မင်းကင်းမြို့မှာ အသုံးပြုလျှက်ရှိတဲ့ MPT 2G စနစ် အလိုမရှိကြောင်း မင်းကင်းမြို့နေ ပြည်သူတွေ ဇန်န၀ါရီ ၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော်
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့မှာ အသုံးပြုလျှက်ရှိတဲ့ MPT 2G စနစ် အလိုမရှိကြောင်း မင်းကင်းမြို့နေ ပြည်သူတွေ ဇန်န၀ါရီ ၇ ရက်နေ့မှာ ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။ MPT 2G အလိုမရှိ၊ ရှေ့သို့လှမ်းချီ ဘေနှုတ်သည်၊ နောက်သို့ပြန်ကြည့် တိုင်မရှိ ဆိုတဲ့ ပိုစတာ ကြွေးကြော်သံတွနဲ့ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဒေသခံ လူအင်အား ၁၀၀ ၀န်းကျင်က လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။ လက်ရှိကာလ မင်းကင်းမြို့ MPT မိုဘိုင်း ဆက်သွယ်မှုတွေအနေနဲ့ မြို့တွင်း အချင်းချင်း ဆက်သွယ်မှု ခက်ခဲတာ နယ်ခြားသို့အထွက် Call သာ ရရှိပြီး အဝင် Call ခက်ခဲတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းဒေသ MPT မိုဘိုင်းဖုန်းလိုင်းကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပါတယ်။ တာဝန်ရှိသူတွေကတော့ အဆင့်မြှင့်ပေးဖို့ အဆင့်ဆင့်တင်ပြထားပြီး လုပ်ဆောင်ပေးတော့မယ်လို့ ပြောပါတယ်။
မင်းကင်းမြို့ပေါ်မှာ MPT မိုဘိုင်းလိုင်းများ ကောင်းမွန်မှုမရှိခြင်းကြောင့် မြို့ပေါ်နေ လူငယ်တချို့အနေနဲ့ မင်းကင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ သင်္ဘောတောင်ကုန်းနဲ့ မင်းကင်းနဲ့ ၁၅ မိုင်ကျော်ဝေးတဲ့ မြင်းလန်တောင်ကုန်းနေရာများထိ ဆိုင်ကယ်များနဲ့ လူစုပြီး သွားရောက်ကာ MEC CDMA 800 ဖုန်းကတ်များအသုံးပြုပြီး အင်တာနက် သုံးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုက်ကူး – မင်းရဲစစ်နိုင်
DVB TV – 07.01.2016
DVB TV – 07.01.2016
0 comments:
Post a Comment