Thursday, February 4, 2016

ဝဝလှလှ ဖြစ်စေဖို့ ဂရုစိုက်ရမယ့် အချက် (၁၀) ချက်



ဝတိုင်းလည်း ရုပ်ဆိုးတာ မဟုတ်ပါဘူးဝတာဟာ စိတ်ပျက်စရာ မဟုတ်ပါဘူး။ အဓိကက ကိုယ်နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်ရင် လှကြတာပါပဲ။

ကိုယ့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က သေးသေးသွယ်သွယ် မဟုတ်ဘူးဆိုရင် အောက်ပါ အချက်ကလေးတွေကိုပဲ ဂရုတစိုက်နဲ့ သတိထားသွားရင် ဖက်ရှင်ကျကျလှပနေမှာ အမှန်ပါပဲ
၁။ ကိုယ့်ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်မယ့် ဖက်ရှင်ကိုသိပါ။

 သူများဝတ်တိုင်း လိုက်မဝတ်ချင်ပါနဲ့။ ကိုယ်နဲ့လိုက်ဖက်မယ်ဆိုရင် ဘယ်လိုဖက်ရှင်ဖြစ်ဖြစ် လှတာပါပဲ။
၂။ ကိုယ့်ရဲ့ ထူးခြားမှုကို အသားပေးပါ။

    သင့်ခန္ဓာကိုယ် မှာ သူမတူအောင် ထူးတဲ့ နေရာလေးတွေ ရှိနိုင်ပါတယ်။ သင့်ခန္ဓာကိုယ် ကောက်ကြောင်းလား၊ ခြေသလုံးလေးလား၊ ရင်သားလား။ ကိုယ့်ထူးခြားမှုကိုတော့ ဖော်ပြတတ်ပါစေ
၃။ အရောင်တွေနဲ့ ကစားပါ။

    အရောင်တွေနဲ့ ဆွဲဆောင်မှုကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ သင့်လည်တိုင်လေးကို သတိပြုမိစေချင်ရင် အရောင်စုံနဲ့ လည်ဆွဲလေးတစ်ခု ကောက်တတ်ကြည့်လိုက်ပါ။ သင့်ခါးလေးကို သတိပုမိစေချင်တယ်ဆိုရင်တော့ အရောင်စုံတဲ့ အပေါ်ထပ် အင်္ကျီလေးဖြစ်ဖြစ်၊ သားသားနားနားခါးပတ်လေးဖြစ်ဖြစ် ဝတ်လိုက်ပါ
၎။ Accessories ကို အားကိုးပါ။


    Accessories တွေဝယ်ဖို့ လက်မတွန့်ပါနဲ့။ နောက်ဆုံးပေါ် အိတ်၊ ဖိနပ်တွေ သုံးပြီး ဖက်ရှင်ကျကြောင်းလည်း ပြလို့ရပါတယ်။ သင့်အဝတ်အစားတွေ ဒိတ်အောက်နေရင်တောင် ဒီ Accessories တွေနဲ့ ထိန်းထားနိုင်ပါတယ်။ နောက်ပြီး ဒါတွေက ဝိတ်ဘယ်လောက်တက်တက် မတော်ဘူးဆိုတာ မရှိဘူးလေ
၅။ အတွင်းခံတွေ မလျော့ရဲစေနဲ့။


    ဝတဲ့သူတွေကို ကြည့်ရအဆိုးစေဆုံးက လျော့ရဲနေတဲ့ အတွင်းခံတွေပါပဲ။ အတွင်းခံကောင်းကောင်း ရွေးချယ်တတ်ဖို့ လိုပါတယ်။
၆။ အဝတ်အစားအကျပ်တွေ ဝတ်ဖို့ မကြောက်ပါနဲ့။

    ဝနေလို့ အကျပ်မဝတ်ဘူးဆိုတာ လုံးဝမှားယွင်းတဲ့ အတွေးပါ။ အပေါ်ပိုင်းမကျပ်ရင်တောင် အောက်ပိုင်း ကျပ်လိုက်တာဖြစ်ဖြစ်၊ ခါးနေရာလေး ကျပ်လိုက်တာဖြစ်ဖြစ် လုပ်လိုက်ပါ။ ခပ်ပွပွအဝတ်အစားတွေက သင့်ကို ပိုပြီး ကြည့်ရဆိုးစေပါတယ်
၇။ ချုပ်ဝတ်ပါ။

အဝတ်အစားဆိုဒ်တွေက ကိုယ်နဲ့မှ မတော်လေခြင်း ရယ်လို့ သောကများမနေပါနဲ့။ သင်နဲ့ အံဝင်ဂွင်ကျ ဖြစ်မယ့် ဒီဇိုင်နာကောင်းကောင်းရှာထားပြီး ကိုယ်နဲ့ လိုက်ဖက်မယ့်ဖက်ရှင်ကို ချုပ်ဝတ်ပါ။
၈။ အဆင်အကွက်အသေးကိုရွေးပါ။

ဝနေရတဲ့ကြားတဲ အဆင်အကွက် ကြီးမားတာတွေက သင့်ကို ပိုပြီး ထွားကျိုင်း သွားစေနိုင်ပါတယ်။ ဒါကြောင့် အဆင်အကွက် ဝတ်မယ်ဆုံးဖြတ်ရင် သေးနှုတ်တဲ့လိုင်းကို ရွေးချယ်မှသာ ကိုယ့်ခန္ဓာကိုယ်ကို ရှိရင်းစွဲထက် သေးသွယ် သွားစေမှာပါ။
၉။ မိတ်ကပ်လိမ်းပါ။

 ခပ်ရဲရဲ နှုတ်ခမ်းလေး၊ လက်သည်းခြေသည်း ဆိုးဆေးပြည့်ပြည့်၊ မျက်လုံးမှာ အရောင်အတွဲအစပ်နဲ့ဆို သင့်သွင်ပြင်က ပိုကြည့်ကောင်းသွားမှာပါ။ ဝပေမဲ့လည်း စွဲမက်ဖွယ် ကောင်းမှာ သေချာပါတယ်
၁၀။ မတော်တော့တာတွေ မဝတ်ပါနဲ့။

သင်နဲ့ မတော်ပေမဲ့ တစ်နေ့တော်လေဦး မလားရယ်ဆိုတဲ့အတွေးနဲ့ ဆိုဒ်သေးလေးတွေ ဝတ်တာ ကြည့်ရဆိုးပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။

Source : People

သင့်ဖုန်းပေါ်ကဒီAppကိုဖျက်ထုတ်လိုက်ရင် ဖုန်းဘက်ထရီ၂၀%ပိုခံလိမ့်မယ်



သင့်ရဲ့ ဖုန်းကို ခဏခဏအားသွင်းနေရပါသလား၊ ဒါမှ ဖုန်းကအရမ်းလေးနေပါသလား၊ သင့်ရဲ့ဖုန်းပေါ်မှာ သင့်ဘက်ထရီကို
အရမ်းစားနေတဲ့ appတစ်ခုရှိပါတယ်။ အဲ့ဒိ appကိုထုတ်လိုက်ရင်တော့ သင့်ရဲ့ဘက်ထရီဟာ အခါတိုင်းထက် ၂၀%ပိုခံမှာ
ဖြစ်ပြီး သင့်ဖုန်းကလည်း အရင်ကထက်ပိုသွက်လာပါလိမ့်မယ်။
ကံဆိုးတာကတော့ ဒီappကို သင်ထုတ်ပစ်ဖို့ဆိုတာ အရမ်းချစ်တဲ့ရည်းစားကို လမ်းခွဲခိုင်းသလိုဖြစ်နေပါလိမ့်မယ်။ အဲ့ဒိapp
ကတော့ Facebook app ပါ။ Facebook Appဟာ ဘက်ထရီကိုအစားဆုံးဖြစ်ပြီး ၊ ဖုန်းရဲ့ Ram ကိုလည်း အများကြီးသုံးတာ
ကြောင့် Ramနည်းတဲ့ ဖုန်းတွေမှာ ဖုန်းလေးတာတွေ ဖြစ်လာပါတယ်။ နောက်တစ်ချက်က Facebook ဟာဒေတာ စားတာ
လည်း အရမ်းများပါတယ်။ လူတွေဟာ Facebook ကိုအရမ်းကြိုက်နေတဲ့အခါမှာတော့ ဒေတာစားတာကို အပြစ်မမြင်ကြပါ
ဘူး။ တကယ်တော့ Linkတစ်ခုထဲကိုဝင်ပြီး ဆောင်းပါးတစ်ပုဒ်ဖတ်တာဟာ ဘာမှမကုန်ပါဘူး။ တကယ်က Facebook ကို
Scroll downပွတ်လိုက်တိုင်း ဓာတ်ပုံတွေပေါ်လာတိုင်း ဒေတာတွေက စားနေတာပါ။ မြန်မာနိုင်ငံကလူတွေကတော့ အထင်
မှားစွာနဲ့ပဲ Linkထဲဝင်တာက ပိုက်ဆံအရမ်းကုန်တယ်ထင်နေကြပါတယ်။ Linkထဲဝင်တာထက် Facebook ကိုတစ်ချက်
ဆွဲလိုက်တိုင်း ပိုက်ဆံကုန်တာကို မသိကြပါဘူး။ ဗဟုသုတရမယ့်စာတွေကို ဝက်ဘ်ဆိုဒ်တွေမှာ ရှာဖတ်ဖို့တော့ ပိုက်ဆံကုန်
လို့ဆိုပြီးဆင်ခြေပေးတတ်ကြပါတယ်။
Android Center ကစာရေးဆရာ Russell Hollyက Facebook app ရဲ့ဘက်ထရီစားမှုကို ပထမဆုံးသတိထားမိခဲ့ပါတယ်။
စမ်းသပ်ခဲ့တဲ့ လူတော်တော်များများကလည်း ဖုန်းဟာသွက်လာပြီး ဘက်ထရီပိုခံလာကြောင်းပြောကြပါတယ်။ ဗဟုသုတ
အဖြစ်မျှဝေပေးလိုက်တာဖြစ်ပါတယ်။  ဖျက်ထုတ်တာ မထုတ်တာကတော့ သင့်အပေါ်ပဲမူတည်ပါတယ်။ Facebookကနေ
ဆိုးကျိုးထက်ကောင်းကျိုးတွေ ပိုရနေတယ်ဆိုရင်တော့ ဆက်လက်သုံးသင့်ပြီး ကောင်းကျိုးထက် ဆိုးကျိုးကများနေတယ်
ဆိုရင်တော့ သင်စဉ်းစားသင့်ပါတယ်။

ခန္ဓာကိုယ်ပေါ်မှာသစ်မြစ်များပေါက်နေတဲ့ သစ်ပင်လူသားသေဆုံး



အင်ဒိုနီးရှားနိုင်ငံက Dede Koswaraလို့ အမည်ရတဲ့ သစ်ပင်လူသားဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။သူဟာ မသေခင်မှာ ဇနီးတစ်ယောက်ကို ရှာဖွေခဲ့ပြီး သူရဲ့ ထူးဆန်းတဲ့ရောဂါကြောင့် အမျိုးသမီးတွေကအနားမကပ်ချင်ကြလို့ တစ်သက်လုံး အထီးကျန်စွာ နေခဲ့ရသူဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ 30 ရက်နေ့ မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဘက်ဒ်ဒေါင်းမြို့မှာရှိတဲ့ Hasan Sadikinဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ သူ့ရဲ့ ထူးဆန်းတဲ့ရောဂါကြောင့် “သစ်ပင်လူသား”လို့ ကင်ပွန်းတပ်ခြင်းခံထားရတဲ့ အဲဒီအမျိုးသားဟာ မိသားစုရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး သူဟာ အထီးကျန်စွာဖြင့် ဒီရောဂါကြီးနဲ့ကြာရှည်တိုက်ပွဲဝင်ခဲ့ရကာ နောက်ဆုံးမှာတော့ အဖျားရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

သူခံစားရတဲ့ ရောဂါကို ဆေးပညာရှင်တွေက Lewandowsky-Lutz dysplasia လို့ ခေါ်ပြီး အဲဒီရောဂါ ကူးစက်ခံရသူဟာ papilloma virus (HPV)ကို ထိန်းချုပ်ခြင်း မပြုနိုင်တော့တာကြောင့် လူခန္ဓာကိုယ်အနှံ့မှာ ကြောက်မက်ဖွယ် သစ်ပင်၏ အခေါက်၊ အဖက်တို့ကဲ့သို့ အသားစများ ထွက်ပေါ်လာပါတယ်။ Koswara ရဲ့ ဇနီးဟာ သူဒီရောဂါ စတင်စွဲကပ်ချိန်ဖြစ်တဲ့ ပြီးခဲ့တဲ ဆယ်နှစ်လောက်ကတည်းက သူ့ကို စွန့်ခွာသွားခဲ့ပြီး ကလေးနှစ်ယောက်လည်း ၎င်းဇနီးနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

မသေခင်တုန်းက Koswara ပြောခဲ့တဲ့စကားကတော့ “ ကျွန်တော်က ဘာအလုပ်ရရ ကောင်းကောင်းမွန်မွန်ဆိုလုပ်ချင်ပါတယ် … အဲဒီနောက် တစ်နေ့နေ့မှာ ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်မယ် … မဖြစ်ဖူးလို့တော့ဘယ်သူ ပြောနိုင်မှာလဲနော် ” ဟု ဖွင့်ဟခဲ့ဖူးပါတယ်။ ဒါပေမယ့် ရောဂါအခြေအနေက တိုးတက်လာမှုမရှိဘဲ သူ့ရဲ့ခြေထောက်နဲ့ လက်တွေမှာ အလေးချိန် 13 ပေါင်ခန့်ရှိတဲ့ သစ်မြစ်သစ်ခေါက်ပုံသဏ္ဍန်တွေက ဖုံးအုပ်တဲ့အထိအခြေအနေက ဆိုးဝါးခဲ့ပါတယ်။ 2008 ခုနှစ်မှာ သူရဲ့ သစ်မြစ်သစ်ခေါက်အနာ 13 ပေါင်ခန့်ကို ခွဲစိပ်ဖယ်ထုတ်နိုင်ခဲ့ပါသေးတယ်။ထိုစဉ်က သူဟာ ဆူဒိုကူဂိမ်းနဲ့ flip-flops ဂိမ်းတွေကိုတောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရောဂါအခြေအနေဟာ အဲဒီနောက်ပိုင်းနှစ်တွေမှာ အခြေအနေ ပိုမိုဆိုးဝါးလာပြီး နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ အဖျားရောဂါအပါအ၀င် အသဲရောင်ရောဂါ၊ သရက်ရွက်နဲ့ အစာအိမ်ရောဂါတွေပါ ခံစားခဲ့ရကာ အခြေအနေဆိုးဝါးလာခဲ့ပြီးနောက်ဆုံးမှာတော့ သူ့ရဲ့ တစ်ဘ၀စာ ၀ဋ်ကြမ္မာကို အဆုံးသတ် သွားနိုင်ခဲ့တယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။
Credit -  MOM
Source-  Mirror
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.