Tuesday, January 5, 2016

မူစလင်ကလေးများအားပြန်ပေးဆွဲကာ အသေခံဗုံးခွဲရာတွင်အသုံးပြုရန်ရောင်းစားလျက်ရှိ




ဂျီဟတ်သမားတွေဟာ မူဆလင်ကလေးငယ် ကောင်လေးတွေကို ပြန်ပေးဆွဲလျှက်ရှိပြီး အသေခံဗုံးခွဲသမားတွေအဖြစ် ရိုက်သွင်းလျှက်ရှိပါတယ်။ အဲ့ဒီ့နောက်မှာတော့ အဆင်သင့် အသေခံဗုံးခွဲသမားလေးတွေကို စတာလင်ပေါင် ၃၀၀၀၀ နဲ့ ပါကစ္စတန်မှာ ရောင်းချလျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။

ကလေးငယ်နဲ့ ဆယ်ကျော်သက်လူငယ်ပေါင်း ၂၀၀ ကျော်စီကို ထိန်းသိမ်းထားတဲ့ စခန်းပေါင်း ၂၀၀ ကျော်ရှိနေတယ်လို့ ပါကစ္စတန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပါကစ္စတန် အာဏာပိုင်တွေရဲ့ ယခင်ထုတ်ပြန်ချက်တွေအရ ကလေးငယ်တွေဟာ ကန်ဒေါ်လာ ၇၀၀၀ နဲ့ ရောင်းချခံနေရတယ်လို့ သိရပါတယ်။

"ဒီလိုတွေဖြစ်လာတာ သိပ်မကြာသေးဘူး။ တော်တော်လေး စိုးရိမ်ရတဲ့အခြေအနေပဲ။ အစွန်းရောက် ဝါဒကြောင့် လုပ်နေကြတာတင်မဟုတ်ဘူး။ ပိုက်ဆံရှာနေကြတဲ့ လုပ်ငန်းလောကတစ်ခုတောင် ဖြစ်လာပြီ။" လို့ ယခုသတင်းကို ပေးခဲ့တဲ့ အမည်မဖော်လိုသူ က ပြောခဲ့ပါတယ်။


( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Daily Mail

ဒီလိုမိန်းမမျိုး ဆိုသတိထား








မိန်းမက လင်ငယ်နဲ့ နောက်မီးလင်းနေတုန်း လင်ကြီးက တံခါးကို ဆောင့်ကန်ဝင်လာတော့ အိပ်ခန်းထဲမှာ လင်ငယ်နဲ့ ပက်ပင်းတိုးပါလေရော။ လင်ကြီးက သူ့မိန်းမကို
"နင်အပြင်ထွက်နေ သူနဲ့ငါနဲ့ ၂ ယောက်တည်းစာရင်းရှင်းမယ်"
ဆိုပြီး အိပ်ထဲက သေနတ် ၂ လက်ကိုထုတ်ပြီး ...
"ဒီသေနတ်တွေက ရုပ်ရှင်ထဲမှာသုံးတဲ့သေနတ်တွေ အသံသာမြည်ပြီး ကျည်ဆံမထွက်ဘူး။မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက် ပစ်ပြီးသေချင်ယောင်ဆောင်မယ်။ မိန်းမက ဖက်ငို ခံရတဲ့သူက ဆက်ပေါင်းစေ၊ ကျေနပ်လား"
ဆိုတော့ လင်ငယ်က ``OK´´တဲ့။
ဒါနဲ့ ၂ ယောက်သား တိုင်မင်ခေါ်ပြီး
``ဒိုင်း ဒိုင်း´´ဆို မရှေးမနှောင်းပစ်ပြီး သေချင်ယောင်ဆောင်လိုက်ကြတယ်။ သေနတ်သံတွေလည်းကြားရော မိန်းမက အိပ်ခန်းထဲပြေးဝင်လာတဲ့အခါ လင်ကြီးရော လင်ငယ်ပါ ပက်လက်ကလေးတွေလန်လို့ပေါ့။
အဲဒါကိုလည်းတွေ့ရော မိန်းမက အခုလို အပေါ်ကိုမော့ကြည့်ရင်း အော်ပြောလိုက်ပါတယ်။
"ထပ်ခိုးပေါ်က တစ်ယောက် ဆင်းခဲ့တော့ ဒီမှာ ၂ ကောင်စလုံးသေပြီ"

Credit: Original Writer

ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့မည်ဟု ဘိုင်ယန်နည်းပြ ဂွာဒီယိုလာအတည်ပြုပြောကြား







ဘွန်ဒစ်လီဂါရာသီအဆုံးမှာကုန်ဆုံးချိန်မှာဘိုင်ယန်မြူးနစ်မန်နေဂျာကိုဂွာဒီယိုလာ, ကလာမယ့်နွေရာသီအင်္ဂလိပ်ကလပ်စီမံခန့်ခွဲမည်ဟုအတည်ပြုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်နှင့်မန်ချက်စတာစီးတီးအသ်ငးကလည်းစံချိန် တင်ပြောင်းရွှေ့ဈေးဖြင့်ခေါ်ယူ လိုတယ်လို့သတင်းထွက်နေသ လိုချယ်လ်ဆီး အသင်းက လည်းပေါ်တူဂီနည်းပြမော်ရင်ဟိုကိုအသင်းမှထုတ်ပယ်
ပြီးယာယီနည်းပြအဖြစ်Guus Hiddink,ကိုခန့်အပ်ထားရာ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန် အလိုရှိနေ
ခြင်းဖြစ်ပါတယ်။

 2016 ခုနှစ်တွင်ပထမဦးဆုံးအကြိမ်မီဒီယာ များနဲ့တွေ့ဆုံရာ၌ ရာသီပြီးဆုံး ချိန်မှာအသင်းမှထွက်ခွာပြီး
နောက်၎င်း၏အနာဂတ်နဲ့ပတ်သက်တဲ့မေးခွန်း မေးစဉ်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ ဂွာဒီယိုလာက

"ကျနော်ပရီးမီးယားလိဂ်မှာနည်းပြချင်တယ်။ ဒါကကျွန်တော်ရဲ့စာချုပ်သက်တမ်းမတိုးတဲ့အကြောင်းရင်းဖြစ်ပါတယ်။"

"ကျနော် စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်လိုပါတယ်။
အသင်းသစ်တစ်ခုကိုမြို့သူမြို့သားတွေ့ကြုံခံစားချင်နဲ့ကျွန်တော်အင်္ဂလန်မှာအလုပ်လုပ့်ချင်တယ်။ ဒါက
ကျွန်တော်ဒီဆုံးဖြတ်ချက်ကိုချတဲ့အကြောင်းရင်းဖြစ်ပါတယ်။ ''

"ကျနော်ရဲ့အရည်သွေးကိုသူတို့(ဘိုင်ယန်)မှာပြသပြီးပါ    ပြီယုံကြည်မှုအတွက်အလွန်ပျော်ရွှင်ပြီးဘိုင်ယန်အသင်းကိုကျေးဇူးတင်မိပါတယ်။ဒါပေမယ့်စိန်ခေါ်မှုအသစ်တစ်ရပ်ကျနော်လိုချင်ပါတယ်။ "

ဘယ်ကလပ်ကိုရွေးချယ်မှုမလုပ်ရသေးပေမယ့်, ကလပ်အများအပြားရဲ့ကမ်းလှမ်းမှုလက်ခံရရှိကြောင်းဆက်
ပြောပါတယ်။

''ကလပ်အသင်းများမှကမ်းလှမ်းမှုကိုရှိသော်လည်း ဘယ်အသင်းနဲ့မှ အပြီးသတ်စာချုပ်မချုပ်ရသေးပါဘူး။ ကျနော်ရွေးချယ်ပြီးရင်ပြောပြပါမယ်။ အခုချိန်မှာ ဘာမှမ   မသေချာတဲ့အတွက်ပြောလို့မရသေးပါဘူး။

ယခုချိန်မှာအဓိကပန်းတိုင်ကယခုရာသီချန်ပီယံလိဂ်ဖလားရရှိရေးအတွက်ပဲကျနော်စိတ်ထဲမှာရှိပါတယ်

ချန်ပီယံလိဂ်အနိုင်ရရှိမှသာကျနော်အတွက်နဲ့ဘိုင်ယန်အတွက်ပြီးပြည့်စုံပါစေလိမ့်မယ်။
ဘိုင်ယန်လိုအသင်းကြီးတစ်သင်းအတွက်တော့ ကျ
နော့်ရဲ့အောင်မြင်မှုဟာ မှတ်တမ်းအသေးစားတစ်ခုသာကျန်ပါလိမ်မယ်။ သို့သော် ကျနော်အသင်းမှာနောက်ဆုံးနေတဲ့အချိန်ထိ အစွမ်းကုန်ကြိုးစားသွားမှာပါလို့ပြောခဲ့ပါတယ်။"


နည်းပြ Carlo Ancelotti နဲ့ပတ်သက်ပြီး" သူဟာ
ဘိုင်ယန်အတွက်သင့်တော်တဲ့သူတစ်ဦးဖြစ်ပါတယ်။သူရဲ့လက်အောက်မှာဘိုင်ယန်အသင်းဟာလည်း
အောင်မြင်မှုတွေရပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ "
Eatesarthaya

Ref- Livescoretv

ပြန်မချစ်၍ သေနတ်ဖြင့်ပစ်သတ်ခံရတဲ့ အမျိုးသမီး

ပြန်မချစ်လို့သေနတ်ဖြင့်ပစ်သတ်ခံရတဲ့ အမျိုးသမီး




ထိုင်းနိုင်ငံမှာ ညပိုင်းလမ်းမပေါ်က လူမိုက်ဂိုဏ်းတွေရဲ့  ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေပါ။

ထိုင်းနိုင်ငံသူ အထက်တန်းကျောင်းတက်နေကြတဲ့ အမွှာညီအမ နှစ်ဦးထဲက တဦးကို ကြိုက်နေ တဲ့ ဆေးသမား လူမိုက်ဂိုဏ်းဝင်က သူ့ ကို ပြန်မချစ် လို့  ကောင်မလေး ဆိုင်ကယ်စီး လာနေ စဉ် မှာ နောက်က အုပ်စုလိုက် ဆိုင်ကယ်နဲ့  လိုက်လာကြပြီး သေနတ်နဲ့  အချက်ပေါင်း များစွာ ပစ်ခဲ့ပါတယ်။


ဆေးရုံမှာ အရေးပေါ် အသက်လုပြီး ကယ်ခဲ့ရပေမယ့် သူမမျက်နှာကို ဖြတ်မှန် သွားတဲ့ သေနတ်ကျည်ဆံကြောင့် မျက်လုံးနှစ်လုံးစလုံး ကန်းသွားခဲ့ပါတယ်။

အဓိက တရားခံနှစ်ဦးကိုမိသွားခဲ့ပါပြီ ၊ ပစ်တဲ့သူတွေက အမွှာညီအမဆိုတော့ လူမှားပြီး ပစ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ် ၊



ဆရာဝန်တွေကတော့သူမ ပြန်မြင်ဘို့ အခွင့်လမ်းမရှိတော့ကြောင်း ပြောဆိုခဲ့ပါတယ်။ ကံကောင်းသွားတဲ့ အမွှာ ညီမတဦးက သူမကြောင့် ဖြစ်ရတာမို့  သူမရဲ့  မျက်လုံး တစ်လုံးကို ထုတ်ပေးဖို့  ဆေးရုံမှာ တောင်းဆိုခဲ့ပါတယ်.။

Sanook.com
https://www.facebook.com/Social-Action-for-Women-SAW

ဧရာဝတီမြစ်အတွင်း ခုတ်မောင်းလာသော စက်လှေ များကို ဖမ်းဆီးခေါ်ဆောင်ပစ္စည်းများလုယက်နေကြောင်သိရ




ဧရာဝတီမြစ်အတွင်း ခုတ်မောင်းလာသော စက်လှေ များကို စစ်ကိုင်းမြို့နယ် နောက် ကြည့်ကျွန်းအနီးသို့ အရောက် တွင် စက်လှေများဖြင့် ကပ်လာ ကာ လက်နက်များကိုင်ဆောင် ပစ်ပေါက်ခဲ့ပြီး စက်လှေအချို့ကို ဖမ်းဆီးခေါ်ဆောင်၍ ပစ္စည်းနှင့် ငွေများရိုက်နှက်လုယက်မှုဖြစ်ပွား ခဲ့သည်။ ဇန်နဝါရီ ၂ ရက် ည ၉ နာရီ ကျော်က တံတားဦးမြို့နယ်ဘက် မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေ ခြောက်စီးကို လူတစ်ဦးစီက ခုတ်မောင်းလာစဉ် နောက်ကြည့်ကျွန်းအနီးအရောက် စက်လှေလေးစီး  ရောက်ရှိလာပြီး ဓား၊ လေးခွများ ကိုင်ဆောင်ထား သည့် လူ ၁၂ ဦးက လေးခွများဖြင့် စတင်    ပစ်ခတ်ခဲ့သည်။   ထို့နောက် စက်လှေခြောက်စီးအနက် သုံးစီးနှင့် အမျိုးသားနှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ စက်လှေ ခြောက်စီးမှာ ထီး ချိုင့်မြို့နယ်သို့   လှေအခွံများ သွားရောက်ဝယ်ယူကာ ပြန်လာ သူများဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင် ခြင်းခံရသည့် အမျိုးသားနှစ်ဦးကို နောက်တစ်နေ့နံနက်၌ ဧရာဝ တီမြစ်ဘေးရှိ ကျေးရွာများတွင် လိုက်လံရှာဖွေခဲ့ရာ လှေသုံးစီးနှင့် အတူ ပြန်လည်တွေ့ရှိခဲ့သည်။ ဖမ်းဆီးသွားသူများက ထိုအ မျိုးသားနှစ်ဦးထံမှ ငွေကျပ်ငါး သောင်းနှင့် အင်ဂျင်စက်နှစ်လုံးတို့ ကို ရိုက်နှက်လုယူခဲ့ခြင်းဖြစ်သည် ဟု   ရဲမှတ်တမ်းများအရ   သိရသည်။ ‘‘အရိုက်ခံရပြီး ပစ္စည်းအလု ခံရတဲ့အမျိုးသားနှစ်ဦးက အမှုမ ဖွင့်ချင်၊ အရေးမယူချင်ဘူးတဲ့။ ရွာ ရောက်မှပဲ ဆေးကုသမယ်လို့ ပြောတယ်။ ဒါကြောင့် အမှုဖွင့် ထားတာမရှိပါဘူးဟု တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘ရေကြောင်းရဲကတော့ သင်္ဘောတွေဆိုက်ကပ်တဲ့ဂေါဝန် ဆိပ်နဲ့ ရွှေကြက်ယက်ဆိပ်ကမ်း ဘက်ကိုလည်း အဓိကလုံခြုံရေး ပေးတယ်။ မန္တလေးဘက်ကို အဓိ ကထားဆောင်ရွက်ပေးတာ ဖြစ် တယ်။ တခြားမြစ်ကြောင်းတစ် လျှောက်မှာ ဖြစ်လို့ ဆက်သွယ်အ ကြောင်းတာမျိုး ဆိုရင်လည်း လိုက်လံကူညီပေးပါတယ်။ လှည့် ကင်းအနေနဲ့ ဆောင်ရွက်တာမျိုး လည်း လုပ်ပါတယ်’’ဟု ‘‘ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ခွန်မျိုးမြတ်ရှိန်က ပြောသည်။ လက်ရှိတွင် ဧရာဝတီမြစ် ကြောင်းတစ်လျှောက် အနီးဝန်းကျင်ရှိ သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့စခန်းများနှင့် ရေကြောင်းရဲ တပ်ဖွဲ့ခွဲ(မန္တလေး)တို့ ပူးပေါင်း၍ လှည့်ကင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(မန္တလေး)ထံမှ စုံစမ်း သိရသည်။ 7day 

Copy the BEST Traders and Make Money : http://bit.ly/fxzulu
.

Popular Posts

Recent Posts

Unordered List

.

Text Widget

.

Blog Archive

Powered by Blogger.