Thursday, January 28, 2016

Viber Out အတွက် ငွေသားတိုက်ရိုက်ဖြည့်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတော့မယ့် မြန်မာနိုင်ငံ



မြန်မာနိုင်ငံဟာ Viber Out အတွက် ငွေသားတိုက်ရိုက်ဖြည့်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတော့မယ်။

Red Dot ငွေဖြည့်စနစ်ကို အသုံးပြုပြီး Viber Out ကို ငွေဖြည့်နိုင်မှာပါ။

Viber ဆိုတာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ အပလီကေးရှင်းတခုဖြစ်ပြီး အကောင့်ရှိသူ အချင်းချင်း အင်တာနက်သုံးပြီး ဖုန်းခေါ်တာ၊ ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ စာပို့တာတွေ လုပ်လို့ရပါတယ်။

Viber Out ဆိုတာကတော့ Viber မသုံးသူတွေရဲ့ ဖုန်းတွေ၊ ကြိုးဖုန်းတွေကို ခေါ်ဆိုနိုင်တာဖြစ်ပြီး ပြည်ပကိုလည်း ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒါကိုသုံးမယ်ဆိုရင်တော့ Viber Out အတွက် ငွေဖြည့်ရမှာ ဖြစ်ပါတယ်။

“Viber Out အတွက် ငွေသားပေးပြီး ဖြည့်နိုင်တာ ကမ္ဘာမှာ ပထမဆုံးပါ။ Red Dot စတိုးဆိုင်တွေမှာ Viber Out Credit အတွက် ငွေဖြည့်ချင်တယ်လို့ပြောပြီး အလွယ်တကူ ငွေဖြည့်နိုင်ပါတယ်။ အနည်းဆုံး ငွေဖြည့်နိုင်တဲ့ ပမာဏကတော့ ၁၀၀၀ ကျပ်ပါ” လို့ Red Dot ရဲ့ Chief Marketing Officer ဖြစ်တဲ့ အန်ဒီ ၀ှဲလ်လန် (Andy Whelan) က ဒီဗွီဘီကို ဖြေကြားပါတယ်။

တခြားနိုင်ငံတွေမှာတော့ ဘဏ် ဒါမှမဟုတ် ခရက်ဒစ်ကတ်တွေက တဆင့် ဖြည့်သွင်းရတာပါ။

မလေးရှားကို တမိနစ် ၂ ဒသမ ၁ ဆင့်နှုန်း၊ ထိုင်းနိုင်ငံကို တမိနစ် ၂ ဒသမ ၉ ဆင့်နှုန်း၊ စင်ကာပူကို တမိနစ် ၁ ဒသမ ၉ ဆင့်နှုန်း၊ ကိုရီးယားနိုင်ငံကို တမိနစ် ၁ ဒသမ ၉ ဆင့်နှုန်း အစရှိသဖြင့် ခေါ်ဆိုနိုင်ပါတယ်။

Ref - DVB

ထိုင်းမှာ ခေတ်စားနေတဲ့အရုပ်ကို Black Magic နဲ့ အသက်သွင်းနည်း



ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စစ်တပ်ရဲ့ အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံရေး မတည်ငြိမ် မှုတွေဖြစ်နေတဲ့ အပြင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာလည်း ကျဆင်းလာနေပါတယ်။ အလားတူပဲ နိုင်ငံ သားတွေရဲ့ အနာဂတ်ဟာလည်း မသေချာမရေရာမှုတွေဖြစ်ပေါ်လာပါတယ်။

အဲဒီလို မသေချာမှုတွေ ခံစားနေရတဲ့အချိန်မှာပဲ လူသားတို့ရဲ့ သဘာဝ အတိုင်း ထွက်ပေါက်ရှာ တဲ့အနေနဲ့ ယုံကြည် ကိုးကွယ်စရာကို ရှာတတ်ကြပါတယ်။ ယုံကြည်မှု လွန်ကဲသူတွေကတော့ ဗေဒင်၊ နတ်တွေ၊ ဘိုးတော်တွေကို ယုံကြည် ကိုးကွယ်တတ်ပါတယ်။

ဒါပေမယ့် ထိုင်းလူမျိုး တချို့ကတော့ တမူထူးဆန်းစွာနဲ့ အရုပ်လေးတွေကို အသက်သွင်းပြီး ကိုးကွယ် လာကြတာကို တွေ့ရပါတယ်။ ဒီအရုပ်လေးတွေက ကိုးကွယ်သူတွေ အတွက် အမှန် တကယ် လာဘ် ကောင်း၊ မကောင်း မသေချာပေမယ့် အရုပ်လေးတွေ ထုတ်လုပ်ရောင်းချသူတွေ အတွက်တော့ စီးပွား ရေးကောင်း လာမှာတော့ အသေအချာပါပဲ။

ထိုင်းနိုင်ငံမှာ အယူသည်းတဲ့ ထိုင်းလူမျိုးတွေဟာ ကလေးအရွှယ် ပြုလုပ်ထားတဲ့ အရုပ်တွေကို အ သက်သွင်းပြီး လဘ်လာဘ ကံကောင်းဖို့ စီမံတဲ့ Black Magic တွေ ခေတ်စား၊ ပျံ့နှံ့လာနေတာကို တွေ့ရပါတယ်။

အဲဒီ Child Angel အရုပ်တွေကို online ပေါ် မှာယူဝယ်ယူနိုင်ပြီး ဘုန်းတော်ကြီးကျောင်း တချို့မှာ ဝိဥာဏ်သွင်းပြီး ကံကောင်းစေဖို့ ဆုတောင်းကြတဲ့အလေ့အထခေတ်စားနေပါတယ်။

အရုပ်တရုပ်ရဲ့ တန်ဖိုးဟာ ဘတ် ၁၅၀၀ (US – 40) နဲ့ ၃၀၀၀၀ (US – 800) ခန့် ဈေး အထိ ရှိ တယ်လို့ သိရပါတယ်။

Credit- ဧရာဝတီ

ခြေချောင်း(၁၄)ချောင်း၊ လက်ချောင်း(၁၄)ချောင်းရှိသည့် လူထူးဆန်း



အိန္ဒိယနိုင်ငံ Gujarat ပြည်နယ်၊ Himmatnagar ရွာမှာ နေထိုင်တဲ့ အိန္ဒိယအမျိုးသားတစ်ဦးဟာ
မွေးရာပါ ခြေချောင်း(14)ချောင်း၊ လက်ချောင်း(14)ချောင်းကြောင့် လူတွေကြားမှာ စိတ်ဝင်စားမှု
များပြားခဲ့ပါတယ်။
အဆိုပါ အမျိုးသားဟာ အသက် (43)နှစ်အရွယ်ရှိပြီဖြစ်ပြီး အမည်ကတော့ Devendra Suthar
ဖြစ်ပါတယ်။ ခြေလက် အချောင်းရေ (28)ချောင်းသည့် လူထူးဆန်းမှာ ကမ္ဘာပေါ်မှာ တစ်ယောက်
တည်းသာ ရှိနိုင်တယ်လို့ ထင်ကြေးတွေ ပေးနေကြပါတယ်။ လက်သမားအလုပ်နဲ့ အသက်မွေးတဲ့
Devendra Suthar ဟာ သူရဲ့ များပြားလှတဲ့ လက်ချောင်းခြေချောင်းတွေအတွက် ဂုဏ်ယူနေပြီး၊ အဲ
ဒီ အပိုခြေချောင်းလက်ချောင်းတွေက သူ့ကို လူသိများပြီးကျော်ကြားစေဖို့ ဘုရားသခင်ရဲ့ ကောင်းချီး
ပေးမှုကို ခံရတာ-လို့ မှတ်ယူကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

သူက “ ကျွန်တော့်ရဲ့ အပိုခြေချောင်းလက်ချောင်းတွေကြောင့် လူတွေက ကျွန်တော့်ကို တကူးတက
လာကြည့်ရတယ်လေ … ကလေးတွေကလည်း ကျွန်တော်ရဲ့ (14)ချောင်းသောလက်တွေကို မြင်တဲ့
အခါ ပျော်ရွှင်စွာ ရယ်မောကြတယ် … ဟော ကျွန်တော့်ခြေချောင်းတွေ မြင်တော့ သူတို့ တန်းဖိုး
မဖြတ်နိုင်ကြတော့ဘူး …. အဲဒီ ခြေချောင်းလက်ချောင်းတွေကြောင့်ပဲ ကျွန်တော်ဟာ ကျော်ကြား
ခဲ့တယ် … ဒီ အပိုခြေချောင်းလက်ချောင်းလေးတွေက ကျွန်တော့်အတွက် ကံကောင်းစေတယ်လို့
ကျွန်တော်က ထင်ပါတယ် … ဒါကြောင့် ဖြတ်ထုတ်ဖို့ ကျွန်တော် စိတ်မကူးပါဘူး … ဒါက ဘုရား
သခင်က ပေးတဲ့ လက်ဆောင်ကောင်းပါဘဲ ” ဟု ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်

အခုအချိန်မှာ Suthar ဟာ ကမ္ဘာ့ခြေချောင်းလက်ချောင်းအများဆုံးလူသားအဖြစ် ဂင်းနစ်စံချိန် မှတ်တမ်းဝင်ဖို့အတွက်လည်း အခြေအနေကောင်းနေပြီလို့ သိရပါတ

အသက် 13-နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး အလောင်းဖျောက်ဖျက်သူ


အသက် 13-နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ပြီး သတ်မှုအပါအ၀င် အခြားရာဇ၀တ်မှုများနဲ့
ဖမ်းဆီးခံထားရတဲ့ လူဟာ အခုအချိန်မှာတော့ သူ့မှာ အပြစ်ရှိကြောင်း ၀န်ခံလိုက်ပြီဖြစ်ပါတယ်။
အသက် 40 အရွယ် Levi Bellfield ဟာ ပြီးခဲ့တဲ 2011 ဇွန်လကတည်းက အဆိုပါပြစ်မှုအတွက်
တစ်သက်တစ်ကျွန်း ထာင်ဒဏ်ကျခံနေရပေမယ့်လည်း အပြစ်ကို ၀န်ခံခဲ့ခြင်းမရှိသေးပါဘူး။
ရဲတပ်ဖွဲ့ဟာ အဲဒီပြစ်မှုအတွက် ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရပြီး အခုမှ သူ့မှာအပြစ်ရှိ
ကြောင်း ၀န်ခံခဲ့တာဖြစ်ပါတယ်။
2002 ခုနှစ် မတ်လတုန်းက အသတ်ခံခဲ့ရတဲ့ Milly Dowler ဟာ သူမရဲ့ကျောင်းကနေ အိမ်ကို
အပြန်မှာ ရုတ်တရက်ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး အဓမ္မပြုကျင့်ကာ လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရ
တာ ဖြစ်ပါတယ်။ သူမရဲ့ အလောင်းကို သူမရဲ့ အိမ်နဲ့ 25 မိုင်အဝေးမှာရှိတဲ့ တောအုပ်ထဲမှာ ရှာဖွေ
တွေ့ရှိခဲ့ပြီး ကျွမ်းကျင်သူတွေကိုယ်တိုင်က အဆိုပါကျောင်းသူမလေး ဘယ်လို သေဆုံးရသလဲဆို
တာကို တိတိကျကျ မပြောနိုင်ခဲ့ပါဘူး။
လူသတ်မှုကျူးလွန်တဲ့ Bellfield ဟာ ယခင်ကလည်း McDonnell နဲ့ Amelie Delagrange ဆို
တဲ့ လူနှစ်ယောက်ကို သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ်ကျခံခဲ့ပြီး လွတ်မြောက်လို့မကြာခင်မှာပဲ အသက်
(13)နှစ်အရွယ် ကောင်မလေးကို အဓမ္မမှုနဲ့လူသတ်မှု ထပ်မံကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ
အချိန်မှာလည်း Kate Sheedy အမည်ရတဲ့ အသက်(18)နှစ်အရွယ် ကောင်မလေးကို သတ်ဖြတ်
ရန် ကြံရွယ်မှုမှာလည်း အပြစ်ရှိတယ်လို့ယူစပြီး ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါတယ်။ Bellfield ကို
အခြားရာဇ၀တ်မှုများအတွက် 2004 ခုနှစ်တုန်းက လန်ဒန်မှာ ဖမ်းဆီးခံခဲ့ရကာ ရဲတွေရဲ့ စုံစမ်းမှု
တွေကနေ တစ်ဆင့် လူသတ်မှုတွေကျူးလွန်ခဲ့တာကို ပေါ်ပေါက်ခဲ့ပါတယ်။
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.