဆေးကုသပေးတဲ့သူရဲ့ အိမ်ကို သွားရောက် ကုသစဉ်မှာဂလူးကို့စ်တစ်ပုလင်းချိတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ နောက်ထပ်နာရီဝက်အကြာမှာ နောက် ဆေးတစ်မျိုးကို ပိုက်ထဲထိုးထည့်ခဲ့တယ်လို့ The Voice Daily သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။မေ့ဆေးပေးပြီး အဓ္ဓမကျင့်ခဲ့သူဟာ ဆေးတပ်က ထွက်လာသူလို့ ကလေးကိုးယောက်အမေဖြစ်သူ အဆိုပါ အမျိုးသမီးက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတာပါ။ ဆေးကုသပေးတဲ့ ဦးညီညီထွေးက ထွက်ပြေးတိမ်းရှောင်နေတဲ့ အတွက် ဖမ်းဆီးရမိဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်တွင်မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချပြီးအဆုံးစီရင်



ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် ဆောင်ဖီးနောင့်မြို့နယ် တလာထုခေါဈေးရှိ F&F ကြက်သားရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား မဇင်မာဟာ မိမိကိုယ်ကို ဆွဲကြိုးချ အဆုံးစီရင်သွားပါတယ်။ ထိုင်းနိုင်ငံ နှစ်သစ်ကူးကာလ အလုပ်ပိတ်ရက်တွေအပြီး ဇန်န၀ါရီ ၄ ရက်နေ့က အလုပ်ပြန်ဝင်ချိန်မှာ မဇင်မာဟာ အလုပ်မဆင်းတဲ့အတွက် နောက်တနေ့မှာ သူငယ်ချင်းတွေက သူနေထိုင်ရာ တိုက်ခန်းကို သတင်းသွားမေးစဉ် ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဒီအမှုမှာ ဘာသာပြန်လိုက်ပါကူညီပေးနေတဲ့ မ၀ိုင်က ပြောပါတယ်။ “သူငယ်ချင်းတွေက သူတို့ သူငယ်ချင်း ၂ ရက် အလုပ်လာမဆင်းလို့ စိတ်ပူပြီး အခန်းမှာ လာကြည့်တဲ့အချိန်မှာ သေနေတာတွေ့တယ်ဆိုပြီး ညီမကိုလာပြောတာပေါ့။ သူတို့ သူငယ်ချင်းသေနေတယ်။ အစ်မ တချက်လောက် ကူညီပေးပါဦးဆိုပြီး လာပြောလို့ ညီမက အခန်းပိုင်ရှင်ကို ဖုန်းဆက်ပြီးပြောပေးတာ။ ” ဒီအမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်တယ်လို့  နယ်မြေခံ ထိုင်းရဲတွေက  ကောက်ချက်ချတယ်လို့လည်း မ၀ိုင်က ပြောပါတယ်။ “ရဲက အမှုဖွင့်တာကတော့ သူ့ကိုသူ သတ်သေတာတဲ့။ သူတို့အကုန်လုံး စစ်ဆေးချက်အရ သူ့ကိုယ်သူ သတ်သေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန်းတံခါး ပိတ်ထားတယ်လေ။ အထဲမှာ သူ့ဘာသူ ဆွဲကြိုးချပြီးမှ သေတာလေ။ အပြင်ကနေ ပိတ်ထားတာလည်းမရှိဘူး။ သော့တွေလည်း သူ့အခန်းမှာ အကုန်လုံးပဲ။ ပစ္စည်းတွေ အစုံပဲ ရှိတယ်လေ။ ပြီးတော့ အထဲမှာ ဟန်ပျက်တာတွေ ဘာတခုမှ မရှိဘူး။” မဇင်မာဟာ အရင်က ယောက်ျားဖြစ်သူနဲ့ အတူနေထိုင်ခဲ့ပြီးနောက်ပိုင်းမှာ ယောက်ျားက ထွက်သွားခဲ့တဲ့အတွက် တဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို အနီးနားက ဘုန်းကြီးကျောင်းမှာပဲ ထားရှိပါတယ်။  သူရဲ့ ဆွေမျိုးတွေကို ဆက်သွယ်လို့ မရသေးတဲ့အတွက် မြန်မာသံရုံးကို အကြောင်းကြားထားပြီး သံရုံးက စစ်ဆေးပြီး ခွင့်ပြုရင်တော့ မီးသင်္ဂြိုဟ်ဖို့ ရှိပါတယ်။ သေဆုံးသူ မဇင်မာဟာ ပဲခူးတိုင်း နတ္တလင်းမြို့နယ် ကျောင်းကုန်ရွာမှာ နေထိုင်တယ်လို့ သူ့ရဲ့ မှတ်ပုံတင်မှာ ဖော်ပြထားပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ မွေးဖွားသူဖြစ်ပြီး လက်ရှိ သူအလုပ်လုပ်တဲ့ ကြက်ရုံမှာ ပြီးခဲ့တဲ့နှစ် မေလ လောက်က အလုပ်စ၀င်ခဲ့တာလို့ သူရဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။ 

DVB

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.