Saturday, January 16, 2016

မန်ယူအသင်းသည် ယခုရာသီတွင်ဗန်ဟားလ်ကိုထုတ်ပယ်ဖြစ်ခဲ့ပါက နည်းပြဟောင်းဖာဂူဆန်မှာ ရွိုင်ယန်ဂစ်ကို ကူညီရန်အသင်းသို့ ပြန်ရောက်လာဖွယ်ရှိ






ဇန်နဝါရီ ၁၇၊ မန်ချက်စတာ ။           ။ မန်ယူအသင်းသည် ယခုရာသီတွင်ဗန်ဟားလ်ကိုထုတ်ပယ်ဖြစ်ခဲ့ပါက နည်းပြဟောင်းဖာဂူဆန်မှာ ရွိုင်ယန်ဂစ်ကို ကူညီရန်အသင်းသို့ ပြန်ရောက်လာဖွယ်ရှိသည်ဟု ဆန်းဒေးပီးပဲလ်သတင်းစာက ဖော်ပြသည်။
အသက် ၇၄ နှစ်ရှိဖာဂူဆန်သည် ၂၀၁၃ တွင်မန်ယူအသင်းမှအနားယူခဲ့ပြီး နည်းပြလောကသို့ပြန်ဝင်ရန်ဆုံးဖြတ်ထားခြင်းမရှိသော်လည်း ယခုရာသီတွင်ဗန်ဟားလ်ထုတ်ခံရပြီး လက်ထောက်နည်းပြရွိုင်ယန်ဂစ် နည်းပြချုပ်ဖြစ်လာခဲ့ပါက မန်ယူအသင်းကိုကူညီထိန်းကျောင်းရန် ပြန်ရောက်လာနိုင်သည်ဟု ဆန်းဒေးပီးပဲလ်က ယူဆနေခြင်းဖြစ်သည်။
မန်ယူနည်းပြ ဗန်ဟားလ်သည်နောက်ထပ်အကျပ်အတည်းကာလအတစ်ခုအဖြစ် တနင်္ဂနွေနေ့တွင် အန်ဖီးလ်အသင်း၌ လီဗာပူးလ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အစဉ်အလာပြိုင်ဘက်ကို အပြတ်အသတ်ရှုံးမည်ဆိုပါက နည်းပြရာထူးဆက်ထိန်းရန် ပိုမိုခက်ခဲသွားမည်ဖြစ်သည်။
အကယ်၍ဗန်ဟားလ်ထုတ်ပယ်ခံရပါက ဖာဂူဆန်သည် ကလပ်အသင်းအတွက် နည်းဗျူဟာများချမှတ်နိုင်သော အရေးပါသည့် မည်သည့် ရာထူးနှင့်မဆို ပြန်ရောက်လာနိုင်ဖွယ်ရှိနေသည်။
သို့မဟုတ်ပါကလည်း၂၀၁၄ တွင် မိုယက်စ်ထုတ်ခံရစဉ်က အသင်းကိုယာယီတာဝန်ယူခဲ့ရသကဲ့သို့ အဖြစ်မျိုးပြန်ဖြစ်လာခဲ့လျှင် ရွိုင်ယန်ဂစ် သည် ဖာဂူဆန်၏ အကူ အညီကို ရယူဖွယ်ရှိနေသည်ဟုလည်း ယင်းသတင်းစာက သုံးသပ်ခဲ့သည်။
Ref; Mirror

လူသားနှင့်လုပ်ထားတဲ့အသားညှပ်မုန့်ကြောင့်ထိတ်လန့်ခဲ့ကြတဲ့ ဘရာဇီးပြည်သူများ





ဘရာဇီးနိုင်ငံသားတွေအတွက် အံ့သြစရာကောင်းပြီး ကြောက်စရာလည်း ကောင်းလှတဲ့ သတင်းကြောင့် အသားညှပ်မုန့်ကို အတော်ကြာအောင် မစားရဲဘဲ ဖြစ်သွားကြရပါတယ်။  ဘရာဇီး လင်မယားစုံတွဲဖြစ်တဲ့ Jorge Beltrao Negromonte da Silvera နဲ့ Isabel Cristina တို့ ရောင်းတဲ့ အသားညှပ်မုန့်ကို စားခဲ့ဖူးကြတဲ့ သူတွေကတော့ သူတို့ရောင်းတဲ့ အသားညှပ်မုန့်က စားရတာ အရသာရှိတယ်လို့ ချီးကျူးခဲ့ကြတာပါ။ 



ဒီလင်မယားစုံတွဲကလည်း ကျောင်း၊ အိမ်နီးနားချင်းတွေ၊ ဆေးရုံတွေအထိ ရောင်းချခဲ့တဲ့ သူတို့မုန့်မှာ အကောင်းစား တူနာငါးနဲ့ အကောင်းစား ကြက်သားကို သုံးတယ်လို့ စားသုံးသူတွေကို ပြောထားပေမဲ့ တကယ်တော့ လူသားနဲ့ ပြုလုပ်ထားတာကို ဘယ်သူမှ မသိခဲ့ကြတာပါ။ ဒီလင်မယားစုံတွဲနှစ်ယောက်ဟာ စိတ္တဇရောဂါ ဖြစ်နေကြတာဖြစ်ပြီး လူသားစားခြင်းကို အင်မတန် စွဲလန်းသူတွေ ဖြစ်နေတာပါ။ 

သူတို့ဟာ မိန်းကလေးကိုသာ သတ်ပြီး အလောင်းကို အိမ်ထဲသယ်ပြီး စားကြတာပါ။ ဒီထက်ပိုဆိုးတာက သူတို့ စားမကုန်တဲ့ အသားတွေနဲ့ အသားညှပ်မုန့်ကို ထုတ်လုပ်တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့က ဒီလင်မယား နှစ်ယောက်ကို ဖမ်းမိလိုက် နိုင်တာကြောင့် ဘရာဇီးနိုင်ငံသားတွေ အတွက် အံ့သြစရာ နဲ့  ကြောက်စရာ အကောင်းဆုံး သတင်းအဖြစ် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ဘာသာပြန်။  ။ #နန်းမောက်ကွမ် 

Ref; Dailymail

သင့်အချစ်ရေးမှာ ရင်ခုန်ကာစ ဖီလင်မျိုး တစ်ပတ်အတွင်း ပြန်ရစေဖို့






ရည်းစားဖြစ်ကာစ စုံတွဲလေးတွေကို ကြည့်ပြီး "ငါတို့ရော အဲဒီလို ရင်ခုန်ကာစ ဖီလင်လေးတွေ ပြန်ရနိုင်ပါဦးမလား" လို့ ကိုယ့်ကိုကိုယ်မေးခွန်း ထုတ်မိဖူးပါသလား။သေချာတာပေါ့။ သင်နောက်တစ်ကြိမ် ရနိုင်ပါသေးတယ်။ ချစ်ခြင်းဖွဲ့ ပုံရိပ် တွေကရတဲ့ ခံစားချက်တွေဟာ ပထမဆုံးချိန်တွေ့တဲ့နေ့ ၊ လက်ထပ်ခွင့်တောင်းတဲ့နေ့ ဒါမှမဟုတ် တစ်ခြား အမှတ်တရ တွေအားလုံးထက် တည်မြဲနေမှာပါ။ အဲဒါဆိုရင် သင်နဲ့ သင့်ချစ်သူရဲ့  လက်ရှိအချိန်တွေ မှာလည်း ရည်းစားဖြစ်ကာစလို ပြန်ဖြစ်လာဖို့အတွက် ချစ်ခြင်းဖွဲ့ ပုံရိပ်တွေ ဘယ်လိုဖန်တီးရမလဲ။ ချစ်ခြင်းဖွဲ့ ပုံရိပ်ဆိုတာဟာ စားပွဲဝိုင်းတစ်ခုမှာ ဟိုဘက် ဒီဘက်ထိုင်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ညစာစားတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အချိန် ၇ ရက်အတွင်းမှာတင် ကဗျာဆန်တဲ့ ချစ်ခြင်းဖွဲ့ ပုံရိပ်တွေ ဖန်တီးဖို့အတွက် အောက်ပါအချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပထမနေ့ : အနှိပ်သည်လုပ်တမ်း ကစားပါ အွန်လိုင်းကနေ နှိပ်နည်း(massage tips) တွေကို ရှာဖွေလေ့လာကြည့်ပါ။ ပြီးရင်တော့ ဖယောင်းတိုင်တွေ ထွန်းပြီး မှိန်ပြပြ အလင်းရောင်အောက်မှာ ငြိမ့်ငြောင်းတဲ့ ဂီတ သံစဉ် ကိုနားဆင်ရင်း တစ်ယောက်ကို တစ်ယောက် အကြောတွေ ပြေလျော့ဖို့ နှိပ်နယ်ပေးလိုက်ပါ။ ဒုတိယနေ့ : အချစ်ကိုဖော်ပြတဲ့ စာတစ်စောင်ရေးပါ ဒီစာ ထဲမှာတော့ သင့်ချစ်သူကို သင် အသိအမှတ်ပြုခဲ့တဲ့ အကြောင်းအရင်း အတိအကျ ကိုထည့်သွင်းရေးသားလိုက်ပါ။ တတိယနေ့ : ရှေးဟောင်းနှောင်းဖြစ် သင်တို့ ၂ ယောက်ရဲ့  ပထမအနမ်းကို ဘယ်လို ခြွေခဲ့ကြတယ်ဆိုတာကို မှတ်မိအောင် ကြိုးစားပါ။ အဲဒီတုန်းက အနေအထားမျိုးကို ပြန်ရောက်လာအောင် ပြုလုပ်ဖို့အတွက် အချိန်ပေးပါ။ စတုထ္ထနေ့ : ချစ်သူအကြိုက်ဆုံး အစားအစာ ကို ချက်ပြုတ်ပေးပါ တစ်ခါတစ်ရံမှာ လုပ်ရပ် တွေဟာ စကားလုံးတွေထက် အဓိပ္ပာယ်ရှိပါတယ်။ ပဉ္စမနေ့ : လက်ဆောင်တစ်ခုပေးပါ ကြီးတာပဲ ဖြစ်ဖြစ် သေးတာပဲ ဖြစ်ဖြစ်သင့်ချစ်သူ တစ်ခါမှ မ၀ယ်ဖြစ်ခဲ့တဲ့ အရာကို လက်ဆောင်ပေးပါ။ တန်ဖိုးကြီး ဖယောင်းတိုင် လှလှပပ လေးပဲ ဖြစ်ဖြစ် ၊ ဖန်စီ ၀ိုင်ပုလင်းလေးပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဆဌမ နေ့ : အစွဲရှိတဲ့ နေရာ တစ်ခုကို ပြန်သွားပါ သင်တို့ ၂ ယောက်ရဲ့ အချစ်ရေးကို အမှတ်တရ ဖြစ်စေခဲ့တဲ့ ဘားဖြစ်ဖြစ် စားသောက်ဆိုင် ဖြစ်ဖြစ် ပြန်သွားပြီး ရည်းစားဖြစ်ကာစ က အောက်မေ့ဖွယ် ဖြစ်ရပ်လေးတွေအကြောင်း ပြန်ပြောပါ။ 

အမျိုးသမီးတွေမကြိုက်တဲ့ယောက်ျားလေးများရဲ့အမူအကျင့်များ





၁။ ခပ်ကြွားကြွားနေတတ်တဲ့ သူမျိုး မိန်းကလေးတွေ ရှေ့ရောက်ရင် သူ့ကို အထင်ကြီးအောင် သူဝတ်ထားတဲ့ အဆင်တန်ဆာတွေကို မမြင်မြင်အောင် ပြပြီး ခပ်ကြွားကြွားနိုင်တဲ့ ယောက်ျားမျိုးတွေကို အမျိုးသမီး အများစုက မကြိုက်နှစ်သက်ကြပါဘူး။ 

၂။ လိမ်ညာတတ်တဲ့ သူမျိုး မိန်းကလေးတွေများ အထင်ကြီးလာ မလားဆိုပြီး မဟုတ်တာကို အဟုတ်ဖြစ်အောင် ပြော၊ မရှိတာကို အရှိလုပ်ပြီး လိမ်ညာတတ်တဲ့ ယောက်ျားလေးများကိုလည်း အမျိုးသမီး အများစုက ဝေးဝေးက ရှောင်ကြပါတယ်။ 


၃။ စိတ်ကြီး ဒေါသကြီးလွန်းတဲ့ သူမျိုး တစ်စုံတစ်ခု ပြဿနာ ဖြစ်ရင် နည်းနည်းလေးမှကို နားလည်မူ မရှိဘဲ စိတ်ကြီး ဒေါသကြီးလွန်းတဲ့ အမျိုးသားများကိုတော့ အမျိုးသမီးတွေကို မကြိုက်နှစ်သက်ကြပါဘူး။ ထိုသူများကို အပေါင်းအသင်းထဲမှာ ရှိရင်အောင် သိပ်ပြီး အဖက်မလုပ်တတ် ကြတော့ပါဘူး။

 ၄။ တန်ဖိုးမထား မချစ်တတ်တဲ့ သူမျိုး မိန်းကလေးတွေကို အပျော်တွဲ တန်ဖိုးမထား မချစ်တတ်တဲ့ ယောက်ျားမျိုးတွေကို အမျိုးသမီးတွေက မကြိုက်နှစ်သက်ကြပါဘူး။ သူငယ်ချင်း မိတ်ဆွေ ဖြစ်နေမယ်ဆိုရင်တောင် သိပ်ပြီး အပေါင်း အဖက် မလုပ်ဘဲ ရှောင်ကြဉ်ကြပါလိမ့်မယ်။

 ၅။ စိတ်ကောက်တတ်တဲ့ သူမျိုး ယောက်ျားကြီး ပေမယ့် ကနွဲ့ကလျ စိတ်ကောက်တတ်တဲ့ သူမျိုးတွေလည်း အများကြီး ရှိပါတယ်။ ထိုသူမျိုးကို အမျိုးသမီးတွေက ယောက်ျား မပီသဘူးဟု ထင်ကာ မကြိုက်နှစ်သက်ကြပါဘူး။ 

ကျော်လင်းနိုင် (ရိုးရာလေး)

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြေးရုပ်တုများ ထားရှိမည့် အာဇာနည်ရင်ပြင် တောင်တွင်းကြီးမြို့၌ တည်ဆောက်လျက်ရှိ


မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် လွတ်လပ်းရေး ဗိသုကာကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီး ရှစ်ဦး၏ ကြေးရုပ်တုများ ထားရှိမည့် အာဇာနည် ရင်ပြင်ကို မကွေးတိုင်း တောင်တွင်းကြီးမြို့ မကွေးလမ်းနှင့် နတ်မောက်လမ်းထောင့် ဗိုလ်ချုပ်ပန်းခြံအတွင်း တည်ဆောက်လျက်ရှိပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁၀၁ နှစ်ပြည့်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းရင်ပြင် ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်ထံမှ သတင်းရရှိသည်။

အလျား ၄၅ ပေအနံ ၂၂ ပေခြောက်လက်မ အကျယ်ရှိ အဆိုပါ ရင်ပြင်အတွင်း အမြင့် ကိုးပေ၊ အကျယ် ကိုးလက်မနှင့် ကြေးပိဿာ ၃၆၀ ရှိ ဗိုလ်ချုပ်အောင်ဆန်း မတ်တတ်ရပ် ကြေးရုပ်နှင့် အမြင့်သုံးပေနှင့် ကြေးပိဿာ ၁၀၀ ခန့်ရှိ အာဇာနည် ခေါင်းဆောင်ကြီး ရှစ်ဦး၏ ကိုယ်တစ်ပိုင်းပုံ ကြေးသွန်းရုပ်တုများ ထားရှိသွားမည် ဖြစ်ကြောင်း အဆိုပါ ရုပ်တုများကို မန္တလေးမြို့ တမ္ဗ၀တီရပ် ချမ်းသာအောင် ကြေးသွန်းလုပ်ငန်းတွင် သွန်းထုလျက်ရှိကြောင်း ထိုရင်ပြင်အတွက် ဗိသုကာ ဒီဇိုင်းများအား ကိုမင်းနောင်က ရေးဆွဲပေးထားကြောင်း ယင်းရင်ပြင်နှင့် ဗိုလ်ချုပ်ကြေးရုပ်ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အာဇာနည် ခေါင်းဆောင်ကြီး ရှစ်ဦး၏ ရုပ်တုများကို ဇူလိုင် ၁၉  ရက် (အာဇာနည်နေ့) တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့မြို့မှာ အရင်ကတည်းက အာဇာနည် ကျောက်တိုင်တော့ ရှိခဲ့ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ မရှိဖူးသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်တုတွေပါ အားလုံးထားရှိသွားမှာပါ။ ဖေဖော်ဝါရီ ၁၃ရက် ဗိုလ်ချုပ် ကြေးရုပ်ဖွင့်ပွဲနေ့မှာ သံဃာတော် ၁၀၁ ပါးကိုလည်း ဆွမ်းကပ်လှူမှာပါ။ ဒီလိုထားရှိရတာက တိုင်းပြည်အတွက်၊ လွတ်လပ်ရေးအတွက် အသက်ပေးသွားကြရတဲ့ ခေါင်းဆောင်ကြီးတွေကို မျိုးဆက်သစ် လူငယ်တွေက အမြဲအမှတ်ရနေစေဖို့၊ ဒီရုပ်တုကြီးတွေကိုကြည့်ပြီး အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ်မျိုးတွေ မျိုးဆက်သစ် လူငယ်တွေမှာ ကိန်းအောင်းစေချင်လို့ပါ” ဟု ဦးမြင့်အောင်က ပြောကြားသည်။

အဆိုပါ အာဇာနည်ရင်ပြင်နှင့် ဗိုလ်ချုပ် ကြေးရုပ်အတွက် အများပြည်သူ လှူဒါန်းမှုများဖြင့် တည်ဆောက်ခဲ့ကြောင်း အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်တုများအတွက် တစ်ဦးချင်း အလှူရှင်များက လှူဒါန်းထားပြီး ရုပ်တုနှစ်ခုအတွက် အလှူရှင် မရှိသေးကြောင်း ဗိုလ်ချုပ်ကြေးရုပ်အတွက် ကျပ် ၁၃၅ သိန်းခန့် ကုန်ကျပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ ရုပ်တုတစ်ခုလျှင် ကျပ်သိန်း ၄၀ ခန့် ကုန်ကျကြောင်း မကွေးတိုင်းအတွင်း မင်းဘူး၊ စကု၊ ချောက်၊ ဂန့်ဂေါမြို့များနှင့် သရက်ခရိုင် ပုဏ္ဏားကျေးရွာတို့တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်ရုပ်တုများ ထားရှိရန် စီစဉ်ခဲ့ပြီး ချောက်မြို့တွင်သာ ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်ပြီးခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
Writer: 
အောင်သူငြိမ်း (မကွေး)
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.