Thursday, February 4, 2016

ဝဝလှလှ ဖြစ်စေဖို့ ဂရုစိုက်ရမယ့် အချက် (၁၀) ချက်



ဝတိုင်းလည်း ရုပ်ဆိုးတာ မဟုတ်ပါဘူးဝတာဟာ စိတ်ပျက်စရာ မဟုတ်ပါဘူး။ အဓိကက ကိုယ်နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တတ်ရင် လှကြတာပါပဲ။

ကိုယ့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က သေးသေးသွယ်သွယ် မဟုတ်ဘူးဆိုရင် အောက်ပါ အချက်ကလေးတွေကိုပဲ ဂရုတစိုက်နဲ့ သတိထားသွားရင် ဖက်ရှင်ကျကျလှပနေမှာ အမှန်ပါပဲ
၁။ ကိုယ့်ခန္ဓာကိုယ်ပုံစံနဲ့ လိုက်ဖက်မယ့် ဖက်ရှင်ကိုသိပါ။

 သူများဝတ်တိုင်း လိုက်မဝတ်ချင်ပါနဲ့။ ကိုယ်နဲ့လိုက်ဖက်မယ်ဆိုရင် ဘယ်လိုဖက်ရှင်ဖြစ်ဖြစ် လှတာပါပဲ။
၂။ ကိုယ့်ရဲ့ ထူးခြားမှုကို အသားပေးပါ။

    သင့်ခန္ဓာကိုယ် မှာ သူမတူအောင် ထူးတဲ့ နေရာလေးတွေ ရှိနိုင်ပါတယ်။ သင့်ခန္ဓာကိုယ် ကောက်ကြောင်းလား၊ ခြေသလုံးလေးလား၊ ရင်သားလား။ ကိုယ့်ထူးခြားမှုကိုတော့ ဖော်ပြတတ်ပါစေ
၃။ အရောင်တွေနဲ့ ကစားပါ။

    အရောင်တွေနဲ့ ဆွဲဆောင်မှုကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ သင့်လည်တိုင်လေးကို သတိပြုမိစေချင်ရင် အရောင်စုံနဲ့ လည်ဆွဲလေးတစ်ခု ကောက်တတ်ကြည့်လိုက်ပါ။ သင့်ခါးလေးကို သတိပုမိစေချင်တယ်ဆိုရင်တော့ အရောင်စုံတဲ့ အပေါ်ထပ် အင်္ကျီလေးဖြစ်ဖြစ်၊ သားသားနားနားခါးပတ်လေးဖြစ်ဖြစ် ဝတ်လိုက်ပါ
၎။ Accessories ကို အားကိုးပါ။


    Accessories တွေဝယ်ဖို့ လက်မတွန့်ပါနဲ့။ နောက်ဆုံးပေါ် အိတ်၊ ဖိနပ်တွေ သုံးပြီး ဖက်ရှင်ကျကြောင်းလည်း ပြလို့ရပါတယ်။ သင့်အဝတ်အစားတွေ ဒိတ်အောက်နေရင်တောင် ဒီ Accessories တွေနဲ့ ထိန်းထားနိုင်ပါတယ်။ နောက်ပြီး ဒါတွေက ဝိတ်ဘယ်လောက်တက်တက် မတော်ဘူးဆိုတာ မရှိဘူးလေ
၅။ အတွင်းခံတွေ မလျော့ရဲစေနဲ့။


    ဝတဲ့သူတွေကို ကြည့်ရအဆိုးစေဆုံးက လျော့ရဲနေတဲ့ အတွင်းခံတွေပါပဲ။ အတွင်းခံကောင်းကောင်း ရွေးချယ်တတ်ဖို့ လိုပါတယ်။
၆။ အဝတ်အစားအကျပ်တွေ ဝတ်ဖို့ မကြောက်ပါနဲ့။

    ဝနေလို့ အကျပ်မဝတ်ဘူးဆိုတာ လုံးဝမှားယွင်းတဲ့ အတွေးပါ။ အပေါ်ပိုင်းမကျပ်ရင်တောင် အောက်ပိုင်း ကျပ်လိုက်တာဖြစ်ဖြစ်၊ ခါးနေရာလေး ကျပ်လိုက်တာဖြစ်ဖြစ် လုပ်လိုက်ပါ။ ခပ်ပွပွအဝတ်အစားတွေက သင့်ကို ပိုပြီး ကြည့်ရဆိုးစေပါတယ်
၇။ ချုပ်ဝတ်ပါ။

အဝတ်အစားဆိုဒ်တွေက ကိုယ်နဲ့မှ မတော်လေခြင်း ရယ်လို့ သောကများမနေပါနဲ့။ သင်နဲ့ အံဝင်ဂွင်ကျ ဖြစ်မယ့် ဒီဇိုင်နာကောင်းကောင်းရှာထားပြီး ကိုယ်နဲ့ လိုက်ဖက်မယ့်ဖက်ရှင်ကို ချုပ်ဝတ်ပါ။
၈။ အဆင်အကွက်အသေးကိုရွေးပါ။

ဝနေရတဲ့ကြားတဲ အဆင်အကွက် ကြီးမားတာတွေက သင့်ကို ပိုပြီး ထွားကျိုင်း သွားစေနိုင်ပါတယ်။ ဒါကြောင့် အဆင်အကွက် ဝတ်မယ်ဆုံးဖြတ်ရင် သေးနှုတ်တဲ့လိုင်းကို ရွေးချယ်မှသာ ကိုယ့်ခန္ဓာကိုယ်ကို ရှိရင်းစွဲထက် သေးသွယ် သွားစေမှာပါ။
၉။ မိတ်ကပ်လိမ်းပါ။

 ခပ်ရဲရဲ နှုတ်ခမ်းလေး၊ လက်သည်းခြေသည်း ဆိုးဆေးပြည့်ပြည့်၊ မျက်လုံးမှာ အရောင်အတွဲအစပ်နဲ့ဆို သင့်သွင်ပြင်က ပိုကြည့်ကောင်းသွားမှာပါ။ ဝပေမဲ့လည်း စွဲမက်ဖွယ် ကောင်းမှာ သေချာပါတယ်
၁၀။ မတော်တော့တာတွေ မဝတ်ပါနဲ့။

သင်နဲ့ မတော်ပေမဲ့ တစ်နေ့တော်လေဦး မလားရယ်ဆိုတဲ့အတွေးနဲ့ ဆိုဒ်သေးလေးတွေ ဝတ်တာ ကြည့်ရဆိုးပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။

Source : People

0 comments:

Post a Comment

.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.